ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (27)
- Emergency handbook (7)
- Engineering (15)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (222)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (581)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင်ကာပူအကြောင်း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
Wednesday, April 25, 2012
safety
မြန်မာပြည် ကောင်းရာကောင်းကျိုး တစ်ဖက်တစ်လမ်းက အကျိုးပြုချင်သူတွေ ရှိခဲ့ရင် လက်တို့လိုက်ပါ။
မေလ ၁ ရက်နေ့ ရန်ကုန်မှာ မိတ်ဆွေတွေနဲ့တွေ့ပြီး ဘာတွေလုပ်မယ် ဆိုတာ ၀ိုင်းဝန်းဆွေးနွေးကြဘို့ ရှိပါတယ်။
စီးပွားရေးအရ ဘာအကျိုးအမြတ်မှ ရှိမှာမဟုတ်သေးပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။
Sunday, April 15, 2012
လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဟောပြောပွဲ
လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဟောပြောပွဲ
(ဦးအေးငြိမ်း)
နေ့ရက်။ ။ ၂၂၊ ၄၊ ၂၀၁၂ (တနင်္ဂနွေ)
အချိန်။ ။ ညနေ ၆ နာရီ မှ ၇ နာရီ
နေရာ။ ။ မင်္ဂလ၀ိဟာရ ၊ Eunos MRT အနီး
မှတ်ချက်။ ။ မြန်မာပြည်တွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဌာန်း အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤဟောပြောပွဲကို မြန်မာနိုင်ငံတွင် ၂၀၁၂ မေလ ၄ ရက်နေ့၌ ကျုင်းပပါမည်။
ကျွန်တော်လုပ်မည့် ရည်ရွယ်ချက်ကို စင်ကာပူမှမြန်မာမိတ်ဆွေအပေါင်း သိနိုင်စေရန် အကြိုဟောပြောပွဲ အနေနှင့် ပြလုပ်ခြင်း ဖြစ်ပါသည်။ ကြွရောက် အားပေးကြပါကုန်။
ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၁၈)
(၆၆) အသက်တစ်ရာမနေရ၊ အမှုတစ်ရာတွေ့ရ
သို့နှင့်ပင် ကျွန်ုပ်လည်း မြန်မာပြည်တစ်ခေါက် ပြန်ရောက်ပြန်လေတော့၏။ မြန်မာပြည်ပြန်မည်ဆိုတော့ ထုံးစံအတိုင်း သူငယ်ချင်းများက မြန်မာတို့ထုံးစံအတိုင်း လူကြုံပါးကြသည်ပေါ့။ ကိုမြင့်သိန်းက ဒါလေးယူသွားပေးစမ်းပါ ဆိုပြီး ဒီဗီဒီ ပလေယာကို ပလတ်စတစ်အိတ်အနီနှင့် ထုပ်ပေးလိုက်သည်။
ကျွန်ုပ်မှာ တိတိကျကျသေသေချာချာ လုပ်တတ်သလောက် နမော်နမဲ့နိုင်သူဖြစ်လေရကား ရန်ကုန်လေဆိပ်တွင် ပြဿနာ တက်ခဲ့ရပုံကလေး ပြန်ပြောင်းဖောက်သည်ချချင်ပါသည်။
ကျွန်တော်အိမ်ပြန်ရောက်တော့ ကိုမြင့်သိန်း၏ မဟေသီဖြစ်သူ ဒေါ်အေးအေးသိန်းကို ဖုံးဆက်ကာ ဒီဗီဒီ ပလေယာ လာယူပါမည့်အကြောင်း အကြောင်းကြား၏။ ရောက်လာသော် ထွေရာလေးပါးပြောကြရင်း မှန်းစမ်းပါဦး ဒီဗီဒီပလေယာ၊ ဘာအမျိုးအစားလည်း ကြည့်ရအောင်ဟု အထုပ်တွင်းမှ ဆွဲထုတ်လိုက်သော် အလိုလေး၊ ဒီဗီဒီပလေယာကြီးမှာ နေ့ချင်းညချင်း အရှင်လတ်လတ် ဘ၀ပြောင်းလျှက် မတ်တပ်ပန်ကာကြီးဖြစ်နေလေတော့သတည်း။
ကျွန်ုပ်မှာ မျက်လုံးမျက်ဆန်များပြူးကာ ဟိုက် - ရှာလပတ်ရည်။ တစ်ခါတော့ ဂွကျကုန်ပြီ ဟု ထိုအခါကျမှ လေဆိပ်တွင် အထုပ်မှားဆွဲခဲ့ကြောင်း သိရလေတော့၏။ ကျွန်တော်မှားဆွဲလာသော ပန်ကာထုပ်မှာ ကိုမြင့်သိန်း ပေးလိုက်သော ဒီဗီဒီအထုပ်နှင့် အထုပ်အရွယ်အစားရော၊ ကြွပ်ကြွပ်အိတ်အမျိုးအစားပါ တူနေလေ၏။ ဒေါ်အေးအေးသိန်းက မပူပါနဲ့၊ လေဆိပ်သွားစုံစမ်းရင် သတင်းရမှာပါ ဟု ဆို၏။ ပန်ကာပုံးပေါ်တွင် ဖုံးနံပတ်တစ်ခုတော့ ရေးထားပါသည်။ သို့သော် ဆက်လို့မရသော နံပတ်ဖြစ်နေလေ၏။
“ဟိုဘက်က ဟိုဘက်လေ၊ ဒီဘက်နဲ့မဆိုင်ဘူး။ ဒီဘက်အတွက်လည်း ပေးရမယ်။”
“အောင်မယ်ခင်ဗျာ။ ပစ္စည်းတစ်ခုကို တစ်နေရာထဲမှာ အခွန်နှစ်ခါပေးရမယ်လို့ ဘယ်လိုဥပဒေတွေနဲ့များ ပြဌာန်းထားပါလိမ့်။”
“ဘယ်ဥပဒေတွေ၊ ညာဥပဒေတွေ လာမပြောနဲ့။ ဒီမှာလဲ စင်ကာပူဒေါ်လာ ၂၀ ပေးရမယ်။”
“ဟုတ် ဟုတ်ပါ့ဗျာ။ မြန်မာပြည်မှာ စင်ကာပူဒေါ်လာနဲ့ အခွန်ဆောင်ရမယ်လို့။ စင်ကာပူဒေါ်လာတော့ မရှိဘူး။ မြန်မာပိုက်ဆံ တစ်သောင်းတော့ပါတယ်။ လိုချင်သပဆို ဟောသည်မှာ။”
ကျွန်တော့်နာမည် အေးငြိမ်းလို့ခေါ်ပါတယ်ခင်ဗျ။ ပတ်စ်ပို့နံပတ် ၂၂၅၈၆၀ ပါ။ မှတ်ပုံတင်မိတ္တူလိုချင်သပ ဆိုလည်း ပေးခဲ့ ပါမယ်။ ဓါတ်ပုံပါလိုချင်တယ်ဆိုလည်း ပြောပါ။ ဒါနဲ့ ပတ်စ်ပို့နံပတ်မေ့သွားမယ်။ ၀ှိုက်ဘုတ်မှာ ရေးထားလိုက်ဦး၊ ၂၂၅၈၆၀ နော် - ဟု ဂွတိုက်ခဲ့ကာ ခပ်သွက်သွက် ထွက်ခဲ့လေသတည်း။
ကျွန်တော်တို့လှူဒါန်းခဲ့သော ကျောင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဧရာဝတီတိုင်း မှ လေးမျက်နှာမြို့ အ.ထ.က သို့ (၂) လုံး။ ပန်းတောကြီး အ.ထ.က သို့ (၂) လုံး။ လှော်ကထား အ.ထ.က သို့ (၂) လုံး။ နင်းကြမ်း အ.လ.က သို့ (၁) လုံး။ အိုင်သပြု အ.ထ.က သို့ (၁) လုံး။ ရှမ်းရွာ အ.ထ.က သို့ (၁) လုံး။ ခမောက်စု အ.ထ.က သို့ (၁) လုံး။ ၀ါးတောကွင်း အ.လ.က သို့ (၁) လုံး။ အင်္ဂပူ အ.ထ.က သို့ (၁) လုံး။ ကွင်းကောက် အ.ထ.က သို့ (၂) လုံး။ မဲဇလီကုန်း အ.ထ.က သို့ (၁) လုံး။ ကျိုက်လတ် အ.ထ.က (၁) သို့ (၂) လုံး။ ကျိုက်လတ် အ.ထ.က (၂) သို့ (၂) လုံး။ ရုံးထောင့် အ.ထ.က သို့ (၁) လုံး။
(၆၈) ကွန်ပြူတာလှူဒါန်းထားသော ကျောင်းများသို့ လိုက်ကြည့်ကြခြင်း
ထို့နောက် အင်းစိန်၊ အ.ထ.က (၄) သို့သွားကြည့်သည်။ ကျွန်တော်က ကွန်ပြူတာခန်းကို ဖွင့်ထားကာ ကလေးများအား သင်ကြားပေးပြီး ကိုင်တွယ်ခိုင်းရန် ကျောင်းအုပ်ဆရာမကြီးကို ပြောသည်။ ဆရာမကြီးက ကရင်မကြီးဖြစ်၏။ ကျောင်း၌ ကွန်ပြူတာကိုင်တတ်သူ များများစားစားမရှိ။ သင်တန်းတက်ထားသော ဆရာမတစ်ဦးစ၊ နှစ်ဦးစသာ အနည်းအကျဉ်းကိုင် တတ်သည်ဟု ဆိုပါသည်။ ထို့နောက် လုပ်တတ်ကိုင်တတ် ကျောင်းသား၊ ကျောင်းသူကလေးများကို ခေါ်ကာ ကွန်ပြူတာများ ကိုဖွင့်ပြပါသည်။
နောက်နေ့တွင် လှိုင်သာယာ အ.ထ.က (၂) ကျောင်းသို့သွားကြသည်။ မည်သည့်အနားရှိမှန်းမသိသဖြင့် ကျွန်တော်နှင့် ကိုသောင်းတန်မှာ တစ်လည်လည် တစ်ပတ်ပတ်ဖြင့် မနိုင့်ရင်ကာ ကျောင်းသို့ရောက်ရခြင်းဖြစ်၏။ သူတို့ကျောင်းမှာလည်း မဆိုးပါ။ ကွန်ပြူတာများကို မီဒီယာခန်းထဲ၌ထား၏။ ယခင်က တစ်လုံးရှိနှင့်ပြီး ဖြစ်သဖြင့် ကျွန်တော်တို့ ၂ လုံးလှူလိုက်သော အခါ သုံးလုံးဖြစ်သွားသည်။
ကျွန်တော်တို့က ကွန်ပြူတာများကို ပြီးပြီးရော လှူလိုက်ခြင်းမဟုတ်။ ကွန်ပြူတာများရပါပြီ ဆိုကတည်းက ရွှေပေါက်ကံရှိ ကိုသောင်းတန်တို့အိမ်နားမှ ကွန်ပြူတာဆရာ ဦးစိုးသိန်းက သူ့တပည့် များနှင့် ကွန်ပြူတာများကို တစ်လုံးချင်း ပြုပြင် ထိန်းသိမ်းမှုများလုပ်ပေးပါသည်။ ကြိုးမကောင်းလျှင် အသစ်လဲ။ လိုအပ်သည့် soft ware များရှိလျှင် install လုပ်ပေး၊ ချေးချွတ်၊ ဆေးမှုတ် စသည့်ပြင် သည်ကွန်ပြူတာတွင် မည်သည့်ပစ္စည်းများဖြင့် ဆင်ထားသည် ဆိုသော Computer Log Book မှအစ စနစ်တကျ လုပ်ပေးပါသည်။ အားလုံးပြီးနောက် ကွန်ပြူတာများကို အစမ်း ဖွင့်ကြည့်ထားတာ ဖြစ်သဖြင့်လည်း မကောင်းသည့် ကွန်ပြူတာ တစ်လုံးမှ မပါပါ။ အားလုံး လက်တင်သုံးဖြစ်၏။
(၆၉) မိချောင်းရဲ
မိချောင်းရဲမှ ဆရာမကြီးကို ကျွန်တော် သေသေချာချာ မှတ်မိနေပါသည်။ ဆရာမကြီး ဒေါ်သင်းသင်းထွေး ဖြစ်၏။ ကျွန်တော်တို့ဆိုင်ကယ်နှစ်စီး ကျောင်းဝတွင်ရပ်လိုက်သည်နှင့် စနေဓမ္မမိတ်ဆွေကြီးများ၊ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ ဟူသော ကြွေးကြော်သံနှင့်အတူ ကျောင်းသားများ ဘေးဘယ်ညာ တန်းစီလျှက်၊ ဆရာဆရာမများက ရှေ့ဆုံးတွင် နေရာယူကာ ဆရာကြီးက ဖက်လှဲတကင်း နှုတ်ဆက်သောအခါ ကျွန်တော်တို့မှာ ကြက်သီးမွေးညင်းများပင် ထမိပါသည်။ ရှေ့ဆုံးမှ လာကြိုနေသူ ဆရာအိုကြီးမှာ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဖြစ်သည်ဟု ဆိုပါသည်။ ၀မ်းသာလွန်းလို့ လာကြိုနေတာ ဟု ပြော၏။ ကျွန်တော်တို့မှာ ဘာကောင်များမှ မဟုတ်သဖြင့် ဤကဲ့သို့ ကြိုဆိုရန် မလိုပါကြောင်း ပြော သော်လည်း သူတို့က ကျေးဇူးတင်လွန်းသဖြင့် အားလုံးက ၀မ်းပမ်းတသာ ကြိုဆိုကြတာဖြစ်သည်ဟု ဆိုပါသည်။
ဆရာကြီးဆိုတာလေ ကွန်ပြူတာတွေ သယ်လာတုံးကဆို ၀မ်းသာလွန်းလို့ သူများတောင် မသယ်ခိုင်းဘူး။ သူကိုယ်တိုင် ထမ်းယူသွားတာ ဟု ဆရာမကြီးက ပြောသောအခါ သြော် - ငါတို့တိုင်းသူပြည်သားတွေမှာ သူများအကျ ကွန်ပြူတာကလေး ရတာတောင် မဟာအခွင့်အရေးကြီးဖြစ်နေပါလားဟု တွေးမိပြီး ကျွန်တော့်မှာ မျက်ရည်များပင် လည်မိပါသည်။ တစ်ခါတော့ ငါတို့ပင်ပန်းရကြိုးနပ်ပါပေါ့ဟု မျက်ကန်း တစ္ဆေမကြောက်၊ ကျွန်တော်မိုက်မိုက်ကန်းကန်း လုပ်ခဲ့ခြင်းကိုလည်း ကျေနပ် ၀မ်းမြောက်မိပါသည်။
ခရီးရောက်မဆိုက်ပင် ကွန်ပြူတာလှူဒါန်းပွဲနှင့် ဂုဏ်ပြုလွှာ ပေးအပ်ပွဲကျင်းပပါသည်။ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှု၊ ရဲစခန်းမှုး စသဖြင့် အစုံအလင် တက်ရောက်လာကြ၏။ ကျွန်တော်က ယခုကဲ့သို့ ကွန်ပြူတာများ လှူဒါန်းနိုင်ခြင်းအပေါ် အလွန် ကျေနပ်နှစ်သက်မိပါကြောင်း၊ သို့သော် အကြောင်းကြောင်းကြောင့် ကွန်ပြူတာများ လှူဒါန်းချိန် ၆ လခန့်နှောင့်နှေးခဲ့ရကြောင်း၊ ယခုကဲ့သို့ လှူဒါန်းနိုင်ရန်ပင် အခက်အခဲများစွာကြုံခဲ့ရကြောင်း၊ သို့သော် ယခုကဲ့သို့ ဆရာကြီး၊ ဆရာမကြီးနှင့် ကျောင်းသူ ကျောင်းသားများ ၀မ်းသာကြည်နူးမှုကို မြင်ရသည့်အခါ ကျွန်တော်တို့ ပင်ပန်းရကြိုးနပ်သည့်အတွက် အလွန်ကြည်နူးမိ ပါကြောင်း ပြောပြလိုက်ပါသည်။
ကျောင်းအုပ်ဆရာကြီး ဦးလှစိန်ကလည်း သူတို့ဒေသတွင် ယခုကဲ့သို့လှူဒါန်းမှုမျိုး တစ်ကြိမ်မှမကြုံခဲ့ဖူးသောကြောင့် ဤကဲ့သို့ လှူဒါန်းမှုအပေါ် အလွန်ကျေးဇူးတင်ပါကြောင်းများ ပြောပါသည်။ အခမ်းအနားပြီးတော့ ည ၇ နာရီခွဲနေပါပြီ။ မိချောင်းရဲတွင်ပင် ညအိပ်လိုက်ကြ၏။ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် နေနိုင်စေရန် ကျောင်းဆောင် ဧည့်ခန်း၌ပင် ထားပေးပါသည်။ ညပိုင်းတွင် ဆရာမကြီးဒေါ်သင်းသင်းထွေးက သူတို့မိသားစု၊ အခြားဆရာကြီးများ၏ မိသားစု စသည်တို့နှင့် မိတ်ဆက်ပေးကာ စကားဝိုင်းဖွဲ့ကြသည်။
မနက်ပိုင်းတွင် မိချောင်းရဲ အနီးပတ်ဝန်းကျင်သို့ ဒေသန္တရ ဗဟုသုတအဖြစ် လျှောက်ကြည့်ကြပြီး နံက် ၁၁ နာရီခန့်တွင် ချောက်သို့ ခရီးဆက်ခဲ့ကြပါသည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၁၃-၄-၂၀၁၂၊ ည ၁၁း၅၅ နာရီ
Blk 663D, Jurong West St 65
#15-233
Singapore 644663
Tel: 97303027
Wednesday, April 11, 2012
ပျောက်ဆုံးနေသော ဇာတ်ဝင်ခန်း
ပျောက်ဆုံးနေသော ဇာတ်ဝင်ခန်း
(မောင်ခိုင်မာ)
မနေ့ညက
(သူ) ပြောပြခဲ့
ရာမဇာတ်လမ်း
လေးတင်ခန်းတဲ့
လွမ်းဖို့ကောင်းတယ်
နားထောင်လို့ ကောင်းတယ်။
ဒွေးနှစ်ဖော်ရဲ့
လေးတော်အစွမ်း
ဇာတ်ဝင်ခန်းဟာ
မှတ်တမ်းမှတ်ရာ
ခိုင်ခံ့ပါလျှက်
ဘယ့်အတွက် - -
“လက္ခဏ” လူရွယ်
ညီတော်ငယ်ကို
မျက်ကွယ်ဝေ့ချန်
(သူ) မေ့ကျန်ရက်
ခံရခက်တယ် အကြည်တော်။ ။
အမေခင်ဗျား
အမေခင်ဗျား
(မုံရွာ ၀င်းဖေ)
အမေ့ကို သတိရပါသဖြင့်
တမ်းတကာ လွမ်းစာရေး
လူကြုံပေး စာတစ်စောင်။
အမေခင်ဗျား
ကျွန်တော်သား မလာအားပေမယ့်
ရက်မခြား အစဉ်လွမ်းပါရဲ့
နှစ်ဆန်းမှာ အခါသင့်လျင်ဖြင့်
သားစုံလင် ချစ်ဇနီးခေါ်ပါလို့
အမေ့ရွာ ခါတစ်ခေါက်
ရောက်လိမ့်ထင်ယောင်။
အမေ့အိမ် ခွဲကာထွက်လာခဲ့
နှစ်ရက်ရှည် ကြာလေပေါ့
အောက်ဌာနေ အောက်မြေရပ်မှာဘဲ
ဘ၀ဇာတ်ထူထောင်
လူ့ဘောင်ရဲ့ တစ်ခန်း။
ကျေးလက်ကအမေ
ဘယ်လိုနေ ဘယ်လိုစားရှာလိမ့်
ရင်ထဲမှာ အပူပွားပေမယ့်
ကိုယ့်ဝမ်းနာ အသိသားဟာမို့
နေ့ဆက်ပင် စဉ်လှုပ်ရှားပါရ
ချည်တိုင်ကို မခွာအားသူပေါ့
သားရဲ့အလွမ်း။ ။
တမန်ဖြစ်တဲ့ ကျန်စစ်အချစ်
တမန်ဖြစ်တဲ့ ကျန်စစ်အချစ်
(ကိုလေးငြိမ်း)
အောင်လံတွေ ရောင်ပြန်မြူးကာပ
တပ်ဦးမှာ တချီချီနှင့်
ပုဂံပြည် အပြန်ခရီးမှာတော့
စည်းတားက စောင့်ကြပ်လိုက်ပါရ
မေ့ထိုက်ပြီ ဟိုအတိတ်ကိုဖြင့်
သိုသိပ်စွာ ရင်မှာထားပါ့မယ်
စိမ်းကားပြီ သခင်တွေးလျှင်ဖြင့်
ပေးလှည့်ပါ အပြစ်ဒဏ်။ ။
အစဉ်မခြား
သခင်အပါးမှာဖြင့်
ထင်ရှားစွာ တပ်တော်မှူးရယ်လို့
အခွင့်ထူးတွေ ဘယ်လိုသာလည်း
ကြံရွယ်ကာ နယ်မကျူးဝံ့ပါဘု
မော်ဖူးရန် အရာသင့်တာကြောင့်
ခေါ်ထူးမှန် အခါလင့်တယ်လို့
သခင့်တွင် စိတ်တော်ကွက်ပြန်တော့
ရှသည့် မျက်မာန်။ ။
ချစ်ဦးသူရယ်
စိတ်ကူး တူချင်ပါရဲ့
အတိတ်ဦး ဟိုစဉ်အခါက
ဖြူစင်စွာ မေတ္တာလမ်းကိုဖြင့်
တူယှဉ်ကာ သစ္စာပန်းတွေနှင့်
လျှောက်လှမ်းမယ် ကြံရွယ်သော်လည်း
ကံကြမ္မာ မျက်နှာသာမပေးတာကြောင့်
အမှတ်ပါ သက်လျာနှင့်ဝေးရတော့မယ်
ဆွေးစေဖို့ အကြောင်းကဖန်
အထီးကျန်မှာတော့ မျက်နှာမွဲ။ ။
ပြည်အ၀င်
စီစဉ်ကာ အကြိုထောက်ပြီလ
တော်ကောက်သူ ဒေ၀ီတစ်ပါးပေမို့
ထိပ်ထားရယ် မော်မဖူးဝံ့ပါဘု
တော်ဒူးနေရာမှန်က
မခံသာ အသည်အူပြုန်းတော့မယ်
နှလုံးမသာမယာနှင့်
မမြင်သာ အဝေးရာသွားပါ့မယ်
ခ,စားရန် တာဝန်လစ်လျှင်ဖြင့်
ကျန်စစ်ကို အပြစ်တင်မစောပါနဲ့
သဘောမှန်သခင်သိပါရဲ့
မချိအောင် ဝေဒနာကျွမ်းတာကြောင့်
(ထိပ်ထားရယ်၊ ကျန်စစ်သားမှာလေ)
လွမ်းမျက်ရည်ဝဲ။ ။
Subscribe to:
Posts (Atom)