ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (28)
- Emergency handbook (7)
- Engineering (18)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (246)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (8)
- ISO 9001 (3)
- Knowledge sharing sessions (4)
- Life (9)
- Living in Singapore (72)
- My Articles (603)
- Myanmar (67)
- Myanmar Culture (16)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (155)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (54)
- ကဗ်ာမ်ား (27)
- စင္ကာပူအေၾကာင္း (108)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (11)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
Wednesday, August 13, 2025
Apply Workplace Safety and Health in Construction Sites (ACS) သင်တန်း
စင်ကာပူမှ ပြစ်မှု၊ ပြစ်ဒဏ်များ
ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်
တစ်နေ့သ၌ ကျွန်ုပ် မတစ်ထောင်သားများနှင့် အလုပ်ရှုပ်နေစဉ် တီတီဟု မတ်စိဝင်လာသဖြင့်ကြည့်မိ။ ပြောစရာရှိလို့ပါ ဒဲ့စ်။ မမလေးနှစ်ယောက်က မတ်စိပို့၏။
ခဏနေပါအုံး၊ စာသင်နေလို့။ ကော်ဖီဘရိတ်မှ ပြန်ခေါ်လိုက်မယ် ဆိုတာကို မြန်မြန်လုပ်ပါ၊ ပြောချင်လှပြီ ဆိုဘာလာ့စ်။ အောင်မငီး။
သူတို့ပြောတာကို ပြန်ဖောက်သည်ချရလျှင် အောက်ပါအတိုင်း ဖြစ်ချေသည် တမုံ့။
ဖြစ်ရပ် (၁)
-------------
အလုပ်ရှင်က အေးဂျင့်ကို တိုင်၏။ ဟဲ့ - နင့် ဟိုအကောင်ဟာ တစ်ပတ်မှာ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး ၃ ရက်ပဲ အလုပ်ဆင်းတယ်။ နောက်ပြီး အဆောင်မှာလဲ ပြန်မအိပ်ဘူးပြောတယ်။ အဲဒီကောင် ဘယ်ပျောက်နေသလဲ။
စုံစမ်းကြည့်တော့ -
အိမ်အကူ ကောင်မလေးတစ်ယောက်က အဖွားအိုကြီး တစ်ယောက်ကိုပဲ ကြည့်ရ၏။ တစ်အိမ်လုံးမှာ သူနဲ့ အဖွားအို နှစ်ယောက်ထဲ။ တခြား ဘယ်သူမှ မရှိ။
သည်တော့ ဟိ၊ ငါတော့ လုပ်ချင်တိုင်းလုပ်လို့ရပြီ။ ပွတာပဲ ဆိုကာ ကောင်လေးတစ်ယောက်နှင့် အချိန်းအချက်လုပ်၏။ ရွာမှာ မိန်းမနှင့်၊ ကလေးရှိသော ကောင်လေးက ဟိ၊ ကော်တာပဲ။ အလကားစားရပြီ ဆိုကာ ကောင်မလေးနှင့် အချိန်းအချက်လုပ်ပြီးသကာလ ကောင်မလေးရှိရာ အိမ်သို့သွားသည်ဆို၏။
ကောင်လေးက ဘယ် ဒီလောက် အခွင့်အရေးကြီးရနေမင့်ဟာ၊ နင်ရို့ နှစ်ပဲခြောက်ပြားအလုပ်လောက်ကို ဘာလုပ်ဖို့တုံး ဆိုပြီး သောကြာ၊ စနေ၊ တနင်္ဂနွေ၊ တနင်္လာ ၄ ရက်ဆက်ပြီး (မှတ်ကရော) အလုပ်မသွားဘဲ အသားကုန် မူစကူဒူးကြလေသော ဟူသတတ်။ (မူစကူဒူး = ထမင်းတွေဟင်းတွေ ချက်ပြုတ်စားကြ၊ သီချင်းတွေဆိုကြ၊ ထင်သာဖဲ I don’t know. )
ဆိုတော့ အလုပ်မဆင်းလို့ ဒီအကောင် ဘယ်ရောက်နေသလဲ၊ အဆောင်ကကောင်တွေ မေးတော့လည်း ဘယ်သွားမှန်း ဘယ်သူမှမသိ၊ ဆိုတော့ အလုပ်ရှင်က အေးဂျင့်ကို လှမ်းတိုင်တာ ဖြစ်၏။
ကတောက်စ်၊ မိုက်သခွာ
ဖြစ်ရပ် (၂)
------------
ဟေ့ရောင်၊ ထရမ့်မိန်းမက မိုက်သကွ။
မင်းနှယ်ကွာ၊ တခြား ကြိုက်စရာရှားလို့ အဖွားကြီးမှ သွားကြိုက်ရသလား။
အာ ဒါကတော့ ငါကြိုက်လို့ ကြိုက်တယ်ပြောတာကွာ။
စောက်ရူး
ဘာခွ၊ မင်း ဘာပြောလိုက်တယ်။
တခြား အပျိုအရွယ်ချောချော လှလှလေးတွေ ဒီလောက်ရှိပါရက်ကနဲ့ ဟို့က အဖွားကြီးကို သွားကြိုက်တာ စောက်ရူးမို့လို့ ကြိုက်တာပေါ့ကွ။
အေဘေး ခွပ်
ဘာ၊ မင်းက ငါ့ကိုထိုးတယ်။ ခွပ်
ဘုန်း
အုပ်
ခွပ်
.
.
.
ဟဲ့ ဟဲ့ ဟိုအကောင်တွေ တော်ကြ၊ တော်ကြ
(ရဲက လာဖြန်ဖြေသည်ဆို၏။)
ထိုးကြကြိတ်ကြရင်း ရဲမျက်နှာ ဖြတ်အုပ်မိသည် ဆို၏။ (မတော်တဆ ဖြတ်ရိုက်မိတာလား၊ ဆွဲထိုးတာလား မပြောတတ်။)
ရဲက သူတို့ကို ဘာမှ ပြန်မလုပ်။
နောက်နေ့ကျ အဖမ်းခံရ၏။
ဒေါ်လာ ၄၅၀၀ ဒဏ်ဆောင်မလား၊ ထောင် ၂ လ (၂ လ လား၊ ၂ နှစ်လား သေသေချာချာ မပြောတတ်) အကျခံမလား မေး၏။
ရွာက အမျိုးတွေနှင့် ပြန်တိုင်ပင်တော့ ဘာတဲ့၊ ဒဏ်ငွေ ၄၅၀၀ ဆောင်ပါ့မယ် ဆိုလား
ဘာတွေဆက်ဖြစ်သလဲတော့ ကျွန်ုပ်မသိ
အဲသည့်ကောင်လေးမှာ ခြင်းကြားထမ်း (ဟုတ်ပေါင်) စစ်ထဲဝင်ရမှာစိုး၍ သူ့မိဘများက အိမ်ရောင်းကာ စင်ကာပူ လွှတ်လိုက်တာဆို၏။ ရောက်တာ ဘာမှမကြာသေး။ အခု ပြဿနာ တက်သည်။
ဆိုတော့ ဗမှားပြည်ပြန်ပြီး ခြင်းကြားထမ်းပေတော့။
ဖြစ်ရပ် (၃)
------------
လူများ သားသမီးတွေ ကံကောင်းပုံများ ပြောပါတယ်။
တခါတလေ အမှားတရံသည်လည်း အမှန်တရား ဖြစ်လာတတ်ချေသေး၏။
ကောင်မလေးကို မြန်မာအေးဂျင့်က ဆေးရုံမှာလုပ်ရမယ် ဆိုပြီး လိမ်လွှတ်လိုက်၏။ အေးဂျင့်ဖီးလည်း အများကြီး ပေးလိုက်ရ၏။
တကယ်လုပ်ရတော့ အနှိပ်ခန်းမှာ လုပ်ရ၏။ ဆိုင်ရှင်အဖွားကြီးက ဟိုဟာဖြတ်၊ ဒီဟာဖြတ်နှင့် ငုတ်တုတ်ပဲ ကျန်တော့၏။
အနှိပ်ခန်းမှာ အလုပ်လုပ်ရင်း ဆိုင်မှာလုပ်နေသော မလေးတရုတ် ကောင်လေးတစ်ယောက်နှင့် ငြိကာ ညားလေ သတည်း။
မလေးကောင်လေးနှင့် ညားတော့ မလေး PR ဖြစ်။ ကောင်လေးက စလုံး PR ဆိုတော့ စလုံး PR ထပ်တင်။
တူနယ်တဲ့နယ်။
ကံထမ်းလာတာ မမြင်ရဘူးဆိုတာ အဟုတ် ဟု မမလေးက ပြော၏။
ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်။
ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ။
မအားတာနဲ့ တက်သုတ်ရိုက်ပြီး ခပ်တိုတိုပဲ ရေးလိုက်ရပါကြောင်း။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
မြေနိုးတွေလဲ ကျားတွေဆွဲ၊ ငရဲကိုလည်း လားပါစေ။
အေးငြိမ်း
၁၈ ဇူလိုင်လ၊ ၂၀၂၅ကွန်ဖိုင်းစပေ့စ်အတွက် လေလိုအပ်ချက်
နိဒါန်း
မှတ်ချက်။ ။ ယခင်က ကွန်ဖိုင်းစပေ့စ်ကို အလုံပိတ်အခန်း၊ ကန့်သတ်ထားသောနေရာ စသဖြင့် ကျွန်ုပ် ဘာသာပြန် ခဲ့ပါ၏။ သို့သော် အလုံပိတ်အခန်းနှင့်လည်း မလုံလောက်၊ ကန့်သတ်ထားသော နေရာဟု ဘာသာပြန်လျင်လည်း မဆီလျော်လှသောကြောင့် မူရင်းစကားလုံးကိုပဲ အသံလှယ်ကာ သုံးလိုက်ပါသည်။ ဥပမာ - ပလတ်စတစ်၊ ရေဒီယို၊ မော်တော်ကားတို့ ကဲ့သို့တည်း။
ကွန်ဖိုင်းစပေ့စ်တွင် ၁။ လေထုအန္တရာယ် (atmospheric hazard) နှင့် ၂။ လေထုမဟုတ်သော အန္တရာယ် (Non-atmospheric hazard) ဟု နှစ်မျိုးရှိ၏။
ထိုအန္တရာယ်နှစ်မျိုးအနက် လေထုအန္တရာယ်က ပိုပြီး အန္တရာယ်များ၏။ အဘယ်ကြောင့်ဆိုသော် လေထု အန္တရာယ်က ချက်ချင်း၊ မိနစ်ပိုင်းအတွင်း သေနိုင်သောကြောင့် ဖြစ်၏။
ထို့ကြောင့် တခြားအန္တရာယ်တွေအသာထား၊ ကွန်ဖိုင်းစပေ့စ်အတွင်း ဝင်တော့မည်ဆိုလျင် လေထုကို ဦးစွာ စစ်ရတာ ဖြစ်၏။ ကွန်ဖိုင်းစပေ့စ်အတွင်း ဝင်ရောက်ခွင့်ကို လေထုစစ်ဆေးပြီးမှ ထုတ်ပေးရတာ ဖြစ်၏။
သို့ဆိုလျင် ကွန်ဖိုင်းစပေ့စ်အတွင်းမှလေသည် အန္တရာယ်ကင်းသည့်လေ ဖြစ်ဖို့ အရေးမကြီးပါသလော။ အမှန်တကယ်ပင် အရေးကြီးလှ၏။
ကွန်ဖိုင်းစပေ့စ်အတွင်း၌ လေထုအန္တရာယ် အမျိုးအစား သုံးမျိုးရှိ၏။
၁။ အောက်ဆီဂျင် နည်းခြင်း/များခြင်း
၂။ အဆိပ်ငွေ့များ ရှိနေခြင်း
၃။ မီးလောင်ပေါက်ကွဲစေတတ်သည့် ဓာတ်ငွေ့များ ရှိနေခြင်း တို့ ဖြစ်၏။
အခန်းကို ကြာရှည်ပိတ်ထားခြင်းကြောင့် ပြင်ပ လေကောင်းလေသန့် မဝင်နိုင်ခြင်း၊ ဘက်တီးရီးယားပိုးများ ပေါက်ဖွား ရှင်သန် နေထိုင်ခြင်း၊ သံချေးတက်ခြင်းစသည့် အကြောင်းများကြောင့် ကွန်ဖိုင်းစပေ့စ်အတွင်း၌ အောက်ဆီဂျင် လျော့နည်း ကျဆင်းတတ်၏။
လူတို့သည် အောက်ဆီဂျင်ဖြင့် အသက်ရှင်နေကြရတာ ဖြစ်၏။ အောက်ဆီဂျင်မရှိလျင် ချက်ချင်း သေနိုင်၏။ ထို့ကြောင့် ကွန်ဖိုင်းစပေ့စ်အတွင်း၌ အသက်ရှင်ရန် အောက်ဆီဂျင် အလုံအလောက် ရှိနေဘို့ အလွန်အရေးကြီး၏။ အောက်ဆီဂျင်ရရန် လေကောင်းလေသန့်ကို မှုတ်သွင်းပေးရမည်။
လေကောင်းလေသန့် မှုတ်သွင်းပေးခြင်း၏ ဘေးထွက်ကောင်းကျိုးမှာ ကွန်ဖိုင်းစပေ့စ်အတွင်းမှ မကောင်းသည့်လေများ၊ အဆိပ်အတောက်လေများကိုလည်း တပါတည်း မှုတ်ထုတ်လိုက်ခြင်း ဖြစ်၏။ တစ်နည်းအားဖြင့် လေကောင်းလေသန့်ကို ကွန်ဖိုင်းစပေ့စ်အတွင်း မှုတ်သွင်းလိုက်ပါက အဆိပ်ငွေ့များလည်း ထွက်သွားမည်။ အောက်ဆီဂျင်လည်းရမည်။
သို့ဆိုလျှင် မည်မျှကြီးသော ကွန်ဖိုင်းစပေ့စ်အတွက် မည်မျှလေမှုတ်သွင်းပေးရမည်နည်း။ မည်မျှကြီးသော လေမှုတ်စက် ဘယ်နှစ်လုံးဖြင့် မှုတ်သွင်းရမည်နည်း။ ကွန်ဖိုင်းစပေ့စ်၌ ဆေးသုတ်/ဂဟေဆော်နေပါက ထိုဆေးငွေ့/ဂဟေဓာတ်ငွေ့ များကို စုပ်ထုတ်ရန် မည်သည့်အရွယ်ရှိ လေစုပ်စက်မည်မျှ သုံးရမည်နည်း စသည်တို့ကို တွက်ကြည့်ရန်လို၏။
၁။ လေပေးစနစ်
အောက်ပါအတိုင်း လေပေးစနစ် နှစ်မျိုးရှိ၏။
၁၊ ၁။ Single Unit
ဤစနစ်တွင် ပြင်ပမှ လေကောင်းလေသန့်ကို ကွန်ဖိုင်းစပေ့စ်အတွင်း မှုတ်သွင်းပေး၏။
၁၊ ၂။ Tandem Unit
ဤစနစ်တွင် ပြင်ပမှ လေကောင်းလေသန့်ကို ကွန်ဖိုင်းစပေ့စ်အတွင်း မှုတ်သွင်းပေး၏။ တပြိုင်နက်တည်းတွင် ကွန်ဖိုင်းစပေ့စ်အတွင်းမှ အဆိပ်ငွေ့များကိုလည်း လေစုပ်ပန်ကာဖြင့် စုပ်ထုပ်ပေး၏။
၂။ လေမှုတ်/စုပ်ပေးသော ကိရိယာအမျိုးအစားများ (Types of Air Moving Devices)
၂၊ ၁။ ပန်ကာ (Axial Fans)
ထိုအမျိုးအစားပန်ကာသည် လေကို အဖြောင့်အအတိုင်း မှုတ်ပေး၏။ ၎င်းကို လေမှုတ်သွင်းပေးခြင်း အတွက်သော် လည်းကောင်း၊ လေစုပ်ထုတ်ခြင်းအတွက်သော် လည်းကောင်း အသုံးပြုနိုင်၏။
၂၊ ၂။ Cenrifugal Fans
ထိုအမျိုးအစားပန်ကာသည် လေကို အလယ်မှ စုပ်ယူ၍ ဘေးမှ မှုတ်ထုတ်ပေး၏။ ၎င်းကို လေမှုတ်သွင်းပေးခြင်း အတွက်သော် လည်းကောင်း၊ လေစုပ်ထုတ်ခြင်းအတွက်သော် လည်းကောင်း အသုံးပြုနိုင်၏။
လေမှုတ်သွင်းပေးရမည့်နေရာသည် ဝေးပါက လေစီးဆင်းမှု လျော့ကျမသွားရလေအောင် လေပိုက်အလယ်၌ ထိုပန်ကာမျိုးတစ်လုံး ထပ်ထည့်ပေးရ၏။
၂၊ ၄။ Venturi Air Blower
Venturi air blower က ဖိသိပ်ထားသည့်လေ (compressed air) ကို လေပိုက်များ (venturi tube) သုံးလျက် ပို၍များပြားသည့် လေပမာဏကို သွင်း/ထုတ် ပေး၏။ ၎င်း၌ လေကိုမှုတ်/စုပ်ရန် ပန်ကာများ မပါ။ လေယာဉ် ဂျက်အင်ဂျင်များကဲ့သို့ လေကို တွန်းထုတ်တာ ဖြစ်၏။ များသောအားဖြင့် ကွန်ဖိုင်းစပေ့စ်အတွင်းမှ အဆိပ်ငွေ့များကို အလျင်အမြန် စုပ်ထုတ်နိုင်ရန် သုံး၏။
၂၊ ၅။ Pneumatic Circular Jet Fan
ဤအမျိုးအစားပန်ကာကို အထက်ဖော်ပြပါ Venturi air blower နှင့် တွဲသုံး၏။
၃။ လေလှယ်ထုတ်ခြင်း (ACH - Air Change per hour)
ကွန်ဖိုင်းစပေ့စ်အတွင်းမှ လေအား မည်မျှလှယ်ထုတ်ရမည်ကို ဥပဒေ/Code of Practice စသည်တို့ဖြင့် အတိအကျ ပြဌာန်းထားတာ မတွေ့မိပါ။ အချို့က 5 Air Change, အချို့က 6 – 7 Air Change, အချို့ဆိုလျင် 20 Air Change ထိ ဆိုပါသည်။ သို့သော် ကျွန်ုပ်အနေနှင့် ဆိုရပါမူ 20 Air Change မှာမူ အလွန်များပါသည်။ 5 – 6 Air Change ဆို လုံလောက်ပါသည်။ ရှင်းပြပါမည်။
ကျေးလက်တောရွာများ၌ သောက်ရေကို မြေအိုးများဖြင့် ထည့်သောက်ကြ၏။ သို့သော် ထိုရေအိုးကို တစ်ခါမှ မလှယ်ဘဲ ကုန်ခါနီးတိုင်း ဖြည့်သောက်နေတာမဟုတ်။ သုံးရက်တစ်ခါ လေးရက်တစ်ခါ ရေအိုးအတွင်းမှ ရေအားလုံးကို သွန်ထုတ်ကာ ဆေးပစ်ကြရ၏။ အကယ်၍ လေးရက်တစ်ခါ လဲသည်ဆိုပါစို့။ ဤသည်ကို 4 water change per week ဟု ခေါ်ပါမည်။
ထို့အတူပင် လူတို့၏ ကျန်းမာရေးအတွက် ကွန်ဖိုင်းစပေ့စ်အတွင်းမှ လေကို အားလုံးထုတ်ကာ လေသစ်ဖြင့် အစားထိုး ခြင်းကို air change ဟု ခေါ်၏။ ကွန်ဖိုင်းစပေ့စ်အတွင်းမှ လေအားလုံးကို တစ်နာရီလျင် ၆ ခါ အစားထိုး လဲလှယ်ပါက ၎င်းကို 6 ACH (6 Air Change per hour) ဟု ခေါ်၏။
Air Change တွက်တာ မခဲယဉ်းပါ။ ကွန်ဖိုင်းစပေ့စ်၏ ထုထည်ကို သိလျင် တွက်နိုင်ပါသည်။ ကွန်ဖိုင်းစပေ့စ်၏ ထုထည်ပမာဏရှိသော လေကို ကွန်ဖိုင်းစပေ့စ်အတွင်းသို့ မှုတ်သွင်းလိုက်ပါ။ ထိုအခါ 1 air change ဖြစ်သွားမည်။ ထိုကဲ့သို့ တစ်နာရီလျင် ၆ ခါ မှုတ်သွင်းပါက 6 Air Change ဖြစ်မည်။
ကွန်ဖိုင်းစပေ့စ်သည် လေးထောင့်ပုံစံဖြစ်ပါက အလျား x အနံ x အမြင့် ဆိုလျင် ကွန်ဖိုင်းစပေ့စ်၏ ထုထည်ရ၏။ ကွန်ဖိုင်းစပေ့စ်ထဲမှာ တိုင်ကီရှိလို့ တိုင်ကီအရွယ်အစားကို ပြန်နုတ်ရမည် ဘာညာ၊ ဘာမှ ခေါင်းစား မနေပါနှင့်။ ကွန်ဖိုင်းစပေ့စ်၏ အလျား၊ အနံ၊ အမြင့်တို့ကိုသာ မြှောက်လိုက်ပါ။ ရပါသည်။
အကယ်၍ မြေအောက်ရေလှောင်ကန်အတွင်း ဆင်းမည်ဆိုပါက ထိုရေလှောင်ကန်ကို တိုင်းကြည့်ပါ။ အလျား ၁၂ ပေ၊ အနံ ၈ ပေ၊ အမြင့် ၅ ပေ ရှိသည်ဆိုကြပါစို့။ ရေကန်၏ ထုထည်မှာ 12 x 8 x 5 = 480 cubic feet (၄၈၀ ကုဗပေ) ဖြစ်ပါမည်။
ထိုရေလှောင်ကန်အတွင်း ဆင်းလုပ်မည့် အလုပ်သမားများအတွက် 6 air change လေမှုတ်သွင်းပေးချင်သည် ဆိုပါစို့။
6 air change ဖြစ်၍ တစ်နာရီအတွင်း လှယ်ထုတ်ပစ်ရမည့် လေထုထည်စုစုပေါင်းမှာ 480 x 6 = 2880 ft3 (၂၈၈၀ ကုဗပေ) ဖြစ်၏။
တစ်နာရီလျင် မိနစ် ၆၀ ရှိ၏။
လေမှုတ်စက်အရွယ်အစား (capacity) ကို CFM (Cubic feet per minute) ဖြင့် ဖော်ပြ၏။
တစ်နာရီလျင် မှုတ်သွင်းရမည့်လေပမာဏမှာ ၂၈၈၀ ဖြစ်၍ တစ်မိနစ်အတွက်ဆိုလျင် ၂၈၈၀ ကို ၆၀ နှင့်စားလျင် ၄၈ ရပါမည်။
ကွန်ဖိုင်းစပေ့စ် အတွင်း၌ ငြမ်းစင်များ၊ ပိုက်များ၊ မီးခံအဝတ် (fire blankets) များ စသည်တို့ရှိနေပါက လေစီးဆင်းမှုကို အနှောက် အယှက် ဖြစ်စေသည့်အတွက် Safety factor ၁၅% ပေါင်းထည့်ဝယ်ပါ။
48 x 0.15 = 7.2. ထို့ကြောင့် လေမှုတ်စက် အရွယ်အစားမှာ 55.2 CFM ဖြစ်၍ 55 CFM ကို ဝယ်ပါ။
၄။ အဆိပ်ငွေ့ထုတ်လွှတ်သော လုပ်ငန်းများအတွက် လေလိုအပ်ချက်
အထက်တွင် ဖော်ပြခဲ့သော လေလဲလှယ်နှုန်း ACH မှာ သာမန်အလုပ်များသာလုပ်သော၊ အဆိပ်ငွေ့ထုတ်လွှတ်ခြင်း မရှိသော လုပ်ငန်းများအတွက် ဖြစ်၏။ သို့သော် အဆိပ်ငွေ့ထွက်သည့် အလုပ်များ (ဥပမာ - ဂဟေဆော်ခြင်း၊ ဆေးသုတ်ခြင်း၊ ဓာတုဆေးရည်ဖြင့် ဆေးကြောခြင်း စသည့်လုပ်ငန်းများ) အတွက်မူ ထုတ်လွှတ်သော အဆိပ်ငွေ့ ပမာဏပေါ်မူတည်၍ လေမှုတ်သွင်းခြင်း၊ လေစုပ်ထုတ်ခြင်း စသည်တို့ လုပ်ရ၏။
လေမှုတ်သွင်းပေးရန် အခြေအနေ သုံးရပ်ရှိ၏။
၁။ Contaminant free condition – မည်သည့် အဆိပ်အတောက် ဓာတ်ငွေ့မှ မထုတ်လွှတ်ခြင်း
Static Condition – One Time Release (တစ်ကြိမ်တည်းသာ ထုတ်လွှတ်ခြင်း)
၂။ Dynamic Condition – Continuous Release (ဆက်တိုက် ထုတ်လွှတ်ခြင်း)
၄၊ ၁။ Contaminant free condition – မည်သည့် အဆိပ်အတောက် ဓာတ်ငွေ့မှ မထုတ်လွှတ်ခြင်း
မည်သည့်အဆိပ်အတောက် ဓာတ်ငွေ့မှ မထုတ်လွှတ်သော သာမန် အလုပ်လုပ်နေသည့် အလုပ်သမားတစ်ယောက် အတွက် လေ 1.4 m3/min (50 ft3/min) လို၏။ အကယ်၍ ဂဟေဆော်နေသည့် အလုပ်သမားတစ်ဦးအတွက် 10 m3/min (353 ft3/min) လို၏။
၄၊ ၂။ Static Concentration – One Time Release (တစ်ကြိမ်တည်းသာ ထုတ်လွှတ်ခြင်း)
အဆိပ်ငွေ့ကို တစ်ကြိမ်ထုတ်လွှတ်လိုက်၏။ သို့သော် နောက်ထပ်မံ မပို့လွှတ်တော့ ဆိုလျင် လေလိုအပ်ချက်ကို အောက်ပါအတိုင်း တွက်၏။
Q = လိုအပ်သော လေ ပမာဏ (m3/min) (တစ်မိနစ်ရှိ ကုဗမီတာပေါင်း)
V = ကွန်ဖိုင်းစပေ့စ်၏ ထုထည် (m3) (ကုဗမီတာ)
T = လိုအပ်သည့်အချိန် (မိနစ်)
CO = Concentration, ppm (from)
C = Concentration, ppm (to)
၄၊ ၃။ Dynamic Conditions – Continuous Release (ဆက်တိုက် ထုတ်လွှတ်ခြင်း)
Q = လိုအပ်သော လေပမာဏ (lit/min) (တစ်မိနစ်ရှိ လီတာပေါင်း)
MW = molecular weight
E = constant generating rate (gm/min)
C = permissible exposure concentration (ppm) at 25°C and 760 mmHg
အကယ်၍ အလုပ်သမားများသည် ကွန်ဖိုင်းစပေ့စ်အတွင်း ဆေးသုတ်နေသည် ဆိုပါစို့။ ထိုဆေးမှ ဇိုင်လင်း (Xylene) ဓာတ်ငွေ့ထွက်၏။ ဇိုင်လင်းဓာတ်ငွေ့၏ PEL မှာ 100 ppm ဖြစ်၏။ ထိုအခါ ထိုဆေးသုတ်နေသည့် နေရာသို့ ဆေး တစ်လီတာတိုင်း လေ 1000 m3 မှုတ်သွင်းပေးရန် လို၏။
(၅) ထိရောက်သော လေပေးသွင်းမှု (Effective Ventilation)
ထိရောက်သော လေပေးသွင်းမှု ဖြစ်စေရန် လေမှုတ်စက်၊ လေစုပ်စက်တို့၏ အနေအထား။ လေမှုတ်ပိုက်အဝ နှင့် လေစုပ်စက် အဝ ထားသိုမှုတို့ အရေးကြီး၏။
ကွန်ဖိုင်းစပေ့စ်အတွင်း ပေးမည့်လေသည် လေကောင်းလေသန့်ဖြစ်ရမည်။ ထို့ကြောင့် ကွန်ဖိုင်းစပေ့စ်အတွင်းမှ မှုတ်ထုတ်လိုက်သော လေဆိုးလေညစ်များ ကွန်ဖိုင်းစပေ့စ်အတွင်း ပြန်ဝင်မလာစေရန် အရေးကြီး၏။ ထို့ကြောင့် လေစုပ်စက်၏ အဝသည် စုပ်ထုတ်လိုက်သော လေနှင့် မနီးစေရ။ မှုတ်ထုတ်လိုက်သည့် လေ၏ လားရာနှင့် စုပ်ယူမည့် လေတို့သည် ဆန့်ကျင်ဘက်၌ ဖြစ်ရမည်။
ထို့ပြင် ကွန်ဖိုင်းစပေ့စ်အတွင်း၌ မည်သည့်ဓာတ်ငွေ့များ ရှိသည်ကိုလည်း သိထားရန်လို၏။ အချို့ဓာတ်ငွေ့များသည် လေထက်ပေါ့၍ အချို့ဓာတ်ငွေ့များသည် လေထက် လေး၏။ လေထက်ပေါ့သော ဓာတ်ငွေ့များကို စုပ်ထုတ်ရန် ထားသည့် လေစုပ်ပိုက်အဝ နေရာနှင့် လေထက်လေးသော ဓာတ်ငွေ့များကို စုပ်ထုတ်ရန် ထားသည့် လေစုပ်ပိုက်အဝ နေရာတို့ မတူ။
လေမှုတ်စက်၊ လေစုပ်စက်များကို မည်ကဲ့သို့ စီစဉ်ထားရှိရမည်ကို အောက်တွင် ပုံများဖြင့် ပြထားပါ၏။
မှတ်ချက်။ ။ ဤ လေသွင်းလေထုတ်ပုံများကို WSH Council ၏ Technical Advisory on Working Safely in Confined Spaces စာအုပ်မှ ရယူထားပါသည်။
အေးငြိမ်း (လေးမျက်နှာ)