Thursday, March 31, 2022

အတန်းတင်စာမေးပွဲ မေးခွန်းများ

ယခုနှစ် အတန်းတင်စာမေးပွဲတွင် (ဘယ်အတန်းလဲတော့ မသိပါ) အောက်ပါမေးခွန်းများ ပါသည်ဟု သိရသဖြင့် ကျွန်ုပ်က အဖြေများနှင့်တကွ မိတ်ဆွေများကို ပြန်လည် ဝေငှလိုက်ရပါကြောင်း။

 

၁။ အလင်္ကာ

အောက်ပါတို့သည် မည်သည့်အလင်္ကာ မြောက်သနည်း။

 

(က) ခွေး

‘မင်းအောင်လှိုင်’ ဟု တည့်တည့်မရေးဘဲ ‘ခွေး’ ဟု သွယ်ဝိုက်ရေးသောကြောင့် ဝင်္ကဝုတ္တိ အလင်္ကာမြောက်ပါသည်။ 

 

(ခ) သီတဂူ

‘ဘောမ’ ဟု တိုက်ရိုက်မရေးဘဲ ‘သီတဂူ’ ဟု သွယ်ဝိုက်ရေးသောကြောင့် ဝင်္ကဝုတ္တိ အလင်္ကာမြောက်ပါသည်။

 

(ဂ) ပီဒက်

‘ခွေးများ၏သေမင်း’ ဟု တိုက်ရိုက်မရေးဘဲ ‘ပီဒက်’ ဟု သွယ်ဝိုက်ရေးသောကြောင့် ဝင်္ကဝုတ္တိ အလင်္ကာမြောက်ပါသည်။

 

(ဃ) ရဲ

‘ကမ္ဘာ့အစုတ်ပဲ့ဆုံးလူသတ်သမား’ ဟု တိုက်ရိုက်မရေးဘဲ ‘ရဲ’ ဟု သွယ်ဝိုက်ရေးသောကြောင့် ဝင်္ကဝုတ္တိ အလင်္ကာ မြောက်ပါသည်။

 

(င) မိကြူ

‘ခေါဘဏီတပ်’ ဟု တိုက်ရိုက်မရေးဘဲ ‘မိကြူ’ ဟု သွယ်ဝိုက်ရေးသောကြောင့် ဝင်္ကဝုတ္တိ အလင်္ကာမြောက်ပါသည်။

 

 

၂။ ရသ

(က) ဘယ်နေရာမှာတော့ ခွေးဘယ်နှစ်ကောင် သေသွားပြီ ဟု ကြားရသည့်အခါ အသင် မည်ကဲ့သို့ ခံစားရဘိသနည်း။

အဖြေ - ဝမ်းသာအူမြူးလွန်းလို့ ထကမိပါသည်။ 

 

(ခ) NLD အစိုးရလက်ထက်မှာ ပြည်သူတွေ အမှောင်ကျခဲ့ရတာ အခု မင်းကောင်းမင်းမြတ် တက်လာမှ ပြည်သူတွေ စိတ်ချမ်းသာလက်ချမ်းသာ နေရတော့တယ် ဟု ပြောသံကြားရသည့်အခါ အသင် ဘယ်လိုခံစားရပါသနည်း။

အဖြေ - ရွံလွန်းလို့ ရေထချိုးမိပါသည်။

 

(ဂ) Tayဂျင်းဇိုး

‘သေချင်းဆိုး’ ဟုရေးလျှင် ဟိုပုဏ္ဏား၏ အဘန်းခံရမှာစိုး၍ ‘Tayဂျင်းဇိုး’ ဟု ရေးရသောကြောင့် ဘယာနကရသ မြောက်ပါသည်။

 

(ဃ) ဘယ်နေရာမှာတော့ ပီဒက်ကလေးတစ်ယောက် ဒဏ်ရာရသည်ဟုကြားလျှင် အသင်ဘယ်ကဲ့သို့ ခံစားရပါသနည်း။

အဖြေ - အလွန်ဝမ်းနည်းမိသောကြောင့် ကရုဏာရသ မြောက်ပါသည်။

 

(င) စစ်သားများ တန်းစီချီတက်လာတာကို ဟိုဂတုံးတွေ ခွေးသေးပန်းရွက်တွေနှင့် ရေဖြန်းနေတာ တွေ့ရတော့ သင် မည်သို့ ခံစားရပါသနည်း။

အဖြေ - ဆင်၏ဘောကို ဖြတ်လျက် တန်းလန်းဆွဲထားကာ အနှီဂတုံးများအား ၂၄ နာရီ မပြတ်မလတ် လျက်စေချင်သော ကြောင့် ဘောလျက်ရသ မြောက်ပါသည်။

 

၃။  မေးခွန်းတို

 

(က) ဝယ်သာမကောင်းရင် ဖြုတ်လဲလိုက်၊ ရေကို pH 9, 10 ရအောင်ထုတ်၊ ထန်းလျက်ကို မျိုးထား စသည့် ကမ္ဘာကျော် ပညာရပ်များကို သင်ကြားပေးလိုက်သောကျောင်း အမည်ကို ဖော်ပြပါ။

အဖြေ - ဒေါ်စိန်အေး

 

(ခ) ကမ္ဘာအယုတ်မာဆုံး စစ်တပ်ကား အဘယ်စစ်တပ်ဖြစ်သနည်း။

အဖြေ - မြန်မာစစ်တပ်

 

(ဂ) ကမ္ဘာ့တရားဝင် လူသတ်၊ ဓားပြ၊ ပြန်ပေးဆွဲအဖွဲ့ကြီးကို ဖော်ပြပါ။

အဖြေ - သူတို့ကိုယ်သူတို့ ‘မြန်မာ့သတ်မတော်’ ဟု အမည်ပေးထားသည့် လူဆိုးဂိုဏ်း

 

 (ဃ) နိုင်ငံပိုင်မှန်သမျှ အကုန်ခိုးဝှက်ထားသူများက သူတော်ကောင်းများကို လာဘ်စားမှုဖြင့် တရားစွဲဆိုသော တိုင်းပြည် အမည်ကို ဖော်ပြပါ။

အဖြေ - မြန်မာပြည်

 

(င) မတရားမှုများကို တရားလုပ်ကာ စွဲဆိုနေပါလျက် တရားစီရင်ရေး တရားစီရင်ရေး ဟု ဖင်ပိတ်အော်နေသူများ နေသည့် တိုင်းပြည်

အဖြေ - $$$တလွဲတိုင်းပြည် - ဗမှားပြည်

 

ကျန်သည့်မေးခွန်းများရလျှင် ဆက်တင်ပေးပါမည်။

 

အေးငြိမ်း

၃၁ မတ်လ၊ ၂၀၂၂

No comments: