- မေ့မေတ္တာမောင်ယုံကိုးကာနဲ့
မောင့်သစ္စာ မေယုံကိုးကာနဲ့
ဇွတ်တိုးကာ အားမာန်သစ်ပါမို့
အိုးအိမ်သစ် ထူခဲ့ပြန်။ ။
- နှစ်ယောက်တစ်ဘ၀ရယ်ပေါ့
လျှောက်ကြမယ် တစ်သက်မခွဲပြီဘု
လက်တွဲကာ အတူတူနွှဲမယ်ပ
အခက်ခဲတွေ တာစူစမ်းစေတော့
မငြူစူ ကြည်ဖြူအသည်းတွေနဲ့
ဘ၀ နေပူပူမှာလည်း
မာနတွေ တံခွန်ထူလို့
ကျရာဝန် သွေမပျက်ပါငဲ့
ရေစက်ကယ်ဖန်။ ။
- တစ်အိုးတစ်အိမ်
ချစ်မိုးတွေ အကြိမ်ကြိမ်နဲ့
မေတ္တာအိမ် ဂုဏ်ရှိန်မလက်ပေမဲ့
မေရွက်ယင် မောင်တစ်ထမ်းသာပေါ့
မောင်ထမ်းယင် မေတစ်ရွက်သာပေါ့
စီးတဲ့ရေ ဆည်တဲ့ကန်သင်းလိုပ
ဘ၀ နှစ်ကိုယ်ယှဉ်လို့
တို့ကြင်ဖော် အနာဂတ်ခရီးမှာလ
သမီးသား စုံလင်စွာနဲ့
ခုံမင်ကာ မညည်းတွားပါမို့
အဆီးအတားတွေ ဘယ်ပုံများသော်လည်း
ဒူးမတုန် ကြောက်စိတ်မပွားသာဘု
ကြိုးစားကြ အတန်တန်
မာန်တွေက တစ်သွေးသွေး။ ။
- ပုဆိုးတန်းတင်
ချစ်ပန်းပင် ရင်မှာဖြိုးစွေခဲ့
အသစ်ဆန်းမမင် ကြင်နာမိုးတွေနဲ့
ဘိုးဘွားအမွေ မခွဲယူစတမ်းရယ်မှ
နိုးကြားနေ အသည်းဖြူပန်းတွေနဲ့
အမြဲယူကမ်းကာ အိမ်အသစ်မှာလ
ကျမ်းသစ္စာ ဆိုစကားတွေနဲ့
အပိုမကြွားပါ တို့မဖောက်ြပားတာမို့
နှစ်ကိုယ်ကြားမှာ
ကြားလေမသွေးပါဘု
(အချစ်ရေ) အားတွေကမွေး။ ။
(ရွှေမြိုင်မောင်ဖူးဝါ)
No comments:
Post a Comment