ချောတမူ မနောဖြူ သဘောအူစင်း
အပြောမူလင်းတဲ့ တို့တောသူ။
ဟန်တွေ ပန်တွေ ဉာဏ်တွေမထပ်
ကန်ရေခပ်တဲ့ တို့တောသူ။
လူတကာ မြှူကာ မူယာမပြ
ပျူငှာလှတဲ့ တို့တောသူ။
အလီလီဆန်းလို့ မြို့သဘောမတူ
ချည်အထည်ကြမ်းနဲ့ တို့တောသူ။
အလှအသာဆုံး လပမာနှုန်း
ညအခါပြုံးလို့ ၀ိုင်းရွှင်ပေ
လသာတုန်းမို့ ဗိုင်းငင်နေသလေ့။
အကွက်ဆန်းထွင်လို့ ရှေးစံမီ
ယက်ကန်းစင်က တေးသံသီ။
လှုပ်ရှားသွက်လက် ရွာအရေးမှာ
လုပ်အားဖက်လို့ ပါသေးရှာသတော့။
နွားကျောင်းရင်းလဲ ထင်းကိုခွေ
စပါးထောင်းရင်းလဲ သီချင်းဆိုနေ။
သွယ်ဝိုက်ကာလဲ အပြောမမူပါ
လယ်စိုက်တာလဲ တောသူကညာ။
နံ့သာလေး တစ်ဘက်တစ်ကွက်က မျိုးဂုဏ်ထွင်
ပျံ့စွာမွှေးလျှက် ရိုးဂုဏ်ယဉ်သရှင့်။
ရိုးရာဓလေ့ လုပ်အားအမွေ
တိုးကာမွေ့လို့ လှုပ်ရှားသလေ။
လက်ရှည်အင်္ကျီက ရိုးဟန်ပါ
မက်မပြေ အဆင်းပီသ မျိုးမြန်မာ။
တောသူကညာ
မနောဖြူစွာနှင့်
ပျူပျူငှာ ဣနြေ္ဒတင့်ပါဘိ
သိန်သရေ ထိန်ဝေမြင့်တဲ့ပြင်
ကဲဆင့်ကာ အဟုတ်မကြွားပါဘု
လုပ်အားသူမင်လို့
အလှတွင် အယဉ်နှောတယ်
ချောလှသလေး။ ။
ရေစကြို မောင်ပန်စင်
No comments:
Post a Comment