Saturday, December 9, 2017

ေအာင္မင္း လြန္ရာက်ဦးမည့္ ပို႔စ္တစ္ပုဒ္ သုိ႔မဟုတ္

လူအမ်ား၏၀ါဒကုိ ဆန္႔က်င္ေရးသျဖင့္ အဆဲခံရမည့္ စာတစ္ပုဒ္

(၁)

ျမတ္စြာဘုရား၏ ဝါဒကား ဝိဘစၦ၀ါဒျဖစ္၏။ ဝိဘစၦဝါဒဟူသည္ အရာရာကို ခဲြျခမ္းစိတ္ျဖာ ေဝဘန္သံုးသပ္ၿပီးမွ ယံုၾကည္လက္ခံ ေသာ ဝါဒကို ဆိုလိုသည္။ တစ္နည္းအားျဖင့္ ဆုိရလွ်င္ မည္သည့္အရာကိုမဆို သူမ်ားေျပာတိုင္း မ်က္စိမိွတ္မယံုပါႏွင့္။ ကိုယ့္ ဦးေဏွာက္ႏွင့္ကိုယ္ ဆင္ျခင္သံုးသပ္ၿပီးမွ လက္ခံၾကရန္ ျဖစ္၏။

(၂)

ကထိန္သကၤန္းဟူသည္ မိုးရာသီအခါသမယ၌ ရဟန္းေတာ္တို႔ မိုးစိုသည့္အခါ လဲရန္ သကၤန္းမရိွေသာေၾကာင့္ အလဲအလွယ္ ရပါေစ ဟူေသာ ရည္ရြယ္ခ်က္ျဖင့္ လႉသည့္ သကၤန္းျဖစ္၏။ အဘယ္ေၾကာင့္ လဲရန္သကၤန္း မရိွရသနည္း။ ေရွးက ရဟန္းေတာ္ မ်ားမွာ သပိတ္တစ္လံုး၊ သကၤန္းသံုးထည္သာ ေဆာင္ေသာေၾကာင့္ ျဖစ္သည္။ သကၤန္းသံုးထည္ဆုိသည္မွာ ခါး၀တ္ သင္းပိုင္၊ ကိုယ္၀တ္ ဧကသီ၊ ဒုကုဋ္ ႏွစ္ထပ္သကၤန္းႀကီးတို႔ ျဖစ္၏။ (ဤတြင္ ကြ်ႏ္ုပ္ေတြးမိသည္မွာ အလဲ့ကြယ္၊ သကၤန္း သံုးထည္တည္း ဆိုေတာ့ ေရခ်ိဳးတဲ့အခါ ဘယ့္ႏွာလုပ္ရပါ့ ဟု ျဖစ္သတည္း။)

မိုးစိုေနသည့္အခ်ိန္ လဲစရာမရိွသည့္အခိုက္ (သကၤန္းေရစိုႀကီးနဲ႔ေနရရင္ အေအးမိၿပီး ဖ်ားမွာေပါ့ဗ်ာ) အလြန္ သကၤန္းလိုအပ္ေနခ်ိန္ ၌ သကၤန္းလႉရျခင္းမွာ အလြန္မြန္ျမတ္လွပါေပသည္။ ထိုအခ်ိန္ လႉသည့္သကၤန္းကို ကထိန္သကၤန္းဟု ေခၚ၏။ ထုိ႔ေၾကာင့္ ကထိန္ သကၤန္းလႉျခင္းမွာ အလြန္လိုအပ္ေနေသာအခ်ိန္၌ လႉျခင္းျဖစ္၍ အလြန္မြန္ျမတ္ေသာ အလႉ ျဖစ္သတည္း။

သုိ႔ဆိုလွ်င္ အဘယ္ေၾကာင့္ ကထိန္သကၤန္းလႉရျခင္း ျမတ္သည္ကို သိသာပါၿပီ။ 
ကထိန္သကၤန္းလႉျခင္းမွာ အလြန္ ျမတ္သည္ဆုိရာတြင္ သကၤန္းေၾကာင့္ ျမတ္တာမဟုတ္။ အလြန္လိုအပ္ေနေသာေၾကာင့္သာ ျမတ္တာ ျဖစ္ပါသည္။

ယခုေခတ္ ကထိန္အလႉမ်ားကို နည္းနည္းေလာက္ ၾကည့္ပါရေစ။

ဘုန္းႀကီးေက်ာင္းမွန္သမွ် အနည္းႏွင့္အမ်ား သကၤန္းေတြ ရိွၾကတာခ်ည္းျဖစ္၏။ က်က္သေရတုိက္ထဲတြင္ သကၤန္းမ်ား မဆန္႔မၿပဲ ရိွေနခ်ိန္တြင္ ကထိန္သကၤန္းလႉရင္ ျမတ္သဟဲ့ဆိုတာကို ေလွနံဓားထစ္မွတ္ကာ ကထိန္သကၤန္းေတြ နင္းကန္လႉေနတာ သင့္ေတာ္ပါသလား။ အခ်ိဳ႔ေက်ာင္းမ်ားဆိုလွ်င္ ထိုလႉထားေသာ ကထိန္သကၤန္းမ်ားကို ဆိုင္မ်ားသို႔ ျပန္သြင္းေခ်ေလေသး၏။ သို႔မဟုတ္ ေက်ာင္းမွ ပုိေနသည့္ သကၤန္းမ်ားကို ယူကာ ကထိန္သကၤန္းလုပ္လ်က္ ဝတၳဳေငြ ကပ္ၾက၏။

သဟာ ေက်ာင္းအလြန္ မဟုတ္ပါ။ ထုိသကၤန္းမ်ားကို ဘုန္းဘုန္းမ်ားအေနႏွင့္ မိႈတက္ခံကာ အဘယ္ေၾကာင့္ က်က္သေရတိုက္ထဲ တြင္ သိမ္းထားရပါမည္နည္း။ ဆိုင္ပို႔လိုက္လွ်င္ လုိသူမ်ား ၀ယ္ႏိုင္သည္။ သကၤန္းကို ေငြႏွင့္ လဲလွယ္လိုက္ေတာ့ အျခား သံုးစရာ ရိွပါက သံုးႏိုင္သည္။

သို႔ဆိုလွ်င္ မလိုအပ္ပါဘဲလ်က္ အဘယ္ေၾကာင့္ ကထိန္သကၤန္းလႉခ်င္ၾကသနည္း။ ဟို႔ယခင္ ျမတ္စြာဘုရားလက္ထက္က ကထိန္ သကၤန္း ကပ္ခြင့္ေပးခဲ့ေသာ ရည္ရြယ္ခ်က္ အထေျမာက္ပါ၏ေလာ။

အထက္ပါ ကထိန္သကၤန္းအလႉမ်ိဳးကို အလြန္ျမင့္ျမတ္သည္ဟု ယူဆၾကသူမ်ားထဲ၌ ကြ်ႏ္ုပ္မပါပါ။ ကြ်ႏ္ုပ္ကို ဒိ႒ိဟု စြပ္စဲြၾကပါခင္ဗ်ား။

(၃)

ကထိန္လွည့္ရန္ သီးထားသည့္ ပေဒသာပင္ဘက္ တစ္ခ်က္ေလာက္ ေလ့လာပါရေစဦး။

ထံုးစံအရ ပေဒသာပင္သီးရာတြင္ ပရိကၡရာ (၈) ပါးျဖစ္ေသာ ဘိနပ္ပါမည္။ ထီးပါမည္။ ယပ္ေတာင္ပါမည္။ ေရစစ္ခြက္၊ အပ္၊ အပ္ခ်ည္၊ ေခါင္းရိတ္ရန္ သင္ဓံုးဓား စသည္တို႔ ပါစၿမဲျဖစ္၏။

ပရိကၡရာ (၈) ပါးသည္ ေရွးေခတ္က မရိွမျဖစ္လို၏။ ဥပမာ ျပပါရေစ။

ေရစစ္ခြက္ အဘယ္ေၾကာင့္လုိသနည္းဆိုေသာ္ ရဟန္းေတာ္မ်ား ေဒသစာရီ ၾကြခ်ီၾကရာတြင္ လမ္း၌ ေတြ႔သည့္ေရကို ေသာက္ၾကရသည္။ ထိုအခါ အမႈန္အမႊားမ်ား ေသာက္ေရအတြင္း ပါမလာေစရန္ ျမတ္စြာဘုရားက ေရကို စစ္ေသာက္ရမည္ ဟု ပညတ္ခဲ့သည္။ ထို႔ေၾကာင့္ ထိုပညတ္ခ်က္ကိုလုိက္နာရန္ ရဟန္းေတာ္မ်ားအေနႏွင့္ ေရစစ္ကို သြားေလရာ ေဆာင္သြားရသည္။

ယခုေခတ္၌ ေရကို ထို ပရိကၡရာ (၈) ပါး၌ပါသည့္ ေရစစ္ခြက္ႏွင့္ စစ္ေသာက္ရန္ လိုပါေသးသလား။ ရဟန္းေတာ္မ်ားမွာ သာသနာကို အလြန္ၾကည္ညိုၾကသည့္ ဒါယကာ၊ ဒါယိကာမမ်ား လႉဒါန္းထားသည့္ ေရသန္႔ဘူးႏွင့္ပင္ လံုေလာက္ေနပါၿပီ။

ကထိန္ ပေဒသာပင္၌သီးသည့္ ယပ္ေတာင္၊ ထီး စသည္တို႔မွာ ပီဘိ ဘုရားစူးရပါေစ့ ထီး၊ ယပ္ေတာင္မ်ားျဖစ္၏။ တရုပ္ျပည္သည္ စားေသာက္ကုန္၊ လူသံုးကုန္မ်ားထုတ္ရာတြင္ ျမန္မာျပည္အတြက္ အထူးစပယ္ရွယ္ ပေရာဒတ္မ်ား ထုတ္ဘိသကဲ့သုိ႔ စီးပြားေရး ဘာသာရပ္ကို သံုးထပ္ကြမ္းဂုဏ္ထူးႏွင့္ ေအာင္ျမင္ထားသည့္ အႏီွ နိဗၺာန္ကုန္သည္မ်ားမွာလည္း ပေဒသာပင္အတြက္ ယပ္ေတာင္၊ ထီးမ်ားကို အထူး စပယ္ရွယ္ ထုတ္ေတာ္မူၾကေလသည္။

ထိုအခါ ထို ႏွစ္ခါေလာက္ယပ္ခပ္လိုက္လွ်င္ စုတ္မည့္ ယပ္ေတာင္ႏွင့္ ေလခပ္ျပင္းျပင္းတုိးလိုက္လွ်င္ အမိုးလန္မည့္ ထီးမ်ားကို မည္သည့္ ရဟန္းေတာ္ကမွ တန္ဘိုးထား သံုးစဲြၾကသည္ မဟုတ္ပါေခ်။ အဲေလ၊ ထီးႏွင့္ယပ္ေတာင္ကို ထားလိုက္ပါဦး။ မရိွမျဖစ္ သံုးရမည့္ သကၤန္းကိုပင္လွ်င္ ဝတ္မရေအာင္ ထုတ္လုပ္ၾကေခ်ပါ၏။ သူတို႔ကေတာ့ ဘာတဲ့ ျခင္းသကၤန္းဆိုလား၊ ေခၚသည္ဆုိ၏။ ဒါေတြ ကြ်န္ေတာ္နားမလည္ပါ။

ေက်ာင္းသို႔ ကထိန္ပေဒသာပင္ေရာက္၍ ပစၥည္းမ်ားကို ျဖဳတ္ရာတြင္ အထက္ေဖာ္ျပပါ ယပ္ေတာင္၊ ထီးစသည့္ ပစၥည္းမ်ားမွာ က်က္သေရတုိက္၏ ေခ်ာင္တစ္ခုတြင္ အမိႈက္ပံုအျဖစ္ စုပံုေနသည္ဟု အကြ်ႏ္ုပ္ေျပာသည္ကို အသင္မယံုပါက မနက္ျဖန္ နီးစပ္ရာ ေက်ာင္းသို႔ သြားၾကည့္ပါေလ။ ကြ်ႏု္ပ္ေျပာတာ မလြန္ေၾကာင္း လက္ေတြ႔ ျမင္ရပါလိမ့္မည္။

သို႔ဆိုလွ်င္ သံုးစားမရသည့္ အႏွီပစၥည္းမ်ားကို အဘယ္ေၾကာင့္ လႉရဘိသနည္း။ ဘာအက်ဳိးရိွသနည္း။ ဤအလႉမ်ိဳးကို အလြန္ မြန္ျမတ္သည့္အလႉဟု အသင္ ယူဆပါသလား။

(၄)

ထံုးစံအတိုင္း ရာသီခ်ိန္ေရာက္ေတာ့ ေက်ာင္းတစ္ခု၌ ကထိန္ခင္းဘို႔ စိုင္းျပင္းၾကသည္။

ဟဲ့၊ ကေလးေတြ။ ငါတို႔ ေက်ာင္း ကထိန္အတြက္ နင္တို႔ မုန္႔ဘိုးထဲက ေန႔တိုင္း အလႉေငြ ထည့္ၾကရမယ္။

ဟိုက္ရွားဘားစ္။ ေျပးေရၾကည့္လိုက္မွ ၁၀၀၊ ထန္ကုန္ ၂၀၀ ေလာက္ရသည့္ မုန္႔ဘိုးကို အလႉေငြထည့္ရမယ္ဆိုေတာ့ ငတ္ေပါ့။

ဘယ္သူက ထီးတစ္ေခ်ာင္း၊ ဘယ္၀ါက ဘိနပ္တစ္ရံ၊ မိဟိုဒင္းက ယပ္ေတာင္တစ္ေခ်ာင္း၊ ၾကားတယ္ေနာ္။

(အင္း၊ သံုးစားမရတဲ့၊ လႊင့္ပစ္ရမဲ့ ထီးေတြ၊ ယပ္ေတာင္ေတြအတြက္ မိဘေတြ ေခြ်းနည္းစာေလးေတာ့ ဘိုင့္ဘိုင္ ျဖစ္ရေပဦးေတာ့မည္။)

ပေဒသာပင္သီးတာလည္း ၾကည့္လုိက္ဦး။ ဆန္အိတ္ေတြ၊ ဆီပံုးေတြပါ တင္ထားသည္။

ကထိန္လွည့္သည့္အခါ အလယ္တန္းေက်ာင္းသားေလးေတြ ပေဒသာပင္ မ,မ ႏိုင္ေတာ့ အထက္တန္း ေက်ာင္းသားႀကီးေတြကို မ, ခိုင္းသည္။ အထက္တန္းေက်ာင္းသားဆိုေပမင့္ ခုမွ ၁၅ ႏွစ္၊ ၁၆ ႏွစ္ရိွေသးတာဆိုေတာ့ မႏိုင္မနင္း။

ဘယ့္ႏွယ္ခင္ဗ်ာ။ ဒီ ဆန္အိတ္ႀကီးေတြပါတဲ့ ပေဒသာပင္ မ,ရတာ ဘယ္သက္သာလိမ့္မတံုး။ ေနာက္ၿပီး ပေဒသာပင္လွည့္တယ္ ဆိုတာ အေျပးအလႊား လွည့္လုိ႔ရတာမဟုတ္။ ဆင္မယဥ္သာဟန္မ်ိဳး (ေျပာသာေျပာရတယ္။ ဆင္မယဥ္သာဟန္ လွမ္းတာေတာ့ ကြ်န္ေတာ္ တစ္ခါမွ မေတြ႔ဖူးပါလုိ႔ ရိုးရိုးသားသား ဝန္ခံပါ၏။) လွမ္းရတာျဖစ္၏။ ကေလးမ်ားမွာ မခ်ိမဆန္႔ မ,ရသည္။ ရက္စက္ပါေပ့ အနႏၱဂိုဏ္းဝင္ ေက်းဇူးရွင္ ဆရာမတို႔။ ပေဒသာပင္မွာ မသီးဘဲ ခ်န္ခဲ့တဲ့ပစၥည္းေတြကို မလႉရဘူးလို႔ ဘယ္ဥပေဒမွာ ျပ႒ာန္း ထားပါလိမ့္။

(၅)

ဤသို႔ဆိုလိုက္ျခင္းျဖင့္ ကြ်ႏု္ပ္က ကထိန္မခင္းရဟု ဆိုလိုျခင္းမဟုတ္ေၾကာင္း နားမထူသည့္ အသင္မိတ္ေဆြတုိ႔ သေဘာေပါက္ပါ သည္။ ကြ်ႏ္ုပ္က ကထိန္မခင္းရဟု မဆုိလို။ ဘုန္းႀကီးေက်ာင္း၌ လိုအပ္သည္မ်ားကို ေစ့ငု၊ ေလ့လာလွ်က္ လိုအပ္သည့္ ပစၥည္းတို႔ကုိသာ ၀ယ္ယူလႉဒါန္းၾကရန္ ဆိုလိုရင္းျဖစ္ပါသည္။ ပစၥည္းမလိုလွ်င္ ေငြသားလႉပါေလ။ ျပႆနာမရိွ။ လႊင့္ပစ္ရမည့္ပစၥည္းမ်ား လႉတာကို ျမတ္စြာဘုရားက မြန္ျမတ္သည့္အလႉဆိုကာ ခ်ီးက်ဴးလိမ့္မည္ဟု ကြ်ႏု္ပ္မယူဆပါ။

ကြ်ႏ္ုပ္တို႔တုိင္းျပည္တြင္ မဟုတ္သည့္ကိစၥမ်ားႏွင့္ ပိုက္ဆံမ်ားကို ျဖဳန္းတီးၾကတာ မ်ားပါၿပီ။ သူမ်ားေလသံၾကား ဖမ္းတရားနာၿပီး ရမ္း မလုပ္ၾကပါႏွင့္။ အေမေမြးတံုးက ပါလာသည့္ ဦးေဏွာက္ကို နည္းနည္းေလာက္ ထုတ္သံုးကာ ေတာ္၏၊ မေတာ္၏၊ ဟုတ္၏၊ မဟုတ္၏ စဥ္းစားဆင္ျခင္လ်က္ -

သင့္ေတာ္ေသာ -
မွန္ကန္ေသာ -
အက်ိဳးရိွေသာ အရာမ်ားကို လုပ္ၾကပါဟု တိုက္တြန္းလုိက္ရပါသတည္း။

ေက်းဇူးတင္ပါသည္။

ေအးၿငိမ္း
၉ ဒီဇင္ဘာ၊ ၂၀၁၇

=================


အောင်မင်း လွန်ရာကျဦးမည့် ပို့စ်တစ်ပုဒ် သို့မဟုတ်
လူအများ၏ဝါဒကို ဆန့်ကျင်ရေးသဖြင့် အဆဲခံရမည့် စာတစ်ပုဒ်

(၁)

မြတ်စွာဘုရား၏ ဝါဒကား ဝိဘစ္ဆဝါဒဖြစ်၏။ ဝိဘစ္ဆဝါဒဟူသည် အရာရာကို ခွဲခြမ်းစိတ်ဖြာ ဝေဘန်သုံးသပ်ပြီးမှ ယုံကြည်လက်ခံ သော ဝါဒကို ဆိုလိုသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် မည်သည့်အရာကိုမဆို သူများပြောတိုင်း မျက်စိမှိတ်မယုံပါနှင့်။ ကိုယ့် ဦးဏှောက်နှင့်ကိုယ် ဆင်ခြင်သုံးသပ်ပြီးမှ လက်ခံကြရန် ဖြစ်၏။

(၂)

ကထိန်သင်္ကန်းဟူသည် မိုးရာသီအခါသမယ၌ ရဟန်းတော်တို့ မိုးစိုသည့်အခါ လဲရန် သင်္ကန်းမရှိသောကြောင့် အလဲအလှယ် ရပါစေ ဟူသော ရည်ရွယ်ချက်ဖြင့် လှူသည့် သင်္ကန်းဖြစ်၏။ အဘယ်ကြောင့် လဲရန်သင်္ကန်း မရှိရသနည်း။ ရှေးက ရဟန်းတော် များမှာ သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်သာ ဆောင်သောကြောင့် ဖြစ်သည်။ သင်္ကန်းသုံးထည်ဆိုသည်မှာ ခါးဝတ် သင်းပိုင်၊ ကိုယ်ဝတ် ဧကသီ၊ ဒုကုဋ် နှစ်ထပ်သင်္ကန်းကြီးတို့ ဖြစ်၏။ (ဤတွင် ကျွန်ုပ်တွေးမိသည်မှာ အလဲ့ကွယ်၊ သင်္ကန်း သုံးထည်တည်း ဆိုတော့ ရေချိုးတဲ့အခါ ဘယ့်နှာလုပ်ရပါ့ ဟု ဖြစ်သတည်း။)

မိုးစိုနေသည့်အချိန် လဲစရာမရှိသည့်အခိုက် (သင်္ကန်းရေစိုကြီးနဲ့နေရရင် အအေးမိပြီး ဖျားမှာပေါ့ဗျာ) အလွန် သင်္ကန်းလိုအပ်နေချိန် ၌ သင်္ကန်းလှူရခြင်းမှာ အလွန်မွန်မြတ်လှပါပေသည်။ ထိုအချိန် လှူသည့်သင်္ကန်းကို ကထိန်သင်္ကန်းဟု ခေါ်၏။ ထို့ကြောင့် ကထိန် သင်္ကန်းလှူခြင်းမှာ အလွန်လိုအပ်နေသောအချိန်၌ လှူခြင်းဖြစ်၍ အလွန်မွန်မြတ်သော အလှူ ဖြစ်သတည်း။

သို့ဆိုလျှင် အဘယ်ကြောင့် ကထိန်သင်္ကန်းလှူရခြင်း မြတ်သည်ကို သိသာပါပြီ။ 
ကထိန်သင်္ကန်းလှူခြင်းမှာ အလွန် မြတ်သည်ဆိုရာတွင် သင်္ကန်းကြောင့် မြတ်တာမဟုတ်။ အလွန်လိုအပ်နေသောကြောင့်သာ မြတ်တာ ဖြစ်ပါသည်။

ယခုခေတ် ကထိန်အလှူများကို နည်းနည်းလောက် ကြည့်ပါရစေ။

ဘုန်းကြီးကျောင်းမှန်သမျှ အနည်းနှင့်အများ သင်္ကန်းတွေ ရှိကြတာချည်းဖြစ်၏။ ကျက်သရေတိုက်ထဲတွင် သင်္ကန်းများ မဆန့်မပြဲ ရှိနေချိန်တွင် ကထိန်သင်္ကန်းလှူရင် မြတ်သဟဲ့ဆိုတာကို လှေနံဓားထစ်မှတ်ကာ ကထိန်သင်္ကန်းတွေ နင်းကန်လှူနေတာ သင့်တော်ပါသလား။ အချို့ကျောင်းများဆိုလျှင် ထိုလှူထားသော ကထိန်သင်္ကန်းများကို ဆိုင်များသို့ ပြန်သွင်းချေလေသေး၏။ သို့မဟုတ် ကျောင်းမှ ပိုနေသည့် သင်္ကန်းများကို ယူကာ ကထိန်သင်္ကန်းလုပ်လျက် ဝတ္ထုငွေ ကပ်ကြ၏။

သဟာ ကျောင်းအလွန် မဟုတ်ပါ။ ထိုသင်္ကန်းများကို ဘုန်းဘုန်းများအနေနှင့် မှိုတက်ခံကာ အဘယ်ကြောင့် ကျက်သရေတိုက်ထဲ တွင် သိမ်းထားရပါမည်နည်း။ ဆိုင်ပို့လိုက်လျှင် လိုသူများ ၀ယ်နိုင်သည်။ သင်္ကန်းကို ငွေနှင့် လဲလှယ်လိုက်တော့ အခြား သုံးစရာ ရှိပါက သုံးနိုင်သည်။

သို့ဆိုလျှင် မလိုအပ်ပါဘဲလျက် အဘယ်ကြောင့် ကထိန်သင်္ကန်းလှူချင်ကြသနည်း။ ဟို့ယခင် မြတ်စွာဘုရားလက်ထက်က ကထိန် သင်္ကန်း ကပ်ခွင့်ပေးခဲ့သော ရည်ရွယ်ချက် အထမြောက်ပါ၏လော။

အထက်ပါ ကထိန်သင်္ကန်းအလှူမျိုးကို အလွန်မြင့်မြတ်သည်ဟု ယူဆကြသူများထဲ၌ ကျွန်ုပ်မပါပါ။ ကျွန်ုပ်ကို ဒိဋ္ဌိဟု စွပ်စွဲကြပါခင်ဗျား။

(၃)

ကထိန်လှည့်ရန် သီးထားသည့် ပဒေသာပင်ဘက် တစ်ချက်လောက် လေ့လာပါရစေဦး။

ထုံးစံအရ ပဒေသာပင်သီးရာတွင် ပရိက္ခရာ (၈) ပါးဖြစ်သော ဘိနပ်ပါမည်။ ထီးပါမည်။ ယပ်တောင်ပါမည်။ ရေစစ်ခွက်၊ အပ်၊ အပ်ချည်၊ ခေါင်းရိတ်ရန် သင်ဓုံးဓား စသည်တို့ ပါစမြဲဖြစ်၏။

ပရိက္ခရာ (၈) ပါးသည် ရှေးခေတ်က မရှိမဖြစ်လို၏။ ဥပမာ ပြပါရစေ။

ရေစစ်ခွက် အဘယ်ကြောင့်လိုသနည်းဆိုသော် ရဟန်းတော်များ ဒေသစာရီ ကြွချီကြရာတွင် လမ်း၌ တွေ့သည့်ရေကို သောက်ကြရသည်။ ထိုအခါ အမှုန်အမွှားများ သောက်ရေအတွင်း ပါမလာစေရန် မြတ်စွာဘုရားက ရေကို စစ်သောက်ရမည် ဟု ပညတ်ခဲ့သည်။ ထို့ကြောင့် ထိုပညတ်ချက်ကိုလိုက်နာရန် ရဟန်းတော်များအနေနှင့် ရေစစ်ကို သွားလေရာ ဆောင်သွားရသည်။

ယခုခေတ်၌ ရေကို ထို ပရိက္ခရာ (၈) ပါး၌ပါသည့် ရေစစ်ခွက်နှင့် စစ်သောက်ရန် လိုပါသေးသလား။ ရဟန်းတော်များမှာ သာသနာကို အလွန်ကြည်ညိုကြသည့် ဒါယကာ၊ ဒါယိကာမများ လှူဒါန်းထားသည့် ရေသန့်ဘူးနှင့်ပင် လုံလောက်နေပါပြီ။

ကထိန် ပဒေသာပင်၌သီးသည့် ယပ်တောင်၊ ထီး စသည်တို့မှာ ပီဘိ ဘုရားစူးရပါစေ့ ထီး၊ ယပ်တောင်များဖြစ်၏။ တရုပ်ပြည်သည် စားသောက်ကုန်၊ လူသုံးကုန်များထုတ်ရာတွင် မြန်မာပြည်အတွက် အထူးစပယ်ရှယ် ပရောဒတ်များ ထုတ်ဘိသကဲ့သို့ စီးပွားရေး ဘာသာရပ်ကို သုံးထပ်ကွမ်းဂုဏ်ထူးနှင့် အောင်မြင်ထားသည့် အနှီ နိဗ္ဗာန်ကုန်သည်များမှာလည်း ပဒေသာပင်အတွက် ယပ်တောင်၊ ထီးများကို အထူး စပယ်ရှယ် ထုတ်တော်မူကြလေသည်။

ထိုအခါ ထို နှစ်ခါလောက်ယပ်ခပ်လိုက်လျှင် စုတ်မည့် ယပ်တောင်နှင့် လေခပ်ပြင်းပြင်းတိုးလိုက်လျှင် အမိုးလန်မည့် ထီးများကို မည်သည့် ရဟန်းတော်ကမှ တန်ဘိုးထား သုံးစွဲကြသည် မဟုတ်ပါချေ။ အဲလေ၊ ထီးနှင့်ယပ်တောင်ကို ထားလိုက်ပါဦး။ မရှိမဖြစ် သုံးရမည့် သင်္ကန်းကိုပင်လျှင် ဝတ်မရအောင် ထုတ်လုပ်ကြချေပါ၏။ သူတို့ကတော့ ဘာတဲ့ ခြင်းသင်္ကန်းဆိုလား၊ ခေါ်သည်ဆို၏။ ဒါတွေ ကျွန်တော်နားမလည်ပါ။

ကျောင်းသို့ ကထိန်ပဒေသာပင်ရောက်၍ ပစ္စည်းများကို ဖြုတ်ရာတွင် အထက်ဖော်ပြပါ ယပ်တောင်၊ ထီးစသည့် ပစ္စည်းများမှာ ကျက်သရေတိုက်၏ ချောင်တစ်ခုတွင် အမှိုက်ပုံအဖြစ် စုပုံနေသည်ဟု အကျွန်ုပ်ပြောသည်ကို အသင်မယုံပါက မနက်ဖြန် နီးစပ်ရာ ကျောင်းသို့ သွားကြည့်ပါလေ။ ကျွနု်ပ်ပြောတာ မလွန်ကြောင်း လက်တွေ့ မြင်ရပါလိမ့်မည်။

သို့ဆိုလျှင် သုံးစားမရသည့် အနှီပစ္စည်းများကို အဘယ်ကြောင့် လှူရဘိသနည်း။ ဘာအကျိုးရှိသနည်း။ ဤအလှူမျိုးကို အလွန် မွန်မြတ်သည့်အလှူဟု အသင် ယူဆပါသလား။

(၄)

ထုံးစံအတိုင်း ရာသီချိန်ရောက်တော့ ကျောင်းတစ်ခု၌ ကထိန်ခင်းဘို့ စိုင်းပြင်းကြသည်။

ဟဲ့၊ ကလေးတွေ။ ငါတို့ ကျောင်း ကထိန်အတွက် နင်တို့ မုန့်ဘိုးထဲက နေ့တိုင်း အလှူငွေ ထည့်ကြရမယ်။

ဟိုက်ရှားဘားစ်။ ပြေးရေကြည့်လိုက်မှ ၁၀၀၊ ထန်ကုန် ၂၀၀ လောက်ရသည့် မုန့်ဘိုးကို အလှူငွေထည့်ရမယ်ဆိုတော့ ငတ်ပေါ့။

ဘယ်သူက ထီးတစ်ချောင်း၊ ဘယ်ဝါက ဘိနပ်တစ်ရံ၊ မိဟိုဒင်းက ယပ်တောင်တစ်ချောင်း၊ ကြားတယ်နော်။

(အင်း၊ သုံးစားမရတဲ့၊ လွှင့်ပစ်ရမဲ့ ထီးတွေ၊ ယပ်တောင်တွေအတွက် မိဘတွေ ချွေးနည်းစာလေးတော့ ဘိုင့်ဘိုင် ဖြစ်ရပေဦးတော့မည်။)

ပဒေသာပင်သီးတာလည်း ကြည့်လိုက်ဦး။ ဆန်အိတ်တွေ၊ ဆီပုံးတွေပါ တင်ထားသည်။

ကထိန်လှည့်သည့်အခါ အလယ်တန်းကျောင်းသားလေးတွေ ပဒေသာပင် မ,မ နိုင်တော့ အထက်တန်း ကျောင်းသားကြီးတွေကို မ, ခိုင်းသည်။ အထက်တန်းကျောင်းသားဆိုပေမင့် ခုမှ ၁၅ နှစ်၊ ၁၆ နှစ်ရှိသေးတာဆိုတော့ မနိုင်မနင်း။

ဘယ့်နှယ်ခင်ဗျာ။ ဒီ ဆန်အိတ်ကြီးတွေပါတဲ့ ပဒေသာပင် မ,ရတာ ဘယ်သက်သာလိမ့်မတုံး။ နောက်ပြီး ပဒေသာပင်လှည့်တယ် ဆိုတာ အပြေးအလွှား လှည့်လို့ရတာမဟုတ်။ ဆင်မယဉ်သာဟန်မျိုး (ပြောသာပြောရတယ်။ ဆင်မယဉ်သာဟန် လှမ်းတာတော့ ကျွန်တော် တစ်ခါမှ မတွေ့ဖူးပါလို့ ရိုးရိုးသားသား ဝန်ခံပါ၏။) လှမ်းရတာဖြစ်၏။ ကလေးများမှာ မချိမဆန့် မ,ရသည်။ ရက်စက်ပါပေ့ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဆရာမတို့။ ပဒေသာပင်မှာ မသီးဘဲ ချန်ခဲ့တဲ့ပစ္စည်းတွေကို မလှူရဘူးလို့ ဘယ်ဥပဒေမှာ ပြဋ္ဌာန်း ထားပါလိမ့်။

(၅)

ဤသို့ဆိုလိုက်ခြင်းဖြင့် ကျွနု်ပ်က ကထိန်မခင်းရဟု ဆိုလိုခြင်းမဟုတ်ကြောင်း နားမထူသည့် အသင်မိတ်ဆွေတို့ သဘောပေါက်ပါ သည်။ ကျွန်ုပ်က ကထိန်မခင်းရဟု မဆိုလို။ ဘုန်းကြီးကျောင်း၌ လိုအပ်သည်များကို စေ့ငု၊ လေ့လာလျှက် လိုအပ်သည့် ပစ္စည်းတို့ကိုသာ ၀ယ်ယူလှူဒါန်းကြရန် ဆိုလိုရင်းဖြစ်ပါသည်။ ပစ္စည်းမလိုလျှင် ငွေသားလှူပါလေ။ ပြဿနာမရှိ။ လွှင့်ပစ်ရမည့်ပစ္စည်းများ လှူတာကို မြတ်စွာဘုရားက မွန်မြတ်သည့်အလှူဆိုကာ ချီးကျူးလိမ့်မည်ဟု ကျွနု်ပ်မယူဆပါ။

ကျွန်ုပ်တို့တိုင်းပြည်တွင် မဟုတ်သည့်ကိစ္စများနှင့် ပိုက်ဆံများကို ဖြုန်းတီးကြတာ များပါပြီ။ သူများလေသံကြား ဖမ်းတရားနာပြီး ရမ်း မလုပ်ကြပါနှင့်။ အမေမွေးတုံးက ပါလာသည့် ဦးဏှောက်ကို နည်းနည်းလောက် ထုတ်သုံးကာ တော်၏၊ မတော်၏၊ ဟုတ်၏၊ မဟုတ်၏ စဉ်းစားဆင်ခြင်လျက် -

သင့်တော်သော -
မှန်ကန်သော -
အကျိုးရှိသော အရာများကို လုပ်ကြပါဟု တိုက်တွန်းလိုက်ရပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၉ ဒီဇင်ဘာ၊ ၂၀၁၇


No comments: