Sunday, March 22, 2015

လေးမျက်နှာအလယ်တန်းကျောင်းသို့ Printer, Gesterner များ ၀ယ်ယူလှူဒါန်းခြင်း

ယနေ့ လေးမျက်နှာအလယ်တန်းကျောင်းအတွက် Printer, Gestetner, မှင်ဘူး၊ မှင်ကြိုး၊ ဖယောင်းစက္ကူ စသည်တို့ကို ဆိုင်တွင် ၀ယ်ယူပြီး လှူဒါန်းမည့်ကျောင်းမှ ဆရာ၊ ဆရာမကြီးများအား တပါတည်း ပေးအပ်လှူဒါန်းလိုက်ပါသည်။ စက်အသုံးပြုနည်း ပြင်ဆင်ထိန်းသိမ်းနည်းများကိုပါ ဆိုင်မှ ရှင်းလင်း ပြောပြလိုက်ပါသည်။ (ကျွန်တော်က တကယ်လို့ စက်ပျက်ရင်လည်း လာပြင်ပေးဘို့ပါ ပြောလိုက်ပါဦး၊ နယ်လာလို့အပိုကြေးပေးရရင်လည်း ကျွန်တော်ပေးပါမယ် ဟု ဖုံးဆက် ပြောလိုက်ပါသည်။) ကျွန်တော်က မမကို ဆိုင်မှ ကားဂိတ်ထိ အငှားကားခဘိုးပါပေးလိုက်ရန် မမေ့မလျော့မှာရသေး၏။

မမြကြည်က အေးငြိမ်းရယ်၊ ငါ အရမ်းဝမ်းသာတာပဲ ဟု ဆို၏။ သူဝမ်းသာတာထက် ကျွန်တော်ပီတိဖြစ်ရတာက ပိုပါသည်။ သူတို့ကျောင်းကိုလှူလိုက်ခြင်းဖြင့် သူတို့ကျောင်းရော၊ အနီးပတ်ဝန်းကျင်မှ ကျောင်းများပါ အဆင်ပြေမှာတွေးရတာ ကျွန်တော် အလွန်ဝမ်းသာကြည်နူးဖြစ်ရပါသည်။ အကယ်၍ လေးမျက်နှာ အထက်တန်းကျောင်းတွင် စာမေးပွဲမေးခွန်းများထုတ်ရာတွင် မနိုင်မနင်းဖြစ်နေပါကလည်း သူတို့ ကူရိုက်ပေးနိုင်မည်ဖြစ်၏။

ယခု ကျွန်တော်က youtube မှ ပညာရေးဆိုင်ရာ (သင်္ချာ၊ သိပ္ပံ စသည်) ဗီဒီယိုများ download လုပ်လျှက် သူ့အတွက် laptop ထဲတွင် ထည့်ပေးလိုက်ပါသည်။ ထို့ပြင် အီလက်ထရောနစ်စာအုပ်များကိုလည်း ဆန့်သလောက်ထည့်ပေးလိုက်ပါမည်။ စက်က harddisk က 500GB ရှိ၏။ 100GB လောက်သူတို့ဘို့ချန်ထားပြီး 400GB လောက်ကို ပညာရေးဆိုင်ရာ ဗီဒီယိုနှင့် စာအုပ်စာတမ်းများ ထည့်ပေးလိုက်မည် ဖြစ်ပါ၏။

(ယခုနောက်ဆုံး စာရင်းချုပ်လိုက်သည့်အခါ ကျပ် ၉သောင်းကျော်ကျန်ပါသည်။ ဘာဝယ်ပေးရလျှင်ကောင်းမလဲဟု မမြကြည်ထံ ဖုံးဆက်သောအခါ ဂက်စ်တန်နာက စာရွက်ရေများများရိုက်လျှင် အဆင်ပြေသော်လည်း လေးငါးဆယ်ရွက်လောက် မိတ္တူကူးဘို့ဆိုလျှင် မိတ္တူကူးစက်က ပိုအဆင်ပြေပါသည်။ ဈေးလည်း တစ်သိန်း ပတ်ဝန်းကျင်လောက်သာ ရှိသည်ဟု ဆိုသဖြင့် ကျွန်တော် ကိုစိုးသိန်းကို ထပ်စုံစမ်းခိုင်းလိုက်ပါမည်။ ဈေးသိရလျှင် မိတ္တူကူးစက်ပါ ထပ်ဝယ်လှူလိုက်ပါမည်။ နည်းနည်းပါးပါးလိုလျှင်တော့ ကျွန်တော်ပဲ စိုက်ဝယ်လိုက်ပါမည်။ လှူချင်သေးသူ မိတ်ဆွေများရှိသေးသည်ဆိုလျှင်လည်း စိတ်မဆိုးပါခင်ဗျား။)

ဝိုင်းဝန်းလှူဒါန်းကြသည့် မိတ်ဆွေအပေါင်းအသင်းအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း။

နောင်အလျဉ်းသင့်သလို လှူဒါန်းသည့်အခါလည်း ၀ိုင်းဝန်းပါဝင်လှူဒါန်းကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း။

အားလုံးကို ကျေးဇူးအထူးတင်ပါသည်။

အေးငြိမ်း

၂၁ မတ်လ၊ ၂၀၁၅
























No comments: