ပထမတော့ အနာဂတ်တစ်ခုဖန်တီးတည်ဆောက်ခြင်း စာအုပ် အရင်းပြန်ရမှ ဘ၀ခါးခါးကို ဆက်ရိုက်မလို့ဘဲ။ ဒါပေမဲ့ ပြောရမှာတော့ ခပ်ရှက်ရှက်ပဲဗျ။ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်က ခုထိ အရင်းမရသေးဘူး။ ဆရာမကြီး ရွှေကူမေနှင်းက အများကြီးမရိုက်နဲ့ ၅၀၀ လောက်ရိုက်ပါလား။ ဒါဆို သိပ်မကုန်တော့ဘူး။ စာအုပ်လည်း ကုန်ဘို့လွယ်မယ် ပြောတာနဲ့ မမက ကဲ၊ စောင့်မနေပါနဲ့တော့ဟယ်။ ရိုက်သာရိုက်လိုက်ပါ။ တစ်ဖြည်းဖြည်းနဲ့ ပြန်ဝင်လာမှာပေါ့ ဆိုလို့ ဒီလိုဆိုလည်း ရိုက်သာရိုက်လိုက်ပါဟယ် ဆိုပြီး ဒီစာအုပ်ကို ရိုက်လိုက်တာ။ စာအုပ်ပါးပါးလေး၊ စာရွက်သား အကောင်းစားနဲ့ ရိုက်တာ မဟုတ်တာတောင် အုပ် ၅၀၀ ကို ၁၀ သိန်းလောက်ကုန်တယ်ဗျို့။ ခုမှ စာရေးဆရာတွေကို ကိုယ်ချင်းစာမိတော့တယ်။
ကိုယ်ချင်းစာမိတာနဲ့ ဆရာ လယ်တွင်းသားစောချစ်၊ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) နဲ့ ဆရာ အော်ပီကျယ်တို့ကို အနာဂတ်တစ်ခု စာအုပ်တစ်အုပ်စီနဲ့ ပိုက်ဆံ ၅၀ သွား လက်ဆောင်ပေးလိုက်တယ်။
ဘ၀ခါးခါးစာအုပ် စင်ကာပူကို နောက်အပတ်ထဲရောက်လာလိမ့်မယ်။ ပြုံးတစ်ရာဆင့်မှာပဲ တင်မယ်။ အားပေးလိုက်ကြပါဦး။
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (215)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (571)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင်ကာပူအကြောင်း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
No comments:
Post a Comment