Friday, January 6, 2023

မင်္ဂလာရှိသော သေခြင်း အကြောင်း

မင့်နှယ်ကွာ - ဘယ့်နှာကြောင့် သေတာက မင်္ဂလာရှိရမှာတုံး -

ဟု -

အပြစ်တင် မစောကြပါနှင့် မိတ်ဆွေများ။

 

အချို့သူများ သေခြင်းသည် အမှန်တကယ် မင်္ဂလာရှိသော သေခြင်းများ ဖြစ်ကြောင်း ကျွန်ုပ် ရှင်းပြပါအံ့။

 

ပုံမှန်အားဖြင့် သေခြင်းသည် မင်္ဂလာမရှိ။ မလိုအားအပ်။ မတောင့်တအပ်သောအရာ ဖြစ်၏။

ဤသည်မှာ ပုံမှန်အခြေအနေတွင် သာမန်လူများအတွက် ဖြစ်၏။

 

သို့သော် အချို့သူများမှာမူ လူ့လောက၌ မရှိအပ်၊ မရှိထိုက်သူ လူယုတ်မာများဖြစ်၏။

ခွေးအောင်လှိုင်သည် လည်းကောင်း၊ ၎င်း၏ ဘောကို သကြားလုံးမှတ်၍ လျက်နေသူများသည် လည်းကောင်း၊

ကျွန်ုပ်တို့ တိုင်းသူပြည်သားများ၏ ရွာများကို မီးတင်ရှို့သူများ၊ လူကောင်းသူကောင်းများကို ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ် သူများသည်လည်းကောင်း ဤလောက၌ မရှိထိုက်၊ မရှိအပ်သူများ ဖြစ်၏။

ထိုသူ၊ အနှီသူ၊ ၎င်းသူများ၏ သေခြင်းများမှာ အမှန်တကယ်ပင် မင်္ဂလာရှိသော သေခြင်းများ ဖြစ်ဘိ၏။

 

အကယ်၍ သည်ကနေ့ ခွေးအောင်လှိုင် သေပြီဆိုပါစို့။

သည်ကနေ့သည် ကျွန်ုပ်တို့အတွက် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ကြီးတစ်ခု ဖြစ်ပေလိမ့်မည်တည်း။

ခွေးအောင်လှိုင် သေပြီဆိုသည့် သတင်းကြားရလျှင် မြန်မာပြည်သား လူအများတို့ ပျော်လွန်းမက ပျော်ကြသဖြင့် ထ, ကကြလိမ့်မည်။

အိုးစည်ဒိုးပတ်ဝိုင်းနှင့် အောင်ပွဲခံကြလိမ့်မည်။

 

ဘယ်နေရာမှာဖြင့် PDF တွေ လက်ချက်နဲ့ စစ်ခွေးဘယ်နှစ်ကောင် ဂန့်သွားပြီ သတင်းကြားရလျှင် ကျွန်ုပ် အလွန် ဝမ်းသာ အူမြူးမိ၏။ (၆) ယောက်တည်းလားကွာ။ ကတောက်စ်၊ (၆၀) လောက် ဖြစ်ပါတော့ ဟု အားမလိုအားမရ ဖြစ်မိ၏။ 

စစ်ခွေးတွေ မသာပေါ်သည့်နေ့သည် ကျွန်ုပ်အတွက် မင်္ဂလာရှိသောနေ့ပင် ဖြစ်တော့၏။

 

သမ္မတလည်း မဟုတ်ရပါဘဲနှင့် သမ္မတစလွယ်ကြီးလွယ်လျက် ($$ရှက်ကလည်း နည်းနည်းကမှ မရှိ) သီရိဖလိုင်းဟတ်ချိုး ဆိုသည့် ဗလချီးနမ်းဘွဲ့ကြီးပေးတာကို အဟုတ်ကြီးမှတ်လျက် စင်ပေါ်တက်ယူသူများမှာလည်း ၎င်းနှင့် အလားတူ ပုလင်းတူ ဘူးဆို့များသာ ဖြစ်ရကား ထိုစလွယ် (ဟုတ်ပေါင်) ဘွဲ့တက်ယူသူများ သေလျှင်လည်း ကျွန်ုပ်တို့ တိုင်းသူပြည်သားများအတွက် မင်္ဂလာရှိသော သေခြင်းများသာ ဖြစ်ပေလိမ့်မည်။ 

 

ထို့ပြင် စစ်တပ်က အာဏာမသိမ်းမှာစိုးလို့ အိပ်လို့ပင်မပျော် ဆိုသူ ခွားသဒေါင်းဇေးမှာရော ဘာထူးပါသနည်း။

ထိုမေဘေးသည် အဘယ်ကြောင့် စစ်တပ်က အာဏာမသိမ်းမှာကို စိုးရိမ်ရပါသနည်း။

ရှင်းပါသည်။

၎င်းတို့ မတရားသဖြင့် ရယူထားသည့် နိုင်ငံ့ဘဏ္ဍာများကို ပြည်သူ့အစိုးရက ပြန်သိမ်းမှာကို ရင်တုန်ပန်းတုန် (ရင်တုန် တာတော့ ကျွန်ုပ်သိပါသည်။ ပန်းက ဘာကိစ္စတုန်ရသလဲ ဆိုတာတော့ ကျွန်ုပ် ဉာဏ်မမီပါ။) ဖြစ်နေ၍ ညတိုင်း အိပ်မပျော်သောကြောင့် ဖြစ်၏။

ထိုခွေးသူခိုးကြီးများမှာလည်း လူ့လောက၌ မရှိသင့်၊ မရှိထိုက်သူများပင် မဟုတ်ပါလော။

 

နောက်ပြီး ရွှေရောင်လုံချည်ကြီးများ၊ ရွှေရောင်တိုက်ပိုင်ကြီးများဝတ်၊ မောင့်ကြက်သားရေခေါင်းဘောင်းကြီးများ ဆောင်းလျက် ဘုရားကို လမ်းဘေးပလက်ဖောင်းပေါ်မှ ဦးချကြကုန်သည့် ဝိုင်အမ်ဘီအေဆိုသည့် ဗလွတ်ရွှတ်တအဖွဲ့ကြီး မှ ဗရုတ်သုက္ခကြီးများရော။ အတူတူပင်ဖြစ်၏။

 

၎င်းတို့သည် အချို့သော ခွေးများလောက်မှ တန်ဘိုးမရှိ။

 

https://www.facebook.com/pets2023/videos/575908031041355/

 

ဤလူများ လူ့ပြည်၌ရှိနေခြင်းဖြင့် တိုင်းပြည်အတွက်လည်း အကျိုးမရှိ၊ လောကအတွက်လည်း အကျိုးမရှိ။ မည်သူ့အတွက်ကမှ အကျိုးမရှိ။

မဟာပထဝီမြေကြီးသည် ၎င်းတို့အား ထမ်းပိုးထားရခြင်းအတွက် ဝန်လေးလှ၏။ 

 

အို အသင် - ခွားမသေးအပေါင်းတို့ -

 

အသင်တို့သည် မြန်မြန်မသာပေါ်ကြပါကုန်လော။

ဤကမ္ဘာမြေကြီးပေါ်မှ အလျင်အမြန် ကွယ်ပျောက်သွားကြပါကုန်လော။

အသင်တို့အားလုံး သေကြေပျက်စီးကုန်ခြင်းဖြင့် မြန်မာပြည်ကြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံအောင် ကူညီပေးကြပါကုန်လော။

 

အကျွန်ုပ်တို့အားလုံးသည် အသင်တို့ သေမည့်နေ့ကို စောင့်မျှော်လျက် ရှိကြပါကုန်၏။

 

အေးငြိမ်း

06/01/2023

No comments: