တိုင်းပြည်တိုးတက်ဘို့အတွက် လူတိုင်း ကိုယ်ကျရာအခန်းကဏ္ဍကနေ
တတ်နိုင်သမျှ လုပ်ပေးသွားဘို့လိုတယ်။ အဲဒီလို လုပ်ကြမှလဲ တိုးတက်ဖွံ့ဖြိုးမှု မြန်ဆန်လိမ့်မယ်။
အဲဒီတော့ ငါ ဘာတွေ လုပ်ပေးပြီးပြီလဲ လို့ ကိုယ့်ကိုယ်ကိုယ်
ပြန်မေးကြည့်ကြပါ တဲ့။
(အတိအကျမဟုတ်ပါ။ မှတ်မိသမျှကို အနီးစပ်ဆုံး ပြန်ရေးပြခြင်းသာ
ဖြစ်ပါသည်။)
ဆိုတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်မိတယ်။
အင်း၊ ခု ငါ အသက် ၅၅ နှစ်ရှိပြီ။
တိုင်းပြည်အတွက် ငါ ဘာတွေလုပ်ပေးပြီးပြီလဲ ?
ငါ ဘာတွေလုပ်ပေးပြီးပြီလဲ ?
ဘာတွေလုပ်ပေးပြီးပြီလဲ ?
ဘာတွေလုပ်ပေးပြီး ?
ဘာတွေလုပ် ?
ဘာ ?
ဘာ ?
ဟိုက်ရော၊ လက်ညှိုးထိုးပြလောက်စရာ တစ်ကွက်မှ ပြတ်ပြတ်သားသား
မရှိသေးပါကလား ကွယ်ရို့။
နောက်ပြီးသူကပြောလိုက်သေးတယ်။
“ဒီအစိုးရလက်ထက်မှာ ကြောက်နေသေးတယ်ဆိုရင်တော့ အဲဒါ အတော်တုံးတဲ့လူပဲ
ဖြစ်ရမယ်” တဲ့။
ဟုတ်ကဲ့။ ကျွန်တော် ငတုံးပါခင်ဗျား။ ဖေ့စဘွတ်ပေါ် ခြေလွန်လက်လွန်ရေးမိတာလေးတွေကို
မြန်မာပြည်က နှမများ လှမ်းလှမ်းသတိပေးတာနဲ့ ပြန်ပြန် ဖျက်နေမိတုံး။
အဲသလောက်တုံးတာ။
ကိုင်း၊ ငတုံးမဖြစ်အောင် ပညာရေးဝန်ကြီးဌာနကထုတ်တဲ့ ပြဌာန်းစာအုပ်တွေထဲက
အမှားတွေ အကုန်ဆွဲထုတ်ပြီး ရေးတော့မယ်။ ရေးဆို ခုပဲစမဗျာ။ ကြာတယ်။
(အဲသလိုလုပ်တာလဲ နိုင်ငံ့အတွက်လုပ်တာပါပဲ လို့ သူကပြောသွားသေး
မဟုတ်လား။)
No comments:
Post a Comment