(၁) လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေ
တစ်နေ့သ၌ တစ်ယောက်က “CITI ကို ဖျက်တော့မယ်ဆိုတာ ဟုတ်သလား” ဆိုပြီး FB Messenger ကနေ မေးလာပါ၏။
သူပို့လာသည့် message ကို ကြည့်ခြင်းအားဖြင့် အဲသဟာကိုပြောသူမှာ အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်တစ်ယောက် ဖြစ်ဘို့များပါသည်။ သူတို့ page တွင် member ပေါင်း တစ်သောင်း ခုနစ်ထောင်ကျော်ရှိသည်ကို တွေ့ရ၏။
ကိစ္စများမြောင် လူတို့ဘောင် ဆိုသည့်စကားအတိုင်း လူပေါင်းစုံထံတွင် ကိစ္စပေါင်းစုံ၊ ပြဿနာပေါင်းစုံ ရှိလေရာ ကျွန်ုပ် မိတ်ဆွေဟုတ်သူ၊ မိတ်ဆွေမဟုတ်သူများက ကျွန်ုပ် (ကြီးဒေါ့်နွားကျောင်းသူ အထူးအကြံပေးအရာရှိ) ထံ -
အလုပ်သမားကိစ္စများနှင့် ပတ်သက်၍ သော်လည်းကောင်း၊
မတော်တဆမှုကိစ္စ၊
အလုပ်ခန့်ထားရေးကိစ္စ၊
အလုပ်အကိုင်ရှာဖွေရေးကိစ္စ၊
စင်ကာပူမှာ ကလေးကျောင်းထားဘို့ကိစ္စ၊
ပိုက်ဆံချေးသွားပြီး ပြန်မပေးသောကိစ္စ၊
အလုပ်ရှာပေးပါမယ်ဆိုပြီး ပိုက်ဆံ လိမ်သွားသည့်ကိစ္စ၊
ဘာသင်တန်း ညာသင်တန်းတွေ တက်ချင်ပါတယ် ဆိုသည့်ကိစ္စ၊
(ကိုယ့်လူ၊ စာလုံးပေါင်းမှားနေတယ်။ ‘သင်တန်းတတ်တာ’ မဟုတ်ဘူး။ ‘သင်တန်းတက်ချင်တယ်’ ဖြစ်ရမယ်။ စာလုံးပေါင်း ပြန်ပြင်ရေးပေးပါ။ အဲဒါမှ ပြန်ပြင်ရေးမပေးရင် ပြန်မဖြေဘူး။)
Safety ဆိုင်ရာပြဿနာများ၊
ကျော်တို့လေ စင်ကာပူမှာ ဒချိ၊ ဒချိလုပ်ချင်လို့ ဘယ်မှာ လက်မှတ်ထိုးရမလဲဟူသည့် (ROM) ကိစ္စ၊
(သောက်ကျိုးနဲ - လင်ကွာမယားကွာကိစ္စတွေတောင် ပါသေး)
တားက စလုံးရောက်တာ ၁ လတောင် မပြည့်သေးပါဘူး။ အခု မလုပ်နိုင်တော့လို့ ပြန်ချင်လို့၊ ဘယ်လိုလုပ်ရမလဲငင်
(ဟျောင်၊ မင်း စင်ကာပူလာတာ အလုပ်လုပ်ရအောင်လာတာ မဟုတ်ဘူးလား။ ဘာစကားမှ များမနေနဲ့။ လုပ်နိုင် လုပ်နိုင်။ မလုပ်နိုင် မလုပ်နိုင်။ အောင့်အည်း ဖျစ်ညှစ်ပြီးတော့လုပ်။ ဗမှားပြည်ပြန်ဘို့စကား လားလားမှ မပြောနဲ့။)
ကျော်တို့ကမ်ပနီ (ကုမ္ပဏီလုပ်ပါကွ - ယထစ်တဲ့မှဘဲ) က လခမပေးဘဲထားတာ ၃ လရှိပြီ စသည့်ကိစ္စ၊
ဟိုတစ်နေ့က လက်ကို ဂရိုင်ဒါနဲ့ဖြတ်မိတာ အဲဒါ ဆေးခန်းပို့မပေးဘူး ဆိုသည့်ကိစ္စ၊
သူ စင်ကာပူထွက်သွားတာ ၃ လ ကျော်ပြီ။ အခုထိ အိမ်ကိုမဆက်သွယ်လို့။ အဲဒါ သူ့ကို အိမ်ကိုဖုန်းဆက်ဘို့ ပြောပေးစမ်းပါ ဆိုသည့်ကိစ္စ၊
သူငယ်ချင်း၊ မောင်ဘယ်သူက ငါ့သားကွ။ အဲဒါ စင်ကာပူရောက်နေတယ်။ စောင့်ရှောက်လိုက်ပါအုံးကွာ ဆိုသည့် ကိစ္စ၊
မီးအိမ်ရှင်နဲ့ (မီးအိမ်ရှင်ဆိုတာ ပင်းတယမီးအိမ်ရှင်ကို ပြောတာမဟုတ်ဘူးဗျ။ သမီးရဲ့အိမ်ရှင် လို့ ပြောတာ၊ ခညားတို့ ကလဲ) အဆင်မပြေလို့ အိမ်ပြောင်းချင်ပါတယ် ဆိုသည့်ကိစ္စ၊
ဘာကိစ္စ၊ ညာကိစ္စ . . . .
ဟမ်မယ်လေး
သိန်းခြောက်သောင်းမျှသော ပြဿနာများ ကျွန်ုပ်ဆီ နေ့စဉ်နှင့်အမျှ ရောက်ပါ၏။
ဟို အမြဲတမ်း တံခါးပိတ်ဆွေးနွေးပြီး ‘ကျွန်ုပ်တို့ အထူးစိုးရိမ်မိပါသည်။’ ‘သောက်ကျိုးနဲ ဝမ်းနည်းပူဆွေးမိပါသည်။’ ‘အလွန်အင်မတန်မှကို ကြောက်ရွံ့တုန်လှုပ်မိပါသည်။’ ‘အပြင်းအထန် ရှုတ်ချပါသည်’ စသဖြင့် စာထုတ်ရုံကလွဲပြီး ဘာတစ်ခုမှ သောက်ဖြစ်မကြုံသော သုလကမဂ္ဂ ဆိုတာကြီးတောင် ကျွန်ုပ်လောက် ကိစ္စများမည်မထင်။
ဟိုတလောက ‘အစ်ကို့၊ Competen person’ ဆိုတာကို သူတို့ (ထလိန်နာများ) ငြင်းနေကြတယ်။ ဘယ်ဟာ အမှန်လဲ’ ဆိုပြီး မိတ်ဆွေတစ်ယောက်က မေးလာပါ၏။
ကျွန်ုပ်က သူ့ကို ပါးစပ်ဖြင့် လွယ်လွယ်လေး ပြန်ဖြေမပေးလိုက်ပါ။
ဒီမှာ ကိုယ့်လူရဲ့၊ တစ်ခုခု ပြောမယ်ဆိုရင် reliable resources (ခိုင်လုံသည့်နေရာများ) တွေကနေရှာပြီး ပြောရတယ်။ ကိုယ်ထင်တာတွေ ရမ်းမတုတ်ရဘူး။ Competent person ဆိုတာ ဘာလဲ ဆိုတာကို ဥပဒေတွေမှာ အတိအကျ define လုပ်ထားတယ် ဆိုပြီး သူ့ကို ဥပဒေ၌ ပြဌာန်းထားသည်များကို ဖွင့်ပြလိုက်ပါ၏။
တစ်ယောက်ယောက်က တစ်ခုခု မေးလာပါက ကျွန်ုပ်က တိကျခိုင်လုံသည့် အစိုးရ website များကို ကိုးကား၍ ဒီနေရာမှာတော့ ဒီလိုပြောထားပါတယ်ဆိုပြီး ပြန်ဖြေလေ့ရှိ၏။
အစပိုင်း၌ ပြောခဲ့သည့် “CITI စနစ်ကို ဖျက်တော့မယ်” ဆိုသည်ကိုလည်း ကျွန်ုပ်က ဟုတ်တယ်၊ မဟုတ်ဘူး လွယ်လွယ် လေး ပြန်ဖြေမပေးလိုက်ပါ။ MOM website ၌ လိုက်ရှာပါ၏။ ဤတွင် 01/01/2024 နေ့ကစပြီး ပြုပြင်ပြောင်းလဲမည့် အရာများကို စိတ်ဝင်စားဘွယ် တွေ့ရပါ၏။ သို့သော် ယခုပြောမည့် အကြောင်းအရာမှ ဘေးချော်သွားမှာ စိုးသည့်အတွက် မဖော်ပြတော့ပါ။ နောက်ထပ် သီးသန့် ဆောင်းပါးတစ်ပုဒ် ရေးချင်ရေးပါမည်။
https://www.mom.gov.sg/passes-and-permits/work-permit-for-foreign-worker/sector-specific-rules/in-principle-support-ips-for-process-maintenance-workers
၂။ Core Trade
Reference:
https://www.bca.gov.sg/emailsender/BuildSmart-082014/microsite/06_upgrade_and_retain_higher_skilled_workers.shtml
https://www1.bca.gov.sg/buildsg/manpower/bca-approved-training-and-testing-centres
စင်ကာပူအစိုးရသည် လူသားအရင်းအမြစ်ကိစ္စကို အထူး ဂရုစိုက်ကိုင်တွယ်ကာ လူအများကို ပညာတတ်များ ဖြစ်လာစေရန်၊ ကိုယ့်အလုပ်ကို သေချာကျနစွာ လုပ်ကိုင်တတ်စေရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိ၏။
ဆောက်လုပ်ရေးလုပ်ငန်းမှ လုပ်သားများ ကျွမ်းကျင်တတ်မြောက်ရေးကိစ္စကို BCA (Building and Construction Authority) က လုပ်၏။ အသင်တို့ပြောနေသည့် CITI ဆိုသည်မှာ သည်အထဲက တစ်ခုဖြစ်၏။
စင်ကာပူနိုင်ငံ၌ ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်မည့် လုပ်သားများသည် စင်ကာပူနိုင်ငံသို့ မလာမီကတည်းက ဆောက်လုပ်ရေးနှင့် ပတ်သက်သည့် အရည်အချင်းတစ်ခုခု ရှိထားရ၏။
စင်ကာပူ စနစ်များမှာ များစွာ ရှုပ်ထွေးပါသည်။
အလုပ်သမား သတ်မှတ်ရာတွင်သော်လည်းကောင်း၊ အလုပ်သမားအလိုက် အရည်အချင်း သတ်မှတ်ရာတွင်သော် လည်းကောင်း သေသေချာချာ ရှင်းမပြဘဲ နားလည်ဘို့ မလွယ်။ သေသေချာချာ ရှင်းပြလျှင်တောင်မှ ဒုံးဝေးသူများဆို နားလည်ဘို့ရာ မလွယ်ကူ။
စင်ကာပူသို့ လာ အလုပ်လုပ်သည့် အလုပ်သမားများကို (၄) မျိုးခွဲထား၏။
၁။ မလေးရှား
၂။ တရုတ်
၃။ NAS (North Asian Sources) - ထိုအထဲတွင် ထိုင်ဝမ်၊ တောင်ကိုးရီးယား၊ မကာအို၊ ဟောင်ကောင် တို့ပါ၏။
၄။ NTS (Non-Traditional Sources) - ထိုအထဲတွင် မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ ဘန်းဂလား၊ သီရိလင်္ကာ၊ ဖိလစ်ပိုင် တို့ပါ၏။
ထိုနိုင်ငံများအလိုက် သတ်မှတ်ထားသည့် အရည်အချင်းများ ကွာသလို အသက်ကန့်သတ်ချက်၊ လုပ်ခွင့်ပြုသည့်နှစ် အားလုံး ကွာ၏။
စင်ကာပူသို့ အရည်အသွေးပြည့် လုပ်သားများ လာရောက် အလုပ်လုပ်နိုင်စေရန် ရည်သန်၍ BCA နှင့် MOM သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှစကာ မလေးရှားနှင့် NAS လုပ်သားများအတွက် ALP (Accelerated Learning Programme) ကို စတင် အကောင်အထည်ဖော်ခဲ့၏။
ALP Programme မှာ မြန်မာလုပ်သားများနှင့် မဆိုင်သည့်အတွက် ထည့်မရေးတော့ပါ။
ဆောက်လုပ်ရေးလုပ်ငန်းမှ လုပ်သားများ ကျွမ်းကျင်တတ်မြောက်ရေးအတွက် BCA ၏ အစီအမံ လေးခုရှိသည့်အနက် တစ်ခုမှာ CoreTrade ဖြစ်၏။
၂၀၁၇ ဇန္နဝါရီလ ၁ ရက်နေ့မှစကာ ဆောက်လုပ်ရေးလုပ်သား ဝပ်ပါမစ်သမားများ၏ ၁၀% သည် Higher Skill (R1) Worker ဖြစ်ရမည်ဟု သတ်မှတ်ခဲ့၏။ ယခင်လိုအပ်ချက်မှာ ၅% ဖြစ်ရာ ကျန်လိုအပ်ချက် ၅ % ကို ဖြည့်ဆည်းပေးရန် BCA သည် 2 year upgrading အစီအမံအဖြစ် ၂၀၁၅ ဇန္နဝါရီလ ၁ ရက်နေ့မှ ၂၀၁၆ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့၏။
ဤကဲ့သို့ အလုပ်သမားများကို R2 မှ R1 သို့ upgrade လုပ်ရာတွင် နည်းလမ်း (၄) သွယ်ရှိ၏။
၁။ CoreTrade Scheme
၂။ Multi-skilling Scheme
၃။ Market Based Skills Recognition Framework (MBF)
၄။ Direct R1
4 Upgrading Pathway ကို screen shot ဖြင့် ပြထားပါသည်။
၃။ CoreTrade Scheme
CoreTrade ဟူသည် Construction Registration of Tradesmen ကို အတိုကောက် ခေါ်ထားခြင်းဖြစ်၏။ ဤအစီအမံ လုပ်ရခြင်း ရည်ရွယ်ချက်မှာ ဆောက်လုပ်ရေးလုပ်ငန်းများ၌ အလုပ်သမားရော၊ ကြီးကြပ်ရေးမှူးအဆင့်တွင်ပါ ကျွမ်းကျင် လုပ်သား/အရည်အသွေးပြည့်လုပ်သား/ အတွေ့အကြုံရှိလုပ်သားများ ရရှိစေရန် ဖြစ်၏။ ကျွမ်းကျင် လုပ်သားများဖြင့် အလုပ်လုပ်လျှင် အရည်အသွေးပြည့် ထုတ်ကုန်များ ရလာမည်။ လုပ်ငန်းမြန်မြန်ဆန်ဆန် ပြီးမည်။
စင်ကာပူ ဆောက်လုပ်ရေး လုပ်ငန်းများတွင်လုပ်မည့် အလုပ်သမားများသည် အနည်းဆုံး Basic Skill (R2 worker) ရှိရမည်။ (ထို့ကြောင့် မြန်မာနိုင်ငံမှ စင်ကာပူသို့ အလုပ်လာလုပ်မည့် သူများသည် (သူရို့အခေါ်) CITI လက်မှတ်ရရန် သင်တန်းသွားတက်ရခြင်း ဖြစ်၏။) ထို့နောက်မှ လုပ်ငန်းအတွေ့အကြုံ (သို့) သက်ဆိုင်ရာ သင်တန်းများ ဆက်တက်ခြင်း ဖြင့် CoreTrade Tradesman (R1 - ကျွမ်းကျင်လုပ်သား) အဆင့်သို့ တက်လှမ်းနိုင်၏။
စင်ကာပူတွင် အလုပ်သမားများအတွက် အလုပ်ရှင်သည် အစိုးရသို့ လဲဗီး (levy) ကြေး သွင်းရ၏။ R2 worker ဆိုလျှင် လဲဗီးကြေးများပြီး R1 worker ဆိုလျှင် လဲဗီးကြေးနည်း၏။ CoreTrade လုပ်သားဖြစ်ပြီဆိုလျှင် R1 worker ဖြစ်ပြီ။
မှတ်ချက်။
ဤတွင် BCA က particular trade, specific trade စသဖြင့် သုံးထားရာ ကျွန်ုပ်က ‘အလုပ်တစ်ခုခု’ သို့မဟုတ် ‘သတ်မှတ်ထားသော အလုပ်တစ်ခုခု’ ဟုသာ သုံးထားပါသည်။ အတိအကျတော့ ဘယ်လိုပြန်ဆိုရမှန်း မသိပါ။ particular trade, specific trade ဆိုသည်မှာ ဖောင်ဝပ်ယောင်ယောင်၊ water proofing ယောင်ယောင် မဟုတ်မူ၍ ဖောင်ဝပ်လုပ်ငန်း၊ water proofing လုပ်ငန်း စသည့် သတ်သတ်မှတ်မှတ် အလုပ်တစ်ခုခုကို ဆိုလို၏။
ဖောင်ဝပ်လည်း အနည်းအပါး ဆင်တတ်သည်။ Water Proofing လည်း အနည်းအကျဉ်းလုပ်တတ်သည်။ ပလာစတာ လည်း မဖြစ်ညစ်ကျယ် လုပ်တတ်သည်။ သို့သော် တကယ် ဖောင်ဝပ်ဆင်ခိုင်းတော့ သေသေချာချာ ကျကျနန မဆင် တတ်။ ဘာကို ဘယ်လိုခေါ်တယ်ဆိုတာတောင် မသိ။ ဤကဲ့သို့သော အလုပ်သမားကို ကျွမ်းကျင်လုပ်သားဟု မဆိုနိုင်။
ကျွမ်းကျင်လုပ်သားဟူသည် formwork ဆင်မယ်ဆို formwork prop ဆိုတာဘာ၊ deck ဆိုတာဘာ၊ sofit, Stud, strut, waller, sole plate, stake ဆိုတာတွေကို သိသည်။ vertical alignment, spacing ချိန်တတ်သည်။
၄။ CoreTrade Tradesman ကို မည်သူတို့ လျှောက်နိုင်သနည်း။
၁။ သတ်မှတ်ထားသည့် အရည်အချင်း (လက်မှတ်) ရှိရမည်။
ထို အရည်အချင်း (လက်မှတ်) များမှာ အလွန်များပြားလှသဖြင့် ဤနေရာတွင် မဖော်ပြတော့ပါ။ အောက်ပါ link တွင် ကြည့်နိုင်ပါသည်။ (Screen shot လည်း ပြထားပါသည်။)
https://www1.bca.gov.sg/buildsg/manpower/bca-approved-training-and-testing-centres/coretrade-qualifications
၂။ သတ်မှတ်ထားသည့် familiarisation course ကို တက်ရမည်။
၃။ အရည်အချင်းသတ်မှတ်ချက် စာမေးပွဲကို အောင်မြင်ရမည်။ (Pass the skills assessment.)
Familiarisation သင်တန်းများကို BCA Academy သို့မဟုတ် BCA အသိအမှတ်ပြု ATTC (Approved Training and Testing Centre) များတွင် တက်နိုင်ပါသည်။ စင်ကာပူတွင် ATTC သင်တန်းကျောင်း (၂၆) ကျောင်း ရှိ၏။ သင်တန်း ကျောင်းစာရင်း၊ သင်တန်းအမျိုးအစားနှင့် သင်တန်းကြေးများကို အောက်ပါ link တွင် download လုပ်ယူနိုင်၏။ ဘယ်လိုလုပ်ရမှန်းမသိသူများ ကျွန်ုပ်ထံ messenger ကနေ လှမ်းတောင်းလိုက်ပါ။
https://www1.bca.gov.sg/buildsg/manpower/bca-approved-training-and-testing-centres
၅။ CoreTrade Tradesman သုံးမျိုး
လုပ်သား အမျိုးအစား | Scope of Work | စင်ကာပူ၌ ဆောက်လုပ်ရေး လုပ်သက် (နှစ်) |
ကိုးထရိတ်လုပ်သား (CoreTrade Tradesman) | သတ်သတ်မှတ်မှတ် အလုပ်တစ်ခု၌ ကျွမ်းကျင်ပြီး လက်တွေ့လုပ်ကိုင်နေသူ အလုပ်သမား | ၄ နှစ် |
ကိုးထရိတ်ဖိုမင် (CoreTrade Foremen) | သတ်သတ်မှတ်မှတ် အလုပ်တစ်ခု၌ ကျွမ်းကျင် လုပ်သားများကို ကြီးကြပ်ပြီး၊ ညှိနှိုင်းပေးသူ လုပ်သား | ၆ နှစ် |
ကိုးထရိတ်ကြီးကြပ်ရေးမှူး (CoreTrade Supervisor) | ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကို အားလုံးခြုံငုံ ကြီးကြပ်ရသူ | ၈ နှစ် |
၆။ မှတ်ပုံတင်နိုင်သော လုပ်ငန်းအမျိုးအစားများ
CoreTrade Personnel | လုပ်ငန်း အမျိုးအစား | |
လုပ်သားနှင့် ဖိုမင်များ (Tradesmen and Foremen) | § Air-conditioning Ducting Installation § Cladding & Curtain Wall Installation § Construction Plant Operation (for Tradesmen only) § Doors & Windows Installation § Drywall Installation § Electrical Works § Fire Protection Works § Gas Pipefitting Works § Glazing Works | § Joinery Works § Lift Installation § Plumbing And Piping Works § Reinforced Concrete Works § Structural Steel Works § Suspended Ceiling Installation § Tiling, Stone Laying & Floor § Finishing Works § Waterproofing Works |
ကြီးကြပ်ရေးမှူးများ (Supervisor) | § Architectural Works, § Structural Works, and § Mechanical & Electrical (M&E) Works |
၇။ မည်ကဲ့သို့ လျှောက်နိုင်သနည်း။
CoreTrade လျှောက်ရန် အတွက် သင်တန်းကျောင်းများ၌ သင်တန်းမတက်မီ/ စာမေးပွဲမဖြေမီ အလုပ်ရှင်တို့သည် ဦးစွာ BCA ၌ CoreTrade လျှောက်ထားရ၏။ လျှောက်ရန် link:
https://www.bca.gov.sg/cwrs/Home.aspx
လျှောက်ထားရာတွင် အောက်ပါစာရွက်စာတန်းများ လို၏။
§ စလုံး/PR များအတွက် NRIC ကတ်၊ ဝပ်ပါမစ်ကတ် ရှေ့နောက်
§ SEC/SEC(K) လက်မှတ် (သို့) ပညာအရည်အချင်း အောင်လက်မှတ်
§ ကရိန်းမောင်းသူဖြစ်လျှင် MOM က ထုတ်ပေးထားသည့် သက်တမ်းမကုန်သေးသည့် Crane Operation Licence
§ ပိုက်ဆင်သူ၊ မီးဆင်သူဖြစ်လျှင် Plumber / Electrician Licence
§ အလုပ်သမား၏ employment detail (၎င်းကို MOM WP Online တွင် ရယူနိုင်ပါသည်။)
၈။ Multi-skilling Scheme
၎င်းအစီအစဉ်၏ ရည်ရွယ်ချက်မှာ အလုပ်သမားတစ်ဦးသည် အလုပ်တစ်ခုမက ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်စေရန် ဖြစ်၏။ ဤသို့သော လုပ်သားများ မွေးမြူခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းကို ပိုမိုတိုးတက်စေ၏။ Multi-skilling worker ဖြစ်လျှင် R1 worker ဖြစ်ပြီ။ အလုပ်ရှင်က ပေးရသည့် levy ကြေး သက်သာ၏။ အပြည့်အစုံရေးလျှင် အလွန်များ၏။ အသေးစိတ်သိလိုသူများ အောက်ပါ link တွင် ဖတ်ကြည့်ကြပါ။
https://www1.bca.gov.sg/buildsg/manpower/multi-skilling-scheme
အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်မီသူများ multi-skilling worker လျှောက်နိုင်၏။
ပထမ -
၁။ စင်ကာပူဆောက်လုပ်ရေးလုပ်ငန်း၌ အနည်းဆုံး (၄) နှစ် လုပ်သက်ရှိထားသူ ဖြစ်ရမည်။
၂။ အနည်းဆုံး လက်မှတ် (၂) ခု ရှိထားရမည်။ ၎င်းလက်မှတ်တို့မှာ -
i) ပထမလက်မှတ် - SEC or SEC (K) လက်မှတ်
ii) ဒုတိယလက်မှတ် - ပထမလက်မှတ်နှင့် လုပ်ငန်းအမျိုးအစားချင်းမတူသော နောက် SEC (K) လက်မှတ်
ဒုတိယ -
၂၀၁၆ အောက်တိုဘာလ ၁ ရက်နေ့မှစကာ SEC (K) လက်မှတ်တစ်ခုခု ကိုင်ဆောင်ထားသည့် အလုပ်သမားများသည် အောက်ပါအချက်များနှင့် ကိုက်ညီလျှင် multi-skilling worker လျှောက်နိုင်၏။
i) စင်ကာပူ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်သက် အနည်းဆုံး (၆) နှစ်ရှိရမည်။
ii) WSQ Advanced Certificate in Workplace Safety and Health လက်မှတ် (သို့မဟုတ်) သတ်မှတ်ထားသည့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးသင်တန်း (Approved Safety Courses) ကို နာရီပေါင်း (၁၂၀) တက်ရောက်ထားသူ ဖြစ်ရမည်။ (ပူးတွဲပါပုံကို ကြည့်ပါ။)
https://www1.bca.gov.sg/docs/default-source/docs-corp-buildsg/manpower/list_of_safety_courses.pdf
တတိယ -
၂၀၁၈ စက်တင်ဘာလ ၁ ရက်နေ့မှ စကာ Landscape မှ SEC (K) လက်မှတ်တစ်ခုခု ကိုင်ဆောင်ထားသည့် အလုပ်သမားများသည် အောက်ပါအချက်များနှင့် ကိုက်ညီလျှင် multi-skilling worker လျှောက်ထားနိုင်၏။
i) စင်ကာပူ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်သက် အနည်းဆုံး (၆) နှစ်ရှိရမည်။
ii) NParks Landscape Company Registry (LCR) ၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ၌ လုပ်ရမည်။
iii) WSQ Higher Certificate in Horticulture & Turf Maintenance (by NParks); Or WSQ Certificate in Landscape Operations Composite Assessment (by NParks) သင်တန်းတက်ထားရမည်။
iv) SEC(K) in Construction-Related (Landscape) (by BCA) သင်တန်း အောင်မြင်ထားရမည်။
ဒုတိယလက်မှတ် (Second Certificate) အတွက် အတည်ပြုထားသည့် သင်တန်းများမှာ အောက်ပါတို့ ဖြစ်၏။
SEC(K) Trade Skills Recognised Under 2ndCertificate of the Multi-Skilling Scheme | ||
1. Aircon Piping Installation 2. Aluminium Formwork 3. Asphalt Concrete Paving 4. Bored Micro-Piling Operation 5. Bored Piling Operation 6. Bricklaying 7. Cladding Installation 8. Construction Plant Operation (Bulldozer Operation) 9. Construction Plant Operation (Excavator Loader Operation) 10. Construction Plant Operation (Track Shovel Operation) 11. Crawler Crane Operation 12. Crawler Drill Operation 13. Curtain Wall Installation 14. Deep Cement Mixing Operation 15. Doors & Windows Installation (Timber) 16. Doors and Windows Installation (Aluminium) 17. Driven Piling Operation 18. Ducting Installation for Air- Conditioning and Ventilation 19. Electrical Wiring Installation 20. Enhanced Aluminium Formwork 21. Enhanced System Formwork 22. Enhanced Timber Formwork 23. Fibre Optics Installation 24. Fire Sprinkler Installation 25. Gas Pipefitting 26. Glazing | 27. Guniting 28. Hydraulic Excavator Operation 29. Hydraulic Excavator Operation (as Lifting Machine) 30. Interior Drywall Installation 31. Interlocking Blocks Pavement Construction 32. Interior Gas Pipefitting 33. Jack-in Piling Operation 34. Jet Grout Piling Operation 35. Joinery 36. Lift Installation 37. Marine Dredging Plant Operation 38. Marine Driven Piling Operation 39. Marine Sand Compaction Piling Operation 40. Metal Scaffold Erection 41. Metal Scaffold Erection (System Scaffold) 42. Metal Scaffold Erection (Tubular Scaffold) 43. Mobile Crane Operation 44. Painting 45. Pipefitting 46. Plastering 47. Plumbing & Pipefitting 48. Precast Concrete Component Erection 49. Precast Concrete Component Erection (with Tower Crane Hoist) 50. Precast Kerb and Drain Laying | 51. Precision Blocklaying and Wall Panel Installation 52. Prestressing 53. Soil Drilling & instrumentation 54. Steel Reinforcement Work 55. Structural Steel Fitting 56. Suspended Ceiling Installation (Acoustical) 57. Suspended Ceiling Installation (Fibrous Plaster) 58. Suspended Scaffold Installation (Mast Climbing Platform) 59. Suspended Scaffold Installation (Gondola) 60. System Formwork Installation 61. Telescopic Handler Operation 62. Thermal Insulation 63. Tiling 64. Timber Flooring 65. Timber Formwork 66. Tower Crane (Luffing Jib) Operation 67. Tower Crane (Saddle Jib) Operation 68. Trenchless Pipe Installation 69. Tunnel Boring Machine (Earth Pressure Method) 70. Tunnel Boring Machine (Slurry Method) 71. Underground Pipe-Jacking 72. Waterproofing 73. Welding 74. Mini Crane Operation |
၉။ Market Based Skills Recognition Framework (MBF)
သတ်မှတ်ချက်ပြည့်မီသည့် ဝပ်ပါမစ်လုပ်သားများအတွက် MBF စနစ်ကို ၂၀၁၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ စတင် ကျင့်သုံးခဲ့၏။ ဤစနစ်အရ အောက်ပါအချက်များနှင့် ကိုက်ညီသော ဆောက်လုပ်ရေး လုပ်သားများကို R2 မှ R1 သို့ အဆင့်မြှင့်ပေးမည်။
၁။ အနည်းဆုံးလစာ (fixed monthly salary) $1600 ရလျှင်
၂။ စင်ကာပူတွင် အနည်းဆုံး (၆) နှစ် လုပ်ခဲ့ဖူးလျှင်
i) အလုပ်သမားတစ်ဦး စင်ကာပူတွင် (၆) နှစ်လုပ်ခဲ့ခြင်း ရှိမရှိကို MOM website: WPOL (Work Permit Online) ၌ စစ်ကြည့်နိုင်၏။
ii) Fixed monthly salary = Basic monthly salary + fixed monthly allowance
၁၀။ Direct R1
Direct R1 အလုပ်သမား ဖြစ်ဘို့ရာ လခ အနည်းဆုံး တစ်လလျှင် $1600 ရရမည်။ SEC (K) Higher-skill level အောင်ရမည်။
1 | Structural Trades | 1. Reinforced Concrete Works 2. Structural Steel Works | ||
2 | Non- StructuralTrades | Architectural | 1. Cladding and Curtain Wall Installation 2. Doors and Windows Installation 3. Drywall Installation 4. Glazing Works 5. Joinery Works | 6. Suspended Ceiling Installation 7. Tiling, 8. Stone Laying and Floor Finishing Works 9. Waterproofing Works |
Mechanical &Electrical | 1. Air-Conditioning Ducting Installation 2. Electrical Works 3. Fire Protection Works | 4. Gas Pipefitting Works 5. Lift Installation 6. Plumbing and Piping Works |
Type of supportable courses | Level of funding support |
(a) Selected Professional Managerial Executive and Technical personnel's (PMETS) courses that are directly related to productivity. § For locals (Singaporeans / Singapore PRs) § For foreigners |
Up to 90% Up to 40% |
(b) Training and certification in selected higher value-adding qualifications at supervisory level that are approved by BCA. § For locals (Singaporeans / Singapore PRs) § For foreigners |
Up to 90% Up to 80% |
(c) Training and skills assessment for CoreTrade registration. § For locals (Singaporeans / Singapore PRs) § For foreigners |
Up to 90% Up to 80% |
(d) Training and skills assessment for the second SEC(K) certification leading to qualification of Multi-Skilling. § For locals (Singaporeans / Singapore PRs) § For foreigners |
Up to 90% Up to 80% |
(e) Training and assessment fees for 1st failure of foreign workers (under CoreTrade and Multi-Skilling Schemes) in 2015 and 2016 only | Up to 40% |
၁၁။ အထွေထွေ
CoreTrade သည် (၂) နှစ်သက်တမ်းသာရှိ၏။
သက်တမ်းတိုးလိုပါက ၎င်းတို့မှတ်ပုံတင်ထားသည့် အလုပ်နှင့် ပတ်သက်ဆက်နွယ်နေသည့် သင်တန်းတစ်ခုခု (CET – Continuing Education and Training) ကိုတက်ရမည်။
Trademan and TradeForeman အတွက် နေ့ဝက်စာ တက်ရမည်။
CoreTrade Supervisor ဖြစ်လျှင် ၈ နာရီသင်တန်း တက်ရမည်။
တက်ရမည့် သင်တန်းများကို အောက်ပါ link တွင် download လုပ်နိုင်ပါသည်။
သင်တန်းကျောင်းစာရင်း
https://www1.bca.gov.sg/docs/default-source/docs-corp-buildsg/manpower/cetfees.pdf
ဆက်သွယ်ရန်
https://www1.bca.gov.sg/docs/default-source/docs-corp-buildsg/manpower/attccontacts.pdf
CoreTrade အကြောင်း ပြီးပါပြီ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
No comments:
Post a Comment