စင်ကာပူက WSH Act ရေးတော့ 3 guideline principle ဆိုပြီး
ချမှတ်ပါတယ်။ အဲဒီအထဲမှာ ထိပ်ဆုံးတစ်ခုက Reduce risk at the source
by requiring all stakeholders to remove or minimise
the risk they create. ဆိုပြီးပါတယ်။ အဲသဟာလေး ကို ကျွန်တော် အတော်သဘောကျမိသဗျ။
ဟိုတလောက ဒေါ်စုကို အင်တာဗျူးတော့ “ကိုခင်မောင်စိုးရဲ့၊ အဲဒီအကောင်တွေ ပင်လယ်ထဲမျောနေတာကို
လိုက်ဆယ်နေရုံနဲ့ ဒီပြဿနာကို ရှင်းနိုင်မှာမဟုတ်ဘူး။ သူတို့အဲဒီလိုထွက်ပြေးမလာအောင်
လုပ်ပေးထားဘို့လိုတယ်” လို့ ပြောလိုက်တော့ ကျွန်တော်က အဖွားကြီးကို ထိုင်တောင် ရှိခိုးလိုက်ချင်သဗျား။
တစ်နပ်လောက်လျှော့စားခိုင်းဘို့လောက်သာသိတဲ့ ဦးဏှောက်တွေ နဲ့ဆို နံ့သာဆီနဲ့ အီး၊ နတ်သုဒ္ဓါနဲ့
ခွေးချေးလို ကွာချင်တိုင်း မကွာပေဘူးလားဗျာ။
သူပြောတာဟာ reduce
the risk at source ဘဲဗျ။ အရင်းအမြစ်ကို မသတ်နိုင်သရွေ့ကာလပတ်လုံး ဒီပြဿနာတွေဟာ မဆုံးနိုင်မပွဲနိုင်
ဖြစ်နေဦးမှာဘဲ။
ကျွန်တော်တို့ ရဲလေးဘော် (မစိမ့်၊ ကိုသိန်းသန်း၊
ကိုစိုးမင်းဆက်၊ ကျွန်တော်) မနှစ်က UMFCCI မှာ ဟောပြောပွဲ သွားလုပ်ကြတော့ ကျွန်တော်က
အခု မြန်မာပြည်မှာ ဖြစ်နေသမျှ ပြဿနာအားလုံးဟာ system failure ကြောင့်ပါလို့ ပြောခဲ့တယ်။
ဆရာဖေမြင့်က ဦးအေးငြိမ်းက system failure ကြောင့်ပါလို့ ရဲရဲဝံ့ဝံ့ ကြေငြာသွားတယ်။
ဒီတော့ အဲဒါကို ဘယ်လိုကုစားမလဲ လို့ မေးပါတယ်။
အဲဒီတုံးက စင်ကာပူပြန်လာလို့မရဘဲ ထမင်းအလကားစားပြီး
စားလိုက်အိပ်လိုက်လုပ်နေရမဲ့အရေး ပြေးမြင်ယောင်မိလို့ ပြောချင် သလောက် မပြောခဲ့ရဘူး။
စနစ်ကိုပြောင်းရမယ်။ ခဏလေးနဲ့တော့ မရဘူး။ ပျက်စီးနေတဲ့ လူ့ဘောင်ကြီးတစ်ခုလုံးပြန်ပြင်ဘို့
လိုတဲ့အတွက် အနည်းဆုံး အနှစ် ၃၀ ပဲ လို့ လျှော့လျှော့ပေါ့ပေါ့လေး ဖြေခဲ့တယ်။ ဒါပေမဲ့
ပြောချင်တာ မပြောရတဲ့အတွက် ဘယ် အားရမတုံးဗျာ။
အခု BCSS သင်တော့မှ ပယ်ပယ်နယ်နယ် တုပ်ခွင့်ရတော့သကိုး။
BCSS သင်တော့ WSH Act ကိုလည်း ထိပ်ဆုံးမှာ
ထည့်သင်ရတယ်။ WSH Act ကိုပြောရင် reduce the risk at source ကို မပြောလို့မရဘူး။ အဲဒီအကြောင်းပြောတိုင်းလည်း
ကျွန်တော်က UMFCCI တုံးက မပြောလိုက်ရတဲ့ system failure ကို ဘယ်လို ကုစားမလဲဆိုတာ ပြောပြလေ့ရှိတယ်။
တခြား ဟုတ်ပါရိုးလားဗျာ။
အခု မိုးလေးစပ်စပ်ရွာလိုက် ရေတွေလျှံလိုက်။
ခုံးကျော်တံတားတွေ တစ်စင်းပြီး တစ်စင်းထိုးလိုက်။ ကားတွေ ပိုကြပ်လာလိုက်။ ကျောင်းတွေပြင်ဘို့ဆိုပြီး
နိုင်ငံတကာက ဒေါ်လာတွေ သန်းထောင်နဲ့ချီပေးလိုက်၊ ကျောင်းတွေ ပိုစုတ်လာလိုက်။ ဟိုအကောင်တွေ
ပင်လယ်ထဲမျောလာလိုက်၊ အဲဒါ မြန်မာကြောင့်လို့ ၀ိုင်းသမလိုက် . . . ဖြစ်နေတဲ့ ကိစ္စအားလုံးဟာ
system failure ပါဘဲ။
ဒါဖြင့် ဘာဖြစ်လို့ system failure ဖြစ်နေရသလဲ။
ဗမာတွေ သောက်သုံးမကျလို့လား။ အဲဒီရေလျှံတာ ဘယ်လိုမှ မလုပ်တတ်ကြ တော့ဘူးလား။ ကျုပ်တို့ဗမာတွေဟာ
အကုန် ငတုံးတွေချည်းလား။
ဘယ်ဗျာ။ ကမ္ဘာတစ်ဝှမ်းလိုက်ကြည့်လိုက်စမ်းပါ။
အင်မတန်တော်တဲ့ အင်ဂျင်နီယာကြီးတွေ၊ မန်နေဂျာကြီးတွေ၊ technician ကြီးတွေ၊
consultant တွေ ပေါမှပေါ။ ရိုက်သတ်လို့တောင် မကုန်ဘူး။ ရေလျှံတာ ဘယ်လောက်ကြီးကျယ်တဲ့
ပြဿနာလဲဗျာ။
ဒါဖြင့် အဲဒီလူတွေ ရှိနေလျက်ကနဲ့ ဘာဖြစ်လို့
ဒီရေတွေလျှံ၊ မီးတွေလောင်၊ ရေတွေပြတ်၊ ငါးပိထဲ ဓာတ်မြေသြဇာရော စတာတွေ ဖြစ်နေရသလဲ။
ရှင်းပါ့ဗျာ။ အဲဒီလူတွေက ဘာမှ လုပ်လို့မရလို့ပေါ့ဗျ။
ဒါဆို ကျုပ်ကိုလည်း မေးပါ။ ခင်ဗျားရော ဘာလုပ်လို့ရသလဲ။ ဟင့်အင်း၊ ကျွန်တော်လည်း ဘာမှ
လုပ်လို့မရပါ။
ဘာဖြစ်လို့လဲ။
ကျုပ်တို့ဆီမှာက “ဟေ့ကောင်၊ ငါခိုင်းတာလုပ်။ ဘာမှပြန်မပြောနဲ့။ ငါ ရှင်ဘုရင် ဘယ်နှစ်ပတ် ပတ်ပတ်။
မင့်အပူမဟုတ်ဘူး။ ဟောဒီတိုင်းပြည်မှာ ငါသာအတတ်ဆုံး။” ဆိုတဲ့ အတွက်ကြောင့်ပဲ။ (မသိသေးတဲ့သူတွေအတွက်
ငါရှင်ဘုရင် ဘယ်နှစ်ပတ် ပတ်ပတ် ဆိုတာ နောက်ဆက်တွဲနဲ့ ရှင်းပြပါမယ်။)
ဆိုတော့ ခုနင်က system failure နဲ့ reduce
the risk at source ဆီ ပြန်သွားရအောင်။
အဲဒီ ရေကြီးတာ၊ ကားကြပ်တာ၊ မီးလောင်တာ စတာတွေ
ရှင်းထုတ်ဘို့အတွက် system ကို ပြန်ပြင်ဘို့လိုတယ်။ အဲဒီလို ပြန်ပြင် ဘို့ဆိုတာ ခင်ဗျားတို့၊
ကျွန်တော်တို့ လုပ်လို့ရတာမဟုတ်ဘူး။ ဟိုး . . . ထိပ်ဆုံးက အစိုးရဆိုတဲ့လူတွေရဲ့ ခေါင်းထဲမှာ
ဟိုဒင်းတွေအစား ဦးဏှောက်တွေ ရှိဘို့လိုတယ်။ အဲဒီ အစိုးရကနေ ဒီ system ပြန်ပြင်ဘို့
မလုပ်မချင်း ခင်ဗျားတို့ ကျုပ်တို့ ဘာလုပ်လို့ရမလဲ ပြောဇမ်းဘာ။
အဲဒီအတွက် ဗမာတစ်ပြည်လုံးမှာ ဖြစ်နေတဲ့ ပြဿနာအားလုံးရဲ့
source သည် အစိုးရဘဲ။ အရူးချီးပန်း လျှောက်ပြောနေတဲ့သူတွေ အစိုးရအဖွဲ့ကိုကြီးစိုးထားသရွေ့ကာလပတ်လုံး
ကျုပ်တို့ ဗမာပြည်ကြီးကို ဘယ်လိုနည်းနဲ့မှ ပြန်ပြင်ဘို့ မဖြစ်နိုင်ဘူး ဆိုတာ အသေမှတ်ထားပါ။
အဲဒီတော့ အဲဒီ သကောင့်သားအပေါင်းကို ဟောဒီ
၂၀၁၅ မှာ သံပုံးတီးပြီး အပြီးအပိုင် တောထုတ်ပစ်ဘို့ လိုတယ်။ အဲဒါဟာ reduce the
source, No No No, ELIMINATE THE SOURCE ဘဲ။ Reduce မဟုတ်ဘူး။ Reduce နဲ့တင် မလုံလောက်ဘူး။
Eliminate လုပ်ရမှာ။
ကိုင်း၊ မိတ်ဆွေတို့ -
အေးငြိမ်း
၈ ဇွန်၊ ၂၀၁၅။ ည ၁၁း၂၇ နာရီ
ငါရှင်ဘုရင် ဘယ်နှစ်ပတ်လှည့်လည့်
ရှေးသရောအခါ ချာရာဏသီပြည်၌ သူ့ကိုယ်သူ ဘုရင်ဟု
သမုတ်ထားသော ခပ်ချာချာလူတစ်ဦး အုပ်စိုးလေသည်။ အနှီ ဘုရင်ဆိုသူသည် အိပ်ခါနီး၌ အိပ်ယာကို
သုံးပတ်ပြည့်အောင် လှည့်ပြီးမှ အိပ်သော ဟူ၏။ ထိုအခါ ပညာရှိအမတ်ကြီးက အရှင်မင်းကြီး၊
ခွေးတွေမှ အိပ်ခါနီး သုံးပတ်လှည့်တာပါဘုရား ဆိုတော့ အနှီမင်းကြီးက -
ဟေ့၊ ငါရှင်ဘုရင် ဘယ်နှစ်ပတ်လှည့်လှည့် ဟု
ပြန်ဟောက်လေသောဟူသတတ်။
ဇာတ်တော်ကိုပေါင်းလိုက်သော် -
ထိုဘုရင်သေလွန်သောအခါ မြန်မာပြည်ဟူသောတိုင်းပြည်တစ်ပြည်တွင်
ထိပ်ပိုင်း ခပ်ကြီးကြီးနေရာ၌ လူလာဖြစ်လေသည်။
No comments:
Post a Comment