ပြက္ခဒိန်ပြီးတော့ နောက် ပြက္ခဒိန်နှင့် ဆက်နွယ်နေသည့် မြန်မာအချိန် အတိုင်းအတာများအကြောင်း ဆက်ပါမည်။
မြန်မာတို့တွင် ယခုခေတ်သုံး စက်နာရီမျိုးမဟုတ်ဘဲ မြန်မာကိုယ်ပိုင်နာရီရှိခဲ့၊ သုံးခဲ့သည်။ ယခင် မြန်မာမင်းများလက်ထက်က ကိုယ်ပိုင်မြန်မာနာရီကိုသာ သုံးခဲ့ကြပါသည်။ အင်္ဂလိပ်ကိုလိုနီနောက်ပိုင်း ရောက်မှ တစ်ရက်လျှင် ၂၄ နာရီရှိသော ယခု စက်နာရီများကို သုံးလာခဲ့ခြင်း ဖြစ်သည်။ စက်နာရီများတွင်ကျယ်လာပြီး မြန်မာနာရီကို မသုံးတော့သည်နှင့်အမျှ မြန်မာနာရီ အသုံးအနှုံးမှာလည်း မြန်မာ့ယဉ်ကျေးမှု လောကမှ ပျောက်ကွယ်သွားခဲ့ ရသည်။
တစ်နည်းအားဖြင့်လည်း မြန်မာနာရီမှာ ရွှေနန်းတော်နှင့် တိုက်ရိုက်ပတ်သက်နေပြီး သာမန်ပြည်သူပြည်သားများနှင့် သိပ်မနီးစပ်။ သုံးရမလွယ်။ သည့်အတွက် စက်နာရီများရောက်လာသောအခါ မြန်မာနာရီ အလျှင်အမြန် ကွယ်ပျောက် သွားခြင်း ဖြစ်သည်။
သို့သော် -
ရွှေပဟိုရ် စည်သံများကိုလ
မကြားရ ကြာချေပြီ
လေးလရာသီ - ဟူသော ကဗျာလေးကိုတော့ ကြားဖူးကြပါလိမ့်မည်။
ထို့ထက် ပိုပြီးနီးနီးစပ်စပ်တွေ့နိုင်သည်မှာ သင်္ကြန်စာတွင် ဖြစ်ပါသည်။ ဘာမှန်းမသိ၍သာ ကျော်ချလိုက်ရမည်။ ဖတ်တော့ ဖတ်မိလိုက်ကြသည်ချည်း ဖြစ်ပါ၏။ အောက်တွင်ကြည့်ပါ။
အထက်ပါ သင်္ကြန်စာတွင် ဖော်ပြထားသော မြန်မာပဟိုရ် နေ့ ၃ ချက်တီးကျော်၊ ၁ နာရီ၊ ၁ ပါဒ်၊ ၉ ဗီဇနာ၊ ၅ ပြာဏ်၊ ၁ ခရာ ဟူသည်မှာ မြန်မာ့ရိုးရာ အချိန်ဖော်ပြချက်ပင်ဖြစ်ပါသည်။ ဤစာကြောင်း၏ ရှေ့ဘက်တွင် ပါသည်။ မြန်မာစံတော်ချိန်၊ နေ့စက်၊ ၃ နာရီ၊ ၄၀ မိနစ်၊ ၄၉ စက္ကန့် ဟူသည်ကား မြန်မာ့ရိုးရာနာရီနှင့် ညီမျှသည့် လက်ရှိသုံး စက်နာရီ အချိန်ပင် ဖြစ်ပါတော့သည်။
ရှေးမြန်မာများမှာ ယခုခေတ် လက်ပတ်နာရီကဲ့သို့သော နာရီများမရှိ။ ဘယ်အချိန်ရှိပြီကို သိစေရန် မင်းနေပြည်တော် ပဟိုရ်စည် နာရီစင်မှ နာရီတီးပေးသည်။ ထို့ကြောင့်ပင် အထက်ပါ စာပိုဒ်၌ မြန်မာပဟိုရ် ဟု ရေးသားထားခြင်းဖြစ်၏။
ပဟိုရ်စည်
တို့ တောရွာ
ပြောစရာ အချိန်ဆောင်ရမှာဖြင့်
အိမ်ခေါင် အိပ်တန်းက
ချိပ်ပန်း တောင်ပံပွေလို့ 
ညောင်ကန်တွေ ဆူလှယ်တွန်မှဖြင့်
အရွယ်မွန် သူငယ်အိပ်ချိန် ဟု
အတိတ်နာရီ မှန်လိုက်တာက ကြက်သံအကြား။
နားမချို
ခုများမှာ ရွှေပဟိုရ်တဲ့
နေညိုလျင် ဒေါင်စိုင်းအောင်
နောင်ဒိုင်း တဒူဒူနှင့်
ဆူလေသည် ဘယ့်နှယ်မြို့ ရယ်လို့ 
ရှင်ဘုရင်လူမော်တို့ ရယ်
မင်းမို့ ခံစား။
အမည်မသိရှေးစာဆို
ပြောစရာ အချိန်ဆောင်ရမှာဖြင့်
အိမ်ခေါင် အိပ်တန်းက
ချိပ်ပန်း တောင်ပံပွေလို့ 
ညောင်ကန်တွေ ဆူလှယ်တွန်မှဖြင့်
အရွယ်မွန် သူငယ်အိပ်ချိန် ဟု
အတိတ်နာရီ မှန်လိုက်တာက ကြက်သံအကြား။
နားမချို
ခုများမှာ ရွှေပဟိုရ်တဲ့
နေညိုလျင် ဒေါင်စိုင်းအောင်
နောင်ဒိုင်း တဒူဒူနှင့်
ဆူလေသည် ဘယ့်နှယ်မြို့ ရယ်လို့ 
ရှင်ဘုရင်လူမော်တို့ ရယ်
မင်းမို့ ခံစား။
အမည်မသိရှေးစာဆို
မြန်မာနာရီ ရေတွက်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁၀ ခရာ = ၁ ပြန်
၆ ပြန် = ၁ ဗီဇနာ
၁၅ ဗီဇနာ = ၁ ပါဒ်
၎ ပါဒ် = ၁ နာရီ
၈ နာရီ = ၁ ပဟိုရ်
၎ ပဟိုရ် = ၁ နေ့
နာရီ ၆၀ = ၁ ရက်
http://www.mawluu.com/2010/09/blog-post_683.html မှ တက္ကသိုလ် ဘုန်းမြင့်ဆွေ ၏ အချိန်ကို မှတ်သားခြင်းနှင့် မြန်မာ့ ဆယ့်နှစ်လ၏ နေ့တာ ညတာများ ဆောင်းပါး (မြဝတီမဂ္ဂဇင်း ၁၉၉၈-ခု ဖေဖော်ဝါရီလ) တွင် အောက်ပါအတိုင်း ဖော်ပြ ထားပါသည်။ သူ့ဆောင်းပါးမှာ အတော်လေးပြည့်စုံသဖြင့် ကျွန်တော်က အထွေအထူး ထပ်မံမရေးတော့ဘဲ သည်အတိုင်း ကူး ချလိုက်ပါသည်။ သူ့ဆောင်းပါးတွင် မပါသည်များကိုသာ ထပ်မံဖြည့်စွက်ဖော်ပြပါမည်။
…………………………………………………………………………………………………………………………………………………………
ရှေးမြန်မာဘုရင်များ လက်ထက်တော်တွင် အသုံးပြုသော နာရီမှာ ရေ-နာရီဖြစ်၏။ ရေ-နာရီဆိုသည်မှာ စနစ်အတိုင်း အထွာဖြင့် ကျနစွာ စီမံပြုလုပ်ထားသော ဖလားကို ရေပေါ်တွင် တည်သောအခါ ထိုဖလားရှိအပေါက်မှ ရေစိမ့်ဝင်လျက် ဖလားတွင် ရေပြည့်၍ တကြိမ်နစ်လျှင် ထိုအချိန်ကာလ အတိုင်းအတာကို တနာရီဟု မှတ်သားခြင်း ဖြစ်သည်။
ထို ရေ-နာရီအရ နေ့ ၃၀-နာရီ၊ ည ၃၀-နာရီ အားဖြင့် တရက်လျှင် နာရီ ၆၀-ရှိ၏။ ယင်း ရေ-နာရီ တနာရီ၏ အချိန်ကာလ အတိုင်းအရှည်မှာ လူတို့မျက်စိတမှိတ်၊ သို့မဟုတ်-မျက်တောင်တစ်ခတ် ကာလသည် တစ်ခဏ။
ဆယ်လယသည် တစ်ခရာ။
ဆယ်ခရာသည် တစ်ပြန်။
၆-ပြန်သည် တစ်ဗီဇနာ။
၁၅-ဗီဇနာသည် တစ်ပါဒ်။
၎-ပါဒ်သည် တစ်နာရီ ဖြစ်၏။
ထို ရေ-နာရီအရ နေ့ ၃၀-နာရီ၊ ည ၃၀-နာရီ ဆိုရာတွင် နေ့တာ၊ ညတာ ညီမျှသော တန်ခူးလနှင့် သီတင်းကျွတ်လတို့တွင်သာ ထိုအတိုင်း ကိုက်ညီသည်။အခြားလများတွင် မကိုက်ညီပေ။ ကဆုန်လသို့ ရောက်သောအခါ နေ့ ၃၂-နာရီ ရှိလာ၍ ည ၂၈-နာရီသာ ရှိသည်။ ထိုနည်းအတိုင်း လစဉ် နေ့ ၂-နာရီစီတိုး၍ ည ၂-နာရီစီ လျော့လေရာ ဝါဆိုလသို့ရောက်သောအခါ နေ့ ၃၆-နာရီ ရှိလာ၍ ည ၂၄-နာရီသာ ရှိတော့သည်။ ဤဝါဆိုလသည် တစ်နှစ်တာတွင် နေ့တာအရှည်ဆုံးလ ဖြစ်၏။ သို့ဖြစ်၍ (နေ့ကိုလို ဝါဆို) ဟူ၍ ရှေးလူကြီးသူမတို့က စကားဆိုထုံး ပြုခဲ့ကြခြင်း ဖြစ်သည်။
တဖန် ဝါခေါင်လမှစ၍ လစဉ် ညတွင် ၂-နာရီစီတိုး၍ နေ့တိုင်း ၂-နာရီစီ လျော့လာရာ သီတင်းကျွတ်လသို့ ရောက်သောအခါ နေ့နှင့် ညတို့မှာ ၃၀-နာရီစီရှိ၍ ညီမျှနေပြန်၏။ ပြာသိုလသို့ရောက်သောအခါတွင်မူ ည ၃၆-နာရီရှိလာ၍ နေ့ ၂၄-နာရီသာ ရှိတော့သည်။ ဤပြာသိုလသည် တစ်နှစ်တာတွင် ညတာ အရှည်ဆုံးလဖြစ်၏။ သို့ဖြစ်၍ ( ညကိုလို ပြာသို)ဟူ၍ ရှေးမြန်မာကြီး တို့က စကားဆိုထုံး ပြုခဲ့ကြခြင်းဖြစ်သည်။
တဖန် တပို့တွဲလမှစ၍ လစဉ် နေ့တွင် ၂-နာရီစီ တိုး၍ ညတွင် ၂-နာရီစီ လျော့လာပြန်ရာ တန်ခူးလသို့ ရောက်သောအခါ နေ့နှင့်ည တို့မှာ ၃၀-နာရီစီရှိ၍ ညီမျှနေပြန်တော့သည်။
တစ်နှစ်ပတ်လုံး လတို့၏ နေ့တာ ညတာ အတိုအရှည်တို့ကို ပြန်လည်လေ့လာ သုံးသပ်ကြည့်သောအခါ တပို့တွဲလမှ ဝါဆိုလအထိ တဖြည်းဖြည်း နေ့တာရှည်လာသည်ကို တွေ့ရ၍ ဝါခေါင်လမှ ပြာသိုလအထိ တဖြည်းဖြည်း နေ့တာတို လာသည်ကို တွေ့ရ၏။ တဖန် ညတာမှာမူ ဝါခေါင်လမှ ပြာသိုလအထိ တဖြည်းဖြည်းရှည်လာသည်ကို တွေ့ရ၍ တပို့တွဲလမှ ဝါဆိုလအထိ တဖြည်းဖြည်း တိုလာသည်ကို တွေ့ရလေသည်။
မြန်မာ့ဆယ့်နှစ်လ၏ နေ့တာ ညတာ အတိုအရှည်တို့ကို အကျဉ်းချုပ်နည်းအားဖြင့် မှတ်သားထားနိုင်ရန်အတွက် ကဝိလက္ခဏာ သတ်ပုံကျမ်းတွင်-

ပတ်သံ တာရှည်၊ တီးသံမြည်၊ လက်ဆည်ကန်စာရေး။
တစ်ဆယ်လောင်းမည်၊ ထမ်းပိုးရည်၊ ယင်းသည် နာရီပေး။
ဆယ့်နှစ်လလည်၊ နေ့ဖို့ရည်၊ ညဥ့်သည် အကြွင်းဆေး။
တစ်ဆယ်လောင်းမည်၊ ထမ်းပိုးရည်၊ ယင်းသည် နာရီပေး။
ဆယ့်နှစ်လလည်၊ နေ့ဖို့ရည်၊ ညဥ့်သည် အကြွင်းဆေး။
- ဟူ၍ သံပေါက်လင်္ကာများဖြင့် စပ်ဆိုမှတ်တမ်းတင်ထားလေသည်။
ထိုသံပေါက် သုံးပုဒ်တွင် ပထမသံပေါက်မှာ တစ်ဆယ့်နှစ်လအတွက် တစ်လုံးကောက် အက္ခရာနံသင့် ဂဏန်း တစ်ဆယ့်နှစ်လုံး ချရန် ဖြစ်သည်။ (ဥပမာ - တန်ခူး = ပတ်၊ ကဆုန် = သံ စသည်)
ချရာတွင်-
ပတ်=၅။ သံ=၆။ တာ=၇။ ရှည်=၈။
တီး=၇။ သံ=၆။ မြည်=၅။
လက်=၄။ ဆည်=၃။ ကန်=၂။ စာ=၃။ ရေး=၎
- ဟူ၍ ဂဏန်းချရပေသည်။
ချရာတွင်-
ပတ်=၅။ သံ=၆။ တာ=၇။ ရှည်=၈။
တီး=၇။ သံ=၆။ မြည်=၅။
လက်=၄။ ဆည်=၃။ ကန်=၂။ စာ=၃။ ရေး=၎
- ဟူ၍ ဂဏန်းချရပေသည်။
မြန်မာနာရီအရ တစ်ရက်လျှင် နာရီ ၆၀ ရှိ၏။ နေ့နာရီ ၃၀၊ ည နာရီ ၃၀ ဖြစ်သည်။ သို့ဖြစ်၍ ရက်များရေတွက်ပုံမှာ ယခုကာလ ကဲ့သို့ သန်းခေါင်မှ စပြီးရေတွက်ခြင်းမဟုတ်ဘဲ။ သည်ကနေ့နေထွက်ချိန်မှ နောက်တစ်နေ့ နေထွက်ချိန်ထိ (တစ်နည်းအားဖြင့် တစ်နေ့နှင့် တစ်ည) ဖြစ်သည်။
တစ်ဆယ်လောင်းမည် ဆိုသည်မှာ ထိုနံသင့်ဂဏန်းများကို ၁၀ ပေါင်းပါ ဟု ဆိုလိုသည်။ ဥပမာ - တန်ခူးလအတွက် (ပတ် = ၅) ဖြစ်၏။ ၎င်းကို ၁၀ ပေါင်းသော် (၅+၁၀=၁၅) ဖြစ်၏။
ထမ်းပိုးရည် - ဟူသည် နှစ်ဆပြုပါ။ သို့မဟုတ် ပေါင်းရဂဏန်းကို ၂ နှင့် မြှောက်ပါဟု ဆိုလိုသည်။
ဥပမာ - တန်ခူးလမှ ပေါင်းရဂဏန်းသည် ၁၅ ဖြစ်၏။ ၎င်းကို ၂ နှင့်မြှောက်သော် (၁၅ x ၂ = ) ၃၀ ရသည်။
နေ့ဖို့ရည် - ဟူသည် ထိုရသော ဂဏန်းမှာ နေ့နာရီပေါင်း ဖြစ်သည်ဟု ဆိုလိုသည်။
ညဥ့်သည် အကြွင်းဆေး - ဟူသည်ကား ၆၀ မှ ထို နေ့နာရီကို နှုတ်။ အကြွင်းသည် ညနာရီပေါင်း ဖြစ်သည် ဟူ၏။
ဥပမာ - တန်ခူးလတွင် နေ့နာရီပေါင်း ၃၀ ဖြစ်ကြောင်း အထက်တွက်ကိန်းအရသိရပြီ။
တစ်ရက်ရှိနာရီပေါင်း ၆၀ မှ ထိုနေ့နာရီ ၃၀ ကိုနှုတ်လိုက်သော ၃၀ ကြွင်းမည်။ ထိုနာရီသည်ကား ညဥ့်နာရီပင် ဖြစ်တော့၏။ ထို့ကြောင့် တန်ခူးလတွင် နေ့နာရီ ၃၀ ၊ ညနာရီ ၃၀ ရှိသည်ဟု သိရသည်။
ကျန်သည့်လများကိုလည်း ထိုအတိုင်း တွက်ယူနိုင်သည်။
ရှေးမြန်မာဘုရင်မင်းမြတ်တို့ လက်ထက်တော်တွင် တစ်ရက်လျှင် ပဟိုရ်စည် ၈-ကြိမ်တီးသည်။ နေ့ ၄-ကြိမ်၊ ည ၄-ကြိမ် ဖြစ်၏။
တစ်ရက်အတွင်း ပဟိုရ်စည်တီးပုံမှာ ဤသို့တည်း။
တစ်ရက်အတွင်း ပဟိုရ်စည်တီးပုံမှာ ဤသို့တည်း။
နေ့အတွက်မှာ ဤသို့ဖြစ်၏။ နေ့တာနှင့်ညတာညီမျှသော တန်ခူးလတွင် နံနက် နေထွက်သည့် အချိန်ကစ၍ ရေ-နာရီ တစ်နာရီလျှင် မောင်းတစ်ချက်၊ ၂-နာရီလျှင် မောင်း ၂-ချက် အစဉ်အတိုင်း တီးသွားပြီးလျှင် ၇-မောင်းကျော် ၇-နာရီ ၂-ပါဒ်၊ သို့မဟုတ် ၇-နာရီခွဲရှိသောအခါ တလှည့်စီအားဖြင့် ခေါင်းလောင်းသံ ၁၁-ချက်၊ စည်သံ ၁၁-ချက် တီးရလေသည်။ ဤကဲ့သို့ ခေါင်းလောင်းသံနှင့် စည် ၁၁-ချက်စီ တီးသည်ကို နေ့တစ်ချက်တီးဟု ခေါ်လေသည်။ ထိုတစ်ချက်တီး အချိန်သည် စက်နာရီ နံနက် ၉-နာရီနှင့် ညီမျှ၏။
ယင်းသို့ တစ်ချက်တီးပြီးနောက် ရေ-နာရီ တစ်နာရီလျှင် မောင်းတစ်ချက်တီးပြန်၏။ ထိုအချိန်ကို တစ်ချက်တီးကျော် တစ်နာရီဟု မခေါ်ဘဲ တစ်ချက်တီးကျော် တစ်မောင်းဟူ၍သာ မောင်းသံကို အစွဲပြု၍ ခေါ်လေ့ရှိကြသည်။ အထက်တွင် တင်ပြခဲ့သည့်အတိုင်းပင် ၇-နာရီနှင့် ၂-ပါဒ်ရှိလာပြန်သောအခါ ခေါင်းလောင်းနှင့် စည် ၂၂-ချက်စီ တီးရပြန်လေသည်။ ယင်းကို ၂-ချက်တီး အချိန်ဟု ခေါ်လေသည်။ ထို ၂-ချက်တီးအချိန်သည် စက်နာရီ မွန်းတည့် ၁၂-နာရီနှင့် ညီမျှသည်။
ထို့နောက် ၇-နာရီ ၂-ပါဒ် ရှိလာပြန်သောအခါ ခေါင်းလောင်းနှင့် စည် ၃၃-ချက်စီ တီးရပြန်သည်။ ယင်းကို ၃-ချက်တီးအချိန်ဟု ခေါ်လေသည်။ ထို ၃-ချက်တီးအချိန်သည် စက်နာရီ ညနေ ၃-နာရီနှင့် ညီမျှလေသည်။ ထို့နောက် ၇-နာရီ ၂-ပါဒ် ရှိလာပြန် သောအခါ ခေါင်းလောင်းနှင့် စည် ၄၄-ချက်စီ တီးရပြန်၏။ ယင်းကို ၄-ချက်တီးအချိန်ဟု ခေါ်လေသည်။ ထို ၄-ချက်တီး အချိန်သည် နေဝင်ချိန်ဖြစ်၍ စက်နာရီ ၆-နာရီနှင့် ညီမျှလေသည်။
ညအတွက် ပဟိုရ်စည် ၄-ကြိမ် တီးပုံမှာလည်း အထက်ပါ နေ့အတွက် ပဟိုရ်စည် တီးပုံ နည်းအတိုင်းပင် ဖြစ်လေသည်။
ပဟိုရ်စည် တီးပုံတီးနည်း အကျဉ်းချုပ်မှာ ဤသို့တည်း။
နေ့တာ-ညတာတို့ တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ၊ နေ့နှင့်ညနာရီတို့ကို ၄-ပိုင်းစီ ပိုင်း၍ တစ်ပိုင်းအရှိတွင် တပဟိုရ်တီးမြဲ ဖြစ်၍ နေ့တာဖြစ်စေ၊ ညတာဖြစ်စေ အတိုဆုံးအခါမှာ ၆-နာရီ၊ သို့မဟုတ် ၆-မောင်းတွင် တစ်ပဟိုရ်တီးရသည်။
အရှည်ဆုံးအခါမှာ ၉-နာရီ၊ သို့မဟုတ် ၉-မောင်းတွင် တစ်ပဟိုရ် တီးရလေသည်။ ယင်းကဲ့သို့ နေ့တာ ညတာ အတိုအရှည် လိုက်၍ တီးရသော ပဟိုရ်ဖြစ်သောကြောင့် မည်သည့်လ၊ မည်သည့်အခါမဆို နေထွက်နှင့် နံနက် ၄-ချက်တီး၊ နေဝင်နှင့် ည ၄-ချက်တီး၊ မွန်းတည့်နှင့် ၂-ချက်တီး၊ သန်းခေါင်နှင့် ၂-ချက်တီးအချိန်တို့သည် အမြဲညီညွတ်တိုက်ဆိုင်မိကြလေသည်။
ထို ရေ-နာရီဖြင့် တီးအပ်သော ပဟိုရ်သည် နေထွက်၊ မွန်းတည့်၊ နေဝင်၊ သန်းခေါင်ချိန်တို့နှင့် အလွန်ကိုက်ညီသော်လည်း ယင်း ရေ-နာရီကို အသုံးပြုရာတွင် အမြဲမပြတ် ကြည့်ရှု စောင့်ရှောက်နေရသောကြောင့် ဘုရင်မင်းမြတ်မှတပါး အခြားသူတို့ အသုံးပြုနိုင် ကြမည် မဟုတ်ပေ။

ထို့ကြောင့် ပဟိုရ်စည်သံကို မကြားရသောအရပ်၊ သို့မဟုတ်-မြို့တော်နှင့် ဝေးကွားသော အရပ်တို့တွင် နေထိုင်ကြသော သူတို့သည် အချိန်ကို မှန်းဆ၍သာ မှတ်သားကြရလေသည်။ နေ့အခါဖြစ်လျှင် နေထွက် တပြူအချိန်၊ နေထန်းတဖျားခန့် အချိန်၊ ဆွမ်းခံချိန်၊ ဆွမ်းခံပြန်ချိန်၊ ဆွမ်းစားချိန်၊ နေမွန်းတည့်ချိန်၊ နေမွန်းတိမ်းချိန်၊ ညနေစောင်းချိန်၊ စသည်ဖြင့် မှတ်သားကြရ၏။
ညအခါဖြစ်လျှင် နေဝင်ဖျိုးဖျ အချိန်၊ သူငယ် တိတ်ဆိတ် အချိန်၊ သက်ကြီးခေါင်းချ အချိန်၊ ညဦးကြက်တွန်ချိန်၊ သန်းခေါင် ကြက်တွန်ချိန်၊ လင်းအားကြီး ကြက်ဦးတွန်ချိန် စသည်ဖြင့် မှတ်သားကြရလေသည်။
သို့ဖြစ်၍ ရှေးအခါက ဇာတ်နှင့် ရုပ်သေး မင်းသားများသည် နေပြည်တော်နှင့် ဝေးကွာသော တောအရပ်၊ တောဒေသများသို့ ရောက်နေဟန် ကပြသောအခါတွင်-

မကြားရ ကြာချေပြီ
လေးလရာသီ။
တိုင်းဌာနီရယ်လေ
မဟုတ်ကယ် ပါပြီလို့။
ကြက်သံကို ပဟိုရ်ပြုရတယ်
တောသူ့ရွာမို့။ ။
- ဟူသော တောဓလေ့ သဖြန်ကို သီဆိုတတ်ကြလေသည်။
ထိုသဖြန်၏ အဓိပ္ပါယ်မှာ မြို့တော်နှင့် ဝေးကွာသော တောသူတောင်သားများ နေထိုင်ရာ တောအရပ် တောဒေသသို့ ရောက်နေသည့်သူ ဖြစ်သည့်အတွက် ရွှေပဟိုရ်စည်သံများကို မကြားရသည်မှာ လေးလခန့်ပင် ကြာခဲ့လေပြီ။ တိုင်းနိုင်ငံ ရာဇဌာနီ မင်းနေပြည် မဟုတ်သဖြင့် ကြက်တွန်သံများကိုသာ ပဟိုရ်စည်သံပြုလုပ်၍ အချိန်အခါကို မှတ်သားနေရပါ တော့သည်ဟု ဖြစ်ပါသည်။
…………………………………………………………………………………………………………………………………………………………
ဤတွင် ရှေးမြန်မာမင်းတို့၏ ရေနာရီပြုလုပ်ပုံမှာ ရတနာအပြည့်စီချယ်ထားသော ရေအင်တုံထဲတွင် ရေအပြည့်ထည့်၍ ရေမျက်နှာပြင်ပေါ်တွင် အပေါက်ဖောက်ထားသော ကြေးဖလားတင်၍ ကြေးဖလားတစ်ခါမြုပ်လျှင် တစ်နာရီ ဟု သတ်မှတ် သည်။ ကြေးဖလားမှာ ကြေးနီအချိန် ၁၆ ကျပ်သား လေး၏။ အစောက် ၇ လက်သစ်၊ မျက်နှာဝအကျယ် ကိုးလက်သစ်ရှိသည်။ ဖလားအောက်ခြေတွင် ဖောက်ထားသော အပေါက်၏ အကျယ်မှာ မိန်းမပျိုတစ်ဦး၏ ဆံခြည်မျှင် ၁၆ မျှင် ၀င်ရုံမျှ ဖြစ်သည်။
ဖလားတစ်ခါနစ်လျှင် ငွေမောင်း တစ်ခါတီးသည်။ ဤသည်ကိုရည်၍ တစ်နာရီ တစ်မောင်းဟု ခေါ်သည်။
ပဟိုရ်စည်တီးသည်မှာ နေ့ ၄ ကြိမ်၊ ည ၄ ကြိမ် ဖြစ်သည်။ ဤသည်ကို စက်နာရီနှင့်ယှဉ်ကြည့်လျှင် အောက်ပါအတိုင်း ရသည်။
စက်နာရီ
|
မြန်မာနာရီ
|
ပဟိုရ်
|
နံနက် ၉ နာရီ
|
၇ နာရီ ၂ ပါဒ်
|
နေ့ပဟိုရ် ၁ ချက်တီး
|
မွန်းတည့် ၁၂ နာရီ
|
၁၅ နာရီ
|
နေ့ပဟိုရ် ၂ ချက်တီး
|
ညနေ ၃ နာရီ
|
၂၂ နာရီ ၂ ပါဒ်
|
နေ့ပဟိုရ် ၃ ချက်တီး
|
နေ၀င်ချိန် ၆ နာရီ
|
နေ့ နာရီ ၃၀
|
နေ့ပဟိုရ် ၄ ချက်တီး
|
ည ၉ နာရီ
|
၇ နာရီ ၂ ပါဒ်
|
ညပဟိုရ် ၁ ချက်တီး
|
သန်းခေါင် ၁၂ နာရီ
|
၁၅ နာရီ
|
ညပဟိုရ် ၂ ချက်တီး
|
သန်းခေါင်ကျော် ၃ နာရီ
|
၂၂ နာရီ ၂ ပါဒ်
|
ညပဟိုရ် ၃ ချက်တီး
|
နေထွက်ချိန် ၆ နာရီ
|
ညနာရီ ၃၀
|
ညပဟိုရ် ၄ ချက်တီး
|
ပတ်၊ သံ၊ တာ၊ ရှည်၊ တီး၊ သံ၊ မြည် - လင်္ကာကို ဇယားဖြင့်ဖော်ပြရလျှင် အောက်ပါအတိုင်းရမည်။
လ
|
တွက်နည်း
|
နေ့နာရီ
|
ညနာရီ
|
တန်ခူး
|
ပတ် (၅ + ၁၀) x ၂ = ၃၀
|
၃၀
|
၃၀
|
ကဆုန်
|
သံ (၆ + ၁၀) x ၂ = ၃၂
|
၃၂
|
၂၈
|
နယုန်
|
တာ (၇ + ၁၀) x ၂ = ၃၄
|
၃၄
|
၂၆
|
ဝါဆို
|
ရှည် (၈ + ၁၀) x ၂ = ၃၆
|
၃၆
|
၂၄
|
ဝါခေါင်
|
တီး (၇ + ၁၀) x ၂ = ၃၄
|
၃၄
|
၂၆
|
တော်သလင်း
|
သံ (၆ + ၁၀) x ၂ = ၃၂
|
၃၂
|
၂၈
|
သီတင်းကျွတ်
|
မြည် (၅ + ၁၀) x ၂ = ၃၀
|
၃၀
|
၃၀
|
တန်ဆောင်မုန်း
|
လက် (၄ + ၁၀) x ၂ = ၂၈
|
၂၈
|
၃၂
|
နတ်တော်
|
ဆည် (၃ + ၁၀) x ၂ = ၂၆
|
၂၆
|
၃၄
|
ပြာသို
|
ကန် (၂ + ၁၀) x ၂ = ၂၄
|
၂၄
|
၃၆
|
တပို့တွဲ
|
စာ (၃ + ၁၀) x ၂ = ၂၆
|
၂၆
|
၃၄
|
တပေါင်း
|
ရေး (၄ + ၁၀) x ၂ = ၂၈
|
၂၈
|
၃၂
|
မြန်မာက တစ်ရက်လျှင် နာရီ ၆၀ ရှိသည်။ စက်နာရီက တစ်ရက်လျှင် ၂၄ နာရီ ရှိသည်။ သို့အတွက် မြန်မာတစ်နာရီလျှင် စက် ၂၄ မိနစ်ရှိသည်။
ဤသည်ကို ပြုပြင်ပြီး ကျွန်တော်က ပြန်လည်ဖော်ပြလိုက်ခြင်းဖြစ်ပါသတည်း။
အားလုံးကို ကျေးဇူးတင်ပါသည်။
အေးငြိမ်း
30/10/2011, 9:53 pm
Blk 663D, Jurong West St. 65
#15-233
Singapore 644663
Tel: 97303027