လာပါပြီ။
3 for 1 dollar ပညာရေး။
စင်ကာပူတွင် ခပ်ညံ့ညံ့ ပစ္စည်းများကို ပါစာမာလမ်ဈေးများ၌ ရောင်းတာ မိတ်ဆွေတို့ တွေ့ဖူးပါလိမ့်မည်။ 3 for 1 dollar ဟူ၏။
စစ်အစိုးရသည်လည်း 3 for 1 dollar ပညာရေးကို နှစ်နှစ်ခြိုက်ခြိုက် ကျင့်သုံးခဲ့၏။
နိုင်ငံတော်ကြီး ချောက်ထဲကျဘို့ လက်နှစ်လုံးလောက်သာ လိုတော့သည် . . .
($$ကျိုးနဲ . . လက်နှစ်လုံးလောက်ပဲလိုတာကို ဘယ်နေရာကများ သွားတိုင်းလိုက်ပါလိမ့်။ မဟုတ်မှလွဲရော။ သူ့ကြီးဒေါ်ကြီး အပေါက်နားက တိုင်းတာနေမယ်။)
. . . ဟူသည့်အကြောင်းပြချက်ဖြင့် စစ်အာဏာရူးများသည် နိုင်ငံတော်အာဏာကို နှစ်အတန်ကြာ အဓမ္မရယူထားခဲ့ကြ၏။
ထို့နောက် အရေးအခင်းဖြစ်၍ ကျောင်းများပိတ်ထားရသည်ဆိုကာ မဖြစ်ညစ်ကျယ် စာမေးပွဲကလေးများကျင်းပလျက် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များမှ တက်လက်စ ကျောင်းသားအားလုံးကို အအောင်ပေးခဲ့၏။ ကျောင်းများ ပြန်ဖွင့်သည့်အခါ ပုံနေသည့် ကျောင်းသားများကို ရှင်းထုတ်ရန် တစ်နှစ်နှစ်တန်း စနစ်ကို အကောင်အထည်ဖော် ကျင့်သုံး ခဲ့၏။
ကျွန်ုပ် စိုက်ပျိုးရေးတက္ကသိုလ်တွင် ဆရာဖြစ်ခါစက စစ်အစိုးရ၏ တစ်နှစ် နှစ်တန်း ပညာရေးစနစ်ကို အကောင်အထည် ဖော်နေသခိုက် ဖြစ်၏။
ကျွန်ုပ်တို့သည် ဝန်ထမ်းမျှသာဖြစ်သဖြင့် ဘာတတ်နိုင်ပါမည်နည်း။ သူတို့သေဆိုသေ၊ ရှင်ဆိုရှင်ကြရသူများဖြစ်သဖြင့် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ။ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ထိုစနစ်ဆိုးကြီးကို အကောင်အထည်ဖော် ပေးခဲ့ကြရ၏။
၆ လလျှင် တစ်တန်းနှုန်းဖြင့် အောင်လာကြသူများ ကိုယ့်အရည်အချင်းကို ကိုယ်သိပါသည်။
ကျောင်းသာပြီးသွားသည်။ ဘာမှမတတ် ဟူသည့် ရလဒ်မှာ ကလေးများကြောင့်မဟုတ်။ စစ်အစိုးရကြောင့် ဖြစ်၏။
ကလေးများဟူသည် လူကြီးများက ထုဆစ်လိုက်သည့်အတိုင်း ပုံပေါ်လာရတာဖြစ်၏။
ထိုစဉ်က မြန်မာနိုင်ငံပညာရေး၏ ဒိသာပါမောက္ခမှာ ဗိုလ်ဖင်တွန့်ဖြစ်၏။
မြန်မာနိုင်ငံတွင် လူယုတ်မာများစွာ ပေါ်ထွန်းခဲ့သည့်အနက် ဗိုလ်ဖင်တွန့်မှာ မြန်မာ့လူယုတ်မာများသမိုင်းတွင် နံပါတ် (၁) နေရာကို ရယူထားသူဖြစ်၏။ (အဲလေ စူ့ထက်စွာသည့် မင်းအောင်လှိုင် ပေါ်လာသည့် ယခုအခါတွင်မတော့ ဗိုလ်ဖင်တွန့်မှာ လူယုတ်မာများ စာရင်းတွင် နံပါတ် (၂) အဆင့်သို့ ကျဆင်းသွားရလေ၏။)
ဖင်တွန့်သည် “ငါတို့ကို အာခံတဲ့ မအေဘေးတွေ သွားပေရော့ မြောင်းထဲကို” ဟူသည့် အငြိုးအာဃာတဖြင့် မြန်မာပြည် တွင် တက္ကသိုလ်များကို မှိုလို (အဲလေ မှိုထက်တောင်ပေါပါသေးသည်) ပေါက်အောင် ဖွင့်ခဲ့၏။ 3 for 1 dollar ဒေါက်တာ များ မွေးထုတ်လျက် ဘာပါမောက္ခ၊ ညာပါမောက္ခတွေ ခန့်ပစ်ခဲ့၏။
တက္ကသိုလ်တစ်ခုဖွင့်တယ်ဆိုတာ ဘိလပ်မြေဖြင့် သရိုးကိုင်ထားသော အဆောက်အဦတစ်ခု ဆောက်လိုက်ရုံဖြင့် မပြီးမှန်း မိတ်ဆွေတို့ သိပါသည်။
ဤသည်မှာ နည်းနည်းနောနော ယုတ်မာမှု မဟုတ်။
မျိုးနှင့်ရိုးနှင့်ချီကာ ငတုံးများဖြစ်သွားအောင် ယုတ်မာကောက်ကျစ်မှု ဖြစ်၏။
မနေ့က မခင်လေးတင်ထားသည့် ပို့စ်တစ်ခုတွေ့ရတော့ ကျွန်ုပ်မှာ အင်း၊ ဇာတ်လမ်းကတော့ စလာပြီ ဟု တွေးမိ၏။
ဘာတဲ့၊ ဒုတိယနှစ်ဝက်သင်တန်းကို ရက် (၄၀) ဆိုပါလား။
ငှယ်၊ အရက် (၄၀) ကြီးများတောင်။ ပျင်းစရာကောင်းလိုက်တာအေ။ မသကာ နှစ်ပတ်လောက်ဆို တော်ရောပေါ့။
စစ်အာဏာရူးများသာ အုပ်ချုပ်မည်ဆိုပါက ဤကဲ့သို့သော ကိစ္စများကို အသင်တို့သည် မမြင်ချင့်အဆုံး၊ မကြားချင့် အဆုံး။ မြင်လာရ၊ ကြားလာရလိမ့်မည်။
စစ်အာဏာရူးများခေါင်းထဲတွင် တိုင်းပြည့်ဘဏ္ဌာများကို ခိုးဘို့လောက်ကလွဲပြီး တခြားဘာမှ မရှိ။
သူရို့စိတ်ရူးပေါက်ရာမှန်သမျှ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ကြက်ဆူပင်က ဒီဇယ်ထုတ်ခြင်း အစရှိသည့် ပေါက်တတ်ကရမှန်သမျှ အကုန်လျှောက်လုပ်လိမ့်မည်။
ကျွန်ုပ်တို့၏တာဝန်မှာ ၎င်းတို့ကို စောက်ရူးထခွင့် မပေးရေးဖြစ်၏။
၎င်းတို့ စောက်ရူးထတာနှင့် တိုင်းပြည်လည်း ဖွတ်သထက် ညက်ခဲ့ရပြီ။
ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ခဲ့ရပြီ။
မြန်မာဟေ့ ဆိုလိုက်လျှင်ပင် အကြည့်များ တမျိုးပြောင်းကုန်ကြသည်။
ကျွန်ုပ်တို့ချစ်သည့် “မြန်မာ” ၏ အသရေကို ပြန်ဆယ်ဘို့အတွက် ထို စစ်အာဏာရူးများကို အကုန် မျိုးဖြုတ်ပစ်ရ ပေလိမ့်မည်။
လက်နက်ရှိလျှင် ဘာမဆိုလုပ်လို့ရသည်ဆိုသော ၎င်းတို့ခေါင်းထဲတွင် စွဲနေသည့် အင်မတန် ရူးမိုက်လှသည့် အတွေးအခေါ်ကို ကျွန်ုပ်တို့ ရိုက်ထုတ်ပစ်ရပေလိမ့်မည်။
“လက်နက်ရှိတိုင်း လုပ်ချင်တိုင်း လုပ်လို့မရ” ဆိုတာကို ခွေးမသားများသိသွားအောင် လုပ်ဘို့အရေး ကျွန်ုပ်တို့ မြန်မာနိုင်ငံသား အားလုံးတွင် တာဝန်ရှိ၏။
ဤသည်မှာ ကျွန်ုပ်တို့၏ သမိုင်းပေးတာဝန်ဖြစ်၏။
စစ်အာဏာရူးတို့ ကျဆုံးရမည်။
အရေးတော်ပုံ အောင်ရမည်။
အေးငြိမ်း
၂၈ ဧပြီလ၊ ၂၀၂၁