ပျောက်ဆုံးနေသော ဇာတ်ဝင်ခန်း 
  (မောင်ခိုင်မာ)
  မနေ့ညက
  (သူ) ပြောပြခဲ့
  ရာမဇာတ်လမ်း
  လေးတင်ခန်းတဲ့
  လွမ်းဖို့ကောင်းတယ်
  နားထောင်လို့ ကောင်းတယ်။            
  ဒွေးနှစ်ဖော်ရဲ့
  လေးတော်အစွမ်း
  ဇာတ်ဝင်ခန်းဟာ
  မှတ်တမ်းမှတ်ရာ
  ခိုင်ခံ့ပါလျှက်
  ဘယ့်အတွက် - - 
  “လက္ခဏ” လူရွယ်
  ညီတော်ငယ်ကို
  မျက်ကွယ်ဝေ့ချန်
  (သူ) မေ့ကျန်ရက်
  ခံရခက်တယ် အကြည်တော်။                        ။
  
 
 
No comments:
Post a Comment