အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက်
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်
(၈ - ၁ - ၁၃)
အမှာ
နိုင်ငံအများစုတွင် လုပ်သားအများစုပါဝင်လုပ်ကိုင်နေသော
အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်လျှက်ရှိပါသည်။
စီးပွားရေးလုပ်ငန်းအများစုတွင် အသေးစားစီးပွားရေးလုပ်ငန်းများ မှာ အများစုဖြစ်၏။ ကမ္ဘာတစ်ဝှမ်းတွင်
အရေအတွက်အားဖြင့် စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်း၊ တစ်မျိုးသားလုံးထုတ်ကုန်
(GDP) ၏ ၄၀ မှ ၅၀ ရာခိုင်နှုန်းမှာ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖြစ်ပါသည်။
ကဏ္ဍများစွာ၌ပင် အသေးစားနှင့်အလတ်စားလုပ်ငန်းများမှာ လုပ်ငန်းသစ်တီထွင်ခြင်းနှင့် အပြိုင်အဆိုင်တို့အတွက်
တွန်းအားများဖြစ်သည်။ များစွာသောတိုင်းနိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်
အလုပ်အကိုင်အခွင့်အလမ်းများအတွက် ထိုအသေးစားလုပ်ငန်း များအပေါ် များစွာမှီခိုနေရကြောင်း
တစထက်တစ ပိုမိုသိနားလည်လာကြသည်။
ထို့ကြောင့်လည်း
ပြီးခဲ့သော ဆယ်စုနှစ်မှစ၍ အသေးစားလုပ်ငန်းများအတွက် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့်
ကျန်းမာရေးမှာ သိသာစွာ ထွန်းကားလာခဲ့သည်။ နိုင်ငံများစွာ၌ ထိုလုပ်ငန်းများကို အထောက်အပံ့ပေးရန်
စီမံကိန်းများကို စတင်ခဲ့ကြသည်။ နိုင်ငံအများစုတွင် လုပ်ငန်းရှင်များအနေနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့်
ကျန်းမာရေးလိုအပ်ချက်များ ပြည့်မီရန် အခြေခံလိုအပ်ချက်များရှိကြသည်။ ထိုလိုအပ်ချက်များကို
ဖြည့်ဆည်းရန် အချို့နိုင်ငံများတွင် လုပ်ငန်းခွင်အန္တရာယ် ကင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်တစ်ရပ်
ရှိရန်လိုအပ်သည်။ ထိုစနစ်တွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးကော်မတီ၊
အန္တရာယ်ကင်းရေး အရာရှိများရွေးကောက်ခြင်း၊ ပုံမှန် အန္တရာယ်အကဲဖြတ်မှုများ ပါဝင်သည်။
သို့တိုင် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအဖို့
အခက်အခဲများ ရှိနေပေ သေးသည်။
ထို့ကြောင့်ပင်
သတ်မှတ်ထားသည့် အသေးစားလုပ်ငန်းများ၌ ဌာနတွင်း လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး
လှုပ်ရှားမှုများကို အကောင်အထည်ဖော်ရန် အရေးကြီးရခြင်းဖြစ်လေသည်။ လုပ်ငန်းသဘာဝအရ စနစ်တကျ
အဖွဲ့များ (ဥပမာ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးကော်မတီ) ဖွဲ့ရန် မဖြစ်နိုင်သည့်တိုင်
ရိုးရှင်းပြီး ငွေကုန် ကြေးကျသက်သာသည့် နည်းလမ်းများကို ဦးစားပေးစဉ်းစား လုပ်ကိုင်ရပေမည်။
ဤလမ်းညွှန်ချက်မှာ
အလတ်စားနှင့် အသေးစားလုပ်ငန်းရှင်များအဖို့ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး
စီမံချက်ကို အကောင်အထည်ဖော်ခြင်း၊ လက်တွေ့ကျင့်သုံးခြင်း၊ ပြန်လည်ဆန်းစစ်ခြင်းနှင့်
ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်း တို့တွင် အထောက်အကူရစေရန်နှင့် လမ်းညွှန်နိုင်ရန်
ရည်ရွယ်ပါသည်။
ဤလမ်းညွှန်ချက်အား
ILO-OSH 2001: Guidelines on Occupational Safety and Health Management Systems ပေါ်အခြေခံထားပါသည်။
၎င်းမှာ လွန်ခဲ့သော ASEAN-OSHNET၏ ကောက်ချက်နှင့် OSHMS ပေါ်လစီ ဒိုင်ယာလော့ခ်သုံးခုတို့
နှီးနှောရာမှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ဤလမ်းညွှန်ချက်မှာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၆၊
၁၇ ရက် များက မလေးရှားနိုင်ငံ၊ ဂျဲန်တီးန်ဟိုက်လင်း (Genting Highland) တွင် ကျင်းပပြုလုပ်ခဲ့သော
ASEAN-OSHNET+3 OSHMS policy ဒိုင်ယာလော့၏ ဆုံးဖြတ်ချက်များထဲမှ ရလဒ်တစ်ခုဖြစ်လေသည်။
ထိုဒိုင်ယာလော့က အသေးစားလုပ်ငန်းများတွင် ၎င်းတို့လုပ်ငန်းထဲ၌ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့်
ကျန်းမာရေးကို အကောင်အထည်ဖော်ရန် လမ်းညွှန်ချက်များ လိုအပ်ပုံကို မီးမောင်းထိုးပြခဲ့သည်။
ဤလမ်းညွှန်ချက်ကို မလေးရှား
အလုပ်သမား၊ ကျန်းမာရေး ၀န်ကြီးဌာန၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဌာန၊
ဂျပန် နှင့် ဂျပန် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအကြံပေးအဖွဲ့ တို့
ပူးပေါင်းရေးဆွဲထားခြင်း ဖြစ်ပါသည်။
အခန်း
|
အကြောင်းအရာ
|
စာမျက်နှာ
| ||
|
|
|
အမှာစာ
|
|
၁
|
|
|
နိဒါန်း
|
|
|
|
|
နယ်ပယ်
|
|
|
|
|
OSHMS ၏ အယူအဆ
|
|
|
|
|
အသုံးချပုံ
|
|
|
|
|
အကျိုးအမြတ်
|
|
|
|
|
|
|
၂
|
|
|
အဓိပ္ပါယ်ဖွင့်ဆိုချက်
|
|
|
၂၊ ၁
|
|
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်
(OSHMS)
|
|
|
၂၊ ၂
|
|
အန္တရာယ်ဖြစ်နိုင်ချေ (Risk)
|
|
|
၂၊ ၃
|
|
အန္တရာယ်များ
|
|
|
၂၊ ၎
|
|
အန္တရာယ်ဖြစ်နိုင်ချေ ဆန်းစစ်ချက် (Risk Assessment)
|
|
|
|
|
|
|
၃
|
|
|
ရည်ရွယ်ချက်
|
|
|
|
|
|
|
၎
|
|
|
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ် ဖွဲ့စည်းပုံ
|
|
|
|
|
|
|
၅
|
|
|
အဖွဲ့အစည်းတစ်ခုအတွင်း၌ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး
စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်ခြင်း
|
|
|
၅၊ ၁
|
|
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး မူဝါဒ
|
|
|
၅၊ ၂
|
|
အန္တရာယ်များကို ရှာဖွေခြင်း
|
|
|
၅၊ ၃
|
|
အန္တရာယ်ဖြစ်နိုင်ချေများကို ဆန်းစစ်ခြင်း
|
|
|
၅၊ ၎
|
|
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးရည်ရွယ်ချက်များ တည်ဆောက်ခြင်း
|
|
|
၅၊ ၅
|
|
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်စေခြင်း
|
|
|
၅၊ ၆
|
|
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအစီအစဉ်များအား
လက်တွေ့အကောင်အထည်ဖော်ခြင်း
|
|
|
၅၊ ၇
|
|
တိုးတက်မှုအခြေအနေကို ပုံမှန်စောင့်ကြည့်ခြင်း
|
|
|
၅၊ ၈
|
|
လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုများ၊ မတော်တဆမှုများ နှင့် ရောဂါဘယများကို
စုံစမ်းစစ်ဆေးခြင်း
|
|
|
၅၊ ၉
|
|
အရေးပေါ်အခြေအနေကို ကာကွယ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်း
|
|
|
၅၊ ၁၀
|
|
စွမ်းဆောင်ရည်ကို တိုင်းတာခြင်း၊ စောင့်ကြည်ခြင်း
|
|
|
၅၊ ၁၁
|
|
လုပ်ငန်းစစ်ဆေးခြင်း
|
|
|
၅၊ ၁၂
|
|
ကြိုတင်ကာကွယ်ခြင်းနှင့် အမှားပြင်ဆင်ခြင်း
|
|
|
၅၊ ၁၃
|
|
စီမံခန့်ခွဲရေးအဖွဲ့၏ ပြန်လည်သုံးသပ်ချက်
|
|
|
၅၊ ၁၄
|
|
စဉ်ဆက်မပြတ်တိုးတက်မှု
|
|
|
|
|
|
|
၆
|
|
|
အခြေခံလိုအပ်ချက်၊ စည်းမျဉ်း၊ လည်ပတ်ပုံ
|
|
|
၆၊ ၁
|
|
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဖွဲ့စည်းပုံ
|
|
|
|
၆၊ ၁၊ ၁
|
ဆက်ဆံရေး
|
|
|
|
၆၊ ၁၊ ၂
|
တာဝန်ဝတ္တရားများ
|
|
|
|
၆၊ ၁၊ ၃
|
သင်တန်းများ
|
|
|
၆၊ ၂
|
|
အလုပ်သမားများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု
|
|
|
၆၊ ၃
|
|
စာရွက်စာတမ်းများ စနစ်တကျ ထိန်းသိမ်းမှု
|
|
|
၆၊ ၎
|
|
မှတ်တမ်းများထားရှိမှု
|
|
|
|
|
|
|
|
|
|
နိဂုံး
|
|
|
|
|
|
|
၇
|
|
|
နောက်ဆက်တွဲ
|
|
|
|
ပုံစံ ၁
|
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး မူဝါဒ နမူနာပုံစံ
|
|
|
|
ပုံစံ ၂
|
အန္တရာယ်များကို ရှာဖွေခြင်း ပုံစံ
|
|
|
|
ပုံစံ ၃
|
အန္တရာယ်ဖြစ်နိုင်ချေများကို ဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်းများ
|
|
|
|
ပုံစံ ၎
|
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အကောင်အထည်ဖော်ခြင်း
စစ်ဆေးချက် ပုံစံ
|
|
|
|
ပုံစံ ၅
|
လုပ်ငန်းခွင်အန္တရာယ်ကင်းရေးစစ်ဆေးချက် ပုံစံ
|
|
|
|
ပုံစံ ၆
|
လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု စုံစမ်းစစ်ဆေးချက်ပုံစံ
|
|
|
|
ပုံစံ ၇
|
အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု စစ်ဆေးချက်ပုံစံ
|
|
|
|
ပုံစံ ၈
|
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ် စစ်ဆေးချက်ပုံစံ
|
|
|
|
ပုံစံ ၉
|
စီမံခန့်ခွဲရေးအဖွဲ့၏ ပြန်လည်သုံးသပ်ချက် ပုံစံ
|
|
|
|
ပုံစံ ၁၀
|
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး သင်တန်းစီမံချက် နှင့် သင်တန်းမှတ်တမ်းများ
ပုံစံ
|
|
|
|
ပုံစံ ၁၁
|
ILO – OSH လမ်းညွှန်ချက်
|
|
နိဒါန်း
မည်သည့် လုပ်ငန်းပိုင်ရှင်၊
မန်နေဂျာမဆို ၎င်းတို့၏စီးပွားရေးလုပ်ငန်းအား ကဏ္ဍစုံစီမံခန့်ခွဲမှုပြုရန် တာဝန်ရှိပေသည်။
ထိုအထဲ၌ ငွေကြေးဆိုင်ရာကိစ္စများသာမက လုပ်ငန်းခွင်အတွင်း၌ ရှိနေစဉ် သူတို့ကိုယ်တိုင်နှင့်
၎င်းတို့၏ အချိန်ပြည့်၊ အချိန် ပိုင်း၊ အမြဲတမ်းဝန်ထမ်းများ၊ ၎င်း၏ ကန်ထရိုက်တာများ၊ အများပြည်သူစသည်တို့၏
အန္တရာယ်ကင်းရေး၊ ကျန်းမာရေး ကိစ္စများ လည်း ပါဝင်၏။ ဤလမ်းညွှန်ချက်အား အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏
ပိုင်ရှင်များ၊ အလုပ်ရှင်များ၊ မန်နေဂျာများကို လုပ်ငန်းခွင်၌ အန္တရာယ်ကင်းရှင်းရေးနှင့်
ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်စေရန် ရေးဆွဲထားခြင်း ဖြစ်ပေသည်။
လုပ်ငန်းတိုင်းသည် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့်
ကျန်းမာရေးတိုးတက်လာစေရန် ဤ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်ကို
ချမှတ်ကျင့်သုံးခြင်းဖြင့် ပြုလုပ်နိုင်သည်။ ၎င်း၌ အောက်ပါတို့ ပါဝင်သည်။ - မိမိတို့၏တာဝန်ဝတ္တရားများကို သေသေချာချာသိထားခြင်း
- မူဝါဒ နှင့် အန္တရာယ်ကင်းစွာလုပ်ရန် လုပ်ငန်းအစီအစဉ်
- လုပ်သားများ ပူးပေါင်းပါဝင်မှု
- အန္တရာယ်ကိုမြင်နိုင်မှုနှင့် စီမံခန့်ခွဲနိုင်မှု
- လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိပညာများ ဖြန့်ဝေမှု
- လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး မှတ်တမ်းမှတ်ရာများထိမ်းသိမ်းထားမှု
- စဉ်ဆက်မပြတ် တိုးတက်မှု
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့်
ကျန်းမာရေးကို အကောင်အထည်ဖော်ရာတွင် ငွေကုန်ကြေးကျများရန်မလို၊ အချိန်များစွာအကုန်ခံရန်မလို၊
ရှုပ်ထွေးခက်ခဲရန် မလိုပါ။
နယ်ပယ်
ဤစာစောင်မှာ အလတ်စားနှင့်အသေးစားလုပ်ငန်းများအတွက်
ရည်ရွယ်ပါသည်။ သို့ရာတွင် အဘယ်ကို အလတ်စား၊ အဘယ်ကို အသေးစားဟု အတိအကျ သတ်မှတ်ရန်မှာ
တိုင်းပြည်ကိုလိုက်၍ အဓိပ္ပါယ်သတ်မှတ်သူများပေါ် မူတည်ကွာခြားနိုင်ပါသည်။ နိုင်ငံကွာသလို
အလတ်စား၊ အသေးစားလုပ်ငန်းများ သတ်မှတ်ရာတွင် ကွာခြားပါမည်။ သို့သော် အလတ်စားနှင့်အသေးစားလုပ်ငန်းများကို
သတ်မှတ်ရာတွင်မူ လုပ်ငန်းအတွင်းရှိ သတ်မှတ်ထားသော လုပ်သားဦးရေ၊ သို့မဟုတ် လုပ်ငန်းပမာဏတစ်ခုအောက်ရှိ
လုပ်ငန်းများဖြစ်ပါသည်။ လုပ်သားအင်အား နှင့် လုပ်ငန်းပမာဏ သတ်မှတ်ရာတွင် မူ နိုင်ငံပေါ်မူတည်
ကွာသွားပါလိမ့်မည်။
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်၏
အယူအဆ
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်ဟူသည်
အဘယ်နည်း
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့်
ကျန်းမာရေး စီမံခန့်ခွဲမှုစနစ် (နောက်ပိုင်းတွင် ‘လအကစ’ ဟု အတိုကောက် သုံးပါမည်) ဆိုသည်မှာ
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (နောက်ပိုင်းတွင် ‘လအက’ ဟု အတိုကောက်
သုံးပါမည်) အန္တရာယ်ဖြစ်နိုင်ချေများကို လျှော့ချရေးအတွက် စီမံခန့်ခွဲရန် စနစ်တကျ ပေါင်းစပ်ညှိနှိုင်းပေးခြင်းဖြစ်သည်။
လအကစသည် အဖွဲ့အစည်းများကို လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ
ဥပဒေ၊ နည်းဥပဒေများ၊ စံနှုန်းများကို လိုက်နာရာတွင်လည်းကောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဆောင်ရွက်ချက်များကို
စဉ်ဆက်မပြတ် ပိုမိုတိုးတက်လာစေရန်လည်းကောင်း အထောက်အကူပြုသည်။ ဤကဲ့သို့ပြုလုပ်ခြင်းအားဖြင့်
၎င်းတို့အနေနှင့် လုပ်ငန်းခွင် မတော်တဆမှုများနှင့် ကျန်းမာရေးအန္တရာယ်များကို ဖျောက်ပစ်နိုင်ခြင်း၊
ပိုမိုကောင်းမွန်သောစီမံခန့်ခွဲခြင်းတို့ဖြင့် လုပ်ငန်း ခွင်အတွင်း လုပ်ကိုင်နေသူများကို
အကာအကွယ်ပေးနိုင်သည့် ပိုမိုအန္တရာယ်ကင်းသော အလုပ်ခွင်တစ်ခုဖြစ်လာအောင် ဖန်တီးပေးနိုင်မည်
ဖြစ်သည်။
စီမံ၊ လုပ်၊ စစ်၊ ပြင် စက်ဝိုင်း နှင့် အစိတ်အပိုင်းများ
စီမံခန့်ခွဲမှုစနစ်သည် ယေဘူယျအားဖြင့်
“စီမံ၊ လုပ်၊ စစ်၊ ပြင် စက်ဝိုင်း ပုံစံ” (PDCA Cycle) ကိုလိုက်နာသည်။ သို့မဟုတ် “တိုးတက်မှုစက်ဝိုင်း”
ကို အခြေခံသည်။ အဖွဲ့အစည်းသည် လအက ရည်မှန်းချက်များထားသည်။ ထိုရည်မှန်းချက် သို့ရောက်ရန်
မည်သို့လုပ်မည်ဟူသည့် စီမံချက်များရေးဆွဲသည်။ ထွက်ပေါ်လာသည့် ရလဒ်များကို စစ်ဆေးသည်။
ကွဲလွဲချက် များကို ပြန်လည်ပြုပြင်သည်။ လအကစ သည် ထို စီမံ၊ လုပ်၊ စစ်၊ ပြင် ပုံစံပေါ်အခြေခံသည်။
လုပ်ငန်းခွင်ဘေးအန္တရာယ်များ ကို ဖယ်ရှားရေး သို့မဟုတ် လျှော့ချရေးအတွက် ထိုဘေးအန္တရာယ်များကို
အစဉ်ဖော်ထုတ်ရန်၊ အကဲဖြတ်ရန် နှင့် ထိန်းချုပ်ရန် နည်းလမ်းများကို အကောင်အထည်ဖော်ရာတွင်
ပြင်းထန်၍ စနစ်ကျသော လုပ်ငန်းအစီအစဉ်များ လိုပါသည်။ အောင်မြင်သော လက်တွေ့အကောင်အထည်ဖော်ရေးမှာ
ထိရောက်သော ဦးဆောင်စီမံခန့်ခွဲမှု နှင့် လုပ်သားများ၏ ပူးပေါင်းပါဝင်မှုတို့ပေါ် မူတည်နေပါသည်။
စီမံ၊ လုပ်၊ စစ်၊ ပြင် စက်ဝိုင်း ပုံစံမှာ အောက်ပါအတိုင်းဖြစ်၏။
Ø စီမံခြင်း (Plan) - အဓိကလိုအပ်ချက်ကို ရှာဖွေခြင်းနှင့် လအက
အစီအမံကို ချမှတ်ခြင်း
Ø ပြုလုပ်ခြင်း (Do) - လအက အစီအမံကို အကောင်အထည်ဖော်ခြင်း
Ø စစ်ဆေးခြင်း (Check) - မျှော်လင့်ထားချက် နှင့် စီမံချက်လက်တွေ့ရလဒ်များကို
နှိုင်းယှဉ်ကြည့်ခြင်း
Ø ပြန်လည်ပြင်ဆင်ခြင်း (Act) - ထိုရလဒ်များအကြား ကွာခြားရခြင်း
အကြောင်းရင်းများကို ဆန်းစစ်ပါ။ ထို့နောက် တိုးတက်မှုရစေရန် မည်ကဲ့သို့သော ပြုပြင်ပြောင်းလဲခြင်းမျိုးများ
လုပ်ဆောင်ရမည်ကို ရှာဖွေပါ။
လအကစကို အခြားစီမံခန့်ခွဲရေးနည်းစနစ်များကဲ့သို့ပင် စီမံ၊
လုပ်၊ စစ်၊ ပြင် ချဉ်းကပ်နည်းအတိုင်း ရေးဆွဲထားသည်။ သူ့လုပ်ပုံလုပ်နည်းမှာ အောက်ပါအတိုင်းဖြစ်၏။
မူဝါဒနှင့်ရည်မှန်းချက် (စီမံ) à တာဝန်ဝတ္တရားနှင့် ဆောင်ရွက်ခြင်း (လုပ်) à အကောင်အထည်ဖော်ခြင်း (စစ်) à စောင့်ကြည့်ခြင်း၊ စစ်ဆေးခြင်း (ပြင်၊ အရေးတယူပြု) à တန်ဖိုးဖြတ်ခြင်း၊ ပြန်လည်ပြင်ဆင်ခြင်း၊ တိုးတက်စေခြင်း
စီမံ၊ လုပ်၊ စစ်၊ ပြင် ချဉ်းကပ်နည်းက
အန္တရာယ်ကို ကာကွယ်နိုင်၊ တားဆီးနိုင်သောလုပ်နည်းလုပ်ဟန်များ စီမံခန့်ခွဲမှု၊ အရေးပေါ်စီမံချက်၊
သင်တန်း၊ စာရွက်စာတမ်းကိစ္စ၊ ဥပဒေအရ နှင့် အခြားများစွာသော လအကဆိုင်ရာလိုအပ်ချက်တို့ကို
အားလုံးငုံမိသည့် လုပ်ငန်းဘောင်တစ်ခု ပံ့ပိုးပေးသည်။
လုပ်သားများ၏ ပူးပေါင်းပါဝင်မှု
လအကစီမံခန့်ခွဲမှုနှင့် စီမံချက်၌
လုပ်သားများအား ပူပေါင်းပါဝင်လာစေခြင်းသည် လအကစီမံခန့်ခွဲမှု နှင့် ဆောင်ရွက်ချက်များ
တိုးတက်လာစေရန် ၎င်းတို့၏လှုပ်ရှားမှုနှင့် လုပ်ပုံကိုင်နည်းများတွင် မည်သို့လုပ်ရမည်ဟူသော
အသိသညာကိုပေးနိုင်သည့် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်၏။ အဖွဲ့အစည်းများအနေနှင့် အလုပ်သမားများအား
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အကျိုးသက်ရောက်မှုများရှိစေရန် ၎င်းတို့ကိုယ်တိုင်
ဆုံးဖြတ်ချက်များ ပေးနိုင်ကြောင်း ပညာပေးရမည်ဖြစ်သည်။
ဒါပေမဲ့ ဒါ တကယ်ဘာကို ဆိုလိုတာလဲ ?
လအက လှုပ်ရှားမှုနှင့် အစီအမံများတွင်
အလုပ်သမားများကို အဓိပ္ပါယ်ရှိစွာ ပါဝင်စေရ ပါမည်။
အဖွဲ့အစည်းတွင် အလုပ်သမားများအား
တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ပါဝင်စေနိုင်သည်။ တိုက်ရိုက်အနေနှင့်
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကိစ္စများတွင် တစ်ဦးချင်းစီအလိုက်ပါဝင်စေခြင်း၊
အဖွဲ့များအနေနှင့်ပါဝင်စေခြင်းတို့ ဖြစ်နိုင်ပါသည်။ သွယ်ဝိုက်သည့် အနေနှင့် သူတို့ကိုယ်စားလှယ်များမှတစ်ဆင့်
(ဥပမာ - အလုပ်သမားများရွေးချယ်ထားသော လအက ကိုယ်စားလှယ်) ပါဝင် ဆောင်ရွက်စေနိုင်သည်။
ထိုအထဲတွင် အလုပ်သမားများကို ကိုယ်စားပြုထားသည့် လအကကော်မတီများကဲ့သို့ အဖွဲ့အစည်း
များလည်း ပါဝင်နိုင်ပေသည်။
No comments:
Post a Comment