Monday, November 15, 2021

ဒါ ကျုပ်တို့တိုင်းပြည် - ဟောဒီ ဗမာပြည် (၂)

မြန်မာပြည်ကို ကိုဗစ်ရောက်မလာတာဟာ မြန်မာပြည်နဲ့ ဝူဟန် မိုင် ၂၀၀၀ ဝေးတဲ့အတွက်ဖြစ်တယ်လို့ ထင်နေတဲ့ အူကြောင်ကြောင် ကျန်းမာရေးအရာရှိဂျီးတွေနေတဲ့တိုင်းပြည်

ဗမာပြည်

 

စာမေးပွဲမေးခွန်းတွေမှားတာဟာ ကွန်ပြူတာစာစီတဲ့သူတွေက ကီးဘုတ်ကိုကြည့်မရိုက်တာကြောင့်လို့ ထင်နေတဲ့ ပေါချာချာလူတွေက ညွန်ကြားရေးမှူးဖြစ်နေတဲ့ စောက်တလွဲတိုင်းပြည်

ဗမာပြည်

 

မယ်ခွေရဲ့ လက်ဆောင်ကဗျာကို ခေတ်နဲ့မကိုက်ညီတော့လို့ မသင်သင့်ဘူးလို့ဆိုတဲ့ လူ့ဗလချီးနမ်းတွေ ညွှန်ကြားရေးမှူးချုပ် တက်ဖြစ်နေတဲ့တိုင်းပြည်

ဗမာပြည်

 

သူ့သမီး စကောလားရှစ်မရတာနဲ့ ကျောင်းသင်ပြဋ္ဌာန်းစာအုပ်တွေကို အင်္ဂလိပ်လိုသင်ရမယ်လို့ လုပ်ခဲ့တဲ့ စောက်ရူးတွေက နိုင်ငံကိုအုပ်ချုပ်နေတဲ့တိုင်းပြည်

ဗမာပြည်

 

ဒီဇယ်ဆီထွက်တယ်ဆိုပြီး ကြက်ဆူပင်တွေ တစ်နိုင်ငံလုံးစိုက်ခိုင်းခဲ့တဲ့ လူ့ပေါက်ပန်းစေးတွေ အုပ်ချုပ်နေတဲ့တိုင်းပြည်

ဗမာပြည်

 

ရွှံ့မီးတောင်ဆိုတာလောက်မှ ဗဟုသုတမရှိဘဲ နဂါးပွက်အိုင်ဆိုပြီး နွားနို့တွေ လောင်းချနေတဲ့ စောက်ပေါက သမ္မတ တက်ဖြစ်ချင်နေတဲ့တိုင်းပြည်

ဗမာပြည်

 

ကွန်ပြူတာကဖောင့်လေးပြောင်းလိုက်ရုံနဲ့ ယီးဂါးဘားမင့်ကြီးဖြစ်တော့မယ်လို့ ဂျင်းအတက်လိုက် အထည့်ခံရတဲ့တိုင်းပြည်

ဗမာပြည်

 

သင်္ကန်းလေးကောက်ကက်ပတ်လိုက်တာနဲ့ စီဗယ်အင်ဂျင်နှစ်ယာအတတ်ကို အော်တိုမက်တစ် တတ်သွားတဲ့သူတွေ နေတဲ့တိုင်းပြည်

ဗမာပြည်

 

တိုးမြစ်အောက် (ရေထဲ) မှာ နဂါးမင်းကြီးတွေ ဆီမီးထွန်း ပူဇော်နေပါတယ်ဆိုလို့ ကမ်းလုံးညွတ်မျှ လာကြည့်ကြတဲ့ သူတွေ နေတဲ့တိုင်းပြည်

ဗမာပြည်

 

ဘယ်ဘုန်းကြီးကတော့ ရေမန်းကောင်းတယ်ဆိုပြီး တစ်နိုင်ငံလုံးကလူတွေ ကားကြီးကားငယ်တွေနဲ့ လာကြလို့ ဘုန်းကြီးက ရေတွင်းကို မန်းပေးထားရတဲ့တိုင်းပြည်

ဗမာပြည်

 

တစ်သက်လုံးက စာမတတ်ခဲ့တဲ့သူတွေကို တစ်လလောက်မဖြစ်ညစ်ကျယ် စာလေးသင်ပေးရုံနဲ့ တစ်နိုင်ငံလုံး စောက်ကျိုးနဲစာတွေ တတ်ကုန်လိုက်ကြပါတဲ့တိုင်းပြည်

ဗမာပြည်

 

တစ်ဧကလောက်ကျယ်တဲ့လယ်ကွက်ကနေ စပါးတင်း ၃၅၀ လောက်ထွက်ပါတယ်လို့ စံပြရိတ်ပြခဲ့တဲ့ စောက်ရူးတွေနေတဲ့တိုင်းပြည်

ဗမာပြည်

 

လူကြီးလာမယ်ဆိုလို့ အပင်တွေစိမ်းနေအောင် ညတွင်းချင်း ရေဆေးအစိမ်းတွေနဲ့ ဖြန်းပြီး ညာရတဲ့တိုင်းပြည်

ဗမာပြည်

 

လူကြီးတွေလာမယ်ဆိုတော့မှ ဟိုအိမ်ဒီအိမ်တွေက ကွန်ပြူတာတွေငှား၊ မီဒီညာခန်းလုပ်၊ ကွန်ပြူတာကိုင်တတ်တဲ့ ကောင်မလေးတွေကို အဖြူအစိမ်းဝတ်ပေးပြီး တချောက်ချောက်နှိပ်ခိုင်းခဲ့ စောက်တလွဲတိုင်းပြည်

ဗမာပြည်

 

ကိုယ့်ဟာကိုယ်ကုမ္ပဏီထောင်၊ ကိုယ့်ဟာကိုယ် ကမ္ဘာ့အထူးချွန်ဆုံး၊ အအောင်မြင်ဆုံး၊ အဆင့်မဟားတရားအမြင့်ဆုံး ဘွဲ့တွေပေးနေတဲ့သူတွေကို ဆရာတင်နေရတဲ့တိုင်းပြည်

ဗမာပြည်

 

ခေတ်အဆက်ဆက်၊ ရာဇဝင်အဆက်ဆက် တော်တည့်ထက်မြက်တဲ့သူမှန်သမျှ သတ်ပြီးရင်းသတ်၊ လုပ်ကြံပြီးရင်းလုပ်ကြံ၊ တခြားလူမျိုးကိုတော့ အဖေခေါ်၊​ အချင်းချင်းကိုတော့ ဆော်ပလော်တီးနေကြတဲ့ မြေနိုးတွေနေကြတဲ့တိုင်းပြည်

ဗမာပြည်

 

ဤ အနှီတိုင်းပြည်၊ ထိုတိုင်းပြည်၊ စောက်တလွဲတိုင်းပြည်

ကျွန်ုပ် မီတာ ၃၀ လောက်မြင့်သည့် စကက်ဖိုးပေါ်တက်၍ လောက်စပီကာ အလုံး (၂၀) လောက်တပ်ကာ ငါနှင့်ကိုင်တုတ်လိုက်ချင်ပါသည့် တိုင်းပြည်

အဲဒါ . . . အဲဒါ . . . အဲဒါ . . . ဗမာပြည်

 

အေးငြိမ်း

၁၃ နိုဝင်ဘာလ၊ ၂၀၂၁

No comments: