Sunday, September 16, 2012

မြန်မာပြက္ခဒိန်တွက်နည်း (၂၁)

၃၊ ၆။ ၀ါထပ်ရက်ငင်နှစ်များ

 သက္ကရာဇ် ၁၁၂၂ ခုနှစ်မှ ၁၃၇၄ ခုနှစ်ထိ ၀ါထပ်ရက်ငင်နှစ်များကို ဖော်ပြလိုက်ပါသည်။

 ပထမ။    ။ ရတနာပုံနေပြည်တော်ခေတ်၊ ၁၉ ခုစား လထပ်ကိန်းမူသေ သုံးခဲ့သောခေတ်။ ပုပ္ပါးစောရဟန်းမင်း ဖြိုပြီး သက္ကရာဇ် ၁ မှ ၁၂၁၆ ခုအထိ။

ဒုတိယ။  ။ ညောင်ကန်ဆရာတော်ခေတ်။ သက္ကရာဇ် ၁၂၁၇ မှ အစပြု၍ ရှေ့ ၄ ရာသီတွင် အဓိမာသ်ပြိုသော် ထိုနှစ်၌ လထပ်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။

တတိယ။  ။ ပြက္ခဒိန် အကြံပေးအဖွဲ့ခေတ်။ ၁၃၁၇ မှစ၍ ကဆုန်လပြည့်နေ့ကို နိုင်ငံတကာမှ နေ့များနှင့်ကိုက်ညီစေရန် ပြုပြင်ခဲ့သည်။ ထိုမူအရ ရှေ့ ၈ ရာသီတွင် အဓိမာသ်ပြိုသော် ထိုနှစ်၌ လထပ်ရမည်ဟု သတ်မှတ်ခဲ့ကြသည်။

 အောက်ပါဇယားမှ မျဉ်းအထူသားထားသော နှစ်များမှာ ၀ါထပ်နှစ်များဖြစ်ပြီး ကွင်းခတ်ထားသော နှစ်များမှာ ၀ါကြီးထပ်နှစ်များ ဖြစ်ပါသည်။
 


၃၊ ၇။ သူရိယသိဒ္ဓန္တကျမ်းလာ ဝေါဟာရပြက္ခဒိန် ပြုလုပ်နည်း ၃၂

 
အဆင့် (၁)

 
ကလိယုဂ်နှစ်ဆန်း = မြန်မာသက္ကရာဇ် + ၃၇၃၉

စတုယုဂ်၏ သာဝနရက်ပေါင်း ၁၅၇၇၉၁၇၈၂၈ ကိုတည်။ တွက်လိုသောနှစ်၏ ကလိယုဂ်နှစ်ဆန်းဖြင့် မြှောက်။ ထိုမြှောက်ရကိန်းကို စတုယုဂ်နှစ်ပေါင်း ၄၃၂၀၀၀၀ ဖြင့်စား။ အကြွင်းရှိလျှင် စားလဒ်တွင် တစ် တိုး။

ကလိယုဂ်ဆန်းစမှ မိမိတို့တွက်လိုသောနှစ်၊ သင်္ကြန်တက်သော အတာရက်တိုင်အောင် ရေတွက်ရရှိသော သာဝနရက်ပေါင်း ကို ရ၏။ 

 
အဆင့် (၂)

 
စတုယုဂ်၏ အဓိမာသကိန်း ၁၅၉၃၃၃၆ ကိုတည်။ တွက်လိုသောနှစ်၏ ကလိယုဂ်နှစ်ဆန်းဖြင့် မြှောက်။ ထိုမြှောက်ရကိန်းကို စတုယုဂ်နှစ်ပေါင်း ၄၃၂၀၀၀၀ ဖြင့်စား။ စားလဒ်ကား ကလိယုဂ်ဆန်းစမှ မိမိတို့တွက်လိုသောနှစ်၊ သင်္ကြန်အတာရက် တိုင်အောင် ရေတွက်ရရှိသော အဓိမာသ်ပြိုအကြိမ်ပေါင်းဖြစ်၏။ 

 
အဆင့် (၃)

 
စတုယုဂ်၏ အဓျာဟကိန်း ၈၃၇၇၄၈ ကိုတည်။ တွက်လိုသောနှစ်၏ ကလိယုဂ်နှစ်ဆန်းဖြင့် မြှောက်။ ထိုမြှောက်ရကိန်းကို စတုယုဂ်နှစ်ပေါင်း ၄၃၂၀၀၀၀ ဖြင့်စား။ စားလဒ်ကား ကလိယုဂ်ဆန်းစမှ မိမိတို့တွက်လိုသောနှစ်၊ သင်္ကြန်အတာရက် တိုင်အောင် ရေတွက်ရရှိသော အဓျာဟရက်ငင်ပြိုပြီးအကြိမ်ပေါင်းဖြစ်၏။ 

 
အဆင့် (၄)

 
အဆင့် (၂) မှ အဓိမာသ်ပြိုပြီး အကြိမ်ပေါင်းကို ၃၀ နှင့်မြှောက်ပြီး အဆင့် (၃) မှ အဓျာဟရက်ငင်ပြိုပြီး အကြိမ်ပေါင်းနှင့် ပေါင်းပါ။ နှုတ်ကိန်းဖြစ်၏။ အဆင့် (၁) မှ ရသော သာဝနရက်ပေါင်းကိုတည်ပြီး နှုတ်ကိန်းဖြင့်နှုတ်၍ ၃၅၄ ဖြင့် စားပါ။ စားလဒ် သည် ဝေါဟာရနှစ်ပေါင်းဖြစ်သည်။ ထိုဝေါဟာရနှစ်သည်ပင်လျှင် ကလိယုဂ်နှစ်ဆန်း ဖြစ်၏။ ရက်လွန်ပြိုသောနှစ်မဟုတ်ပါက စားကြွင်းသည် ၁၅ အတွင်းဖြစ်လျှင် တန်ခူးလဆန်းရက်ဖြစ်၏။ အကယ်၍ စားကြွင်းသည် ၁၅ ထက်များနေပါက ၁၅ နှုတ်ပါ။ နှုတ်ကြွင်းသည် တန်ခူးလဆုတ်ရက် ဖြစ်၏။ ရက်လွန်ပြိုသောနှစ်ဖြစ်ပါက စားကြွင်းတွင် ၁ ခု ထပ်ပေါင်းပါ။ ကဆုန်လဆန်း ရက်ကိုရမည်။

 
အဆင့် (၁)မှရသော သာဝနရက်ပေါင်းကို ၅ ဖြင့်ပေါင်းပြီး ၇ ဖြင့်စားပါ။ စားကြွင်းမှာ အတာရက်၏ နေ့ဖြစ်ပါသည်။


ထိုအခါ တွက်လိုသောနှစ်၏ တန်ခူးလဆန်း သို့မဟုတ် ကဆုန်လဆန်းရက်၏ နေ့ကို သိပေပြီ။ ထိုအခါ ထိုနှစ်၏ ပြက္ခဒိန်ကို အလွယ်တကူ စီရင်နိုင်ပြီ ဖြစ်၏။

 
နမူနာတွက် ပုံစံ -


တွက်လိုသော နှစ် = ၁၃၄၀
ကိန်းသေနှောကိန်း
၃၇၃၉
တွက်လိုသောနှစ်
၁၃၄၀
ကလိယုဂ်နှစ်ပေါင်း
၅၀၇၉
စတုယုဂ်၏ သာဝနရက်ပေါင်း
၁၅၇၇၉၁၇၈၂၈
ကလိယုဂ်နှစ်ပေါင်း
၅၀၇၉
၄၃၂၀၀၀၀
၈၀၁၄၂၄၄၆၄၈၄၁၂
၁၈၅၅၁၅၀
(သာဝနရက်ပေါင်း)
အဓိမာသကိန်း
၁၅၉၃၃၃၆
ကလိယုဂ်နှစ်ပေါင်း
၅၀၇၉
၄၃၂၀၀၀၀
၈၀၉၂၅၅၃၅၄၄
၁၈၇၃
(အဓိမာသ်ပြိုပြီး အကြိမ်ပေါင်း)
အဓျာဟကိန်း
၈၃၇၇၄၈
ကလိယုဂ်နှစ်ပေါင်း
၅၀၇၉
၄၃၂၀၀၀၀
၄၂၅၄၉၂၂၀၉၂
၉၈၄
(ရက်ငင်ပြိုပြီး အကြိမ်ပေါင်း)
အဓိမာသ်ပြိုပြီး အကြိမ်ပေါင်း
၁၈၇၃
ရက်ဖွဲ့ခြင်း
၃၀
၅၆၁၉၀
ရက်ငင်ပြိုပြီး အကြိမ်ပေါင်း
၉၈၄
နှုတ်ကိန်း
၅၇၁၇၄
သာဝနရက်ပေါင်း
၁၈၅၅၁၅၀
နှုတ်ကိန်း
၅၇၁၇၄
၃၅၄
၁၇၉၇၉၇၆
၅၀၇၉
ကလိယုဂ်နှစ်ပေါင်း
၁၇၉၇၉၆၆
၁၀
(လဆန်း ၁ ရက်နေ့မှ စ၍ရေသောရက်)
သာဝနရက်ပေါင်း
၁၈၅၅၁၅၀
ပုံသေနှောကိန်း
၁၈၅၅၁၅၅
၂၆၅၀၂၂
ရက်သတ္တပတ်ပေါင်း
၁၈၅၅၁၅၄
အတာရက်၏ နေ့

ထို့ကြောင့် ၁၃၄၀ ခုနှစ် တန်ခူးလဆန်း ၁၀ ရက်နေ့သည် တနင်္ဂနွေနေ့ ဖြစ်၏။ ဤသည်မှာ သူရိယသိဒ္ဓန္တကျမ်းလာ ပြက္ခဒိန်စီရင်နည်းဖြစ်၏။ သို့သော် မြန်မာပြက္ခဒိန်နှင့် ကွဲလွဲမှု အနည်းငယ်ရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ ပြက္ခဒိန် လထပ်ရက်ငင်စည်းကမ်းချက်များအရ လထပ်ရမည့်နှစ်တွင် မထပ်၊ ရက်ငင်ရမည့်နှစ်တွင် မငင်သောကြောင့် ရက်ငင်ကြွေးကျန်များ ရှိနေနိုင်သည်ဖြစ်၏။ အောက်ပါ ရက်လွန်ပြိုဇယားတွင်ကြည့်ပါ။ ၁၃၀၉ ခုနှစ်တွင် ရက်လွန်ပြိုသော် လည်း ၁၃၁၂ ခုနှစ်တွင်မှ ရက်ငင်သည်။ ထို့အတူ ၁၃၃၅ ခုနှစ်တွင် ရက်လွန်ပြိုသော်လည်း ၁၃၃၉ ခုနှစ်တွင်မှ ရက်ငင်သည်။ ထို့ကြောင့် နှစ်စဉ်လိုလို ရက်ငင်ကြွေးများကျန်နေသည်။ ထိုအခါ သူရိယသိဒ္ဓန္တကျမ်းလာ ပြက္ခဒိန်ရက်များနှင့်  မြန်မာပြက္ခဒိန် ရက်များ ကိုက်ညီမှုနည်းပါသည်။ ရက်ငင်ကြွေးမရှိသောနှစ်များမှသာ ကိုက်ညီတော့၏။

 
ရက်လွန်ပြိုသောနှစ်နှင့် ရက်ငင်သော နှစ်များ


မြန်မာ
ရက်လွန်ပြို
ရက်လွန်ပြို
 
သက္ကရာဇ်
အကြိမ်ပေါင်း
သုဒ္ဓဒိန်
ဝါကြီးထပ်နှစ်များ
၁၃၀၄
၉၇၇
၈၆
(၁၃၀၄)
၁၃၀၉
၉၇၈
၁၄၃
(၁၃၁၂)
၁၃၁၄
၉၇၉
၂၀၀
(၁၃၁၅)
၁၃၁၉
၉၈၀
၂၅၈
(၁၃၂၃)
၁၃၂၄
၉၈၁
၃၁၅
(၁၃၂၆)
၁၃၃၀
၉၈၂
(၁၃၃၁)
၁၃၄၀
၉၈၄
၁၂၁
(၁၃၄၂)
၁၃၄၅
၉၈၅
၁၇၈
(၁၃၄၇)
၁၃၅၀
၉၈၆
၂၃၆
(၁၃၅၃)
၁၃၅၅
၉၈၇
၂၉၃
(၁၃၅၈)
၁၃၆၀
၉၈၈
၃၅၀
(၁၃၆၃)
၁၃၆၆
၉၈၉
၄၂
(၁၃၆၉)
၁၃၇၁
၉၉၀
၉၉
(၁၃၇၂)

 
၃၊ ၈။ မြန်မာပြက္ခဒိန်တွက်နည်း အနှစ်ချုပ်

 
            ယခုဖော်ပြမည့်နည်းမှာ ယခင်ရှိခဲ့ပြီးသား ပြက္ခဒိန်အဟောင်းများကို ပြန်လည်တွက်ချက်ခြင်း ဖြစ်ပါသည်။ နှစ်တစ်ရာ ပြက္ခဒိန်ကို ကောက်လှန်လိုက်လျှင် ပြီးနိုင်သော်လည်း ဤနည်းမှာမူ နှစ်တစ်ရာပြက္ခဒိန်ဆောင်ထားစရာမလိုဘဲ နှုတ်တိုက် ကျက်ထားရုံဖြင့် အချိန်မရွေး၊ နေရာမရွေးတွက်နိုင်သော နည်းဖြစ်၏။

            ဤလင်္ကာများကို ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ရှိ ဘကြီးမောင်ဟိန်းက နှုတ်တိုက်ချပေးခဲ့ခြင်း ဖြစ်ပါ သည်။

 
၃၊ ၈၊ ၁။ နှစ်သီတံ လင်္ကာ


၁၂၀၁ - ၁၂၁၀။    သူ မင်း ချစ် သည် သံ၊ စာ တန်း ထုတ် လုပ် အံ။

၁၂၁၁ - ၁၂၂၀။    ဒို့ လူ စု ထွန်း လျှံ၊ လာ ဦး နေ လို အံ။

၁၂၂၁ - ၁၂၃၀။    အ ပြစ် ချင်း အ မြန်၊  ကြူ ကြူ သံ ပြန် ကြွေး။

၁၂၃၁ - ၁၂၄၀။    သူ သူ ဇာ နှောင့် နှေး၊ လှိုက် ဆူ တုန် လို့  ဆွေး။

၁၂၄၁ - ၁၂၅၀။    တွန် လှ လှ အ ပြေး၊ မောင် ကြီး အ ပြ ကြွေး။

၁၂၅၁ - ၁၂၆၀။    အ ပြေး ကြ ချေ သော်၊ မိန့် ခွန်း သွန် သွန် ဆော်။

၁၂၆၁ - ၁၂၇၀။    နန်း လူ ဆံ ဆံ တော်၊ လှိုက် ဆူ တုန် လို့  လှော်။

၁၂၇၁ - ၁၂၈၀။    အ မ မောင် ခေါ် အုံး၊ မောင် ကြီး ခေါ် သံ ဆုံး။

၁၂၈၁ - ၁၂၉၀။    ကျေး သား သာ ဆန် နော်၊ သာ ဆော် နန်း နှင့် လုံး။

၁၂၉၁ - ၁၃၀၀။    အ နှုံး လူ လူ အောင်၊ မြ လေး အ မွှာ မောင်။

၁၃၀၀ - ၁၃၁၀။    ငွေ အိုး ပြိုင် ချင် ချေ၊ သင် ဆံ စိတ် ထား လေ။

၁၃၁၁ - ၁၃၂၀။    စာ တော် တင် လေ အောင်၊ အ ပြိုင် လား အုံး မောင်။

၁၃၂၁ - ၁၃၃၀။    လူ အောင် မင့် မောင် ကြီး၊ သစ် သီး ဆေး ကြော သံ။

၁၃၃၁ - ၁၃၄၀။    ဆီ ဆန် ထန်း လာ စေ၊ တော သူ ညံ ထွန်း ထွေ။

၁၃၄၁ - ၁၃၅၀။    လာ အေ့ အ မေ လေး၊ အေး မိ မောင် ကံ သာ။

၁၃၅၁ - ၁၂၆၀။    မိုး ခါ သွန်း သော် ညား၊ ငါး ဟာ စုန် ဆန် တာ။

၁၃၆၁ - ၁၃၇၀။    ရွာ ဆီ နီး တယ် လား၊ အံ့ သြ ဘွယ် ခါ ခါ။

၁၃၇၁ - ၁၃၈၀။    သင် ဖျာ ကို သုတ် ပါ။

            အက္ခရာတစ်လုံးစီသည် နှစ်တစ်နှစ်ချင်းကို ကိုယ်စားပြု၏။ ဥပမာ - ၁၃၄၁ - ၁၃၅၀ လင်္ကာအတွက် -

၁၃၄၁ = လာ။ ၁၃၄၂ = အေ့။ ၁၃၄၃ = အ။ ၁၃၄၄ = မေ။ ၁၃၄၅ = လေး စသည်ဖြင့် ဖြစ်ပါသည်။ ၎င်းတို့ကို အက္ခရာ သင်္ချာ ပြန်ပြောင်းယူရသည်။ ဥပမာ ၁၃၄၁ = လာ = ဗုဒ္ဓဟူး = ၄ ။ ၁၃၄၂ = အေ့ = တနင်္ဂနွေ = ၁ စသဖြင့် ဖြစ်၏။

၁၃၀၀ ခုနှစ်နောက်ပိုင်းလင်္ကာများမှာ ဘကြီးမောင်ဟိန်း စီကုံးထားတာ ဖြစ်ပြီး ၁၃၅၁ နောက်ပိုင်း လင်္ကာများမှာ ကျွန်တော် စီကုံးထားတာ ဖြစ်ပါသည်။ အခြားမူကွဲများရှိနိုင်သော်လည်း နေ့နံများတူညီဘို့သာ ပဓာနကျပါသည်။

 
၃၊ ၈၊ ၂။ လသီတံ လင်္ကာ


တန်ခူး                -  ရှေ့ သို့ တည်

ကဆုန်               -  ဥ သြ အို

နယုန်                 - စိ စိ စို

ဝါဆို                  - လှည့် လည် ပတ်

နောက်ဝါထပ်       - တစ် သင်း ထောင်

ဝါခေါင်               - သာ အောင် ခင်း

တော်သလင်း       - နင်း ကာ ဆွတ်

သီတင်းကျွန်        - က လပ် မှုန်

တန်ဆောင်မုန်း     - ဉာဏ် မ ဟော်

နတ်တော်            - ဖျား နာ အို

ပြာသို                 - သိ အောင် ခဲ

တပို့တွဲ               - အံ စာ လောင်း

တပေါင်း             - ငွေ ရင်း မာ။     


            ဤလသီတံလင်္ကာမှ ရှေ့ဆုံးအလုံးသည် သာမန်နှစ်၊ အလယ်လုံးသည် ၀ါငယ်ထပ်နှစ်၊ နောက်ဆုံးအလုံးမှာ ၀ါကြီးထပ်နှစ်အတွက် ဖြစ်သည်။ ဥပမာ - ၀ါခေါင်လ သာမန်နှစ်အတွက် (သာ)၊ ၀ါငယ်ထပ်နှစ်အတွက် (အောင်)၊ ၀ါကြီးထပ်နှစ်အတွက် (ခင်း) ဖြစ်ပါသည်။

 
၃၊ ၈၊ ၃။ အဓိပ္ပါယ် ရှင်းလင်းချက်

 
၁။ နှစ်သီတန်လင်္ကာမှ မိမိလိုသော နှစ်ကို ကောက်ယူပါ။

ထိုနှစ်၏ အက္ခရာသင်္ချာနှင့် ရှေ့တစ်နှစ်၏ အက္ခရာသင်္ချာကို လက်ချိုးပြီး ရေတွက်ပါ။

ပဉ္စပွတ်ကျသော် ၀ါမထပ်သော ရိုးရိုးနှစ်ဟု မှတ်ပါ။

လသီတံလင်္ကာမှ အလိုရှိသောလ၏ အစအက္ခရာသင်္ချာနှင့် ပေါင်းပါ။ ထိုနှစ်ရပ်ပေါင်းရလဒ်ကို ၇ နှင့်စားပါ။ အကြွင်းသည် လိုသောနှစ်၏၊ လ၏ လဆန်းနေ့ ဖြစ်၏။

 ၂။ လိုသောနှစ်၏ အက္ခရာသင်္ချာနှင့် နောက်တစ်နှစ်၏ အက္ခရာသင်္ချာကို လက်ချိုးရေပါ။ သတ္တပွတ်ကျသော် ၀ါငယ်ထပ်နှစ် ဖြစ်၏။ လသီတံလင်္ကာမှ အလယ်လုံးကို ရော၍ ၇ နှင့်စား။ အကြွင်းသည် လိုသော နှစ်၏၊ လ၏ လဆန်းနေ့ ဖြစ်သည်။

 
၃။ လိုသောနှစ်၏ အက္ခရာသင်္ချာနှင့် နောက်တစ်နှစ်၏ အက္ခရာသင်္ချာကို လက်ချိုးရေပါ။ အဋ္ဌပွတ်ကျသော် ၀ါကြီးထပ်နှစ် ဖြစ်၏။ လသီတံလင်္ကာမှ အဆုံးလုံးကို ရော၍ ၇ နှင့်စား။ အကြွင်းသည် လိုသော နှစ်၏၊ လ၏ လဆန်းနေ့ ဖြစ်သည်။

မှတ်ချက်။            ။ ပဉ္စပွတ် ဟူသည် ၅ ကို ခေါ်သည်။ သတ္တပွတ် ဟူသည်ကား ၇ ကို ခေါ်ခြင်းဖြစ်ပြီး အဋ္ဌပွတ် ဟူသည် ၈ ဖြစ်သည်။

 
ဥပမာ - ၁။ သာမန်နှစ် တွက်ပုံ

 
၁၃၄၉ ခု တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် အမျိုးသားနေ့သည် မည်သည့်နေ့ဖြစ်သနည်း။

 
နှစ်သီတံလင်္ကာတွင်ကြည့်လျှင် ၁၃၄၉ ခုနှစ်မှာ (ကံ) ဖြစ်၏။ သူ့ရှေ့မှ တစ်နှစ်မှာ (သာ) ဖြစ်၏။ ထို့ကြောင့် (ကံ = ၂) မှ (သာ = ၆) ထိ လက်ချိုးရေလျှင် (ကံ = ၂ ၊ ၃၊ ၄၊ ၅၊ ၆ = သာ) ဟု ၅ ရ၏။ တစ်နည်း ပဉ္စပွတ် ဖြစ်၏။ ထို့ကြောင့် ၁၃၄၉  ခုနှစ်သည် သာမန်နှစ်ဖြစ်ကြောင်း သိရသည်။

ထိုအခါ ၁၃၄၉ ခုနှစ်၏ အက္ခရာသင်္ချာဖြစ်သော (ကံ = ၂) ကို တန်ဆောင်မုန်းလ၏ လသီတံလင်္ကာမှ ရှေ့ဆုံးအလုံးဖြစ်သော (ဉာဏ် = ၃) ဖြင့် ပေါင်းပါ။ ၂ + ၃ = ၅ ဟု ရ၏။ ၎င်းကို ၇ ဖြင့်စားသော် အကြွင်း ၅ ပင်ရပေလိမ့်မည်။ ၎င်းကိုကြည့်ခြင်းဖြင့် ၁၃၁၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့သည် ကြာသပတေးနေ့ဖြစ်ကြောင်း သိရပြီ။

၁ ရက်နေ့  ကြာသပတေး၊ ၂ ရက် သောကြာ စသဖြင့် ရေတွက်သွားပါက ၁၃၄၉ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် နေ့သည်  တနင်္ဂနွေဖြစ်ကြောင်း သိနိုင်ပါသည်။

 
ဥပမာ - ၂။ ၀ါငယ်ထပ်နှစ် တွက်ပုံ

 
၁၃၂၈ ခုနှစ် ကဆုန်လပြည့်နေ့သည် မည်သည့်နေ့ ဖြစ်သနည်း။

 
နှစ်သီတံလင်္ကာတွင်ကြည့်လျှင် ၁၃၂၈ ခုနှစ်မှာ (ဆေး) ဖြစ်၏။ သူ့ရှေ့မှ တစ်နှစ်မှာ (ကြော) ဖြစ်၏။ ထို့ကြောင့် (ဆေး=၃) မှ (ကြော=၂) ထိ လက်ချိုးရေလျှင် (ဆေး = ၃ ၊ ၄ ၊ ၅၊ ၆ ၊ ၇၊ ၁ ၊ ၂ = ကြော) ဟု ၇ ရ၏။ တစ်နည်း သတ္တပွတ် ဖြစ်သည်။ ထို့ကြောင့် ၁၃၂၈ ခုနှစ်သည် ၀ါငယ်ထပ်နှစ်ဖြစ်ကြောင်း သိရသည်။

ထိုအခါ ၁၃၂၈ ခုနှစ်၏ အက္ခရာသင်္ချာဖြစ်သော (ဆေး = ၃) ကို ကဆုန်လ၏ လသီတံလင်္ကာမှ အလယ်လုံးဖြစ်သော (သြ = ၁) ဖြင့် ပေါင်းပါ။ ၃ + ၁ = ၄ ဟု ရ၏။ ၎င်းကို ၇ ဖြင့်စားသော် အကြွင်း ၄ ပင်ရပေလိမ့်မည်။ ၎င်းကိုကြည့်ခြင်းဖြင့် ၁၃၂၈ ခုနှစ် ကဆုန်လဆန်း ၁ ရက်နေ့သည် ဗုဒ္ဓဟူးနေ့ဖြစ်ကြောင်း သိရပြီ။

၁ ရက်နေ့  ဗုဒ္ဓဟူး၊ ၂ ရက် ကြာသပတေး စသဖြင့် ရေတွက်သွားပါက ၁၃၂၈ ခုနှစ် ကဆုန်လပြည့်နေ့သည်  ဗုဒ္ဓဟူးနေ့ ဖြစ်ကြောင်း သိရပေပြီ။

 
ဥပမာ - ၃။ ၀ါကြီးထပ်နှစ် တွက်ပုံ

 ၁၃၁၅ ခုနှစ် ၀ါခေါင်လဆန်း ၁၀ ရက်နေ့သည် မည်သည့်နေ့ ဖြစ်သနည်း။


နှစ်သီတံလင်္ကာတွင်ကြည့်လျှင် ၁၃၁၅ ခုနှစ်မှာ (အောင်) ဖြစ်၏။ သူ့ရှေ့မှ တစ်နှစ်မှာ (အ) ဖြစ်၏။ ထို့ကြောင့် (အောင် = ၁) မှ (အ = ၁) ထိ လက်ချိုးရေလျှင် (အောင် = ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ ၇၊ ၁ = အ) ဟု ၈ ရ၏။ တစ်နည်း အဋ္ဌပွတ် ဖြစ်၏။ ထို့ကြောင့် ၁၃၁၅ ခုနှစ်သည် ၀ါကြီးထပ်နှစ်ဖြစ်ကြောင်း သိရသည်။

ထိုအခါ ၁၃၁၅ ခုနှစ်၏ အက္ခရာသင်္ချာဖြစ်သော (အောင် = ၁) ကို ၀ါခေါင်လ၏ လသီတံလင်္ကာမှ နောက်ဆုံးအလုံးဖြစ်သော (ခင်း = ၂) ဖြင့် ပေါင်းပါ။ ၁ + ၂ = ၃ ဟု ရ၏။ ၎င်းကို ၇ ဖြင့်စားသော် အကြွင်း ၃ ပင်ရပေလိမ့်မည်။ ၎င်းကိုကြည့်ခြင်းဖြင့် ၁၃၁၅ ခုနှစ် ၀ါခေါင်လဆန်း ၁ ရက်နေ့သည် အင်္ဂါနေ့ဖြစ်ကြောင်း သိရပြီ။

၁ ရက်နေ့ အင်္ဂါ၊ ၂ ရက် ဗုဒ္ဓဟူး စသဖြင့် ရေတွက်သွားပါက ၁၃၁၅ ခုနှစ် ၀ါခေါင်လဆန်း ၁၀ ရက်နေ့သည်  ကြာသပတေး ဖြစ်ကြောင်း သိရပေပြီ။

            ပြက္ခဒိန်တွင် နေ့တူရာ ရက်များရှိပါသည်။ ဥပမာ လဆန်း ၁ ရက်သည် သောကြာနေ့ ဖြစ်ပါက လဆန်း ၈ ရက်၊ လပြည့်၊ လဆုတ် ၇ ရက်၊ လဆုတ် ၁၄ ရက်တို့သည်လည်း သောကြာနေ့ပင် ဖြစ်သည်။ အောက်တွင် ပြက္ခဒိန်မှ နေ့တူရာ ရက်များကို ဖော်ပြထားပါသည်။ ဤသို့သိထားခြင်းဖြင့် အလိုရှိရာနေ့ကို အလွယ်တကူ တွက်ယူနိုင်ပါသည်။

လဆန်း ၁
=
လဆန်း ၈
=
လပြည့်
=
လဆုတ် ၇
=
လဆုတ် ၁၄
လဆန်း ၂
=
လဆန်း ၉
=
လဆုတ် ၁
=
လဆုတ် ၈
=
လဆုတ် ၁၅
လဆန်း ၃
=
လဆန်း ၁၀
=
လဆုတ် ၂
=
လဆုတ် ၉
လဆန်း ၎
=
လဆန်း ၁၁
=
လဆုတ် ၃
=
လဆုတ် ၁၀
လဆန်း ၅
=
လဆန်း ၁၂
=
လဆုတ် ၎
=
လဆုတ် ၁၁
လဆန်း ၆
=
လဆန်း ၁၃
=
လဆုတ် ၅
=
လဆုတ် ၁၂
လဆန်း ၇
=
လဆန်း ၁၄
=
လဆုတ် ၆
=
လဆုတ် ၁၃

 
၃၊ ၈၊ ၄။ နှစ်သီတံလင်္ကာ ဆက်စီနည်း


နိုင်ငံတော်အစိုးရမှ ထုတ်ပြန်သော ပြက္ခဒိန်ထွက်လာသောအခါ သာမန်နှစ်၊ ၀ါကြီးထပ်နှစ်၊ ၀ါငယ်ထပ်နှစ် စသဖြင့် သိရသည်။ ဤအပေါ်အခြေခံပြီး အထက်ပါလင်္ကာကို ဆက်စီသွားရပါသည်။  ဥပမာ ၁၃၄၉ ခုနှစ်သည် ၀ါမထပ်။ ထို့ကြောင့် ၁၃၄၉ ဖြစ် သော (ကံ) မှ ထောက်၍ ပဉ္စပွတ် (သာ) နှင့် လင်္ကာစီသည်။ ထိုအခါ (ကံ သာ) ဖြစ်လာ၏။ ၁၃၇၁ သည် ၀ါငယ်ထပ်နှစ် ဖြစ်၏။ ထို့ကြောင့် ၁၃၇၁ ၏ အက္ခရာသင်္ချာ (သင်) မှ နောက်တစ်နှစ်ကို သတ္တပွတ်ဖြစ်သော (ဖျာ) ဟု စီလိုက်သည်။ စာရှုသူများလည်း ဤနည်းအတိုင်း မိမိဘာသာ ဆက်လက်စီကုံးသွားနိုင်ပါသည်။

No comments: