Friday, May 1, 2009

Living in Singapore XXVI (Banks I)

အခန်း (၈)

ငွေကြေးစံနစ် နှင့် ဘဏ်များ၊

ခေတ်သစ် လူနေမှု စံနစ်တွင် ငွေသည် မရှိမဖြစ် လိုအပ်သော အရာ တစ်ခု ဖြစ်လေရာ ငွေ နှင့် ပတ်သက်သော လုပ်ငန်း ဆောင်တာများ၊ ဘဏ်လုပ်ငန်း များကို သိရှိထားရန် လိုပါသည်။ အထူးသဖြင့် စီးပွားရေး လုပ်ကြရာ တွင် ဘဏ်သည် မသွားမဖြစ် သွားရမည့် နေရာတစ်ခု ဖြစ်လေရာ ဘဏ်လုပ်ငန်းများ အကြောင်း သိရှိ ထားလျှင် လုပ်ငန်းများ အဆင်ပြေ ချောမွေ့နိုင်ပေမည်။
သို့အတွက် ဘဏ်များ နှင့် ငွေပေး ငွေယူ ကိစ္စများ သိရှိနိုင်ရန် တင်ပြလိုက်ခြင်း ဖြစ်ပါသည်။

၈၊ ၁။ စင်ကာပူ နိုင်ငံ ၏ ငွေကြေးစံနစ်

စင်ကာပူ နိုင်ငံ သုံး ငွေကြေးမှာ စင်ကာပူ ဒေါ်လာ ဖြစ်ပါ၏။ ဆင့် ၁၀၀ လျှင် ၁ ဒေါ်လာ ဖြစ်ပါသည်။ ယခင် က ၁ ဆင့် စေ့များ ထုတ်၊ သုံးသော်လည်း ယခုမူ တစ်ဆင့်စေ့များ မရှိတော့ပါ။ အနိမ့်ဆုံး အကြွေစေ့မှာ ၅ ဆင့် ဖြစ်ပါ သည်။ အကြွေစေ့များ အနေနှင့် ၅ ဆင့်၊ ၁၀ ဆင့်၊ ဆင့် ၂၀ ၊ ဆင့် ၅၀ ၊ ၁ ဒေါ်လာ စသဖြင့် ထုတ် ပါသည်။ ငွေစက္ကူ အနေနှင့် ၂ ဒေါ်လာတန်၊ ၅ ဒေါ်လာတန်၊ ၁၀ ဒေါ်လာတန်၊ ၅၀ ဒေါ်လာတန်၊ ၁၀၀ ဒေါ်လာတန်၊ ၁၀၀၀ ဒေါ်လာတန်၊ တစ်သောင်းတန် စသည်ဖြင့် ထုတ်လုပ် သုံးစွဲ ပါသည်။





သို့ရာတွင် ယခု အီလက်ထရောနစ် ခေတ်၌ ပိုက်ဆံကို ငွေသားမျှသာ မက ဘဏ်ကဒ်များ၊ ခရက်ဒစ် ကဒ်များ (Credit Card) ၊ ကက်ရှ်ကဒ် (Cash Card) များ ဖြင့်လည်း သုံးစွဲ ကြပါသည်။ အထူးသဖြင့်မူ ငွေသား ပိုက်ဆံကို ပမာဏ အားဖြင့် နည်းပါးလှသော ငွေပေးငွေယူ ကိစ္စများ၊ အသေးသုံး ကိစ္စများ တွင် သာ သုံးစွဲကြပြီး ပမာဏ များသော ငွေပေးငွေယူ ကိစ္စများတွင်မူ၊ ချက်လက်မှတ်များ၊ ဘဏ်ကဒ်များ၊ ခရက်ဒစ် ကဒ်များ (Credit Card) ဖြင့် ပေးချေကြ ပါသည်။ ဈေးဝယ်ရာတွင် လည်းကောင်း၊ တက္ကစီ စီးရာတွင်လည်းကောင်း ဘဏ်ကဒ် သုံး၍ ပေးချေနိုင်ပါသည်။









ငွေပေး ငွေယူကိစ္စများ တွင် လူအချင်းချင်း လာရောက် တွေ့ဆုံစရာ မလိုသကဲ့သို့ ဘဏ်ကိုလည်း အခါခပ်သိမ်း သွားစရာ မလိုတော့ပါ။ ATM စက်များမှ တဆင့် ငွေကို မိမိ ငွေစာရင်း (Account) မှ မိမိပို့လိုသူ ၏ ငွေစာရင်းထဲသို့ လွယ်ကူ လျှင်မြန် စွာ အချိန်မရွေး၊ နေရာ မရွေး ပို့၍ ရပါသည်။
သို့သော် ATM စက်များတွင် ငွေထုတ်ယူခြင်း၊ ငွေပို့ ခြင်း ကိစ္စများကို ကန့်သတ် ထားပါသည်။ ATM စက်များမှ ငွေထုတ်လျှင် သို့မဟုတ် ငွေလွှဲလျှင် တစ်နေ့လျှင် စုငွေစာရင်း(Saving Account) တစ်ခုမှ စင်ကာပူ ဒေါ်လာ ၂၀၀၀ သာ ထုတ်ယူ သို့မဟုတ် လွှဲခွင့် ရှိပါသည်။ ၂၀၀၀ ထက်ပို၍ ထုတ်လိုလျှင် သို့မဟုတ် ငွေလွှဲလိုလျှင် ဘဏ်သို့ လူကိုယ်တိုင် သွားရပါသည်။ သို့သော် စာရင်းရှင် (Current Account) ဖြစ်လျှင်မူ ၃၀၀၀ ထိ ထုတ်ယူ သို့မဟုတ် လွှဲ၍ ရပါသည်။
ယခုအခါ တွင်ကျယ်လာနေပြီ ဖြစ်သော အင်တာနက် ဘဏ်လုပ်ငန်း (Internet Banking သို့မဟုတ် iBanking) ရှိထားလျှင် ပိုပြီး အဆင်ပြေ လွယ်ကူပါသည်။ ဘဏ်သို့ သွားစရာ မလိုသကဲ့သို့၊ ATM စက်ရှိရာ သို့လည်း သွားစရာ မလို တော့ဘဲ မိမိ စားပွဲပေါ်မှ နေကာ ငွေကြေးဆိုင်ရာ ဘဏ်လုပ်ငန်းများကို လုပ်နိုင်ပါသည်။ မိမိ ငွေပို့လိုသော မည်သည့် နိုင်ငံကို မဆို အချိန်မရွေး၊ နေရာ မရွေးမှနေ၍ ပို့နိုင်ပြီ ဖြစ်ပါသည်။
စင်ကာပူ နိုင်ငံသည်ကား ကမ္ဘာ့နိုင်ငံ ပေါင်းစုံတို့နှင့် စီးပွားရေးအရ ဆက်သွယ် ဆောင်ရွက်နေသည် ဖြစ်ရာ မည်သည့် နိုင်ငံနှင့် မဆို ဘဏ်လုပ်ငန်းများကို လွယ်ကူ ချောမွေ့စွာ အဆင်ပြေပြေ ဆောင်ရွက် နိုင်ပါသည်။
စင်ကာပူ နိုင်ငံသုံး ငွေကြေးဖြစ်သော စင်ကာပူ ဒေါ်လာမှာလည်း အလွန် တည်ငြိမ် လှပါသည်။ လက်ရှိ ငွေလဲလှယ် နှုံးများအရ စင်ကာပူ တစ်ဒေါ်လာလျှင် (ပျှမ်းမျှခြင်း အားဖြင့်)(အနည်းငယ် အတက်အကျ ရှိပါသည်။) -
1 Sing Dollar = 0.677 US Dollar
1 Sing Dollar = 0.457 British Pound
1 Sing Dollar = 0.51 Euro
1 Sing Dollar = 0.921 Australian Dollar
1 Sing Dollar = 2.41 Malaysian Ringgit
1 Sing Dollar = 23.88 Thai Baht
1 Sing Dollar = 66.58 Japanese Yen
1 Sing Dollar = 4.62 Chinese Yuan
၈၊ ၂။ ATM (Automated Teller Machine) စက်များ

စင်ကာပူ တွင် နေသူများ အဖို့ ATM စက်များ အကြောင်းလည်း ကောင်းကောင်း သိထားရန် လိုပါသည်။ စင်ကာပူ နိုင်ငံ တစ်ဝှမ်း နေရာ အနှံ့အပြားတွင် သက်ဆိုင်ရာ ဘဏ်များအလိုက် ATM စက်များ ရှိပါသည်။ ATM စက်များ တွင် အောက်ပါ ငွေကြေး ဆိုင်ရာ လုပ်ငန်းများ လုပ်နိုင်ပါ၏။

v ငွေထုတ်ခြင်း
v ငွေစာရင်း လက်ကျန် ကြည့်ခြင်း
v ငွေစာရင်း (Account) တစ်ခုမှ အခြား ငွေစာရင်းတစ်ခု သို့ ငွေလွှဲခြင်း
v တယ်လီဖုံးကဒ် အတွင်း ငွေဖြည့် (Top Up) ခြင်း
v Cash Card နှင့် EZ Link Card များ ငွေဖြည့်ခြင်း (Top Up လုပ်ခြင်း)
v မိမိ၏ PIN (Personal Identification Number) နံပါတ် ပြောင်းခြင်း

ပိုက်ဆံကို ငွေသားအနေနှင့် ထားခြင်းသည် ပျောက်ယှမှာ စိုးရိမ်ရသည်။ သို့အတွက် အသေးသုံး ငွေကြေး အနည်းငယ်မှ အပ ပိုက်ဆံများကို မိမိ ဘဏ်စာရင်း ထဲ ထားခြင်းက ပိုပြီး စိတ်ချလုံခြုံမှု ရှိသည်။

စင်ကာပူ နိုင်ငံ အနှံ့အပြားတွင် တွေ့နိုင်သည့် ATM စက်များ
၈၊ ၃။ မိမိ ဘဏ်စာရင်း သို့မဟုတ် အခြားသူ ဘဏ်စာရင်း ထဲသို့ ငွေသွင်းသည့် စက် (Cash Deposit Machine)

ပိုက်ဆံ အများကြီးကို လက်ထဲတွင် ငွေသားအဖြစ် ကိုင်ဆောင်ထား ရသည်မှာ အလွန် အန္တရာယ် များလှသည်။ သို့အတွက် လိုသလောက် အသေးသုံး ပိုက်ဆံ အနည်းငယ် ကိုသာ ဆောင်ထားပြီး ပိုသော ပိုက်ဆံများ ကို လက်ထဲ တွင် မထားဘဲ ကိုယ့် ဘဏ်စာရင်း ထဲတွင် ထည့်ထားခြင်းက ပိုပြီး စိတ်ချရ ပါသည်။ ဤသို့ အသုံးမလို သေးသော ပိုက်ဆံများကို မိမိ ဘဏ်စာရင်းထဲ ထည့်လိုပါက ထည့်နိုင်ရန် ငွေသွင်းသည့် စက် (Cash Deposit Machine) များကို သက်ဆိုင်ရာ ဘဏ်များ အနီးတွင် ထားရှိပေးပါသည်။



Cash Deposit Machine များတွင် မိမိ ဘဏ်စာရင်း ထဲသို့ သာမက အခြား မိမိ ငွေပို့လိုသူ ၏ ဘဏ်စာရင်း ထဲ သို့ပါ ငွေသားဖြင့် တိုက်ရိုက် ပေးသွင်း နိုင်ပါသည်။ ဤသို့ ငွေသွင်းရန် ဘဏ်ကဒ် သို့မဟုတ် Pass Book လိုပါသည်။
Cash Deposit Machine များတွင် ငွေသွင်းခြင်း သာမက Pass Book များကိုလည်း update (ပုံနှိပ်ခြင်း) လုပ်နိုင်ပါသည်။ လုပ်ရ သည်မှာလည်း မခဲယဉ်းပါ။ ကွန်ပြူတာ ဖန်သားပြင် ပေါ်တွင် ပေါ်လာသော ညွှန်ကြားချက် များ အတိုင်း လိုက်လုပ် သွားရုံသာ ဖြစ်ပါသည်။
သို့သော် Cash Deposit Machine များမှာ ATM စက်များလောက် အရေအတွက် မများပါ။ ဘဏ်ခွဲများ တည် ရှိရာ နေရာများတွင် သာ ထားရှိ ပေးပါသည်။ မည်သို့ပင် ဖြစ်စေ ဘဏ်များသို့ လူကိုယ်တိုင် သွား ရောက် တန်းစီ စောင့်ဆိုင်းရ ခြင်း နှင့် စာလျှင် အများကြီး အဆင်ပြေပါသည်။ ထို့ပြင် ဘဏ်ဖွင့်ချိန်၊ ပိတ်ချိန်ကိုလည်း စိတ် ပူစရာ မလိုတော့ပါ။
၈၊ ၄။ SAM (Self-service Automated Machine) စက်များ

ငွေလွှဲနိုင်၊ ငွေထုတ်ယူနိုင်သည့် ATM စက်များ အပြင် စင်ကာပူ စာတိုက်ဌာနမှ တပ်ဆင် ပေးထားသော SAM စက်များ လည်း ရှိပါသေးသည်။ SAM စက်များ သည်လည်း အလွန် အသုံးတည့်သော စက်များ ဖြစ်ပါသည်။ ကမ္ဘာ့ နိုင်ငံ အသီးသီး သို့ စာများ၊ ပါဆယ်များ ပို့လိုလျှင် ထို စက်များတွင် ပို့လိုသော ပါဆယ်ထုပ်ကို ချိန်ကာ ကျသင့်ငွေကို တွက်ချက်ပြီး တံဆိပ်ခေါင်း ကိုပါ တပါတည်း ၀ယ်ယူ နိုင်ပါသည်။ ထို့နောက် ထွက်ကျလာသော တံဆိပ်ခေါင်းကို ပါဆယ်ပေါ်တွင် ကပ်ကာ စာတိုက်ပုံး အတွင်း ထည့်လိုက်ပါ က ပြီးပါ၏။ စာတိုက်တွင် တန်းစီရသော ဒုက္ခ မရှိတော့ပါ။
SAM စက်များ သည် ၂၄ နာရီ ဖွင့်ထားသော စက်များ ဖြစ်ပါ၏။ SAM စက်များမှ နေ၍ မိမိ ပေးလိုသော Bill များ (တယ်လီဖုံးခ၊ ရေမီးခ၊ ကားပါကင်ခ စသည်) နှင့် ဒါဏ်ကြေး (ဥပမာ- ဆေးလိပ် မသောက်ရ ဟု တားမြစ်ထားသော နေရာတွင် ဆေးလိပ်သောက်မိ သဖြင့် ပေးဆောင်ရသော ဒါဏ်ကြေး) များကိုလည်း ပေးဆောင် နိုင်ပါသည်။ SAM စက်များကို ဘူတာရုံများ၊ Supermarket ကြီးများ စသည့် လူစည်ကားသော၊ လူသူ အရောက်အပေါက် များသော နေရာ များတွင် ထားရှိပေးပါသည်။ စင်ကာပူ တစ်နိုင်ငံလုံးတွင် SAM စက်ပေါင်း ၂၉၁ လုံး ရှိပါသည်။


SAM စက်များ သည် သုံးရ အလွန် လွယ်ကူပါသည်။ ကွန်ပြူတာ မျက်နှာပြင်ကို လက်နှင့် ထောက်ကာ (touch screen) မိမိ ရှာလိုသော အချက်များ ကို ရှာနိုင်ပါသည်။ ထိုထက် ပို၍ လွယ်ကူသည်မှာ စက်အောက်တွင် ဖြာကျ နေသော ရောင်ခြည် အောက်သို့ မိမိ Bill စာရွက် အောက်ပိုင်းတွင် ပါရှိသော ကွန်ပြူတာ ဘားကုဒ် ကို ပြလိုက်ပါက Bill ပေးဆောင်ရမည့် သူသည် မည်သူ ဖြစ်သည်၊ မည်သည့် ဌာန သို့ ပေးဆောင်ရမည်၊ မည်သည့် လအတွက် မည်မျှ ပေးဆောင်ရန် ရှိသည် စသည် တို့ကို ကွန်ပြူတာ က အလို အလျှောက် ဖတ်သွားပါလိမ့်မည်။ မိမိက ကွန်ပြူတာ ဖန်သား ပြင်ပေါ်တွင် ပေါ်လာသော ထို အချက်အလက် များ မှန်မမှန်ကို စစ်ဆေးပြီး အားလုံး မှန်ကန်ပါက OK ကို နှိပ်လိုက် ရုံသာ ဖြစ်ပါသည်။
ငွေပေးဆောင်ရာတွင် ဘဏ်ကဒ်နှင့် ပေးဆောင်နိုင် ပါသည်။ မိမိ ဘာလုပ်ရမည်ကို ကွန်ပြူတာက ညွှန်ကြား ပေးပါလိမ့်မည်။ ကွန်ပြူတာ မျက်နှာပြင် ပေါ်တွင် ပေါ်လာ သော ညွှန်ကြားချက် အတိုင်း လိုက်လုပ် သွားရုံသာ ဖြစ်ပါ၏။ ဘဏ်ကဒ် ထည့်ရမည့် နေရာတွင် မီးစိမ်းလာပါက ကဒ်ကို ထိုးထည့်လိုက်ပြီး မိမိ PIN နံပါတ်ကို ရိုက်ထည့်လိုက်ပါ။ ကျသင့်ငွေကို စက်က ဖြတ်ယူထားလိုက်ပြီး လက်ခံဖြတ်ပိုင်း ထုတ်ပေးပါလိမ့်မည်။ လက်ခံဖြတ်ပိုင်း ကို သိမ်းထားပါ။
အောက်တွင် SAM စက် အသုံးပြုပုံ ကို အဆင့်လိုက် ဖော်ပြထားပါသည်။
ပထမ Main Menu ပေါ်တွင် မိမိ ပေးလိုသော ဌာန ကို ရွေးပါ။

ထို့နောက် မိမိ ၏ Account No. ကို ရိုက်ထည့်ပါ။ OK ကို နှိပ်ပါ။
ထို့နောက် ကျသင့်ငွေကို ရိုက်ထည့်ပြီး OK ကို နှိပ်ပါ။
ထို့နောက် စက်မှ ဖော်ပြထားသော အချက်များ ကို စစ်ဆေး ပြီး OK ကို နှိပ်ပါ။
ထို့နောက် ဘဏ်ကဒ် နှင့် ပေးမည် ဖြစ်၍ NETS ကို နှိပ်ပါ။ ထို့နောက် ကဒ် slot အတွင်း ကဒ်ကို ထိုးထည့်ကာ မိမိ PIN နံပါတ်ကို ရိုက်ထည့်ပါ။

SAM စက်များတွင် အောက်ပါ အခကြေးငွေ တို့ကို ပေးဆောင် နိုင်ပါ၏။

1. TELECOMMUNICATION
MobileOne (Mobile)
PacNet Internet
Phoenix Communication
ShineTown
SingTel (Fixed line, Mobile, Internet)
StarHub (Mobile, Cable TV, Internet)
Sun Page Zone Tel
2. HOSPITAL BILLS
Alexandra Hospital
Institute of Mental Health
KK Women’s and Children’s Hospital
National Heart Centre
National University Hospital
Singapore General Hospital Tan Tock Seng Hospital
3. FINE PAYMENTS
HDB/URA Parking Fine
LTA-ERP Fine Traffic Police Fine
4. EDUCATION
ITE Fees
Ngee Ann Polytechnic Fees NTUC Learning Club
5. TOWN COUNCIL BILLS
Aljunied
Ang Mo Kio
East Coast
Holland-Bukit Panjang
Hong Kah
Hougang
Jalan Besar
Jurong
Marine Parade
Pasir Ris- Punggol
Potong Pasir
Sembawang
Tampines
Tanjong Pagar West Coast
6. CREDIT CARDS, LOANS & INSURANCE
AIA Insurance
American Express© Cards
Cashome Remittance*
EzyCash (Personal Loan)
GE Money
HSBC Credit Card
HSBC Insurance
Maybank Credit Card
Maybank Prepaid Card Top-up Service
Prudential Insurance
RBS Credit Card
RBS MoneyLine
RBS PostLine (Personal Credit Line)UOB Credit Card
7. TICKETING
AirAsia (Payment)
Eng Wah Cinema (Book & Payment)
GateCrash (Book & Payment) Jetstar Asia (Payment)
8. TAX & LICENCE FEES
IRAS
Income Tax
Property Tax TV Licence
9. DONATIONS
Community Chest
Salvation Army
10. POSTAL SERVICES
Purchase postage labels(Mail items weighing up to 2kg*)
11. UTILITY / HDB BILLS
SP Services Ltd
HDB Housing Payments(Loan / Upgrading Cost & Rent)
HDB Season Parking Renewal HDB-RRC Payments
12. TOP UPS & GAMING
AsiaSoft A-Cash
M1 Mcards
Njoy Top Up
Shinetown
SingTel Mobile hi!Cards
Standing Order Deposit Account (SODA)Starhub Green Prepaid
13. S.A.M.PLUS PREMIUM LOCKER SERVICES #
Collection of Registered Articles
Rent-A-Box
Collection of vPOST purchases
Collection of Shop @ S.A.M purchases
Return of library books
Photo development Item donation to Salvation Army
14. OTHER SERVICES
ADT Security Service
Credit Bureau (report application)
HomeTeamNS
Insolvency and Public Trustee’s Office Services
NTUC Home Service-Window RetrofittingSembEnviro Services

No comments: