(ဆရာကောင်းဆက်နိုင်၊ ခင်ဗျားစကားလုံးက
သိပ်အသုံးတည့်သဗျာ။)
ကျွန်တော် အရမ်းရောကာရော အလုပ်ရှုပ်နေလို့ စာမရေးနိုင်ပါ။ ဒါပေမဲ့
သေချင်စရာကောင်းလောက်အောင် အံ့သြစရာများ တွေ့လာပြန်တော့ အဲလေ ကြားခဲ့ရပြန်တော့
မိတ်ဆွေများကို ပြန်ပြီးဖောက်သည်ချချင်လာပြန်ရောဗျ။ (ကျုပ်တို့မျိုးကိုက
အတင်းပြောဝါသနာပါတဲ့မျိုးပေကိုးဗျာ။ ပြောစရာမရှိ ကိုယ့်အိမ်သားအတင်းကိုယ်
ပြန်ပြောနေကြတာကလား။)
မအားတဲ့အတွက် ကသုတ်ကရက် အတိုချုပ်ပဲရေးလိုက်နိုင်တာ ခွင့်လွှတ်။
မြန်မာပြည်က တူတော်မောင်
စင်ကာပူပိုလီဝင်ခွင့်ဖြေရအောင်လာတော့ သူတို့တည်းတဲ့အိမ် လိုက်သွားတယ်။ အဲဒီက
အိမ်ရှင်အစ်မကြီးနဲ့ စကားကောင်းကြရာက သူပြန်ပြောပြလို့ သိရတာပါ။
သူတို့က စင်ကာပူရောက်တာ အနှစ် ၂၀ ကျော်ပြီဆိုတော့ သားတွေသမီးတွေကို
စင်ကာပူမှာပဲ ကျောင်းထားတယ်။ ဒါပေမဲ့ မြန်မာပြည်က အတန်းလေးလည်းလိုချင်သေးဆိုတော့
သံရုံးက လုပ်ပေးတဲ့ မြန်မာပြည်က ကျောင်းတွေရဲ့ အတန်းစာမေးပွဲ တွေဝင်ဖြေခိုင်းတယ်။
ရှင်ပဲစဉ်းစားကြည့်လေ၊ မြန်မာပြည်က နိုင်ငံခြားသံရုံးတွေက
သူတို့သားသမီးတွေအတွက် ကျောင်းတွေလုပ်ပေးထားတယ်။ International
School တက်ပြီး GCE O တို့ GCE A တို့ ဖြေနိုင်တယ်လေ။ ကျမတို့သားသမီးတွေအတွက် တက်စရာ ဘယ်မှာလဲ
မြန်မာကျောင်း၊ စင်ကာပူမှာ။ သူတို့က ကျမတို့ကို လုံးဝဂရုစိုက်တာမဟုတ်ဘူး။ အဲဒီတော့
ကျမတို့က ကိုယ့်ဘာသာ ကြံရဖန်ရတာကိုး။
ကလေးတွေကို စင်ကာပူမှာ မြန်မာအတန်းကျောင်းစာမေးပွဲဖြေနိုင်အောင် မြန်မာသံရုံးကို
ပြောတော့ သံရုံးက မြန်မာပြည်ကနေ မေးခွန်းတွေ ယူပေးတယ်။
ဘယ်ဟုတ်ပါ့မလဲရှင်။ အကုန် ကျမတို့ပဲ စီစဉ်ရတာ။ စာမေးပွဲဖြေဘို့ အခန်းကိုယ့်ဘာသာကိုယ် ငှားရတယ်။ မေးခွန်းကိုယ့်ဘာသာကိုယ်ယူလာပြီး ကိုယ့်ဘာသာကိုယ် ဖြေပေါ့။ ဘယ်မှာ စာမေးပွဲအခန်းစောင့်တွေ ဘာတွေရမလဲ။
ဘယ်ဟုတ်ပါ့မလဲရှင်။ အကုန် ကျမတို့ပဲ စီစဉ်ရတာ။ စာမေးပွဲဖြေဘို့ အခန်းကိုယ့်ဘာသာကိုယ် ငှားရတယ်။ မေးခွန်းကိုယ့်ဘာသာကိုယ်ယူလာပြီး ကိုယ့်ဘာသာကိုယ် ဖြေပေါ့။ ဘယ်မှာ စာမေးပွဲအခန်းစောင့်တွေ ဘာတွေရမလဲ။
ရှင်၊ ဘယ့်နယ်။ သြော်၊ ရှင့်နှယ်။ ဒီက ကလေးတွေက မြန်မာကျောင်းက
စာတွေမှမသင်ရတာ၊ ဘယ့်နှယ်လုပ် စာမေးပွဲဖြေတတ်မလဲ။ လူငှားဖြေရတာပေါ့။ တစ်နာရီကို ၅
ကျပ်ပေးရတယ်။ အခန်းထဲမှာ အကုန်စာအုပ်ဖွင့်ဖြေကြတာပေါ့။ လူငှားတွေက စာအုပ်ထဲကဟာတွေ
ကူးရေးပေးတယ်။ ဒါပေမဲ့ ဘယ်မေးခွန်းကို ဘယ်ဟာဖြေရမလဲဆိုတာသိတဲ့လူ ရှာငှားရတာပေါ့။
အဲဒီတော့ ဆယ်တန်းမှာ ၅ ဘာသာတို့၊ ၆ ဘာသာတို့ ရကုန်တာပေါ့။ အဲသလို
ဒီကသံရုံးမှာဖြေ။ ၆ ဘာသာဂုဏ်ထူး ရတော့ မြန်မာပြည်ပြန် ဆေးတက္ကသိုလ် တက်ကြတာပေါ့။
ဒါပေမဲ့ မြန်မာစာတော့ သူတို့မရဘူး။ မနည်းလုပ်ယူရမယ်။ မြန်မာစာက ပိုခက်တာကိုး။
အရင်တုံးက မြန်မာ ဆယ်တန်းအောင်ရင် ဘယ်လိုအောင်အောင် ပိုလီအသာလေးတက်လို့ရတယ်။
အဲသလို သံရုံးမှာ ဖြေတဲ့သူတွေ ဂုဏ်ထူးတွေ တသီကြီးထွက်တာ စလုံးအစိုးရသိတော့
ပိုလီဝင်ဘို့လည်း ကြပ်သွားတယ်။ လက်မခံတော့ဘူး။
ကျွန်တော်ပြောတာ မဟုတ်ပါ။ သူပြောပြတာ ပြန်ရေးပြချင်းဖြစ်ပါသည်။
သူပြောတာနားထောင်ရင်း ကျွန်တော့်မှာ အံ့သြလွန်းလို့ ထွက်ခါနီးဖြစ်နေသော အသက်ကို မနည်းပြန် အောင့်သွင်းလိုက်ရသော ဟူသတတ်။
သူပြောတာနားထောင်ရင်း ကျွန်တော့်မှာ အံ့သြလွန်းလို့ ထွက်ခါနီးဖြစ်နေသော အသက်ကို မနည်းပြန် အောင့်သွင်းလိုက်ရသော ဟူသတတ်။
ဟို့ လေးမျက်နှာက ညစာသင်ဝိုင်းတွေဖွင့်၊ ပိုက်ဆံစုပြီး မီးစက်ငှား။
ပိုက်ဆံတစ်ပြားမှ အပိုမရပါဘဲလျက် စာမေးပွဲနားနီးပြီဆို ည ဆယ်နာရီ ဆယ့်တစ်နာရီထိ
သင်ပေးနေကြတဲ့ ဆရာဦးမြင့်သိန်းတို့၊ ဆရာဦးဝင်းကြိုင်တို့သာ သိရင် . . . .
ကျွန်တော်မျိုးကြီး သေသင့်ပါတယ် . . . လို့ လော်ကြီးနဲ့ အသံကုန်သာ ဟစ်ဘို့ကောင်းတော့ပါကြောင်း။
ကျွန်တော်မျိုးကြီး သေသင့်ပါတယ် . . . လို့ လော်ကြီးနဲ့ အသံကုန်သာ ဟစ်ဘို့ကောင်းတော့ပါကြောင်း။
ထူးဆန်းပါပေ့ ဆတွတ်ရယ်။
(ဘာလဲခင်ဗျားက
မယုံလို့လား။ ကိုယ်တိုင်ကြားရမှ ယုံမယ်ဆို ကျုပ်ဆီလာခဲ့ဗျာ။ သူ့ဆီလိုက်ပို့မယ်။
နောက်ပြီး ဗီဒီယိုရိုက်ပြီး ယူကျုသာ တင်ပေတော့။)
အေးငြိမ်း
၁၅ - ၁၀ - ၂၀၁၄။ ည ၁၁း၂၉ နာရီ
၁၅ - ၁၀ - ၂၀၁၄။ ည ၁၁း၂၉ နာရီ
No comments:
Post a Comment