(၁)
ကျွန်ုပ်သည် မင်းအောင်လှိုင်ကို အမှန်တကယ်ပင် ဖင်လှန်၍ မြင်းရိုက်သည့်ကြာပွတ်ဖြင့် (၃၇) ချက်လောက် ကော့နေ အောင် ရိုက်ချင်မိလေ၏။
မင်းအောင်လှိုင် စောက်ရူးထကာ အာဏာသိမ်းမှုကြောင့် ယခု ကျွန်ုပ်တို့ပြည်သူများမှာ အလုပ်အကိုင်များ မလုပ်ကြရ တော့။ အတော်များများမှာ အိုးအိမ်များ ပစ်ခွာ ထွက်ပြေးကုန်ကြရပြီ။ တစ်နိုင်ငံလုံး ဘာ$$လုပ်မှ မလုပ်နိုင်ဘဲ အုတ်အော်သောင်းတင်းဖြင့် စစ်ခွေးရူးများကို နေ့ရှိသရွေ့ တော်လှန်နေကြရသည်မှာ နှစ်လပင် ကျော်လာခဲ့လေပြီ။ ပြောရင်းပြောရင်းပင် ကျွန်ုပ် အတော် ဒေါသထွက်၏။
စုပ်တယောက်များ တီထွင်ထုတ်လုပ်လိုက်သည့် ကိုဗစ်ကြောင့် တစ်ကမ္ဘာလုံး စီးပွားပျက်နေရချိန်၊ မြန်မာပြည်သူများ လည်း ရှိသမျှလုပ်ငန်းကလေးများ ဖုတ်ဖက်ခါ လုပ်နေရချိန်တွင် နည်းနည်းမှ အစဉ်းစား အမြော်အမြင်မရှိ၊ ကိုယ့်ဘို့ တစ်ဘို့တည်းကြည့်ကာ အာဏာသိမ်းရက်လေသော ထိုနှမလွှား၊ သောက်ဂမြင်းမသား၊ မအေယိုး၊ ကမကလ၊ ဖယိုးမတား၊ မသာကောင်၊ $$ရူး၊ လူလိမ်၊ သေဂျင်းဇိုး၊ ကာလနာ၊ မြွေပွေးကိုက်၊ ကလေကချေ၊ အုတ်ကြားမြက်ပေါက်၊ ခွေးသဒေါင်းဇားကို ကျွန်ုပ်သည် နေ့ရှိသရွေ့ ကျိန်ဆဲ၏။ ရှိသမျှသော ဆဲနည်းမျိုးစုံဖြင့် ဆဲ၏။ မြန်မြန်မသာပေါ်ပါစေဟု ဆုတောင်း၏။ ဖေ့စ်ဘုတ်မှ ဓာတ်ပုံ၊ ဗီဒီယိုများကို မြင်ရလေ ကျွန်ုပ်ရင်မှာ တစစ်စစ်နှင့် နာကျည်းလေ ဖြစ်၏။
(၂)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ မနက် ၇ နာရီကျော်လောက် ကျွန်ုပ် အလုပ်သွားဘို့ပြင်နေစဉ် ကိုအောင်နိုင်က ဟောဒီမှာ၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းသွားပြီတဲ့ဗျ ဆိုပြီး လာပြသည့်အခါ ကျွန်ုပ် မယုံ။ ခင်ဗျားဟာ သတင်း အမှားကြီး ဖြစ်နေပါအုံးမယ်ဗျာ ဟုပင် ဆိုမိသေး၏။ သို့သော် RFA သတင်းဌာနက တင်ထားတာ ဖြစ်သည့်အတွက် ကျွန်ုပ်မှာ လက်မခံချင်ဘဲ အောင့်သက်သက်နှင့်ပင် လက်ခံလိုက်ရလေ၏။
ထိုနေ့သည် ကျွန်ုပ်အတွက် အမင်္ဂလာနေ့ ဖြစ်သွားချေပြီ။
ကျွန်ုပ်စိတ်ထဲတွင် အတော် မခံချိမခံသာဖြစ်နေမိလေ၏။
ကျွန်ုပ်မှာ အိမ်သာပဲပြေးတက်ချင်သလိုလို၊ ဟိုရှေ့ကကောင်ပဲ ပါးပြေးချချင်သလိုလို၊ ဖင်ထဲ ပဒတ်ဝင်နေသူပမာ တစ်နေ့လုံး နေမထိထိုင်မသာ ဖြစ်လျက်ရှိ၏။
ကျွန်ုပ်သည် စာလေးဘာလေးဖတ်၊ သတင်းပလင်းလေးလည်း နားထောင်သည့် အလေ့ရှိ၍ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများ တွင် ယုတ်မာသူများ ရှိသည်ကို တွေ့မိဖူးပါ၏။ သို့တိုင် မြန်မာပြည်လောက်ကား လူယုတ်မာတို့ အများအပြား ဖြစ်ထွန်း ပေါ်ပေါက်နေသည်ဟု မကြားမိစဖူး။ မြန်မာပြည်၌ကား လူယုတ်မာတို့ အတန်ပင် များပြားလှသည်ကို တွေ့ရ၏။
ထိုမျှသာမက အနှီယုတ်မာသူများမှာ သာမန်လူတန်းစားထဲမှ မဟုတ်ဘဲ အဝတ်ကောင်း အစားကောင်းကြီးများ ဝတ်စား ကုန်လျက်၊ တံဆိပ်အမျိုးမျိုးတပ်ကာ သူတို့ကိုယ်သူတို့ ဘာဂေါင်ဂျီးများ ဟု ထင်နေသူများ ဖြစ်နေလေရာ အံ့ဩကုန်နိုင် ဘွယ်ပင် ဖြစ်တော့၏။
မြန်မာနိုင်ငံတွင်လည်း ယခင်က ယုတ်မာသူများ ပေါ်ခဲ့ပါ၏။ သို့သော် ၂၁ ရာစု လူယုတ်မာများ၏ ဖင်ဖုတ်ဖျားကိုပင် မမီ။ $$ဂမြင်းမတား မင်းအောင်လှိုင်ဦးဆောင်သည့် လူယုတ်မာများကား ကမ္ဘာ့အယုတ်ဆုံး ဆိုသူများထက် အဆ (၂၀) ပြန် လောက်ပင် ယုတ်မာပြကြလေကုန်သတည်း။
(၃)
ကျွန်ုပ်သည် စာရေးဆရာပင်မဟုတ်သော်ငြား၊ စာရေးခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်နေခြင်း မဟုတ် သော်ြငား ကျွန်ုပ်၏ အချိန်ပိုမှန်သမျှကို စာရေးစာဖတ်ခြင်းဖြင့်သာ ကုန်ဆုံးစေသူ ဖြစ်၏။
ကိုဗစ်ကြောင့် ပြည်သူအများ စီးပွားကျနေချိန် စာအုပ်ထုတ်ဝေရေးလုပ်ငန်းများလည်း ကပ်ဆိုက်လျက်ရှိ၏။
ဤသည့်အခြေအနေမှာ ကျွန်ုပ်၏ဝါသနာကို ဒါရိုက်ဟစ် ထိလေ၏။
ကျွန်တော်တို့လို စာရေးဆရာမဟုတ်သူများအဖို့ စာဆိုတာ တွန်းအားလေးတစ်ခုတော့ရှိမှ ရေးဖြစ်တာ ဖြစ်၏။
ဆရာဦးသက်ဆွေတို့၏ အပြင်စီးတွင် ကျွန်ုပ်သည် ခရစ္စတိုဖာပေါက်ကျိုင်းကို ပုံမှန်ရေး၏။ သို့သော် အပြင်စီးခမျာ ဆက်လက်ရပ်တည်ခြင်းငှာ မတတ်နိုင်တော့၍ ရပ်လိုက်ရလေတော့ရာ အပြင်စီးနှင့်အတူ ကျွန်ုပ်၏ ခရစ္စတိုဖာ ပေါက်ကျိုင်းမှာလည်း ဝမ်းနည်းစရာပင် နိဋ္ဌိတံသွားရလေ၏။
နောက် ကျွန်တော် ပင်တိုင်လိုလို ရေးနေသည့် The Voice မှာလည်း ဘယ်သို့ဘယ်ပုံ ဖြစ်လေသည်မသိ။ ကျွန်ုပ် ဆက် မရေးဖြစ်တော့။
၃ လတစ်ကြိမ်ထုတ် Tech Digest သို့လည်း ကျွန်တော် စာမူမှန်မှန်ပို့ပါသည်။ သို့သော် ကိုဗစ်ဒဏ်ကြောင့် Tech Digest မှာလည်း နားထားရလေရာ ကျွန်ုပ်မှာ စက်ပျက်ရပြန်၏။
ကျွန်ုပ် မနားတမ်းရေးနေသည့် WSH Myanmar ဂျာနယ်မှာလည်း ကိုဗစ်ကြောင့် အလွန်ချိနဲ့သွားလေရာ လဲမကျအောင် အနည်းနည်းဖြင့် ဒေါက်ကန်ထားနေရခိုက် မင်းအောင်လှိုင် $$ရူးထမှုကြောင့် လုံးဝရပ်တန့်သွားချေပြီ။
ကျွန်ုပ်မှာ အလွန်ဝမ်းနည်းမိလေ၏။
ဖေဖော်ဝါရီတစ်လလုံးနှင့် မတ်လလယ်လောက်ရောက်သည်ထိ ကျွန်ုပ်မှာ ဖေ့စ်ဘုတ်ကိုကြည့်လျက် ဒေါသထွက်လိုက်၊ မျက်ရည်ကျလိုက်၊ စိတ်မကောင်းဖြစ်လိုက်၊ တောက်ခေါက်လိုက်၊ မင်းအောင်လှိုင်ကို ငါနှင့်ကိုင်တုတ်လိုက်နှင့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို download လုပ်ခြင်း၊ ကိုယ်တိုင်ဆဲခြင်း၊ အခြားသူများ၏ ပို့စ်များတွင် ဆဲခြင်းတို့ဖြင့် အချိန်ကုန်သတည်း။
စာရေးစာဖတ်ခြင်း၊ သီချင်းဆိုခြင်း၊ ပန်းချီဆွဲခြင်း စသည့်အလုပ်တို့မှာ စိတ်နှင့်တိုက်ရိုက်ပတ်သက်နေသည့် အလုပ်များ ဖြစ်လေရာ စိတ်များညစ်ညူးနေချိန်တွင် ကျွန်ုပ်မှာ ဆရာလေးတို့နှင့်အတူ ဘီယာလေးသောက်၊ ကိုတိုးကြီး၏ ပန်းချစ်သူ ကို စိမ်ပြေနပြေဆိုခြင်းအလုပ်ကိုသော် လည်းကောင်း၊ ရုပ်ရှင်ကြည့်ခြင်းကိုသော် လည်းကောင်း၊ စာရေးစာဖတ်ခြင်းကို သော်လည်းကောင်း မလုပ်နိုင်ဘဲ ရှိလေ၏။
မတ်လလယ်လောက်ရောက်သည့်အခါကျမှ အင်း၊ ငါ ဒီလိုလေနေလို့ မဖြစ်ပေဘူး။ ငါ လေနေလို့လည်း မအေယိုး မင်းအောင်လှိုင် သေချင်းဆိုးနဲ့သေသွားမှာ မဟုတ်ဘူး။ စာလေးဘာလေး ပြန်ရေးဦးမှဟု စိတ်ကို အနိုင်နိုင်တင်းလျက် ယခင်က စပြီးသား ဓာတ်ငွေ့ဖြင့်ဖြတ်ခြင်း၊ ဂဟေဆော်ခြင်းအကြောင်း သိကောင်းစရာကို အတင်း ဖြစ်ညှစ်ကာ ဆက်ရေးဖြစ်လေ၏။ သို့မို့ကြောင့် ယခုအခါ ထိုစာအုပ်သည် ပြီးဆုံးခြင်းသို့ရောက်ပြီးသကာလ ကျွန်ုပ်၏ ထုတ်ဝေသူထံ ပေးပို့လိုက်ပြီး ဖြစ်ပါ၏။ သို့သော် သည်လိုအခြေအနေနှင့် မည်သည့်ကာလကျမှ စာအုပ်အဖြစ်မြင်ရမည်ကား မသေချာ လှပေ။
သို့မို့ကြောင့်ပင် ကျွန်ုပ်တို့တိုင်းသူပြည်သားများ ကိုယ့်အလုပ်ကို မလုပ်နိုင်အောင် လုပ်ခဲ့သော နှမလွှားမင်းအောင်လှိုင်ကို ကျွန်ုပ်သည် ဖင်ကို ပြောင်နေအောင်လှန်၍ မြင်းရိုက်သည့်ကြာပွတ်ဖြင့် (၃၇) ချက်လောက် ကော့နေအာင် စောက်ရူး ထဦးမလားဟဲ့၊ စောက်ရူးထဦးမလားဟဲ့ ဟု မေးမေးပြီး ရိုက်ချင်မိခြင်း ဖြစ်သတည်း။
အဓမ္မသမားတို့ ကျဆုံးရမည်။
အရေးတော်ပုံ အောင်ရမည်။
အေးငြိမ်း
၁၃ ဧပြီလ၊ ၂၀၂၁
No comments:
Post a Comment