ပထမဦးစွာ မ ၁၀၀၂၊ မြန်မာစာ၊ ရွေးချယ်ချက်နှင့် ပို့ချချက်
စာအုပ်မှ အမှားများကို ရှာဖွေ ဖော်ထုတ်ပြပါမည်။
| 
ခေါင်းစဉ် | 
စာမျက်နှာ | 
စာကြောင်းရေ | 
အမှား | 
အမှန်  | 
မှတ်ချက် | 
| 
၁။ ရှေးခေတ်ပုဂံပြည် | |||||
|  | 
၃၁ | 
၇ | 
ဉာဏ်သစ်ကာ တရွှင်ရွှင်နှင့် | 
ဉာဏ်သစ်ကာ တရွှင်ရွှင်နဲ့ | 
စာလုံးပေါင်းမှား | 
|  | 
၃၁ | 
၈ | 
ဘ၀င်မှာ အမြင်မှန်းကာပ့ါ | 
ဘ၀င်မှာ အမြင်မှန်းကာပေါ့ | 
စာလုံးပေါင်းမှား | 
|  | 
၃၁ | 
၁၂ | 
လုံးလဖယ် | 
လုံးလက်ဖယ် | 
စာလုံးပေါင်းမှား | 
|  | 
၃၁ | 
၁၆ | 
ရဲစစ်တပ် အစုံစုံ သထုံနဲ့ ပခိုး (ပဲခူး) | 
ရဲစစ်တပ် ခြံအရံ၊ မြန်မာနယ့်တစ်ရိုး | 
ပြင်ဆင်ထား | 
|  | 
၃၁ | 
၁၇ | 
ရန်အလျှိုလျှိုကို မာန်ပိုလို့ချိုးခဲ့၍ | 
ရန်ထိုထိုကို၊ ရန်လိုလျှင်ချိုးခဲ့၍ | 
ပြင်ဆင်ထား | 
|  | 
၃၁ | 
၁၉ | 
ရဲတပ်တို့ အပြန်မှာ | 
ရဲစစ်တပ် အပြန်မှာ | 
ပြင်ဆင်ထား | 
|  | 
၃၁ | 
၂၀ | 
အောင်လံတွေ ရောင်ပျံမြူးကာပေါ့ | 
အောင်လံတွေ ရောင်ပျံမြူးကာပါ့ | 
၁။ စာပိုဒ်ခွဲမှား 
၂။ စာလုံးပေါင်းမှား | 
|  | 
၃၁ | 
၂၁ | 
တပ်ဦးမှာ တချီချီနှင့် | 
တပ်ဦးမှာ တချီချီနဲ့ | 
စာလုံးပေါင်းမှား | 
|  | 
၃၁ | 
၂၈ | 
စစ်သားကြီးလုံးလုံး၊ စစ်ဗိုလ်ကြီး ရှုံးလောက်ရဲ့ | 
စစ်သားကြီးလုံးလုံး၊ ဗိုလ်မှူးကြီး ရှုံးလောက်ရဲ့ | 
ပြင်ဆင်ထား | 
|  | 
၃၂ | 
၂ | 
ဤဇမ္ဗူမှာ တလူဖြင့်ရှားလောက်ရဲ့ | 
ဤဇမ္ဗူ၊ တလူရှားလောက်ရဲ့ | 
စာလုံးပေါင်းမှား | 
|  | 
၃၂ | 
၁၀ | 
ပုဂံမှာမွေး၊ မြန်မာသွေးမို့ | 
ပုဂံမှာမွေး၊ ပုဂံသွေးမို့ | 
ပြင်ဆင်ထား | 
|  | 
၃၂ | 
၁၃ | 
ဘယ်တိုင်းခြား ၀ံ့မတုန်း . . . . ။ | 
ဘယ်တိုင်းခြား ၀ံ့မတုံး တဲ့။ | 
တဲ့ . . မပါ။ | 
|  | 
၃၂ | 
၁၅ | 
နှလုံးမှာ ဖြူစင်ကြယ်နှင့် | 
နှလုံးမှာ ဖြူစင်ကြယ်နဲ့ | 
စာလုံးပေါင်းမှား | 
|  | 
၃၂ | 
၂၅ | 
ခေါင်းလောင်းသံ ညံမစဲရယ်နှင့် | 
ခေါင်းလောင်းသံ ညံမစဲရယ်နဲ့ | 
စာလုံးပေါင်းမှား | 
|  | 
၃၂ | 
၂၈ | 
ဆင်းရဲသား ကုန်သည်သား | 
လယ်တွင်းသား ပြည်တော်သား | 
ပြင်ဆင်ထား | 
|  | 
၃၂ | 
၂၉ | 
ပြည်တော်သား မင်းမှုထမ်း | 
အသည်သား မင်းမှုထမ်း | 
ပြင်ဆင်ထား | 
|  | 
၃၂ | 
၃၁ | 
ပြည်ရေးကို သံပြိုင်သီကြတော့ | 
ပြည်ရေးကို ပြိုင်တူချီကြတော့ | 
ပြင်ဆင်ထား | 
|  | 
၃၃ | 
၂ | 
ရှင်မြတ်ကယ် ထေရ်အရဟံနှင့် | 
ရှင်မြတ်ကယ် ထေရ်အရဟံနဲ့ | 
စာလုံးပေါင်းမှား | 
|  | 
၃၃ | 
၃ | 
ပြေ(ပြည်)ပုဂံ ဘုရင့်ဘုန်းရယ်ကြောင့် | 
ပြေပုဂံ နော်ရထာဖုန်းငဲ့ပြင် | 
ပြင်ဆင်ထား | 
|  | 
၃၃ | 
၎ | 
ပြည်လုံးသာယာလို့ | 
ပြည်လုံး ညီညာတော့ | 
ပြင်ဆင်ထား | 
|  | 
၃၃ | 
၅ | 
သာသနာ ၀ါဝါ၀င်းခဲ့တဲ့ | 
ဤကမ္ဘာမှာ ပြည်မြန်မာရယ်လို့ ၀င်းခဲ့သတဲ့ | 
ပြင်ဆင်ထား | 
|  | 
၃၃ | 
၉ | 
ရွှေစည်းခုံ ရှင်မြတ်စောရယ်က | 
ရွှေစည်းခုံ ခြေတော်ရင်းဆီက | 
ပြင်ဆင်ထား | 
|  | 
၃၃ | 
၁၀ | 
ခေတ်ဟောင်းစံ ပုဂံသဘောကိုဖြင့် | 
ခေတ်ဟောင်းစံ ပုဂံသီချင်းကိုဖြင့် | 
ပြင်ဆင်ထား | 
|  | 
၃၃ | 
၁၁ | 
ဟောပါ့ထပ်လောင်း။ | 
ညှင်းဆိုခဲ့ကြောင်း။ | 
ပြင်ဆင်ထား | 
| 
ခေါင်းစဉ် | 
စာမျက်နှာ | 
စာကြောင်းရေ | 
အမှား | 
အမှန်  | 
မှတ်ချက် | ||
| 
၁။ ခွန်အားရှိသောစာ (ရွေးချယ်ချက်) | |||||||
|  | 
၁ | 
၁၁ | 
ကျေးနပ်စေလောက်သည့် | 
ကျေနပ်စေလောက်သည့် | 
စာလုံးပေါင်းမှား | ||
|  | 
၁ | 
၁၁ | 
ကျေးနပ်စေလောက်သည့် စာမျိုးဖြစ်မလာနိုင် | 
ကျေနပ်စေလောက်သည့်စာမျိုး ဖြစ်မလာနိုင် | 
အဖြတ်မှား | ||
|  | 
၁ | 
၁၂ | 
သင်သေ | 
သက်သေ | 
စာလုံးပေါင်းမှား | ||
|  | 
၁ | 
၁၂ | 
တကယ်သိသည်မဟုတ်ဘဲကြေးစားလိုက်သော | 
တကယ်သိသည်မဟုတ်ဘဲ ကြေးစားလိုက်သော | 
အဖြတ်မှား | ||
|  | 
၁ | 
၁၄ | 
စာဖတ်ပရိတ်မျိုး | 
စာဖတ်ပရိတ်သတ်မျိုး | 
စာလုံးကျကျန်ခဲ့ | ||
|  | 
၁ | 
၁၄ | 
ဉာဏ်ဖြင့် မွှေနောက် | 
ဉာဏ်ဖြင့် မွှေနှောက် | 
စာလုံးပေါင်းမှား | ||
|  | 
၁ | 
၁၆ | 
စကားလုံးရွေးချယ်သုံးနှုန်းတတ်ခြင်း | 
စကားလုံး ရွေးချယ်သုံးနှုန်းတတ်ခြင်း | 
ဖြတ်ရမည့်နေရာ မဖြတ် | ||
|  | 
၁ | 
၁၈ | 
စာကောင်းများများကြီး ဖတ်ထားပြီး | 
စာကောင်း များများကြီးဖတ်ထားပြီး | 
အဖြတ်မှား | ||
|  | 
၁ | 
၂၀ | 
မဟုတ်သေးချေ။ | 
မဟုတ်ချေ။ | 
‘သေး’ ပိုနေ | ||
|  | 
၁ | 
၂၁ | 
စကားသုံးများအနက်မှ | 
စကားလုံးများအနက်မှ | 
စာလုံးပေါင်းမှား | ||
|  | 
၁ | 
၂၃ | 
ကြုံရဘူးသည်မှာ | 
ကြုံရဖူးသည်မှာ | 
စာလုံးပေါင်းမှား | ||
|  | 
၁ | 
၂၆ | 
တွေ့ရဘူးလေသည်။ | 
တွေ့ရဖူးလေသည်။ | 
စာလုံးပေါင်းမှား | ||
|  | 
၁ | 
၂၉ | 
တစ်ယောက်မျှ သာဖြစ်လေသည်။ | 
တစ်ယောက်မျှသာ ဖြစ်လေသည်။ | 
အဖြတ်မှား | ||
|  | 
၁ | 
၃၁ | 
အရေးကြီးရာ၌မှု | 
အရေးကြီးရာ၌မူ | 
စာလုံးပေါင်းမှား | ||
|  | 
၂ | 
၁ | 
“နာ” ကိုထိခိုက်သော်လည်း | 
“နား” ကိုထိခိုက်သော်လည်း | 
စာလုံးပေါင်းမှား | ||
|  | 
၂ | 
၃ | 
စာကောင်းနှင့်စာဆိုးများမှာ | 
စာကောင်းနှင့်စာဆိုးများမှ | 
စာလုံးပေါင်းမှား | ||
|  | 
၂ | 
၎ | 
လျှင်သာ၍ ပေါ်လွင်ထင်ရှား | 
လျှင် သာ၍ပေါ်လွင်ထင်ရှား | 
အဖြတ်မှား | ||
|  | 
၂ | 
၇ | 
တစ်သီးတစ်ခြားစာအုပ်ရေးသားဘို့ | 
တသီးတခြား စာအုပ်ရေးသားဘို့ | 
၁။ စာလုံးပေါင်းမှား 
၂။ မဖြတ် | ||
|  | 
၂ | 
၈ | 
အစီအစဉ်ြ ပြုလုပ်ရ | 
အစီအစဉ် ပြုလုပ်ရ | 
ယရစ်တစ်ခုပို | ||
|  | 
၂ | 
၉ | 
‘လက်သမား’ကောင်းများ စာပေတို့ကို | 
‘လက်သမား’ကောင်းများ၏ စာပေတို့ကို | 
စာလုံးကျန် | ||
|  | 
၂ | 
၂၅ | 
နာမ်ကို၎င်း၊ . . . . . ကြိယာကို၎င်း | 
နာမ်ကိုလည်းကောင်း၊. . ကြိယာကိုလည်းကောင်း | 
စာလုံးပေါင်းမှား | ||
|  | 
၂ | 
၂၆ | 
မောင်ဖြူ၏ အိမ်ဟု | 
မောင်ဖြူ၏အိမ် ဟု | 
အဖြတ်မှား | ||
|  | 
၂ | 
၂၈ | 
ထက်တိုက်ပေါ်သို့ | 
ထက် တိုက်ပေါ်သို့ | 
အဖြတ်မှား | ||
|  | 
၂ | 
၃၁ | 
ချင်ခြင်းသိမြင်ဖို့ | 
ချက်ချင်းသိမြင်ဖို့ | 
စာလုံးပေါင်းမှား | ||
တစ်ဆက်တည်းမှာပင်
အဆက်အစပ်မိစေရန် ကျွန်တော် ခွန်အားရှိသောစာ ပို့ချချက်ကို သွားချင်ပါသည်။ 
ခွန်အားရှိသောစာ ပို့ချချက်
နိဒါန်းတွင် အောက်ပါအတိုင်း ရေးထား၏။
“ဆရာကြီးရွှေဥဒေါင်း၏
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်တွင် ဆဋ္ဌမကဏ္ဍသည် တစ်သက်တာ၏ နိဂုံးချုပ်အပိုင်းဖြစ်ပေရာ
ယခင်အပိုင်းများတွင် တစ်သက်တာ အဖြစ်အပျက်များနှင့် အတွေးအခေါ်များ ရောညှပ်ကာ ရေးသားထားသည်ကို
တွေ့နိုင်သည်။”
ဤစာကို မည်သူရေးသည်မသိ။
အတော့်ကို ချာတူးလန်လှပေသည်။ မြန်မာစာပို့ချချက်စာစဉ်တစ်ခုအနေနှင့် မြန်မာစာအရေးအသားကို
အထူးဂရုစိုက် ရေးသားရန်လိုပေသည်။ အရေးအသားတိုင်းသည် စာသင်သားများအတွက် စံပြဖြစ်နေရန်လို၏။
ဤကဲ့သို့သော အရေးအသားများကို နေရာတော်တော်များများတွင် တွေ့ရပေရာ သက်ဆိုင်ရာနေရာများ၌
ဖော်ထုတ်တင်ပြသွားပါမည်။ မြန်မာစာကို ပို့ချသူအနေနှင့် မြန်မာစာကို အမြီးအမောက်တည့်အောင်
မရေးနိုင်ခြင်းကား မြန်မာစာဌာန၏ သိက္ခာကို ချရာရောက်ပေသည်။ 
| 
ခေါင်းစဉ် | 
စာမျက်နှာ | 
စာကြောင်းရေ | 
အမှား | 
အမှန်  | 
မှတ်ချက် | 
| 
၁။ ခွန်အားရှိသောစာ (ပို့ချချက်) | |||||
|  | 
၄၄ | 
၈ | 
အမိဒေါ်ရွှေတိုမှ | 
အမိဒေါ်ရွှေတို့မှ | 
စာလုံးပေါင်းမှား | 
|  | 
၄၄ | 
၁၂ | 
ရတနာပုံ ၀တ္ထုကို . . . . ရေးခဲ့သည်။ |  | 
နှစ်ခါထပ် | 
|  | 
၄၅ | 
၁၉ | 
(၂) အချက် ကျကျရေးတတ်ခြင်း | 
(၂) အချက်ကျကျ ရေးတတ်ခြင်း | 
အဖြတ်အတောက်မှား | 
|  | 
၄၅ | 
၃၄ | 
ဥာဏ်ဖြင့် | 
ဉာဏ်ဖြင့် | 
စာလုံးပေါင်းမှား | 
|  | 
၄၆ | 
၉ | 
တတ်ထားသော်လည်း | 
တတ်ထားသော | 
စာလုံးပေါင်းမှား | 
|  | 
၄၆ | 
၁၀ | 
ဥာဏ်အပေါ် | 
ဉာဏ်အပေါ် | 
စာလုံးပေါင်းမှား | 
|  | 
၄၆ | 
၁၂ | 
ဥာဏ်မျိုးလည်း | 
ဉာဏ်မျိုးလည်း | 
စာလုံးပေါင်းမှား | 
|  | 
၄၆ | 
၁၄ | 
စာဆိုအမိန့်တစ်ခုကို | 
အဆိုအမိန့်တစ်ခုကို | 
စာလုံးပေါင်းမှား | 
|  | 
၄၆ | 
၂၂ | 
အသုံးများ | 
အသုံးမှာ | 
စာလုံးပေါင်းမှား | 
|  | 
၄၇ | 
၁၁၊ ၂ | 
အားနည်းနေပါက . . . 
   
ခနော်ခနဲ့ဖြစ်နေပါက . . . .  |  | 
. . . နေပါက ကို နှစ်ခါ ထပ်သုံးထားသည်။ | 
|  | 
၄၇ | 
၂၃ | 
သဒ္ဓါအနေအထားနှင့် | 
သဒ္ဒါအနေအထားနှင့် | 
စာလုံးပေါင်းမှား | 
|  | 
၄၇ | 
၃၄ | 
အဓိပ္ပာယ်နှင့်ရှင်းစေဘို့ | 
အဓိပ္ပာယ်ရှင်းစေဘို့ | 
စာလုံးပေါင်းမှား | 
|  | 
၄၈ | 
လေ့ကျင့်ရန် မေးခွန်းများ ၃။ | 
ဆောင်းပါအရ | 
ဆောင်းပါးအရ | 
စာလုံးပေါင်းမှား | 
ပထမနှစ်မြန်မာစာ ပြဌာန်းစာအုပ်များတွင် စာလုံးပေါင်းအမှားများ၊
အဖြတ်အတောက်အမှားများ အလွန်များပါသည်။ ကျွန်တော် ယခုဖြော်ပရခြင်း၏ ရည်ရွယ်ချက်မှာ စာတစ်ပုဒ်အတွင်း၌ပင်
မည်မျှများပြားကြောင်း သိသာရုံမျှ ဖြစ်ပါသည်။ အဝေးသင်တက္ကသိုလ် ပြဌာန်းချက် စာအုပ်အားလုံးကို
စစ်စစ်ပေါက်ပေါက် ရှာဖွေဖော်ထုတ်ပြီး အမှားစာရင်း ပြုစုမည်ဆိုလျှင် ဧရာမ စာအုပ်ကြီး
တစ်အုပ်စာလောက် ရှိမည်ဟု ခန့်မှန်းနိုင်ကြပါပြီ။ 
ဂျာနယ်ထဲတွင် အကုန်အစင်ဖော်ပြရန်မှာမူ စာမျက်နှာကိုငဲ့ညှာသောအားဖြင့်လည်းကောင်း၊
တစ်နည်းအားဖြင့်လည်း စာဖတ်သူများအဖို့ ဤမျှ အသေးစိတ်သိရန် မလိုအပ်ဟုယူဆ၍ ကျွန်တော်
အားလုံး မဖော်ပြတော့ပါ။ 
| 
ခေါင်းစဉ် | 
စာမျက်နှာ | 
စာကြောင်းရေ | 
အမှား | 
အမှန်  | 
မှတ်ချက် | 
| 
၂။ အလှနှင့်ရသ (ရွေးချယ်ချက်) | |||||
|  | 
၃ | 
၎ | 
ရိုင်းပြသော ဘ၀မှယဉ်ကျေးသိမ်မွေ့သော | 
ရိုင်းပြသောဘ၀မှ ယဉ်ကျေးသိမ်မွေ့သော | 
အဖြတ်အတောက်မှား | 
|  | 
၃ | 
၎ | 
ယဉ်ကျေးသိမ်မွေ့သော ဘ၀သို့ရောက်အောင် | 
ယဉ်ကျေးသိမ်မွေ့သောဘ၀သို့ ရောက်အောင် | 
အဖြတ်အတောက်မှား | 
|  | 
၃ | 
၆ | 
အလို့ငှါ | 
အလို့ငှာ | 
ရေးချသုံးပုံမှား | 
|  | 
၃ | 
၈ | 
အဓိပ္ပါယ် | 
အဓိပ္ပာယ် | 
ရေးချသုံးပုံမှား | 
|  | 
၃ | 
၈ | 
လူတို့၏ စိတ်၌၀င်စားသည်။ | 
လူတို့၏စိတ်၌ ၀င်စားသည်။ | 
အဖြတ်အတောက်မှား | 
|  | 
၃ | 
၁၀ | 
အငြိမ့်သမ ကလေးတစ်ယောက် | 
အငြိမ့်သမကလေး တစ်ယောက် | 
အဖြတ်အတောက်မှား | 
|  | 
၃ | 
၃၀ | 
ပညာရှိတို့ရသ၏ | 
ပညာရှိတို့က ရသ၏ | 
မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးရန် | 
|  | 
၅ | 
၂ | 
တရားမျာ | 
တရားများ | 
စာလုံးပေါင်းမှား | 
|  | 
၅ | 
၉ | 
ဓါးတလက်လက် | 
ဓားတလက်လက် | 
ရေးချသုံးပုံမှား | 
|  | 
၅ | 
၉ | 
ဂျိုးကူသံ | 
ချိုးကူသံ | 
စာလုံးပေါင်းမှား | 
|  | 
၅ | 
၉ | 
ဓါးပြတိုက်မည် | 
ဓားပြတိုက်မည် | 
စာလုံးပေါင်းမှား | 
|  | 
၅ | 
၁၂ | 
ဓါးပြမှုများ | 
ဓားပြမှုများ | 
စာလုံးပေါင်းမှား | 
|  | 
၅ | 
၂၀ | 
အနု ပညာများသည် | 
အနုပညာများသည် | 
အဖြတ်အတောက်မှား | 
|  | 
၅ | 
၂၁ | 
တသိန်းတန် | 
တစ်သိန်းတန် | 
စာလုံးပေါင်းမှား | 
အပိုင်း (၃) သို့ ဆက်ဖတ်ပါ။
 
 
No comments:
Post a Comment