တမန်ဖြစ်တဲ့ ကျန်စစ်အချစ်
(ကိုလေးငြိမ်း)
အောင်လံတွေ ရောင်ပြန်မြူးကာပ
တပ်ဦးမှာ တချီချီနှင့်
ပုဂံပြည် အပြန်ခရီးမှာတော့
စည်းတားက စောင့်ကြပ်လိုက်ပါရ
မေ့ထိုက်ပြီ ဟိုအတိတ်ကိုဖြင့်
သိုသိပ်စွာ ရင်မှာထားပါ့မယ်
စိမ်းကားပြီ သခင်တွေးလျှင်ဖြင့်
ပေးလှည့်ပါ အပြစ်ဒဏ်။ ။
အစဉ်မခြား
သခင်အပါးမှာဖြင့်
ထင်ရှားစွာ တပ်တော်မှူးရယ်လို့
အခွင့်ထူးတွေ ဘယ်လိုသာလည်း
ကြံရွယ်ကာ နယ်မကျူးဝံ့ပါဘု
မော်ဖူးရန် အရာသင့်တာကြောင့်
ခေါ်ထူးမှန် အခါလင့်တယ်လို့
သခင့်တွင် စိတ်တော်ကွက်ပြန်တော့
ရှသည့် မျက်မာန်။ ။
ချစ်ဦးသူရယ်
စိတ်ကူး တူချင်ပါရဲ့
အတိတ်ဦး ဟိုစဉ်အခါက
ဖြူစင်စွာ မေတ္တာလမ်းကိုဖြင့်
တူယှဉ်ကာ သစ္စာပန်းတွေနှင့်
လျှောက်လှမ်းမယ် ကြံရွယ်သော်လည်း
ကံကြမ္မာ မျက်နှာသာမပေးတာကြောင့်
အမှတ်ပါ သက်လျာနှင့်ဝေးရတော့မယ်
ဆွေးစေဖို့ အကြောင်းကဖန်
အထီးကျန်မှာတော့ မျက်နှာမွဲ။ ။
ပြည်အ၀င်
စီစဉ်ကာ အကြိုထောက်ပြီလ
တော်ကောက်သူ ဒေ၀ီတစ်ပါးပေမို့
ထိပ်ထားရယ် မော်မဖူးဝံ့ပါဘု
တော်ဒူးနေရာမှန်က
မခံသာ အသည်အူပြုန်းတော့မယ်
နှလုံးမသာမယာနှင့်
မမြင်သာ အဝေးရာသွားပါ့မယ်
ခ,စားရန် တာဝန်လစ်လျှင်ဖြင့်
ကျန်စစ်ကို အပြစ်တင်မစောပါနဲ့
သဘောမှန်သခင်သိပါရဲ့
မချိအောင် ဝေဒနာကျွမ်းတာကြောင့်
(ထိပ်ထားရယ်၊ ကျန်စစ်သားမှာလေ)
လွမ်းမျက်ရည်ဝဲ။ ။
No comments:
Post a Comment