Ref:
https://www.mom.gov.sg/primary-care-plan/what-is-pcp
၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစကာ ဆောက်လုပ်ရေးလုပ်ငန်း၊ သင်္ဘောကျင်း၊ ကုန်ထုတ်လုပ်ငန်း (ထိုလုပ်ငန်းသုံးမျိုးကို စင်ကာပူ၌ CMP ဟု ခေါ်၏။ C = Construction, M = Marine, P = Process) ၌ လုပ်ကိုင်နေသူ အလုပ်သမားများ၊ ၇ ယောက်နှင့်အထက်ရှိသည့် အလုပ်သမားဆောင်၌ နေသူ အလုပ်သမားများအတွက် Primary Care Plan ဝယ်ရန် ကုမ္ပဏီများသို့ MOM က ညွှန်ကြားခဲ့၏။ ဤသည်မှာ မကျန်းမမာဖြစ်ပါက အခက်အခဲ တစုံတရာမရှိဘဲ ဆေးကုနိုင်စေရန် MOM က လုပ်ပေးထားသည့် Primary Healthcare System (PHS) ဖြစ်၏။
ဤအစီအစဉ်က အလုပ်ရှင်များနှင့် အလုပ်သမားများအတွက် -
§ ကြီးမားသောရောဂါဖြစ်ပွားမှုနှင့် လုပ်ငန်းခွင်အနှောင့်အယှက်ဖြစ်နိုင်ခြေများကို လျှော့ချနိုင်စေရန် တက်ကြွသော ပြည်သူ့ကျန်းမာရေး စောင့်ကြည့်မှုကို ပံ့ပိုးကူညီရန်
§ မမျှော်လင့်သော ဆေးကုသစရိတ်များမှ ကာကွယ်ရန်နှင့် စိတ်အေးချမ်းသာမှုကို ပံ့ပိုးရန်
အခြား WP အလုပ်သမားများနှင့် S Pass ကိုင်ထားသူများ PCP ကို မဝယ်လည်း ရပါသည်။ သို့သော် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ဝယ်ယူထားရန် တိုက်တွန်းပါ၏။
PCP ကို ဝပ်ပါမစ်ကတ် (သို့) S Pass ကတ် မရသေးမီ (သို့) သက်တမ်းမတိုးမီ ဝယ်ထားရန်လို၏။ PCP ဝယ်ပြီးပြီ ဆိုသည်နှင့် အလုပ်ရှင်များသည် MOM website ၌ declare လုပ်ရ၏။
PCP သက်တမ်းမှာ ၁၂ လ ဖြစ်၏။ အလုပ်ရှင်က အဆုံးသတ်လိုက်သည်မှအပ ၁၂ လ ပြည့်သည်နှင့် နောက်ထပ် ၁၂ လ ကို အလိုအလျောက် သက်တမ်းတိုးမည်။
PCP ဝယ်ရမည့်နေရာကို ဇုံ ၆ ခုခွဲထားရာ အောက်ပါအတိုင်း ဖြစ်၏။
ဈေးမှာ အလုပ်သမားတစ်ဦးအတွက် တစ်နှစ်စာကို $108 မှ $138 ထိ ဖြစ်၏။ မည်သို့ဝယ်ရမည်ကို MOM Website ၌ အပြည့်အစုံ ဖော်ပြထား၏။
PCP အောက်၌ အောက်ပါ ဆေးကုသမှုများ အကြုံးဝင်၏။
§ ဝပ်ပါမစ်လျှောက်ရန် (သို့) သက်တမ်းတိုးရန် လိုအပ်သည့် ဆေးစစ်ဆေးမှု
§ သာမန် ဖျား၊ နာ၊ ခေါင်းကိုက်၊ ဗိုက်နာ
§ ဆီးချို၊ သွေးတိုးစသည့် နာတာရှည်ရောဂါများ
§ နှစ်စဉ် ဆေးစစ်ဆေးခြင်း (တစ်ကြိမ်သာ)
§ (PCP ဝယ်ယူထားသည့် ဇုံအတွင်း၌) Telemedicine နှင့် ဆေးပို့ပေးခြင်း
(Telemedicine အကြောင်း သီးသန့်ရေးပါမည်။)
§ Specialist appointment မှလွဲ၍ အလုပ်သမားများကို အဆောင်နှင့် ဆေးခန်းအသွားအပြန် ပို့ဆောင်ပေးခြင်း
§ အရေးပေါ်အခြေအနေများတွင် ဆေးရုံပို့ပေးခြင်း
PCP အောက်၌ ဝန်ဆောင်မှုပေးသည့် ဆေးကုသမှုစာရင်း အပြည့်အစုံကို MOM Website ၌ download လုပ်ယူနိုင်၏။ (မည်ကဲ့သို့လုပ်ရမှန်း မသိသူများ ကျွန်ုပ်ထံမေးလျှင် ပို့ပေးပါမည်။)
PCP အောက်၌ ဆေးကုသခြင်းကို နည်းနှစ်နည်းဖြင့် ပြုလုပ်နိုင်၏။
၁။ Telemedicine
၂။ အထက်ဖော်ပြပါ ဆေးခန်းများသို့ လူကိုယ်တိုင်သွား၍ ဆရာဝန်နှင့် ပြခြင်း
Telemedicine နှင့် ဆရာဝန်ပြခြင်း
Telemedicine နှင့် ဆရာဝန်ပြခြင်းကို သက်ဆိုင်ရာဇုံများအလိုက် အောက်ပါ link များ၌ ပြုလုပ်နိုင်၏။
StarMed Specialist Centre
https://starmedspecialist.com/teleconsultation-english
SATA CommHealth
Fullerton Healthcare Group
https://www.fullertonhealth.com
St Andrew’s Mission Hospital
https://pinnaclefamilyclinic.com.sg/samwmc
သို့မဟုတ်ပါကလည်း screen shot ဖြင့် ပြထားသည့် QR code ကို scan လုပ်၍ appointment ယူနိုင်ပါ၏။
Telemedicine နှင့် ဆရာဝန်ပြပါက $2.00 သာ ပေးရပါမည်။
ရွှေ့ပြောင်းလုပ်သားများအတွက် ဆေးခန်းများ Medical Centres for Migrant Workers (MCMWs) သို့ လူကိုယ်တိုင် သွားပြခြင်း
သက်ဆိုင်ရာဇုံအလိုက် သတ်မှတ်ပေးထားသည့် ဆေးခန်းများသို့ လူကိုယ်တိုင် သွားပြနိုင်၏။ ဆေးခန်းဖုန်းနံပါတ်များကို ဖုန်းဆက်၍ appointment ယူပါ။ Screen shot တွင် ဆေးခန်းများ၏ hotline ဖုန်းနံပါတ်များ ဖော်ပြထားပါသည်။ အလုပ်သမားဆောင် (dormitory) များ၌နေသော အလုပ်သမားများဖြစ်ပါက ဆေးခန်းများက သွား/ပြန် ကားစီစဉ် ပေးပါမည်။ ဆေးခန်းသို့ လူကိုယ်တိုင် သွားပြပါက $5.00 (Wow) ပေးရပါမည်။
အကယ်၍ အလုပ်သမားသည် PCP အောက်၌ အကြုံးမဝင်ပါက MOM Medical centre များ (သို့) MOM-designated GP ဆေးခန်းများသို့ သွားပြနိုင်ပါ၏။ ထိုဆေးခန်းများမှာ အထက်ဖော်ပြပါ ဇုံအလိုက်ရှိသည့် ဆေးခန်းများက စီမံပေးထားခြင်း ဖြစ်၏။ ထိုက်သင့်အားလျော်စွာသော ဆေးကုသစရိတ် ပေးရပါမည်။
သို့မဟုတ်ပါကလည်း screen shot ၌ ပြထားသည့် QR code ကို scan လုပ်၍ telemedicine service ကို ရယူနိုင်ပါသည်။
ပိုမိုသိရှိလိုပါက -
https://www.mom.gov.sg/faq/primary-care-plan/what-options-are-there-for-my-workers-who-are-not-covered-under-pcp
ဆေးခန်းများစာရင်းမှာ အတန်ငယ်များပြားလှသဖြင့် အပြည့်အစုံ မဖော်ပြတော့ပါ။ MOM Website ၌ ဖော်ပြထားပါ၏။ မည်ကဲ့သို့ရှာရမှန်းမသိသူများ ကျွန်ုပ်ထံ လှမ်းမေးနိုင်ပါ၏။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
12:49 pm @ ES Joon Koon
25/02/2025
No comments:
Post a Comment