သားရေးထားတာကို
ကြွားလို၍ မဟုတ်ပါ။
သူများသားသမီးတွေ
လုပ်ပုံကို ကျွန်ုပ်တို့ ရွှေပြည်ကြီးမှ ပညာရှိမင်းများ သိသာစေရန် အရိပ်အမြွက်မျှ ပြောပြခြင်း
ဖြစ်ပါသည်။
(လက်ရှိရေးနေသည့်
စာအုပ်ပြီးသွားလျှင်တော့ စင်ကာပူတွင် စာသင်ပုံများကို အကျယ်တဝင့် ရေးပြပါဦးမည်။
လောလောဆယ်
ကျွန်တော့်သားက စင်ကာပူတွင် ကျောင်းတက်နေသမို့ သူတို့ လုပ်ပုံကိုင်နည်းများကို အတော်လေး
တီးမိ ခေါက်မိရှိပြီဟု ဆိုနိုင်ပါသည်။ သူ GCE O အောင်ပြီးသွားလျှင်တော့ သည့်ထက် ပိုရေးနိုင်ပါလိမ့်မည်။
ထိုအခါကျမှ KG မှသည် GCE O အထိ သီးသန့် စာတစ်အုပ် ရေးထုတ်ပါမည်။)
ထိုအရုပ်ကလေးများကို ကြည့်ကာ ကိုယ့်ဘာသာ ဇာတ်လမ်းဆင်ရသည်။
ထိုဇာတ်လမ်းကြောရိုးကို အခြေတည်ကာ အက်ဆေးရေးရခြင်း ဖြစ်ပါသည်။
သူက ခဲတံနှင့်ရေးထားတာဆိုတော့
နည်းနည်း မှုန်နေပါလိမ့်မည်။ သည်းခံဖတ်တော်မူပါ။
အေးငြိမ်း
၁၅ ဧပြီ၊ ၂၀၁၈
No comments:
Post a Comment