ၾကင္နာသူရယ္ စိတ္ခ်ျပေစ . . . .
ခိုင္ထူးက်န္းမာေရးသတင္းေတြဖတ္ရင္း အလုိလို ၀မ္းနည္းေနမိသည္
. . .
ခိုင္ထူးဆိုတာ RC တက္ခဲ့ဖူးေသာ ကြ်န္ေတာ္တို႔အရြယ္မ်ား၏ အသည္းေထာင့္တစ္ေနရာတြင္
ေနရာယူခဲ့ဖူးသူေပကပဲ . . .
သီခ်င္းေလးတစ္ပုဒ္ရယ္ ပန္းကေလးတစ္ဆုပ္ရယ္ကို ကြ်န္ေတာ္တို႔
အလြန္ႏွစ္သက္စြာ ေအာ္ဆိုခဲ့ၾကသည္ပဲ . . .
ကြ်န္ေတာ္ ယခုအခ်ိန္အထိ ခိုင္ထူးသီခ်င္းမ်ားကို ႏွစ္သက္စြာ
နားေထာင္ၿမဲ . . . .
သည္သီခ်င္းမ်ားကို ဘယ္ႏွစ္ခါျပန္နားေထာင္ေထာင္ ရိုးသြားသည္မရိွ
အီသြားသည္မရိွ ေဟာင္းသြားတယ္ဆိုတာမရိွ . . . .
နားေထာင္သည့္အခါတိုင္းလည္း သုိ႔ တရံတခါဆီက မပါမျဖစ္ပါရၿမဲ
. . .
တစ္ေယာက္ႏွင့္တစ္ေယာက္ အႀကိဳက္ခ်င္း တူခ်င္မွတူပါမည္ . .
. . .
တရံတခါဆီ သည္ ကြ်န္ေတာ့္ အသည္းစဲြ . . . . .
ဘာလို႔ႀကိဳက္သည္ဆိုသည္ကို ကြ်န္ေတာ္မေျပာျပတတ္ပါ . . . .
ေျခဆင္းတီးလံုးကေလးႏွင့္ အဖြင့္စာသားေလးေတြကိုက ခ်စ္စရာ
. . ႏွစ္သက္စရာ . . . ျမတ္ႏိုးစရာ . . .
တရံတခါဆီကို ကြ်န္ေတာ္နားေထာင္ျဖစ္သည့္အႀကိမ္မွာ ရာဂဏန္းေတာ္ေတာ္မ်ားမ်ား
ရိွပါလိမ့္မည္ . . .
ယခုမွ အဂၤလိပ္သီခ်င္းေတြကို နားေထာင္ျဖစ္လို႔ ျမန္မာသီခ်င္းနားေထာင္သည့္အႀကိမ္အေရအတြက္
ေလ်ာ့သြားတာျဖစ္သည္ . . .
ယခင္အခါမ်ားကမူ ျမန္မာသီခ်င္းေတြကိုပဲ ညတိုင္း နားေထာင္ခဲ့တာ
. . . .
ကြ်န္ေတာ္ကေတာသားဆိုေတာ့ ၿမိဳ႔ႀကီးျပႀကီးေတြအေၾကာင္း သိပ္မသိ
. . . အဲေလ လံုး၀မသိဆို ပိုမွန္ပါလိမ့္မည္ . . .
သို႔အတြက္ စစ္ကိုင္းလမ္းကို နားေထာင္စက စစ္ကိုင္းမွာရိွတဲ့လမ္းေတြအေၾကာင္းဖဲြ႔ထားတာလို႔ပင္
ထင္မိသည္ . . .
စစ္ကုိင္းလမ္းဆိုတာ ဘယ္နားေနမွန္းမသိဘဲ ရမ္းလြမ္းရတာ ျဖစ္၏
. . . .
စစ္ကုိင္းလမ္းက ေစာင့္ေနမယ္ သူမွာလို႔ . . ဆိုေတာ့
ကြ်န္ေတာ့္မွာ . . . မရိွသည့္ ရည္းစားကုိမွန္းကာ လြမ္းရသည္
. . . .
သိဟ္ရာသီ ၀ါေခါင္မိုးနဲ႔ လွမ္းလာခဲ့ေတာ့ ခတၱာေရ . . .
သူသီခ်င္းဆိုပံုက အားႏွင့္မာန္ႏွင့္ျဖစ္သည္ . . .
သီခ်င္းဆိုမည္ဆိုကတည္းက က်က်နန ေနရာယူသည္ . . .
ဂစ္တာကိုင္ထားေသာလက္မ်ားက ၾကြက္သားမ်ားကုိ အေျမာင္းလုိက္
အေျမာင္းလိုက္ ျမင္ေနရသည္ . . .
ႏႈတ္ခမ္းကိုလည္း လွ်ာႏွင့္ သပ္လိုက္ေသးသည္ . . .
ထို႔ေနာက္ ပါးစပ္ထဲ မိုက္၀င္ေတာ့မတတ္ အနားကပ္ကာ အသားကုန္
အားထည့္ဆိုသည္ . . .
ဒို႔ . . . . . .
. လာတယ္ . . . . . .
အေမရိကန္က လစ္ဘာတီရုပ္ထုႀကီးကုိ ဘယ္သူဒီဇုိင္းထုတ္ ေရးဆဲြခဲ့တယ္ဆိုတာ
မိတ္ေဆြသိပါသလား . . . .
ဒါေပသိ မိုက္ကယ္ဂ်က္ဆင္ဆိုရင္ (သူ႔ေခတ္က) ေတာက ကေလးေတြေတာင္
သိသည္ . . . .
လူေတြရင္ထဲ အမ်ားဆံုး ထိုးေဖာက္၀င္ေရာက္တာ . . . . ႏွစ္ေပါင္းမ်ားစြာ
မေသမေပ်ာက္ပဲ ရိွေနတာ . . .
အႏုပညာရွင္ေတြ ျဖစ္သည္ . . .
မင္းသြားႏွင့္ေတာ့ သြားႏွင့္ေတာ့ ေနာက္ကလိုက္ခဲ့မယ္ေနာ္ သူငယ္ခ်င္းေရ
. . . ဆိုခဲ့ေသာ စိုင္းထီးဆိုင္လည္း ေနာက္ကလိုက္သြားခဲ့ၿပီ
. . .
ထူးအိမ္သင္သည္လည္း နာရီေပၚမွာ မ်က္ေရစက္ေတြကို ထားခဲ့ၿပီ
. . .
ဒါနဲ႔ . . . အားလံုးကို ေက်ာ္ျဖတ္ရမယ္ ဆိုဗ်ာ . . .
ခုေတာ့ . . .
ကိုခိုင္ထူးေရ . . . ခင္ဗ်ား . . . ေနညိဳခ်ိန္ကို ဦးညြတ္ဂုဏ္ျပဳေနၿပီလား
. . .
ကြ်န္ေတာ္တို႔ကေတာ့ ခင္ဗ်ားတို႔ေတြကို ဆက္ ရိွေနေစခ်င္ဆဲ
. . .
အေျခအေနေတြ ဘယ္လိုေျပာင္းေျပာင္း . . .
ေခတ္ေတြ ဘယ္လိုေဟာင္းေဟာင္း . . .
တရံတခါဆီကို သတိရမိေနမွာပါ . . .
ဆက္ခ်စ္ေနဆဲ . . ခ်စ္ေနၿမဲ . . ပါဗ်ာ . . . .
ေအးၿငိမ္း
၈ ၾသဂုတ္လ၊ ၂၀၁၇
စစ်ကိုင်းလမ်း သို့ တရံတခါဆီ
================
ကြင်နာသူရယ် စိတ်ချပြစေ . . . .
ခိုင်ထူးကျန်းမာရေးသတင်းတွေဖတ်ရင်း အလိုလို ၀မ်းနည်းနေမိသည်
. . .
ခိုင်ထူးဆိုတာ RC တက်ခဲ့ဖူးသော ကျွန်တော်တို့အရွယ်များ၏ အသည်းထောင့်တစ်နေရာတွင်
နေရာယူခဲ့ဖူးသူပေကပဲ . . .
သီချင်းလေးတစ်ပုဒ်ရယ် ပန်းကလေးတစ်ဆုပ်ရယ်ကို ကျွန်တော်တို့
အလွန်နှစ်သက်စွာ အော်ဆိုခဲ့ကြသည်ပဲ
. . .
ကျွန်တော် ယခုအချိန်အထိ ခိုင်ထူးသီချင်းများကို နှစ်သက်စွာ နားထောင်မြဲ . . . .
သည်သီချင်းများကို ဘယ်နှစ်ခါပြန်နားထောင်ထောင် ရိုးသွားသည်မရှိ အီသွားသည်မရှိ ဟောင်းသွားတယ်ဆိုတာမရှိ . . . .
နားထောင်သည့်အခါတိုင်းလည်း သို့ တရံတခါဆီက မပါမဖြစ်ပါရမြဲ
. . .
တစ်ယောက်နှင့်တစ်ယောက် အကြိုက်ချင်း တူချင်မှတူပါမည် . . . . .
တရံတခါဆီ သည် ကျွန်တော့် အသည်းစွဲ . . . . .
ဘာလို့ကြိုက်သည်ဆိုသည်ကို ကျွန်တော်မပြောပြတတ်ပါ . . . .
ခြေဆင်းတီးလုံးကလေးနှင့် အဖွင့်စာသားလေးတွေကိုက ချစ်စရာ . . နှစ်သက်စရာ . . . မြတ်နိုးစရာ . . .
တရံတခါဆီကို ကျွန်တော်နားထောင်ဖြစ်သည့်အကြိမ်မှာ ရာဂဏန်းတော်တော်များများ ရှိပါလိမ့်မည် . . .
ယခုမှ အင်္ဂလိပ်သီချင်းတွေကို နားထောင်ဖြစ်လို့ မြန်မာသီချင်းနားထောင်သည့်အကြိမ်အရေအတွက်
လျော့သွားတာဖြစ်သည် . . .
ယခင်အခါများကမူ မြန်မာသီချင်းတွေကိုပဲ ညတိုင်း နားထောင်ခဲ့တာ
. . . .
ကျွန်တော်ကတောသားဆိုတော့ မြို့ကြီးပြကြီးတွေအကြောင်း သိပ်မသိ
. . . အဲလေ လုံးဝမသိဆို ပိုမှန်ပါလိမ့်မည် . . .
သို့အတွက် စစ်ကိုင်းလမ်းကို နားထောင်စက စစ်ကိုင်းမှာရှိတဲ့လမ်းတွေအကြောင်းဖွဲ့ထားတာလို့ပင် ထင်မိသည် . . .
စစ်ကိုင်းလမ်းဆိုတာ ဘယ်နားနေမှန်းမသိဘဲ ရမ်းလွမ်းရတာ ဖြစ်၏ . . . .
စစ်ကိုင်းလမ်းက စောင့်နေမယ် သူမှာလို့ . . ဆိုတော့
ကျွန်တော့်မှာ . . . မရှိသည့် ရည်းစားကိုမှန်းကာ လွမ်းရသည် . . . .
သိဟ်ရာသီ ၀ါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ . . .
သူသီချင်းဆိုပုံက အားနှင့်မာန်နှင့်ဖြစ်သည် . . .
သီချင်းဆိုမည်ဆိုကတည်းက ကျကျနန နေရာယူသည် . . .
ဂစ်တာကိုင်ထားသောလက်များက ကြွက်သားများကို အမြောင်းလိုက်
အမြောင်းလိုက် မြင်နေရသည် . . .
နှုတ်ခမ်းကိုလည်း လျှာနှင့် သပ်လိုက်သေးသည်
. . .
ထို့နောက် ပါးစပ်ထဲ မိုက်ဝင်တော့မတတ် အနားကပ်ကာ အသားကုန်
အားထည့်ဆိုသည် . . .
ဒို့ . . . . . .
. လာတယ် . . . . . .
အမေရိကန်က လစ်ဘာတီရုပ်ထုကြီးကို ဘယ်သူဒီဇိုင်းထုတ် ရေးဆွဲခဲ့တယ်ဆိုတာ
မိတ်ဆွေသိပါသလား . . . .
ဒါပေသိ မိုက်ကယ်ဂျက်ဆင်ဆိုရင် (သူ့ခေတ်က) တောက ကလေးတွေတောင်
သိသည် . . . .
လူတွေရင်ထဲ အများဆုံး ထိုးဖောက်ဝင်ရောက်တာ . . . . နှစ်ပေါင်းများစွာ မသေမပျောက်ပဲ ရှိနေတာ . . .
အနုပညာရှင်တွေ ဖြစ်သည် . . .
မင်းသွားနှင့်တော့ သွားနှင့်တော့ နောက်ကလိုက်ခဲ့မယ်နော်
သူငယ်ချင်းရေ . . . ဆိုခဲ့သော စိုင်းထီးဆိုင်လည်း
နောက်ကလိုက်သွားခဲ့ပြီ . . .
ထူးအိမ်သင်သည်လည်း နာရီပေါ်မှာ မျက်ရေစက်တွေကို ထားခဲ့ပြီ . . .
ဒါနဲ့ . . . အားလုံးကို ကျော်ဖြတ်ရမယ် ဆိုဗျာ . . .
ခုတော့ . . .
ကိုခိုင်ထူးရေ . . . ခင်ဗျား . . . နေညိုချိန်ကို ဦးညွတ်ဂုဏ်ပြုနေပြီလား
. . .
ကျွန်တော်တို့ကတော့ ခင်ဗျားတို့တွေကို ဆက် ရှိနေစေချင်ဆဲ . . .
အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း . . .
ခေတ်တွေ ဘယ်လိုဟောင်းဟောင်း . . .
တရံတခါဆီကို သတိရမိနေမှာပါ . . .
ဆက်ချစ်နေဆဲ . . ချစ်နေမြဲ . . ပါဗျာ . . . .
အေးငြိမ်း
၈ သြဂုတ်လ၊ ၂၀၁၇