(၁)
မိတ်ဆက်သင်တန်းများ အရေးကြီးပုံ
စင်ကာပူသို့
ယခုမှ စရောက်လာသည့် အိမ်အကူလုပ်သားများ (FDW - Foreign Domestic Workers) သည် အလုပ်မဝင်မီ၊
ဝပ်ပါမစ်ကဒ် ထုတ်မပေးမီ SIP (Settling-In Programme) ကို တက်ကြရသည်။ ထိုအလုပ်သမားများကို
ထိုသင်တန်းပေးခြင်းမှာ အလွန်ကောင်း၏။
ထိုသင်တန်းက
စင်ကာပူနိုင်ငံအကြောင်း၊ စင်ကာပူမှ လူများအကြောင်း၊ စင်ကာပူတွင်နေလျှင် လိုက်နာရမည့်
စည်းမျဉ်းစည်းကမ်း များ၊ စင်ကာပူတွင် အလုပ်လုပ်လျှင် လိုက်နာရမည့် ဥပဒေများ၊ ဥပဒေကို
ချိုးဖောက်လျှင် မည်ကဲ့သို့ အပြစ်ပေး၊ အရေးယူတာ ခံရမည်၊ ၎င်းတို့ကို ပေးထားသည့် တရားဝင်ရပိုင်ခွင့်များကား
အဘယ်နည်း၊ မည်ကဲ့သို့သော အလုပ်များလုပ်ရမည်၊ အလုပ်လုပ်ရာတွင် အန္တရာယ်ကင်းအောင် မည်ကဲ့သို့လုပ်ရမည်၊
အလုပ်ရှင်နှင့် ဆက်ဆံရေးကောင်းအောင် မည်ကဲ့သို့ တည်ဆောက်မည်၊ အကူအညီလိုလျှင် မည်သည့်နေရာများ၌
အကူအညီတောင်းရမည်၊ စိတ်ဖိစီးမှုဖြစ်လာလျှင် မည်ကဲ့သို့ ဖြေရှင်းမည် အစရှိသည့် သိသင့်သိထိုက်သည်များကို
သင်ပေးသည်။
အလုပ်သမားများအနေနှင့်
၎င်းတို့လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကို သိသွားသောကြောင့် မဟုတ်တာ မလုပ်မိ
တော့သောကြောင့် ပြဿနာ နည်းသွားမည်၊ မိမိတို့၏ တရားဝင်ရပိုင်ခွင့်များကို သိထားသောကြောင့်
မတရားတာ အလုပ်ခံရခြင်း ဘေးမှ ကင်းဝေးသွားမည်။ 
မည်သည့်
အဖွဲ့အစည်း၊ လုပ်ငန်း၊ ဌာန၊ စီမံကိန်းမဆို မိမိထံရောက်လာသည့် လူသစ်များကို ထိုကဲ့သို့သော
သင်တန်းများ အမှန်ပင် ပေးသင့်လှ၏။ သို့မှသာ ထိုလူသစ်များသည် ဤအဖွဲ့အစည်း၊ လုပ်ငန်း၊
ဌာန၊ စီမံကိန်းအကြောင်း သိသွားနိုင်မည်။ မိမိဌာန အကြီးအကဲမှာ မည်သူဖြစ်သည်၊ မိမိတို့ဌာနဖွဲ့စည်းပုံ
မည်သို့ရှိသည်၊ မိမိတို့ဌာနက ဘာတွေလုပ်နေသည်၊ မိမိယူရမည့် တာဝန်၊ ဝတ္တရားများ၊ လိုက်နာရမည့်
စည်းမျဉ်းစည်းကမ်းများ၊ ထိုစည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်လျှင် မည်ကဲ့သို့ အပြစ်ပေး၊
အရေးယူတာ ခံရနိုင်သည် အစရှိသဖြင့်။ 
ဤသည်မှာ
Right to know ဖြစ်၏။ (အင်္ဂလိပ်လိုသုံးမိခြင်းအတွက် ခွင့်လွှတ်ကြပါကုန်။ လူအထင်ကြီးအောင်
ညှပ်ရေးရခြင်း ဖြစ်၏။) သိသင့်သိထိုက်သည်တို့ကို သိရန် လူတိုင်းမှာ အခွင့်အရေးရှိသည်။
လူတို့သည် မိမိတို့လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း များ၊ ထိုစည်းကမ်းများကို မလိုက်နာလျှင်
မည်ကဲ့သို့ အပြစ်ပေးအရေးယူခံရမည်၊ မိမိယူရမည့် တာဝန်ဝတ္တရားများ အစရှိသည်တို့ ကို သိနားလည်ထားခြင်းဖြင့်
မဖြစ်သင့်သော ပြဿနာတို့ မဖြစ်အောင် ကာကွယ်တားဆီးနိုင်သည်။ 
စင်ကာပူ၌
စီမံကိန်းလုပ်ငန်းခွင်အတွင်း ရောက်လာသည့် (အင်ဂျင်နီယာ၊ မန်နေဂျာများပါ အပါအဝင်) မည်သည့်လူသစ်ကိုမဆို
SIC (Safety Induction Course) သင်တန်းပေး၏။ ထိုသင်တန်းက ဤလုပ်ငန်းအကြောင်း၊ ဤစီမံကိန်းလုပ်ငန်းမှ
တာဝန်ရှိသူ များကို ဖော်ပြထားသည့် Organization Chart, လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊
အရေးပေါ်ထွက်ပေါက်၊ အရေးကြုံလျှင် မည်ကဲ့သို့လုပ်ရမည်၊ မတော်တဆမှုကို မည်ကဲ့သို့သတင်းပို့ရမည်
စသည်တို့ကို သင်ပေးသည်။ သို့မှ အနှီလူသစ်သည် မိမိ အလုပ်လုပ်ရမည့် လုပ်ငန်းခွင်အကြောင်း၊
မိမိအလုပ်အကြောင်း စသည်တို့ကို သိသွားမည်။ 
(၂)
Work Permit အလုပ်သမားများအတွက် SIP (Settling-in Programm) သင်တန်း
၂၀၁၇
ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က စင်ကာပူနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး
(Minister for Manpower) မစ္စတာ လင်ဆွီဆေးက နိုင်ငံခြားသား အလုပ်သမားများအား ဂုဏ်ပြုညစာစားပွဲ၌
၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်တွင် စင်ကာပူသို့ အလုပ်လုပ်ရန် ရောက်ရှိလာသသည့် မလေးရှားနိုင်ငံသားမဟုတ်သူ
ဝပ်ပါမစ်အလုပ်သမားများ (ဆောက်လုပ်ရေး) ကို SIP သင်တန်းပေးမည် ဟု ကြေငြာခဲ့၏။ လောလောဆယ်တွင်
ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုအတွက်သာ လုပ်ပါမည်၊ နောက်ပိုင်း တွင် marine, process,
manufacturing and services လုပ်ငန်းများအတွက်ပါ တိုးချဲ့ ဖွင့်လှစ်ပေးသွားမည် ဖြစ်၏။
သင်တန်းမှာ
မတက်မနေရသင်တန်းဖြစ်ပြီး အလုပ်ရှင်အနေနှင့် အလုပ်သမားများကို ထိုသင်တန်းတက်ရန် စီစဉ်ပေးရမည်။
သင်တန်းစရိတ်ကိုလည်း ကုမ္ပဏီက ကျခံရမည်။ 
သင်တန်းပုံစံမှာ
လက်ရှိကျင့်သုံးနေသည့် အိမ်အကူလုပ်သားများကို ပေးသည့် SIP သင်တန်းအတိုင်းပင် ဖြစ်၏။
တစ်ရက် သင်တန်း ဖြစ်ပြီး သင်တန်းကို မိခင်ဘာသာစကားများဖြင့် ပို့ချပေးပါမည်။ (ဥပမာ
- မြန်မာအလုပ်သမားများအတွက် မြန်မာ ဘာသာဖြင့်၊ အိန္ဒိယအလုပ်သမားများအတွက် တမီလ်ဘာသာဖြင့်
စသည်)
ဤသင်တန်းများပေးရန်
၂၀၁၆ ခုနှစ်က အလုပ်သမားပေါင်း ၁၉၀၀ ကို အစမ်းသင်တန်းပေးကာ သင်တန်း၏ ထိရောက်မှု၊ အကျိုးရှိမှုတို့ကို
ဆန်းစစ်ခဲ့၏။ အစမ်းသင်တန်းသို့ အလုပ်သများ ၂၆ ယောက်စေလွှတ်ခဲ့သူ Straits
Construction Singapore မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ Mr. Kenneth Loo က သင်တန်းမှာ အလုပ်ရှင်ရော၊
အလုပ်သမားများအတွက်ပါ အကျိုးရှိကြောင်း၊ အလုပ်သမားများသည် မိမိတို့လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်
ရပိုင်ခွင့်များကို သိသွားသဖြင့် အလုပ်တွင် ပြဿနာ နည်းသွားကြောင်း စသည်တို့ကို ပြောပြ၏။
(၃)
SIP သင်တန်းမှာ ဘာတွေသင်မလဲ
Migrant
Workers' Centre အကြောင်းနှင့် ၎င်းတို့က အကူအညီပေးသည့် ဝန်ဆောင်မှုများအကြောင်း၊ ဆက်သွယ်ရမည့်
ဖုန်းနံပါတ်များကို ရှင်းလင်းပြောကြားမည်။ 
အခန်း (၁) စင်ကာပူအကြောင်း မိတ်ဆက်
Ø  စင်ကာပူ၌ တစ်ရာ့တစ်ပါးသော
လူမျိုးများ နေထိုင်ကြ
Ø လူမျိုးစုံသလို ဘာသာစကားလည်းစုံ၊ အမူအကျင့် ဓလေ့စရိုက်လည်းစုံ၊ ကိုးကွယ်ကြသော ဘာသာတရားလည်းစုံ၊ ယဉ်ကျေးမှုလည်းစုံ
Ø ၎င်းတို့နှင့် အတူတကွ အဆင်ပြေပြေ ပေါင်းသင်းနေထိုင်နိုင်ရန် အရေးကြီး
Ø ဘုံဘာသာစကားမှာ အင်္ဂလိပ်ဖြစ်ပြီး ပေါင်းသင်းဆက်ဆံရာတွင် အဆင်ပြေစေရန် အင်္ဂလိပ်လို အနည်းအကျဉ်းတော့ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်၊ နားထောင်တတ်ရန်လို
Ø စင်ကာပူတဝှမ်း၌ အနားယူအပန်းဖြေသည့်နေရာ (Recreation Center) ခုနစ်ခုရှိ
Ø ထိုနေရာများတွင် အားကစားလုပ်ခြင်း၊ ဘောကန်ခြင်း၊ ဆံပင်ညှပ်ခြင်း၊ ငွေလွှဲခြင်း၊ ဈေးဝယ်ခြင်း၊ မိတ်ဆွေသူငယ်ချင်း များနှင့် စားသောက် အပန်းဖြေခြင်း စသည်တို့ လုပ်နိုင်
Ø (ထိုနေရာများ၏ လိပ်စာများနှင့်တကွ ရှင်းပြ)
Ø လူမျိုးစုံသလို ဘာသာစကားလည်းစုံ၊ အမူအကျင့် ဓလေ့စရိုက်လည်းစုံ၊ ကိုးကွယ်ကြသော ဘာသာတရားလည်းစုံ၊ ယဉ်ကျေးမှုလည်းစုံ
Ø ၎င်းတို့နှင့် အတူတကွ အဆင်ပြေပြေ ပေါင်းသင်းနေထိုင်နိုင်ရန် အရေးကြီး
Ø ဘုံဘာသာစကားမှာ အင်္ဂလိပ်ဖြစ်ပြီး ပေါင်းသင်းဆက်ဆံရာတွင် အဆင်ပြေစေရန် အင်္ဂလိပ်လို အနည်းအကျဉ်းတော့ ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်၊ နားထောင်တတ်ရန်လို
Ø စင်ကာပူတဝှမ်း၌ အနားယူအပန်းဖြေသည့်နေရာ (Recreation Center) ခုနစ်ခုရှိ
Ø ထိုနေရာများတွင် အားကစားလုပ်ခြင်း၊ ဘောကန်ခြင်း၊ ဆံပင်ညှပ်ခြင်း၊ ငွေလွှဲခြင်း၊ ဈေးဝယ်ခြင်း၊ မိတ်ဆွေသူငယ်ချင်း များနှင့် စားသောက် အပန်းဖြေခြင်း စသည်တို့ လုပ်နိုင်
Ø (ထိုနေရာများ၏ လိပ်စာများနှင့်တကွ ရှင်းပြ)
အခန်း (၂) စင်ကာပူနိုင်ငံသားတို့ နေထိုင်ပုံနှင့်
လူမှုပတ်ဝန်းကျင် စံများ 
------------------------------------------------------------------------
Ø  စင်ကာပူ၌ မတူကွဲပြားခြားနားသည့်
ဘာသာအယူဝါဒ၊ ယဉ်ကျေးမှုများရှိ၍ အခြားသူများ၏ ဘာသာအယူဝါဒ၊ ယဉ်ကျေးမှုများကို လေးစားလိုက်နာရန်၊
၎င်းတို့နှင့် သဟဇာတဖြစ်အောင်နေရေး အရေးကြီး
Ø  အမှိုက်ပစ်ခြင်း၊ တံတွေးထွေးခြင်း၊
မူးယစ်ရမ်းကားခြင်းတို့သည် အပြစ်ပေးအရေးယူခြင်းခံရနိုင်သော အမှုများဖြစ် 
Ø  အမှိုက်ပစ်လျှင် ဒဏ်ငွေ
စင်းဒေါ်လာ ၂၀၀၀ ထိ ဒဏ်ရိုက်ခံရနိုင် 
Ø  ရန်ဖြစ်ခြင်း၊ အဓိကရုဏ်းများတွင်
ပါဝင်ပတ်သက်ခြင်း စသည့်အမှုများသည် မိမိကိုင်ဆောင်ထားသည့် ဝပ်ပါမစ် အနေအထားကို ထိခိုက်စေနိုင်
Ø  အများပြည်သူပိုင်နေရာများတွင်
မူးယစ်ရမ်းကားပါက ဒဏ်ငွေ စင်းဒေါ်လာ ၁၀၀၀ ထိ ချမှတ်ခံရနိုင်
Ø  ဘယ်ခွေးမှ လူမထင်ဘူးကွဟု
အရပ်ထဲတွင် မူးယစ်အော်ဟစ်ဆဲဆိုပါက ဒဏ်ငွေ စင်းဒေါ်လာ ၁၀၀၀ ထိ ချမှတ်ခံရနိုင်
Ø  မူးပြီး အများပြည်သူပိုင်နေရာများတွင်
မအိပ်ရ
Ø  ည ၁၀ နာရီခွဲမှ မနက်
၇ နာရီထိ အများပြည်သူပိုင်နေရာများတွင် အရက်သေစာ သောက်စားခြင်း မပြုရ
Ø  ပင်ပင်ပန်းပန်းရှာဖွေထားရသော
ပိုက်ဆံများကို လောင်းကစားခြင်းဖြင့် ဖြုန်းတီးမပစ်ပါနှင့်။ မိမိကိုယ်ကို ကာစီနိုမှ
လွတ်ကင်းစေခြင်း (Casino self-exclusion) ကို ပုံစံဖြည့်ပြီး National Council on
Problem Gambling သို့ စာပို့ လျှောက်ထားနိုင်၊ သို့မဟုတ် MWC တွင် မိမိ၏ ဝပ်ပါမစ်ဖြင့်
လျှောက်ထားနိုင်
Ø  လိုင်စင်မရှိသော ငွေချေးသူထံမှ
ငွေမချေးပါနှင့်၊ ထိုသူများကိုလည်း မည်သည့်နည်းနှင့်မဆို မကူညီပါနှင့်။
Ø  အရေးပေါ် ငွေလိုနေပါက
သင့်အလုပ်ရှင်ထံမှသာ အကူအညီတောင်းပါ။
Ø  အခွင့်အာဏာရ ငွေလွှဲသူထံမှသာ
ငွေလွှဲပါ။
Ø  သင်သည် လိုင်စင်မရှိဘဲ
ငွေလွှဲလုပ်ငန်းလုပ်လျှင် ဒဏ်ငွေ စင်းဒေါ်လာ တစ်သိန်း (နှင့်/သို့မဟုတ်) ထောင်ဒဏ် ၂ နှစ်
ကျခံရနိုင်၊ ထို့ပြင် ဝပ်ပါမစ်ပါ ဖျက်သိမ်းခြင်း ခံရနိုင်
ဘတ်စ်ကား၊ ရထားများနှင့်
ခရီးသွားလျှင် -
Ø  သက်ကြီးရွယ်အိုများ၊
ကိုယ်ဝန်ဆောင်များ၊ မသန်မစွမ်းသူများအား ထိုင်ခုံနေရာပေးပါ။
Ø  ဝင်ပေါက်ထွက်ပေါက်များတွင်
ပိတ်ရပ်မနေပါနှင့်။ အတွင်းသို့ဝင်ပါ။
Ø  ဆင်းသူများကို ဦးစားပေးပါ။
အားလုံးဆင်းသွားပြီးမှ တက်ပါ။
Ø  ကျောပိုးအိတ်များကို
လွယ်ထားမည့်အစား အောက်ချထားပါ။
Ø  စကားကို အကျယ်ကြီး
မပြောပါနှင့်။ တိုးတိုးသက်သာ ပြောပါ။ ဖုန်းဆက်ရာတွင်လည်း တိုးတိတ် ငြင်သာစွာ ပြောပါ။
Ø  စားသောက်ဆိုင်၊ ကားရထား၊
ဈေးဆိုင် စသည့်နေရာများတွင် တန်းစီပါ။ တန်းဖြတ်မတိုးပါနှင့်။
Ø  ကားလမ်းကူးရာတွင်
လူကူးမျဉ်းကြား၊ မီးပွိုင့်၊ ခုံးကျော်တံတား စသည်တို့မှသာ ကူးပါ။ လူကူးရန် မဟုတ်သည့်နေရာ
များမှ ဖြတ်မကူးပါနှင့်။ လူကူးမီးစိမ်းမှ ကူးပါ။ လူကူးမီးစိမ်း မှိတ်လိုက်လင်းလိုက်ဖြစ်လာလျှင်
လမ်းကို စတင် ဖြတ်မကူးပါနှင့်။ လမ်းဘေးပလက်ဖောင်းတုံးများ၌ မထိုင်ပါနှင့်။
Ø  စက်ဘီးကို လမ်းပြောင်းပြန်မစီးပါနှင့်။
လမ်းဘေးမှ ကပ်စီးပါ။ လမ်းသွားလမ်းလာများကို ဂရုစိုက်ပါ။ အမြန်မစီးပါနှင့်။ စက်ဘီးများကို
လမ်းတွင် ပိတ်ရပ်မထားပါနှင့်။
Ø  ညဘက်တွင် စကားအကျယ်ကြီးပြောခြင်း၊
သီချင်းအကျယ်ကြီးဖွင့်ခြင်းများ မပြုပါနှင့်။ အခြားသူများကို အနှောက်အယှက် ဖြစ်စေသည်။
Ø  အများပြည်သူသုံး ကွက်လပ်များတွင်
လူစုလူဝေးဖြင့် အရက်သေစာသောက်စားခြင်း၊ အော်ဟစ်ဆူညံခြင်းတို့သည် အခြားသူများကို အနှောက်အယှက်ဖြစ်စေသဖြင့်
ဤကဲ့သို့မပြုလုပ်ရ။
Ø  အများပြည်သူသုံးနေရာများ
ဥပမာ - ဘတ်စ်ကားမှတ်တိုင်၊ ခုံတန်းလျားများ၊ ပန်းခြံများ၊ ခုံးကျော်တံတားများ၊ တိုက်တန်းလျားများရှိ
နေရာလပ်များတွင် အိပ်စက်ခြင်း မပြုရ။ 
Ø  အပြင်ထွက်သည့်အခါ
သင့်တော်သော အဝတ်အစားများ ဝတ်ရမည်။ အင်္ကျီဗလာဖြင့် လျှောက်မသွားရ။
Ø  မိမိတွင် mobile
data မရှိပါက သင့်အဆောင်တွင် ပေးထားသည့် wifi တွင် ချိတ်ဆက်သုံးနိုင်သည်။ သို့သော်
အခြား လူနေအိမ်များမှ wifi များကို ခိုး၍ ချိတ်ဆက်ခြင်း မပြုရ။
အခန်း (၃) အလုပ်ခန့်ထားခြင်းဆိုင်ရာ ဥပဒေများ
----------------------------------------------------
Ø  နိုင်ငံခြားသား အလုပ်သမားအားလုံးသည်
သက်တမ်းရှိ လုပ်ခွင့်ပါမစ်ကို ကိုင်ထားရမည်။
Ø  ဝပ်ပါမစ်သမားတစ်ဦးလိုက်နာရမည့်
စည်းမျဉ်းဥပဒေများကို လိုက်နာရမည်။ မလိုက်နာလျှင် ဥပဒေတွင်ပြဋ္ဌာန်းထားသည့်အတိုင်း အပြစ်ပေး
အရေးယူခြင်းခံရမည်။ Work Permit ကို cancel လုပ်ကာ နေရပ်သို့ ပြန်ပို့ခြင်းခံရမည်။
နောက်ထပ် စင်ကာပူတွင် အလုပ်လုပ်ခွင့် ပြုတော့မည် မဟုတ်။
Ø  ဝပ်ပါမစ်သက်တမ်းသည်
အချိန်နှင့်လိုက်၍ အပြောင်းအလဲရှိနိုင်သည်ဖြစ်ရာ ယခုအခါ ဝပ်ပါမစ် သက်တမ်းကုန်မည့်ရက်ကို
ဝပ်ပါမစ်ပေါ်တွင် ဖော်ပြမထားတော့ပါ။ သက်တမ်းကုန်မည့်ရက်ကို စမတ်ဖုန်းများတွင် SG
Workpass app အား download လုပ်၊ install လုပ်ကာ ဝပ်ပါမစ်နောက်ကျောရှိ QR Code ကို
scan ဖတ်ကြည့်လျှက် သိနိုင်ပါသည်။ နောက်တစ်နည်းမှာ MOM website
www.mom.gov.sg/check-wp ၌ စစ်နိုင်၏။ 
Ø  သို့မဟုတ်ပါကလည်း
တယ်လီဖုန်း sms ပို့၍ စစ်နိုင်၏။ wpd001chkwpwork
permit number Date of application (ddmmyyyy format) ကို 96175993 သို့ပို့၍ စစ်နိုင်ပါသည်။
ပုံ (၁)  
Ø  မှတ်ချက်။            ။ ဝပ်ပါမစ်နံပါတ်၌ ဂဏန်း ၉ လုံးပါပြီး
ဝပ်ပါမစ်ပေါ်တွင်ကြည့်နိုင်ပါသည်။ 
Ø  ထိုအခါ ဝပ်ပါမစ် သက်တမ်းကုန်မည့်ရက်ကို အောက်ပါအတိုင်း အကြောင်းပြန်ပါလိမ့်မည်။ ပုံ (၂)
Ø  ဝပ်ပါမစ်သမားတစ်ဦးသည်
ဝပ်ပါမစ်ပေါ်တွင်ဖော်ပြထားသည့် ကုမ္ပဏီ၊ အလုပ်တို့တွင်သာ လုပ်ရမည်။ အခြားကုမ္ပဏီ၊ အခြားအလုပ်တို့ကို
လုပ်ခွင့်မပြု။ လုပ်လျှင် အရေးယူခံရမည်။ ထို့ပြင် ဝပ်ပါမစ်သမားတစ်ဦးသည် မိမိကိုယ်ပိုင်
စီးပွားရေး လုပ်ငန်းကို သော်လည်းကောင်း၊ အခြားစီးပွားရေးလုပ်ငန်းများတွင် ရှယ်ယာဝင်၍သော်လည်းကောင်း၊
မိမိကိုယ်တိုင် အလုပ်ခန့်၍ သော်လည်းကောင်း၊ ပိတ်ရက်၌ အခြားကုမ္ပဏီများတွင် အချိန်ပိုင်း
သွား၍သော်လည်းကောင်း လုပ်ခွင့်မရှိ။ ထို့ပြင် အလုပ်ပိတ်ရက် များ၌ ထိုင်ခုံချ၍ ဆံပင်ညှပ်ကာပိုက်ဆံရှာခြင်းမျိုး
(moonlight) လည်း မလုပ်ရ။ လုပ်လျှင် အရေးယူခံရမည်။
Ø  မှတ်ချက်။            ။ moonlight ဆိုသည်မှာ လရောင်ကို ပြောခြင်းမဟုတ်။
အပိုဝင်ငွေရရန် ပထမအလုပ်အပြင် အားချိန်၌ နောက်အလုပ်တစ်ခု (ဒုတိယအလုပ်) လုပ်ခြင်းကို
ခေါ်သည်။
Ø  ဝပ်ပါမစ်သမားများကို
လုပ်ခွင့်မပြုသည့် တရားမဝင်အလုပ်များကို ဥပမာပြရလျှင် ကားရေဆေးခြင်း၊ အချိန်ပိုင်းဆံပင်ညှပ်ခြင်း၊
စားပွဲထိုးခြင်း၊ လက်ကမ်းကြော်ငြာများဝေခြင်း၊ အလုပ်အကိုင်ရှာဖွေရေးအေးဂျင့်လုပ်ခြင်း၊
ဆိုင်အကူလုပ်ခြင်း၊ စက်ရုံတွင် အချိန်ပိုင်းလုပ်ခြင်း စသည်တို့ ဖြစ်၏။ 
Ø  ဝပ်ပါမစ်ဥပဒေပြဋ္ဌာန်းချက်များကို
ချိုးဖောက်လျှင် ဒဏ်ငွေ စင်းဒေါ်လာ ၂ သောင်း (နှင့်/သို့မဟုတ်) ထောင် ၂ နှစ် ချခံရနိုင်ပါသည်။
Ø  ဝပ်ပါမစ်အလုပ်သမားတစ်ဦးသည်
အလုပ်ရှင်က စီစဉ်ပေးသည့်နေရာ၌သာ နေရမည်။ အလုပ်ရှင်သည် ဝပ်ပါမစ်အလုပ်သမား နေသည့် နေရပ်လိပ်စာကို
MOM သို့ သတင်းပို့ရမည်။ အကယ်၍ ဝပ်ပါမစ်သမားတစ်ဦးသည် အလုပ်ရှင်စီစဉ်ပေးသည့်နေရာတွင်
မနေလိုဘဲ အခြားတစ်နေရာ၌ နေပါက ထိုလိပ်စာကို အလုပ်ရှင်သို့ အသိပေးရမည်။ အလုပ်ရှင်သည်
ထိုလိပ်စာကို MOM သို့ သတင်းပို့ရမည်။ 
Ø  အလုပ်သမားနေသည့်နေရာသည်
ဥပဒေတွင်ဖြော်ပထားသည့် သတ်မှတ်ချက်များနှင့် ညီညွတ်ရမည်။ လူအလွန် ကျပ်သိပ် မနေစေရ။
Ø  မှတ်ချက်။            ။ အသစ်ထုတ်ပြန်လိုက်သည့် ဥပဒေအရ စင်ကာပူမှ
အိမ်များတွင် လူ (၆) ဦးထက် ပိုနေခွင့် မပြုတော့ပါ။ (သောက်ကျိုးနဲ၊ သားသမီး ၅ ယောက်၊
မြေး ၆ ယောက်လောက်နဲ့အိမ်ဆို ဒိုးခ)
Ø  အလုပ်ရှာရာတွင် တရားဝင်လိုင်စင်ရှိသည့်
အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများနှင့်သာ ရှာပါ။ တရားမဝင် အေးဂျင်စီများနှင့် ဆက်သွယ်လျှင်
သင့်အလုပ်အကိုင်ကို ထိခိုက်နိုင်ပါသည်။
အခန်း (၄) အလုပ်ခန့်ထားခြင်းဆိုင်ရာ ရပိုင်ခွင့်များ
===========================
၎၊
၁။ အထွေထွေ
----------------------
အလုပ်ခန့်ထားခြင်းနှင့်ပတ်သက်၍
ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ပါက အောက်ပါဌာနများသို့ အမြန်ဆုံး ဆက်သွယ်ပါ။
Ministry
of Manpower (MOM)
Tel:
6438 5122
Address:
1500 Bendemeer Road
Singapore
339946
Migrant
Workers' Centre (MWC)
Tel:
6536 2692
Address:
579 Serangoon Road
Singapore
218193
MOM
သည် သင်၏ ကိုယ်ရေးအချက်အလက်များကို အထူးလျှို့ဝှက်ထားမည် ဖြစ်၏။
သင့်အလုပ်ရှင်သည်
အောက်ဖော်ပြပါ ကိစ္စရပ်များအတွက် သင့်ထံမှ အခကြေးငွေ တစုံတရာ တောင်းဆိုခြင်း မပြုရ။
v  ၁။ ဝပ်ပါမစ် သက်တမ်းတိုးခြင်း
v  ၂။ Security Bond
(မှတ်ချက် - ဝပ်ပါမစ်သမားတစ်ဦး စင်ကာပူတွင် အလုပ်လုပ်ရန် ကုမ္ပဏီက security bond
$5000 တင်ရသည်။)
v  ၃။ ဆေးအာမခံ (မှတ်ချက်
- ဝပ်ပါမစ်သမားတစ်ဦး စင်ကာပူတွင် အလုပ်လုပ်ရန် ကုမ္ပဏီက တစ်သောင်းခွဲတန် Medical
Insurance ဝယ်ရသည်။)
v  ၄။ မိခင်နိုင်ငံသို့
ပြန်ပို့သည့်စရိတ် (Repatriation Costs)
v  ၅။ မတက်မဖြစ် တက်ရသည့်
သင်တန်းများ
v  ၆။ ဆေးကုသစရိတ်များ
v  ၇။ လဲဗီး (မှတ်ချက်
- စင်ကာပူတွင် အလုပ်လုပ်နေသည့် ဝပ်ပါမစ်၊ S Pass သမားများအတွက် ကုမ္ပဏီက အစိုးရသို့
levy ကြေးပေးရသည်။လဲဗီးကြေးမည်မျှဆိုသည်မှာ အလုပ်သမားနှင့် ကုမ္ပဏီပေါ်မူတည်သည်။)
၎၊
၂။ လိမ်လည်လှည့်ဖြားမှု (ညာတာပါတေးမှု) များ
----------------------------------------------------------
၁။
တရားမဝင်အလုပ်ခန့်ထားခြင်း - မြန်မာပြည်မှ အေးဂျင့်က အလုပ်မရသေးဘဲ (IPA letter မရှိဘဲ)
စင်ကာပူသို့ တွန်းလွှတ် လိုက်ကာ ကိုယ့်ဘာသာ အလုပ်ရှာစေခြင်း၊ တရားဝင် ဝပ်ပါမစ်မရှိဘဲ
တရားမဝင် အလုပ်ခိုးလုပ်ခြင်း
၂။
မရှိသည့်ကုမ္ပဏီကို အရှိလုပ်ကာ စင်ကာပူသို့ လွှတ်လိုက်သဖြင့် စင်ကာပူရောက်သည့်အခါ ကုမ္ပဏီရှာမရသောကြောင့်
ယောင်ချာချာ ဖြစ်ခြင်း
၃။
စင်ကာပူရောက်မှ မိမိဘာသာ အလုပ်ရှာခိုင်းခြင်း 
၎။
အောင်လက်မှတ်အတုများပြကာ ဝပ်ပါမစ်လျှောက်ခြင်း
၅။
အလုပ်ရရန် အလုပ်ရှင်သို့ ပိုက်ဆံပေးရခြင်း (အလုပ်ရရန်အတွက် အလုပ်ရှင်ကို ပိုက်ဆံပေးစရာ
မလိုပါ။ အကယ်၍ အလုပ်ရှင်က အလုပ်ခန့်ထားမှုအတွက် ပိုက်ဆံတောင်းလာလျှင် MOM ကိုတိုင်ပါ။)
၆။
ကုမ္ပဏီတွင် အလုပ်မရှိသဖြင့် လခမပေးဘဲထားခြင်း (ကုမ္ပဏီတွင် အလုပ်မရှိသည့်တိုင် အလုပ်သမားကို
လခပေးမြဲ ပေးရမည်)
၎၊
၃။ ပတ်စ်ပို့ နှင့် ဝပ်ပါမစ်ကို သိမ်းထားခြင်း
-------------------------------------------------
v  သင်၏ပတ်စ်ပို့သည်
သင့်ကိုယ်ပိုင်ပစ္စည်းဖြစ်သည်။ သင့်ပတ်စ်ပို့ကို ကုမ္ပဏီ/အလုပ်ရှင်က သိမ်းထားခွင့်မရှိပါ။
v  သင်သည်လည်း သင်၏ပတ်စ်ပို့ကို
အလုပ်ရှင်ထံ၌ အပ်နှံမထားသင့်ပါ။
v  သင်၏ဝပ်ပါမစ်ကဒ်သည်
သင့်ကိုယ်ပိုင်ပစ္စည်းဖြစ်သည်။ သင့်ဝပ်ပါမစ်မူရင်းကို ကုမ္ပဏီ/အလုပ်ရှင်က သိမ်းထားခွင့်မရှိပါ။
v  ဝပ်ပါမစ်ကို ကိုယ်နှင့်မကွာ
ဆောင်ထားပါ။ စင်ကာပူနိုင်ငံအတွင်း လှည့်လည်သွားလာစဉ် ဝပ်ပါမစ်ယူသွားပါ။ ရဲ သို့မဟုတ်
အာဏာပိုင်အဖွဲ့အစည်း တစ်ခုခုမှ တာဝန်ရှိသူများ မေးလာပါက ထုတ်ပြရမည်။
v  အကယ်၍ သင်သည် ဝပ်ပါမစ်မရသေးပါက
IPA (In-Principle Approval letter) ကို ကိုယ်နှင့်မကွာဆောင်ထားပါ။
၎၊
၎။ အလုပ်ရှာပေးမှုအတွက် ဝန်ဆောင်ခ
-------------------------------------------------
Ø  အလုပ်ရပြီဆိုမှ ဝန်ဆောင်ခပေးရမည်။
Ø  ဝပ်ပါမစ်သက်တမ်းတစ်နှစ်အတွက်
ဝန်ဆောင်ခ တစ်လစာ ဖြစ်၏။
Ø  ဝပ်ပါမစ်သက်တမ်း ဘယ်နှနှစ်ဖြစ်စေ
ပေးရမည့်ဝန်ဆောင်ခမှာ (အများဆုံး) နှစ်လစာသာ ဖြစ်၏။
Ø  ပေးရသည့်ဝန်ဆောင်ခအတွက်
မည်သည့်အတွက် မည်မျှစသည် အသေးစိတ်ဖော်ပြထားသည့် ငွေလက်ခံဖြတ်ပိုင်းကို ရယူပါ။ အငြင်းပွားမှုများအတွက်
ထိုလက်ခံဖြတ်ပိုင်းသည် အရေးကြီးသဖြင့် သေချာစွာ သိမ်းဆည်းထားပါ။
Ø  ဘာ့ကြောင့်မှန်း သေသေချာချာမသိဘဲ
ပိုက်ဆံကို မပေးပါနှင့်။ ပိုက်ဆံပေးရသည့်အခါတိုင်း ဘယ့်အတွက် ပေးရသည်ဆိုသည်ကို သေချာအောင်မေးပါ။
Ø  အလုပ်ခန့်ပြီး ၆ လအတွင်း
အလုပ်ဖြုတ်ခံရပါက ပေးထားသည့် ဝန်ဆောင်ခ၏ ထက်ဝက်တိတိကို အလုပ်ဖြုတ်သည့်ရက်မှ (၇) ရက်အတွင်း
ပြန်ရရမည်။ အကယ်၍ အေးဂျင့်က ဝန်ဆောင်ခပြန်ပေးရန် ငြင်းဆိုနေလျှင် MOM သို့ တိုင်ပါ။
Ø  သို့သော် သင့်ဘာသာ
အလုပ်ဆက်မလုပ်ချင်တော့၍ အလုပ်ထွက်ခြင်းအတွက် ဝန်ဆောင်ခကို ပြန်တောင်းခွင့်မပြုပါ။
၎၊
၅။ အလုပ်ခန့်ထားခြင်းဆိုင်ရာ အရေးကြီးသည့်အချက်များ
-------------------------------------------------------------------
v  အလုပ်ခန့်သည့်အခါ
အလုပ်ခန့်ထားခြင်းအတွက် စာချုပ်ကို သင်လက်ခံရရှိရမည်။ ထိုစာချုပ်တွင် အောက်ပါတို့ ပါရမည်။
v  လခ၊ လခကို မည်သို့ပေးမည်၊
မည်သည့်ရက်တွင်ပေးမည်၊ အချိန်ပိုလုပ်အားခကို မည်ကဲ့သို့ပေးမည်။ 
v  အလုပ်ချိန်၊ လုပ်ရမည့်နာရီ၊
နားရက်
v  လုပ်သက်ခွင့်၊ ဆေးခွင့်
စသည် ခွင့်ခံစားမှု၊ အများပြည်သူရုံးပိတ်ရက် နှင့် ဆေးကုသမှုဆိုင်ရာ ခံစားခွင့်
v  အလုပ်ခန့်ထားခြင်းအတွက်
စာချုပ်ကို လက်ခံမရှိခဲ့ပါက MOM ကို သတင်းပို့ပါ။
၎၊
၆။ လခ နှင့် အချိန်ပိုလုပ်အားခ ပေးခြင်း
------------------------------------------------
v  လခကို တစ်လတစ်ခါ ပေးရမည်။
လခကို လခထုတ်ရက်မှ (၇) ရက်အတွင်း ပေးရမည်။ အချိန်ပိုလုပ်အားခကို လခထုတ်ရက်မှ ၁၄ ရက်အတွင်း
ရှင်းပေးရမည်။
v  လခပေးခြင်းအတွက် အသေးစိတ်ရှင်းပြထားသည့်
ပြေစာ ပေးရမည်။ လခနှင့်ပတ်သက်၍ အငြင်းပွားမှု တစုံတရာဖြစ်ခဲ့ပါက သက်သေပြနိုင်ရန် ထိုပြေစာကို
သိမ်းထားပါ။ ထိုပြေစာကို လစဉ်ပေးရမည်။ လခထုတ်ပြီး ၃ ရက်အတွင်း ပေးရမည်။ ထိုပြေစာတွင်
အောက်ပါတို့ပါရမည်။
Ø   အလုပ်ရှင်အမည် အပြည့်အစုံ
Ø   အလုပ်သမားနာမည် အပြည့်အစုံ
Ø   လခပေးသည့်ရက်စွဲ
Ø   အခြေခံလစာ
Ø   လခပေးသည့်ကာလ (မည်သည့်ရက်မှ
မည်သည့်ရက်ထိ)
Ø   ခံစားခွင့်များ (ဥပမာ
- ခရီးစရိတ် စသည်)
Ø   အခြားခံစားခွင့်များ
(ဥပမာ - ဆုကြေးငွေ၊ အများပြည်သူရုံးပိတ်ရက်အတွက် ပေးသည့်အခကြေးငွေ)
Ø   လစာထဲမှ ဖြတ်တောက်ငွေများ
(ဥပမ - CPF contribution)
Ø   အခြားဖြတ်တောက်ခြင်းများ
(ဥပမာ - လစာမဲ့ခွင့်အတွက်)
Ø   အချိန်ပိုလုပ်ခဲ့သောနာရီပေါင်း
Ø   အချိန်ပိုလုပ်အားခ
Ø   အချိန်ပိုလုပ်သည့်
ကာလ (စသည့်ရက်နှင့် ဆုံးသည့်ရက်)
Ø   စုစုပေါင်း အသားတင်ပေးသည့်
လခ
၎၊
၇။ လခထဲမှ ဖြတ်တောက်ခြင်း
-------------------------------------
ကြောင်းကျိုးဆီလျော်မှုရှိပါက
သင့်လခထဲမှ ဖြတ်တောက်နိုင်သည်။ ဥပမာ -
Ø ခွင့်မတိုင်ဘဲ အလုပ်ပျက်ကွက်ခြင်း
Ø အစားအသောက်စီစဉ်ပေးပါရန်
အလုပ်ရှင်သို့ ပန်ကြားခြင်း
Ø ဝင်ငွေခွန် . . .
. စသည်
အောက်ပါအကြောင်းများကြောင့်
လခဖြတ်မည်ဆိုပါက အလုပ်ရှင်သည် သင့်လခ၏ လေးပုံတစ်ပုံထက်ပို၍ ဖြတ်တောက်ခြင်း မပြုရ။
Ø သင့်ကြောင့် စက်ပစ္စည်းကိရိယာများ
ပျက်စီးချို့ယွင်းခြင်း
Ø အိမ်ခန်းငှားခ၊ အပန်းဖြေခြင်း၊
ဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များ
Ø ချေးငွေများ
စုစုပေါင်းဖြတ်တောက်ငွေသည်
တစ်လအတွက်ရမည့် လခထက် ၅၀% ထက်မပိုရ။ သို့သော် အောက်ပါကိစ္စရပ်များ မပါဝင်ပါ။
Ø အလုပ်မှပျက်ကွက်ခြင်း
Ø အလုပ်ရှင်ထံမှ ကြိုတင်ထုတ်ယူထားသည့်လခ
သို့မဟုတ် ချေးငွေ
Ø လခထဲမှပေးပါမည်ဟု
သဘောတူထားသည့်အခကြေးငွေများ
၎၊
၈။ အလုပ်ချိန်နာရီများ
----------------------------
Ø ပုံမှန်အလုပ်ချိန်
- တစ်ရက်လျှင် ၈ နာရီ၊ တစ်ပတ်လျှင် ၄၄ နာရီ
Ø အဆိုင်းနှင့်လုပ်ရပါက
- ၃ ပတ်ထက်မပိုသည့်ကာလအတွက် တစ်ပတ်လျှင် ၄၄ နာရီထက် မပိုရ။
Ø တစ်ရက်လျှင် ၈ နာရီ၊
တစ်ပတ်လျှင် ၄၄ နာရီထက် ပိုလွန်အလုပ်လုပ်ရပါက ပိုလွန်သည့်နာရီများအတွက် အချိန်ပို လုပ်အားခ
ရရမည်။ အချိန်ပိုလုပ်အားခသည် သာမန်လုပ်အားခ၏ တစ်ဆခွဲ (၁.၅ ဆ) ဖြစ်သည်။
Ø အချိန်ပိုအလုပ်ဆင်းရသည့်
နာရီများကို မှတ်ထားပါ။ လခရသည့်အခါ မှန်မမှန်စစ်ဆေးပါ။ အကယ်၍ လခသည် တကယ် လုပ်ရသည့်
အလုပ်ချိန်နာရီနှင့်ကွာခြားနေပါက အလုပ်ရှင်ကို ပြောပါ။ သို့နှင့်မှ မဖြေရှင်းနိုင်သေးလျှင်
TADM (The Tripartite Alliance for Dispute Management) သို့ အကြောင်းကြား အကူအညီတောင်းပါ။
၎၊
၉။ အလုပ်ချိန်နာရီတွက်ပုံ
-------------------------------
အဆင့်
(၁)
မှတ်ချက်။            ။ အခြေခံလစာမှာ ကာယလုပ်သား မဟုတ်သူများအတွက်
လခ ဒေါ်လာ ၂၂၅၀ ထိ။
အဆင့်
(၂)
တစ်နာရီစာ
အချိန်ပိုလုပ်ခ = တစ်နာရီလုပ်ခ x ၁.၅
အဆင့်
(၃)
အချိန်ပိုလုပ်ခ
စုစုပေါင်း = တစ်နာရီစာ အချိန်ပိုလုပ်ခ x အချိန်ပိုလုပ်ခဲ့သည့် နာရီစုစုပေါင်း
ဥပမာ
(၁)
အခြေခံလစာ
= တစ်လလျှင် စင်းဒေါ်လာ ၁၂၀၀ 
အချိန်ပိုလုပ်သော
နာရီပေါင်း = ၂ နာရီ
ထို့ကြောင့်
အချိန်ပိုလုပ်အားခ စုစုပေါင်း = $ ၆.၃၀ x ၁.၅ x ၂ နာရီ = $၁၈.၉၀
ဥပမာ
(၂)
အခြေခံလစာ
= တစ်ရက်လျှင် စင်းဒေါ်လာ ၄၀ 
အချိန်ပိုလုပ်သော
နာရီပေါင်း = ၄ နာရီ
ထို့ကြောင့်
အချိန်ပိုလုပ်အားခ စုစုပေါင်း = $ ၅ x ၁.၅ x ၄ နာရီ = $၃၀.၀၀
၎၊
၁၀။ ဆေးခွင့်
---------------------
ကုမ္ပဏီ၌
အလုပ်ဝင်တာ (၃) လ ကျော်သွားပြီဆိုလျှင် ဆေးခွင့် ခံစားနိုင်သည်။
လစာခံစားနိုင်သည့်
ဆေးခွင့်များမှာ အောက်ပါအတိုင်းဖြစ်၏။
| 
လုပ်သက် | 
အပြင်လူနာ
  ဆေးခွင့်ရက် 
(အလုပ်လုပ်သောနေ့များ) | 
ဆေးရုံတက်ခြင်းအတွက်
  ဆေးခွင့်ရက် (အလုပ်လုပ်သောနေ့များ) | 
| 
၃
  လ | 
၅ | 
၁၅ | 
| 
၎
  လ | 
၈ | 
၃၀ | 
| 
၅
  လ | 
၁၁ | 
၄၅ | 
| 
၆
  လ နှင့် အထက် | 
၁၄ | 
၆၀ | 
Ø ဆေးခွင့်ရရန် အလုပ်မှပျက်ကွက်ပြီး
၄၈ နာရီအတွင်း အလုပ်ရှင်ကို အကြောင်းကြားရမည်။
Ø ဆရာဝန်လက်မှတ်နှင့်ထုတ်ပေးထားသည့်
ဆေးခွင့်စာရွက်ကို တင်ပြလျှင် အလုပ်ရှင်က ဆေးခွင့်ရက်များအတွက် လစာပေးရမည်။
Ø တစ်နှစ်စာအတွက် ဆေးခွင့်ခံစားခွင့်
မကုန်ရသေးပါ။ (အထက်ဇယား၌ ဖော်ပြထားသည့် ဆေးခွင့်ခံစားခွင့်ရက်များ ကုန်သွားပါက ဆေးခွင့်ထပ်ယူလို့
မရတော့ပါ။ ဆေးခွင့်ယူလို့မရသော နာမကျန်းရက်များအတွက် လခမရပါ။)
Ø သင့်ကျန်းမာရေးစောင့်ရှောက်မှု
ကုန်ကျစရိတ်များကို အလုပ်ရှင်က ကျခံရမည်။ အလုပ်ရှင်သည် သင့်အတွက် တစ်သောင်းခွဲတန် ဆေးအာမခံဝယ်ထားရမည်။
Ø အကယ်၍ သင်၏ ဆေးကုသမှု
စရိတ်စကများသည် အာမခံထားသည့် ပမာဏကို ကျော်လွန်သွားလျှင် အလုပ်ရှင်က သင့်အား ဆေးကုသစရိတ်၏
အချို့အဝက်ကို ကျခံစေခိုင်းနိုင်သည်။ ဤကဲ့သို့ ကျခံစေရမည် ဆိုသည့်အကြောင်းကို အလုပ်ခန့်စာချုပ်၌
ထည့်သွင်းဖော်ပြထားရမည်။


 
 
No comments:
Post a Comment