ရိုးဂုဏ်
ရိုးသားမှု ဟူသည် ဂုဏ်ပုဒ်တစ်ရပ်ဖြစ်၏။
ရိုးသားခြင်းဟူသည် အမြဲ ဆုပ်ကိုင်ထားရမည့် အရာ ဖြစ်သည်။ သို့ဆိုလျှင် ရိုးသားခြင်း ဟူသည် အဘယ်နည်း။ ရိုးသားမှု ဟူသည် မရိုးသားမှု မဟုတ်ခြင်း ဖြစ်၏။ ရိုးသားမှုကို နားလည်ဘို့ရာ မရိုးသားမှု ဟူသည် အဘယ်နည်း ဟု ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား သိထားမှ ဖြစ်မည်။
မရိုးသားခြင်း ဟူသည် လိမ်ညာခြင်း၊ ဟန်ဆောင်ခြင်း၊ အရှိကိုအရှိအတိုင်း မပြောခြင်း။မလုပ်ခြင်း၊ မသိယောင် ဆောင်ခြင်း၊ လှည့်ဖြားခြင်း၊ အခြားသူများ၏ သိနေသောအသိကို ဝေဝါးထွေပြားသွားအောင်လုပ်ခြင်း၊ လူအများအား မှားယွင်းစွာ သိမြင်လာအောင် ကြိုးစားအားထုတ်ခြင်း၊ မရှိကို အရှိ လုပ်ခြင်း၊ မရှိတာကို လူမသိအောင် ဖုံးဖိထားခြင်း၊ မဟုတ်တာ လူသိသွားမှာစိုး၍ ဖုံးဖိထားခြင်း၊ မှန်တာကို မပြောခြင်း၊ မလုပ်ခြင်း အစရှိသည်တို့ ပါဝင်ပါသည်။
ရိုးသားခြင်း ဟူသည် အထက်ဖော်ပြပါတို့နှင့် ဆန့်ကျင်ဘက် ဖြစ်၏။
မရိုးသားခြင်းသည် လူတစ်ဦးတစ်ယောက်၏ တက်လမ်းကို ပိတ်ပင် တားဆီးတတ်သကဲ့သို့၊ လူ့အဖွဲ့အစည်းကြီး တစ်ရပ်လုံး ချုံးချုံးကျ သွားအောင်လည်း စွမ်းဆောင်နိုင်သည်။
မနေ့က (ဝ၅-၁၀-ဝ၈) ကျွန်တော်၊ ကိုဌေးဝင်းနိုင် နှင့် မမြတ်သီတာစိုးတို့ စကားဝိုင်း ဖွဲ့ဖြစ်ကြသည်။ အကြောင်း အရာ ပေါင်းစုံကို ရှုဒေါင့်အမျိုးမျိုးမှ ပြောကြခြင်း ဖြစ်ပါ၏။ ကိုဌေးဝင်းနိုင် က ပြင်သစ်မှ ဒီမိုကရေစီ နှင့် အမေရိကန်မှ ဒီမို ကရေစီတို့ ကွဲပြားပုံကို ရှင်းပြပါ၏။ နောက် မြန်မာပြည်သူလူထု ၏ အသိဉာဏ် မြင့်မားရေးအတွက် ဆွေးနွေးကြရာတွင် သူက မြန်မာပြည် ကျေးလက်တောရွာများတွင် အင်တာနက် တပ်ဆင်ရန် သူတို့ ကြိုးစားခဲ့ပုံများကို ကုမ္မဏီ နာမည် များနှင့် တကွ ပြောပြပါ၏။ (ယခုတော့ ဤ စမသနြခအ ပျက်သွားခဲ့ပါပြီ)။
ကျွန်တော်ကတော့ ဤ သူတို့လုပ်ရပ်ကို လေထဲတိုက်အိမ်ဆောက်ခြင်း မျှသာဖြစ်သည် ဟု ဝေဖန်လိုက် ပါသည်။ ဥပမာ အားဖြင့် ဗမာပြည်မှ လယ်သာထွန်တတ်သူ လေးတန်းပညာလောက် တတ်သည့် လယ်သမားတစ်ဦးကို စင်ကာပူမှ ြွှ့ တက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားစေရန် ကြိုးစားသည်နှင့် တူနေပါသည်။
သူတို့ ဘယ်ရည်ရွယ်ချက်နှင့် ဤ ကျေးလက်တောရွာများတွင် အင်တာနက် တပ်ဆင်လိုသည်ကို ကျွနု်ပ် မသိပါ။ သို့သော် ကျွန်တော်သာဆိုလျှင်တော့ တကယ်ဖြစ်နိုင် မဖြစ်နိုင်ဆိုသည်ကို လက်တွေ့ကျကျ သုံးသပ်ဖို့ လိုသည် ဟု ပြောချင်ပါသည်။
ပထမ ငည်မျေအမကခအကမန ကို ကြည့်ပါမည်။ အခြေအနေတွေ အရမ်းကောင်းနေသဖြင့် အင်တာနက် တပ်ဆင်ရန် ဖြစ်နိုင်သည်ပဲထား။ ဤ အင်တာနက်သုံးရန် အဆောက်အဦ (တစ်ဦးဦး၏ အိမ်တွင် ထားမည်လား)၊ လျှပ်စစ် (နေအား လျှပ်စစ်ကို တပ်ဆင်မည်လား၊ အလွန်ဈေးကြီးသည် ဟု ကျွနု်ပ် သိထားပါ၏)၊ ကွန်ပြူတာ (အလှူရှင် ရှိပါသလား)၊ ကွန်ပြူတာ တစ်ခုခုဖြစ်ပါက ပြင်ပေးမည့်သူ (မြို့မှ ွှှု ပညာရှင်ကို ကန်ထရိုက် စံနစ်နှင့် ငှားထားမည်လား၊ ထိုအတွက် မည်သူက အကုန်အကျ ခံပါမည်နည်း)... အများကြီး ဖြစ်ပါသည်။
သူ့ကွန်ပြူတာနှင့် ျသ်အတမေန တွေ ရောင်းချင်သဖြင့် ဘီလ်ဂိတ်က ထို ပစ္စည်းများကို လှူသည်ပဲထား။ ဤ အင်တာနက် ဆိုတာကြီး တပ်ဆင်ပြီးသွားလျှင် အနှီ ကျေးရွာမှ မည်သူတွေ သုံးမည်နည်း။ ကျေးရွာများတွင် မူလတန်း ကျောင်းတောင် ရွာတိုင်းမရှိ ဆိုတာ သတိထားရပါမည်။ ထို့ပြင် အင်္ဂလိပ်စာ တတ်သူ ဘယ်နှရာခိုင်နှုံးမျှ ကျေးလက် တောရွာများ တွင် နေထိုင်ကြပါသနည်း။ ကွန်ပြူတာ သုံးတတ်သူများ ကျေးလက်တောရွာများတွင် ရှိသည်ဟု သင် ထင်ပါသလား။ ရှိသည်ဆိုလျှင် တစ်ရွာလျှင် ဘယ်နှယောက်မျှ ရှိပါသနည်း။
ကျွန်တော်က အပျက်သဘောနှင့် ပြောနေခြင်း မဟုတ်ပါ။ ဖြစ်နိုင်တာနှင့် ဖြစ်သင့်တာကို ချိန်မျှကြည့်ခြင်းသာ ဖြစ်ပါသည်။ သူတို့ စမသနြခအ မအောင်မြင်လဲ ကျွန်တော့်ပိုက်ဆံ ဆုံးရှုံးခြင်း မဟုတ်သကဲ့သို့ ကျွန်တော့်အပူလည်း တစ်ပြားသားဘိုးမျှ မပါပါ။ လောလောဆယ်ပင်လျှင် ဗမာပြည်မှ ကျောင်းများသို့ ကျွန်တော်၏ ကြိုးစား အားထုတ်မှုဖြင့် ကွန်ပြူတာ ၇၅ လုံး လှူထားရာ ဤအထဲမှ တစ်ဝက်လောက် အသုံးတည့်၊ လက်တွေ့ သုံးနေပါသည် ဆိုလျှင်ပင် (တောင်ဖီလာ ဆရာတော်ကြီး ပြောသလို) လောကဝယ် အလွန့်ယောကျာ်း။ ကျွန်တော်တို့ရွာ အလယ်တန်းကျောင်း မှ ကွန်ပြူတာကတော့ သည်အတိုင်း ငုတ်တုတ်။ သုံးမည့်သူမရှိပဲ ဖုံများတက်ကာ ခုလောက်ဆို အဖတ်ဆယ်မရအောင် ပျက်နေလောက်ပါပြီ။ သဟာဖြင့် သည်ကိစ္စ ဘယ်သူ့ကို အပြစ်ဖို့မည်လဲ။
(ဒါ့ထက် စကားမစပ် ပြောရလျှင် ကျွန်တော်က စပ်စုလို၍ မြန်မာပြည်တွင် စာတတ်သူ အဘယ်မျှ ရှိသည်ကို စူးစမ်းမိ ပါသည်။ မြန်မာပြည်တွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း စာတတ်မြောက်သူ ဦးရေမှာ ၂၀ဝဝ- ၂၀ဝ၆ စာရင်းများအရ ၉၆ ရာခိုင်နှုံး ဖြစ်ပါသည်။ ကျွန်တော်တို့ ရွှေနိုင်ငံအတွက် အလွန်ပင် ဂုဏ်ယူ မိသွားရပါ၏။
ျွန်ါ် ၇၁.့အအစါ်။တတတ.ကညငခန်.သမါ။ငည်သဘပခသကညအမပ။ာပညောမေ_ျအအေငျအငချ.့အူာ
၂၀ဝ၈ စက်တင်ဘာလ နောက်ဆုံးသတင်းအရ မြန်မာပြည်၏ စာတတ်မြောက်မှုသည် ၉၄ ရာခိုင်နှုံး ဖြစ်ပါ၏။
ျွန်ါ် ၇၂.့အအစါ်။ဘကမာငေအ.ညနအ။ငခအ-ညနတျ။၂၀ဝ၈။ျနစဝ၈။နိကခအေငသညေူငျအျ-ခသညခနမညနိ-ဘပ-ဘကမာနျန-ူငအနမခေပ-မအေန
စင်ကာပူတွင် အသက် ၁၅ နှစ်အထက် စာတတ်မြောက်သူ ရာခိုင်နှုံးကို ၉၂.၅ ဟု ဖော်ပြထားပေရာ စင်ကာပူသည် မြန်မာပြည်ကို လိုက်မီရန် အတော်လေးကြိုးစားရပါဦးမည်။
ျွန်ါ် ၇၃.့အအဈါ်။တတတ.ခငေ.ါသလ။ူငဘမမေပ။စကဘူငခအေငသညျ။အ့န-တသမိူ-်ခေအဘသသု။စမငညအ။ျည.့အူာ
အမေရိကန်မှ စာတတ်မြောက်မှု ရာခိုင်နှုံးမှာမူ ၈၇ မျှသာ ဖြစ်ပေရာ မြန်မာပြည်ကို မီဘို့ဝေးစွ။ အနားမျှပင် မသီနိုင်ပါ။
အမေရိကန်နိုင်ငံသူ နိုင်ငံသားများ ကြိုးစားရန် အတော်လိုပေသေးသည် တကား။
ျွန်ါ် ၇၄.့အအစါ်။တငုင.ညျေတနမျ.ခသာ။ျှ။ွျှ့အေ_ငျ_အ့န_ူငအနမခေပ_မအေန_ငည_အ့န_ှ့
ဤကား စကားချပ်)။
ဤ အင်တာနက်တပ်ဆင်ရေး စမသနြခအ အတွက် ပိုက်ဆံတွေ အများကြီးကုန်မည် ဖြစ်သဖြင့် တကယ့်တကယ် ဆိုလျှင် အကျိုးရှိတာသာ ဖြစ်သင့်ပါသည်။ ပထမ ပညာတတ်တွေ ပေါများနိုင်သည့် မြို့ကြီးများ (ခရိုင်အဆင့်) တွင် မစဉ်းစား သင့်ပေဘူးလား။ နောက်တစ်ဆင့်မှ မြို့ငယ်များတွင် တပ်ဆင်ဘို့ စဉ်းစားရပါမည် (ဥပမာ မြို့နယ် အထက်တန်းကျောင်း များ)။ မြို့များတွင် တွင်ကျယ်လာပြီး ပညာတတ်များ တောရွာများတွင်ပါ ပျံ့နှံ့လာပြီ ဆိုမှ ကျေးရွာ များကို ထည့်သွင်း စဉ်းစားရပါမည်။
လုပ်ချင်တာတစ်ခုထဲနှင့် အရမ်းကာရော စွတ်လုပ်တာထက် စနစ်တကျ လေ့လာသုံးသပ်ပြီးမှ အကျိုးရှိမည့် လုပ်ငန်းကို လုပ်သင့်သည်ဟု အကြံပေးလိုပါသည်။ သည်နေရာတွင်မတော့ အထက်တွင် ကျွန်တော် ခေါင်းစဉ် တပ်ခဲ့ သော ရိုးသားမှု နှင့် စေတနာသည် အလွန် အရေးကြီးလာပါသည်။
တိုင်းပြည်ကို ခုတုံးလုပ်ပြီး စီမံကိန်း၊ စီမံချက် အမျိုးမျိုးကိုချကာ ကျွန်တော်တို့၏ ချွေးနှဲစာများကို ဖြုံးတီးပြီး ကိုယ်ကျိုးရှာသွားခဲ့ ကြပုံကလေးများကို ကျွန်တော်ကြီးပြင်းခဲ့ရသော ကာလတစ်လျှောက်မှ အတွေ့အကြုံများအရ ပြန်ပြောင်း ဖောက်သည်ချချင်ပါ၏။ အရွယ်ရောက်ပြီးသော ပညာတတ်သူ လူအများ သိကြပြီး ဖြစ်ပါသည်။ နောက် တက်လူများကတော့ သိချင်မှ သိပါမည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် ဟို အဲ့သည်ခေတ်က ဝါဒဖြန့် သီချင်းတစ်ပုဒ်ကဲ့သို့ “ ဆိုရှယ်လစ် စီးပွားရေး၊ စံနစ် ဆိုသည်မှာ... စီမံကိန်းဖြင့် အကောင်အထည် ဖော်သော စီးပွားရေး စံနစ်ဖြစ်သည်၊ စီမံကိန်းများ အောင် မြင်ရေးသည် ပဓါန ကျပါသည်....” ဟူသကဲ့သို့ တိုင်းပြည်၏ စီးပွားရေးကို လေးနှစ်စီမံကိန်းများဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပါသည်။ ပထမ လေးနှစ်စီမံကိန်း၊ ဒုတိယ လေးနှစ်စီမံကိန်း၊ တတိယ လေးနှစ်စီမံကိန်း၊ စတုတ္ထ လေးနှစ်စီမံကိန်း စသဖြင့် ဖြစ်ပါ၏။
သူတို့ ဘာတွေစီမံကိန်းချပြီး ဘာတွေလုပ်ခဲ့တယ် ဆိုတာ အကျယ်မပြောလိုပါ။ အရေးကြီးသည်မှာ သည် စီမံကိန်းများ မည်မျှ အောင်မြင်သနည်း ဆိုတာသာ ဖြစ်ပါသည်။
သူတို့ ခေတ်ကောင်းစဉ်ကတော့ သည် စီမံကိန်းများမှာ လေးနှစ်စီမံကိန်း တစ်ခုပြီးတိုင်း အလွန် အောင်မြင် ခဲ့ပါသည်။ သို့သော် တိုင်းပြည်မှာမူ ဆယ်စုနှစ် တစ်ခုပြီးတစ်ခု ကျော်လွန်တိုင်း မွဲသထက် မွဲလာခဲ့ပါ၏။ သည်မျှ စီမံကိန်းများ အောင်မြင်နေပါလျှက် အဘယ်ကြောင့် တိုင်းသူပြည်သားများမှာ ငတ်သထက် ငတ်လာခဲ့ရပါသနည်း။ တိုင်းပြည်မှာ မွဲသထက် မွဲလာခဲ့ရပါသနည်း။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဦးဆောင်မှုဖြင့် ဆိုရှယ်လစ်ပန်းတိုင်သို့ ချီတက်ခဲ့ကြရာ တိုင်းပြည်မှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများစာရင်းတွင် ပါဝင်သွားသည်ထိ ဖြစ်ခဲ့ရပါသည်။
ဤသည်မှာ မရိုးသားမှု ၏ ရလာဒ် ဖြစ်ပါသည်။
ပထမ၊ မိမိတို့လုပ်နေသည်ကို မှန်သလား၊ မှားသလား ဆန်းစစ်ဝေဖန်ခွင့် လုံးဝမပေးပဲ ထိုကဲ့သို့ ဝေဖန်လာသူ ကို ဖောက်ပြန်ရေးသမား၊ ဆိုရှယ်လစ်စံနစ်၏ ရန်သူအဖြစ် သတ်မှတ်ကာ ကျူပင်ခုတ်၊ ကျူငုတ်မကျန် အမြစ်ပြတ် ချေမှုန်းရေး ဝါဒကို ကျင့်သုံးပါသည်။ ဒုတိယ၊ မိမိတို့ လုပ်ရပ် မှားနေမှန်း သိလျှက်နှင့် ပြည်သူလူထုကို ကိန်းဂဏန်း အမှားများဖြင့် လိမ်ညာခဲ့ပါသည်။ တတိယ၊ ကိုယ့်မရှိတာကို မရှိဟု လက်မခံပဲ ရှိလေဟန် ဟိတ်ဟန်ထုတ်လျှက် သမ ဝါယမ ဆိုင်များ၊ ကုန်တိုက်ကြီးများကို အထက်လူကြီးများ လာသောအခါ အလွန် ချိုသာပြီး အရည်အသွေးကောင်း သော ပစ္စည်းများကို ရောင်းချပေးနေဟန်ဖြင့် (အပြင်မှ ထိုပစ္စည်းများကို ငှားရမ်းတင်ထားကာ) အလျှံပယ် ဖြည့်တင်း ထားခဲ့ပါသည်။
ကျွန်တော် စက်မှုတက္ကသိုလ် တတိယနှစ် တက်နေစဉ် နွေရာသီကျောင်းပိတ်ရက်၌ အ သုံးလုံးကျေ စာတတ် မြောက်ရေး လုပ်အားပေး သွားခဲ့ပါသည်။ (သူ့ခေတ်နှင့် သူဆိုတော့ ကျွန်တော်တို့လည်း လမ်းစဉ်လူငယ် များဖြစ်ကာ ပါတီမှ ဦးဆောင် လုပ်တာမှန်သမျှ တက်တက်ကြွကြွ နှင့် ပါဝင် လုပ်ခဲ့ကြပါ၏။ အလျင်ကတော့ တံခါးပိတ် ဝါဒကို ကျင့်သုံးနေချိန်ဖြစ်ရာ ဖတ်စရာမှာလည်း မဆလထုတ် ပါတီရေးရာ စာစောင်၊ အလုပ်သမားရေးရာ စာစောင်၊ တောင်သူ လယ်သမားရေးရာ စာစောင်၊ နိုင်ငံတကာ ရေးရာ စာစောင်များပဲ ရှိလေရာ ထိုစာစောင်များတွင် ရေးထားသမျှ အဟုတ် ကြီးထင်လျှက် လမ်းစဉ်လူငယ်မှ မဖြစ်လိုက်ရလျှင် လူစဉ်မမီသကဲ့သို့ ခံစားရပြီး လူငယ်လှုပ်ရှားမှု များတွင် မပါလျှင် ခေတ်နောက်ကျသူ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်မကျေသူ ဟု ရှက်တတ်ပြီး သကာလ သူများ ကြက်ခြေနီ ဆို နီ လိုက်၊ လုပ်အားပေးဆို ပေးလိုက် နှင့် အလွန် ပျော်ရွှင် ကျေနပ်ခဲ့ပါသည်။)
စကားပြန်ကောက်ရလျှင် အဆိုပါ စာတတ်မြောက်ရေး လုပ်အားပေး ဆိုသည်မှာ အခု အသက်ကလေး ရလာ၊ နည်းနည်းလေး တွေးတတ်ခေါ်တတ် လာတော့မှ အတော် အူတူတူ နိုင်သော အရေမရ၊ အဖတ်မရ အလုပ်မှန်း သဘော ပေါက်လာပါတော့၏။ စာတတ်မြောက်ရေး လှုပ်ရှားမှု ကာလမှာ တစ်လ ဖြစ်ပါ၏။ တစ်လဆိုသည်မှာလည်း တစ်နေ့လုံး အချိန်ပြည့် သင်ရသော တစ်လ မဟုတ်မူ၍ ညဘက် သူတို့ အလုပ်ကပြန်လာ၊ ရေမိုးချိုး၊ စားသောက်ပြီး ည ၇ နာရီလောက်မှ ၉ နာရီ အလွန်ဆုံး ၉ နာရီခွဲ လောက်သာ သင်ရသော ဘုရားစူးရပါစေ့ တစ်လ ဖြစ်ပါ၏။
တစ်သက်လုံးက စာဆိုလို့ အိမ်ခေါင်မိုးတွင် လာနားသော စာမှ လွဲ၍ ဘယ်စာနဲ့မှ မနီးစပ်သူ ထို အိုမင်း ရွတ်တွကြီးများကို တစ်နေ့လျှင် နှစ် အဲလေ သုံးနာရီပဲ ထားပါ။ တစ်လ နာရီ ၉၀၊ သေရောကြေရော နာရီ ၁၀ဝ အတွင်း သူတို့နာမည်ပေးထားသည့် အ-သုံးလုံး (အရေး၊ အဖတ်၊ အတွက်) ကို တတ်မြောက်အောင် သင်ကြားပေးနိုင် ပါမည်လား။ ဟို ဗာရာဏသီပြည်တွင် ရွာသော မိုးခါးရေကို ကျွန်တော်တို့ တစ်တိုင်းပြည်လုံး သောက်မိသည်ထင့်။ ပညာ ဆိုသည်မှာ ကောင်းသည်၊ ဆိုးသည်၊ ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည် ကို ဝေဖန်၊ ပိုင်းခြား၊ ချင့်ချိန် နိုင်သော အတတ် ဖြစ်ရ ကား ထိုအချိန်က ကျွန်တော်တို့ တိုင်းပြည်မှ ပညာရှိကြီးများသည် အဘယ်သို့ ဖြစ်ကုန်ကြသနည်း။ နီးရာဓါး ကြောက်ရ သဖြင့် သိလျက်နှင့် မိုက်ခဲ့ကြရခြင်းလား။ ကျွန်တော် မသိနိုင်ပါ။
သတင်းစာများ(အထူးသဖြင့် လုပ်သားပြည်သူ့ နေ့စဉ်)တွင်လည်း ထို စာတတ်မြောက်ရေး အောင်ပွဲများ အကြောင်း ဝေဝေဆာဆာ ရေးသားကာ ဂုဏ်ယူခဲ့ ကြပါသည်။ ထိုဆောင်းပါးများထဲမှ ကဗျာလေး တစ်ပိုင်းတစ်စတောင် ကျွန်တော် ရ နေပါသေး။ ဘာတဲ့ -
အသက် ၆၀ ဦးကျည်ပွေ့
အထူးမမေ့ ပုံဆောင်
ကြိုးစားမှ တို့များအောင်မယ်
မပျက်ပေါင် ကျောင်းတက်စို့ မပျင်း- ဟူ၏။
တစ်လပြည့်မြောက်တော့ စာတတ်မြောက်ရေး အောင်ပွဲ ဟု ဆိုကာ တစ်နိုင်ငံလုံး ချိမ့်ချိမ့်သည်းမျှ ကျင်းပခဲ့ကြ ပါသည်။ မြို့နယ်လုံးကျွတ် စာတတ်မြောက်ရေး အောင်ပွဲမှစကာ၊ တိုင်းလုံးကျွတ် စာတတ်မြောက်ရေး အောင်ပွဲ၊ ထိုမှ တစ်ဆင့် နိုင်ငံလုံးကျွတ် စာတတ်မြောက်ရေး အောင်ပွဲများကို ကြီးကြီးကျယ်ကျယ် ဆင်နွှဲခဲ့ကြသည်မှာ ကမ္ဘာကပင် လက်ဖျားခါခဲ့ ရပါ၏။ အောင်မယ်၊ စာတတ်မြောက်ရေး အောင်ပွဲများ ကျင်းပနိုင်ခြင်း အတွက် မိုဟာမက် ရီဇာပါလာဗီ ဆုတောင် ရလိုက်ပါသေး။
ယောမင်းကြီး စစ်ကြောင်း၊ လှိုင်ထိပ်ခေါင်တင် စစ်ကြောင်း၊ မြဝတီမင်းကြီး စစ်ကြောင်း ဟူသော စစ်ကြောင်း ကြီးများကို တစ်ရွာလျှင် လူအင်အား အဘယ်မျှ လိုက်ရမည် ဟု သတ်မှတ်ကာ ချီတက်စေလျှက် ဖုံတထောင်းထောင်း ထအောင် လှည်းအုပ်ကြီးများဖြင့်၊ ရှေ့ဆုံးလှည်းတွင်မတော့ လှိုင်ထိပ်ခေါင်တင် စစ်ကြောင်းအတွက် ရွာထဲမှ ကွမ်းတောင် ကိုင် လုံမကလေးကို ရှေးခေတ် မင်းသမီးများပမာ ဝတ်စားဆင်ယင်စေပြီး အပျိုတော်များ ခြံရံလိုက်ပါစေ၍ တစ်မျိုး။ မြဝတီ မင်းကြီး စစ်ကြောင်းကို နည်းနည်းလောက် စောင်းကြည့်လိုက်လျှင် လှည်းပေါ်တွင်မှ ဘုန်းကြီးများ တရားဟော သည့်အခါ သုံးသည့် ပလ္လင်ကြီးကို တင်လျှက် ထိုပလ္လင်ကြီးအပေါ်တွင်မူ ဘုန်းတော်ကြီးမြတ်လှပါသော ဘုရင်ကြီး၏ စစ်သည် တော်များ ခြံရံလိုက်ပါလာသည့် လက်တစ်ဖက်က ပေရွက်၊ လက်တစ်ဖက်က ကလောင်ကို ကိုင်ကာ ရှေးစစ်သူ ကြီးများ၏ စစ်ဝတ်စုံကို အကျအနဝတ်ဆင်ထားသည့် နှုတ်ခမ်းမွေးကားကား၊ မျက်နှာထားတင်းတင်း နှင့် မြဝတီမင်းကြီး ကို မြင်သူများပင် စစ်ထဲ ချက်ခြင်းဝင်ပြီး ကျူးကျော်လာသူ အင်္ဂလိပ်များကို ဓါးနှင့် ဝင်ပိုင်းလိုသည့် ဇာတိသွေး ဇာတိမာန် များ တက်ကြွလာစေလောက်အောင် မြင်ရလျှက် တစ်ဖုံ။
ယောမင်းကြီး စစ်ကြောင်းတွင် ရွာအတွင်းမှ ခန့်ငြားသည့် လူကြီးတစ်ဦးကို ဝတ်ရုံဖြူကြီးဝတ်၊ ဖော့လုံးကြီး ပေါင်း၊ လက်တွင် ဘုန်းတော်ကြီးကျောင်းမှ တရားစာ ဘုတ်အုပ် အထူကြီးကို ခန့်ငြားစွာ ကိုင်စေလျှက် အနီးတွင် လူပျို တော်သား များ ခြံရံလိုက်ပါစေလျှက် အလွန်ကြည်ညို အားကျစဖွယ် တွေ့မြင်ရပေမည်။
သို့နှင့် မြို့သို့ရောက်ရှိ၊ သတ်မှတ်ထားသော နေရာများတွင် အသီးသီး အသက အသက နေရာယူကြပြီး တောင်သူလယ်သမား ဦးကြီးများ ဟူသော စကားလုံး နှင့် ဆိုရှယ်လစ် ဟူသော စကားလုံးများကို နားကြားပြင်း ကပ်လောက်အောင် ထပ်ကာထပ်ကာ သုံးလျှက် ရှည်လျှား ထွေပြားလှသော မိန့်ခွန်းကြီးနှင့် အခန်းအနားကို ဖွင့်လှစ်။ တစ်ယောက်ပြီး တစ်ယောက် မိုးလုံးပြည့် မုသာဝါဒ များကို ပြောဆို (အဲလေ ယောင်လို့) ဘုန်းတော်ဘွဲ့၊ ဟိမဝန္တာ ချီးမွမ်း ခန်းများကို ဖတ်ကြား။ အဲ သူရို့ပြီးတော့ -
ဆံထုံးတော်ကြီး တမာသီးတွင် ပန်းတွေနှင့် ဝေနေသည့် အပျိုကြီး မမ ပုဝါကြီးချလျှက် စင်ပေါ်သို့ ပြုံးပြုံး၊ ပြုံးပြုံး နှင့် တက်လာပါ၏။ နောက်တော့ “ကျွန်မကတော့ ဘယ်ရွာက မဟဝှာ ဖြစ်ပါသရှင့်။ အရင်က တစ်သက်လုံး သူများတွေ အရုပ်လှလှ လေးတွေပါတဲ့ စာအုပ်တွေ ဖတ်နေတာ မြင်ရတော့ စိတ်ထဲမှာ သြော် ငါတို့ဟာဖြင့် မျက်စိမြင်လျှက်နဲ့ ကန်း နေကြတာပါကလား လို့် အင်မတန် ဝမ်းနည်းခဲ့ရပါ သရှင့်။ ဟော အခုတော့ စာတတ်မြောက်ရေး လှုပ်ရှားမှုရဲ့ ကျေးဇူးကြောင့် ကျွန်မတို့မှာ ကြောင်တောင်ကန်း ဘဝက လွတ်မြောက်ခဲ့ပါပြီ။ ဘူေ့ ဘူေ့ ဘူေ့. သည့်အတွက် မြန်မာ့ ------ ဥက္ကဌကြီး နဲ့တကွ ------------ များကို အရမ်းရော ကာရော ကျေးဇူးအထူး တင်ရှိတဲ့အတွက် ကျွန်မကိုယ်တိုင် ရေးလာခဲ့တဲ့ ဟောသည်စာကို ကျွန်မကိုယ်တိုင်ပဲ ဖတ်ပြ ပါရစေရှင့်၊ ဏ္ဍဋ%$ဋ/ရဂ/$$(ရဋဍြ” (အာဂ မိန်းမ ပါတကား)။
ထို အပျိုကြီး မမမှာ ခုမှ အ-သုံးလုံး ကျေးဇူးကြောင့် နတ်ရေကန်ထဲ ကန်ချလိုက်သလို နေ့ချင်း ညချင်း စာတတ်မြောက် လာသူ မဟုတ်ပါပဲလျှက် အရင့်အရင်ကတဲက စာတတ်နေသူ တစ်ဦးဖြစ်ကြောင်း၊ ခုနစ်ရက် သားသမီး များကို လူပုံအလယ်တွင် အရှက်မရှိ ပြောင်ပြောင်တင်းတင်း တက်လိမ်နေခြင်းမျှသာ ဖြစ်ကြောင်း သဟာလောက် မထူသော မိတ်ဆွေများကို ကျွန်တော် ဖွင့်ချစရာ လို့ကို မလိုပါ။
သို့ ဆိုလျှင် သည်ကိစ္စကြီးတွင် အုပ်ချုပ်သူများရော၊ ပြည်သူလူထုကြီး တစ်ရပ်လုံးကပါ (ကျွန်တော် အပါအဝင်) အလိုတူ အလိုပါ ပါဝင် ပတ်သက်နေသည်ဖြစ်ရာ မည်သူက မည်သူ့ကို လိမ်နေသည် ဟု မိတ်ဆွေ ထင်ပါသနည်း။
လူသိရှင်ကြား ပြောင် ယူခြင်း ကို ခိုးသည် ဟု မသတ်မှတ်ပဲ ဂုဏ်ပုဒ်တစ်ခု အဖြစ် မှတ်ယူနေသော အနှီ ကျွန်တော်တို့ လူ့ဘောင်ကြီးထဲတွင် -
လူသိရှင်ကြား ပြောင် လိမ်ခြင်း၊ အလိမ်ခံနေကြခြင်းကို လိမ်သည် ဟု ဆိုနိုင်ပါမည်လော။
ကျွန်တော်က မိတ်ဆွေတို့ စဉ်းစားစရာ အမြွက်မျှ ပေးလိုက်ခြင်း ဖြစ်ပါ၏။ အဆိုးမြင် ဝါဒဖြင့် ပြောခြင်း မဟုတ်၊ နိုင်ငံတော်၏ ဘဏ္ဍာများ၊ လူအင်အားများ၊ အချိန်များကို မလိုအပ်ပဲ အလဟဿ ဖြုန်းတီးပစ်ကြခြင်းကို ဆင်ခြင်ကြရန် သတိပေးရုံမျှ ဖြစ်ပါ၏။ (ထိုကဲ့သို့ သန်းပေါင်းများစွာသော လူများ အုတ်အော်သောင်းတင်း လုပ်လိုက်ကြခြင်း အားဖြင့် ကျွနု်ပ်တို့၏ ရွှေနိုင်ငံကြီး အဘယ်မျှ တိုးတက်ကြီးပွား သွားပါသနည်း၊ စစ်တမ်း ထုတ်ကြပါကုန်)။
နောက်တစ်ခု။
အထွက်တိုးစပါး စံကွက် ရိတ်သိမ်းသည့်အကြောင်း လူတိုင်း ကြားဖူးကြပါလိမ့်မည်။ သို့သော် သည်မှာဘက် ခေတ်တွင်တော့ ဤ အသံများ အနည်းငယ် စဲသွားသဖြင့် မော်ဒန်ခေတ် လူငယ်များ သိ၊ မသိ၊ မဆိုနိုင်ပါ။ အနည်းငယ် အတင်းပြောပါအံ့။ သည်းခံခွင့်လွှတ် နားဆင်ပါ။
ဆိုရှယ်လစ်ခေတ်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လယ်ယာလုပ်ငန်းတွင် စက်မှုလယ်ယာများ ထူထောင်ခြင်း၊ အထွက်တိုး စပါးမျိုးများ ဖြင့် စိုက်ပျိုးစေခြင်း၊ သဘာဝ မြေသြဇာများအစား ဓါတ်မြေသြဇာများ သုံးစွဲစေ ခြင်း စသည်တို့ လုပ်ခဲ့ပါ၏။ အများ သိပြီး ဖြစ်သည့်အတိုင်း လက်တွေ့အလုပ်ဖြစ်တာက တော်တော်၊ လေလုံးက ထွားထွား ဖြစ်ပါ၏။ တကယ် အောင်မြင်တာတွေလည်း ရှိပါ၏။ ယခင်ကထက် စာလျှင် စပါးစိုက်ဧက မှာရော၊ စပါး အထွက်နှုံးတွင်ပါ အတော် တိုးတက်လာတာ အမှန်ပင် ဖြစ်ပါ၏။ ဘာမှ ငြင်းစရာ မရှိပါ။ သို့သော် အထွက်တိုးလာသော စပါးအား တကယ် တိုးလာသည်ကို ၁၀ နှင့် မြှောက်ကာ အဆမတန် ချဲ့ကား ပြောခြင်းမှာတော့ အတော် မနှစ်မြို့စရာ ဖြစ်ပါ၏။
ကျွန်တော်တို့ ကိုရွှေမြန်မာများမှာ ကမ္ဘာပေါ်ရှိ အခြားသော လူမျိုးများထက် ဉာဏ်နီဉာဏ်နက် များသည့် အရာတွင် နှစ်ဆခွဲမျှ သာလေရကား နိုင်ငံတကာ ဧည့်သည်တော်များ အလယ်တွင် တစ်ဧကလျှင် စပါးတင်း ၃၅၀ မျှ ထွက်အောင် ရိတ်ပြလိုက်လေ၏။ ကျွန်တော် ဒေသကောလိပ်ပညာ ဆည်းပူးခဲ့သည့် ဟင်္သာတမှ လယ်သမားကြီး ဦးလူနီ နှင့် ဦးလူစီတို့မှာ ကမ္ဘာ့အိုလံပစ်စံချိန်များကို အပြတ်အသတ် ချိုးလိုက်ပြီး နိုင်ငံတကာမှ လက်ဖျားခါ လောက်သည့် စပါးအထွက်များကို လက်တွေ့ပြသလိုက် နိုင်လေရာ ဂျပန်နိုင်ငံမှပင် ဖိတ်ခေါ်၍ ၎င်းတို့၏ စပါး စိုက်ပျိုးနည်း နည်းပညာများကို လေ့လာဆည်းပူး နည်းယူခဲ့ရပါပေဘိတောင်း။ (အဲဒါ ဗမာကွ)။ (ထို လယ်သမား ဦးကြီး များဖြစ်သော ဦးလူနီနှင့် ဦးလူစီ တို့ကို စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် အဖြစ် မခန့်အပ်ခဲ့ခြင်းကား နိုင်ငံတော်၏ မဟာ အမှားတော်ပုံကြီး ဖြစ်လေသည်။ ၎င်းတို့ကိုသာ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် အဖြစ်ခန့်အပ်လိုက်လျှင် ယခုလောက်ဆို စပါးတစ်ဧက တင်း တစ်ထောင်မျှပင် ထွက်အောင် စိုက်ပြချင် ပြနိုင်လိမ့်မည် ဖြစ်ပါ၏)။
သို့သော် စပါးမှာ ယခင် နှစ်များကထက် စာလျှင် အမှန်ပင်အထွက်တိုးခဲ့ကြောင်း ကျွန်တော့် အဖေမှာ လယ်သမားတစ်ဦး ဖြစ်သဖြင့် သိခွင့်ရခဲ့ပါ၏။ ထွက်သည့် အရှိကို အရှိအတိုင်း ရိုးသားစွာ ပြောရမှာ အဘယ်ကြောင့် ရှက်ရွံ့ နေကြပါသနည်း။ ကိုယ့်ရှိတဲ့ ငါးမူးသား ဆွဲကြိုးကလေးကို ဆွဲရမှာကျ ရှက်နေပြီး သူများထံမှ ငှားထားသော ဘယက်ကြီးကို ဆွဲရမှာကျ အဘယ်ကြောင့် မရှက်ကြပါသနည်း။
(အနို့၊ ခုခေတ်မှာရောတဲ့။ အောင်မယ်လေး ကိုရင်၊ အချွန်နဲ့ မယမ ပါနဲ့ဗျာ။ ကျားမြီးသွားဆွဲချေ ဆို ဆွဲပါ့မယ်။ ဝေါင်ဝေါင်ရှေး။ ဝေးဝေးရှောင်)။ ဒါပေမဲ့ မနေနိုင်လို့ တစ်ခုလောက်တော့ ပြောပြစေ။ တခြားတော့ မဟုတ်ပါဘူး။
ဟို- အထက်တန်း ကျောင်းတွေမှာ လုပ်ထားတဲ့ ဘာတဲ့ ာနိငေ မသသာ ဆိုတာလေးတွေ အကြောင်းပါ။ ကျွန်တော် ရောက်ခဲ့ဖူးသော အထက်တန်းကျောင်း တော်တော်များများမှ ာနိငေ မသသာ များမှာမူ ဆိုင်းဘုတ် နှင့် စားပွဲ၊ ကုလားထိုင် ကလေးများ အနည်းအကျဉ်းနှင့်၊ အချို့ တော်တော်ပြည့်စုံသော ကျောင်းများမှာ မူ တီဗီလေး ဘာလေး ရှိသည်ပေါ့။ တချို့ ရန်ကုန် အနီးပတ်ဝန်းကျင်းက ကျောင်းတွေကျတော့ သည့်ထက် ပို အဆင့်မြင့် သည်။ ကွန်ပြူတာ ပေါ်ဦးစ ခေတ်ကပေါ်ခဲ့သော ဟို့ လက်ဟောင်း ကွန်ပြူတာများကို ကွန်ပြူတာ ခေတ်အစက ဒီလို ရှိခဲ့တယ်ကွ ဟု ကျောင်းသားများ ကိုယ်တွေ့မျက်မြင် သိရှိစေရန် အတွက် လည်းကောင်း၊ သို့မဟုတ် နောက် အနှစ် နှစ်ဆယ်လောက် ကြာလျှင် ၎င်းတို့ကို ရှားပါး အန်းတစ်များ အဖြစ် ရောင်းချလိုက်လျှင် တစ်လုံးလျှင် ဒေါ်လာ သန်းနှင့် ချီပြီး ရနိုင်သဖြင့် လည်းကောင်း၊ ထို့ထက် အန်းတစ် ဟူသည် ပိုဟောင်းလေ ဈေးကောင်းရလေ ဖြစ်ရကား ထိုကွန်ပြူတာ များကို မပြုမပြင်၊ မထိန်းမသိမ်းပဲ အမြော်အမြင်ရှိစွာ ဖုံအလိမ်းလိမ်းနှင့် ပစ်ထားသည်ကို လည်းကောင်း ကျွန်တော် ကိုယ်တွေ့ မျက်မြင် တွေ့ရှိခဲ့ရပါ၏။ ဒါက ကျွန်တော်တို့လို ကလေးများ ရောက်သော အခိုက် မျက်မြင် အခြေအနေ ဖြစ်ပါ၏။
သို့သော် လူကြီးများ ကြွချီလာသောအခါတွင်မူ ကျွန်တော် အထက်က ပြောခဲ့သော အခန်းများမှာ သူတို့ မဟုတ်သကဲ့သို့ အလွန် ပြောင်းလဲ သွားပါတော့၏။ ဇာခန်းဆီး အသစ်များတပ်ဆင်လျှက် ၤူအေ ွှဠယ လငိနသ စူပေနမ (ျသမမပ) ီဠီ စူပေနမယ ာငခမသစ့သညနယ ျသကညိ ဘသထယ ခသာစကအနမ များဖြင့် အပြည့်အစုံ တန်ဆာဆင်ထားပြီး သကာလ ကွန်ပြူတာများရှေ့တွင် ထိုင်နေသော ကျောင်းသူ အသစ် ကျပ်ချွတ် ကလေးများမှာလည်း ကွန်ပြူတာ ပရိုဂရမ်များကို ကျွမ်းကျင် နိုင်နင်းစွာ အသုံးပြုနေလျှက် - - -
အဘယ့်ကြောင့် ကျွန်တော်တို့သည် အရှိကို အရှိအတိုင်း ပြောရမှာ အဆမတန် ရှက်ကြောက် နေကြ ပါသနည်း။ ထမင်းအိုး မျက်နှာကြောင့်လား၊ လူလယ်ခေါင် အဆဲခံရမှာ စိုးလို့လား။ ထုချေလွှာ တင်ရမှာ စိုးလို့လား။
(အင်း၊ ခင်ဗျားကတော့ ပြောအားရှိမှာ ပေါ့ဗျာ။ လွတ်ကင်း နယ်မြေ ရောက်သွားပြီကိုး။ ကျုပ်တို့နေရာ ခင်ဗျား တစ်လ လောက် လာနေစေ့ချင်တယ်။ ကျုပ်တို့ထက်တောင် ခင်ဗျား ပိုပြာနေမှာ မြင်ယောင် မိပါသေး။)(ဟိုက်၊ ထိပဟ။ ဒါရိုက် ဟစ်ပဲ)။
ဤသည်မှာ နိုင်ငံနှင့် ချီ၍ မရိုးသားခြင်း အကြောင်းများစွာထဲမှ ကျွန်တော် သိသမျှ တစ်ကြောင်း တစ်လေ ဖြစ်ပါ၏။ ကျွန်တော်မသိသေးသော အခြား မရိုးသားမှုများမှာမူ ကျွန်တော်သိသည်ထက် အဆ ငါးရာမျှ ပိုကောင်း ပိုနိုင် ပါ၏။
ကိုဌေးဝင်းနိုင် ၏ ဖောက်သည် ချချက်အရ ကျွန်တော်တို့ နိုင်ငံတော်တွင် မိုးလေဝသ သတင်း ကြေငြာတာပင် မရိုးသား ဟု အံ့ဩစွာ သိရပါ၏။ အဘယ်သို့ မရိုးသားသည်ကို စာနှင့်ရေးပြ၍ မတော်ပါ။ သိချင်လျှင် လာခဲ့ပါ၊ ပြန်ပြောင်း ဖောက်သည်ချပါမည်။ ထို့ပြင် စီမံကိန်းများ အမျိုးမျိုးချကာ ကြီးပွားသွားသော အရာရှိကြီးများ အကြောင်း လည်း ပြောပြချင်ပါသေး၏။ သို့သော် မတော်ပါလေ။ စိတ်လျှော့၊ စိတ်လျှော့။
လူတစ်ဦးချင်းစီ၏ မရိုးသားမှုများကိုသာ စာဖွဲ့လိုက်ရပါက စာမျက်နှာများ အတော် စားသွားလိမ့်မည်။ သည်တော့ မပြောတာ ကောင်းမည်။ နို့မို့ လိုရင်း ရောက်မည် မဟုတ်။
ကျွန်တော်ဆိုလိုချင်သည်မှာ ကျွန်တော်တို့သည် ရိုးသားစွာနှင့် အရှိကို အရှိအတိုင်း လက်ခံပြီး ကြိုးစား ကြရမည့် အစား တလွဲ ဆံပင်ကောင်းပြီး ချိုင်းမွေးထူနေကြသည်။ ဤသို့ ချိုင်းမွေးထူနေမည့်အစား၊ ဟန်ပြလုပ်ပြီး အသံကောင်း ဟစ်နေမည့်အစား တကယ်အကျိုးရှိမည့် အလုပ်များကိုသာ အားကြိုးမာန်တက် လုပ်ကြပါက - - -
ကျွန်တော်တို့လူမျိုးသည် ခပ်တုံးတုံး လူမျိုးမဟုတ်ပါ။ သင်ယူလွယ်၊ တတ်လွယ်(မဟုတ်တာဆို ပိုတတ်လွယ်)၊ နားပါးကြသူများ ဖြစ်ပါ၏။ ၁၉၆၂ က မစနိုင်ဘူးပဲထား။ စင်ကာပူလို ရေတောင် သောက်စရာမရှိသော နိုင်ငံ ပိစိ ညှောက်တောက် ကလေးတောင်မှ ၁၉၆၅ ခုနှစ်မှ စ ချ လိုက်တာ၊ ဟော ခုဆို ကျွန်တော်တို့ ရွှေမြန်မာများ အားကိုး အားထားပြုနေရသော ကမ္ဘာ့အလယ် ပွဲလယ်တင့်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်နေပြီ မဟုတ်ပါလော။ ကျွန်တော်တို့လို ရေ၊ မြေ၊ သဘာဝသယံဇာတ ပေါကြွယ်ဝပြီး၊ အရေးအကြီးဆုံး ဖြစ်သည့် လူအရင်းအမြစ်များ အင်မတန် ပေါများ လှသည့် နိုင်ငံ တစ်နိုင်ငံအဖို့ ၁၉၉၀ ခုနှစ်ကမှ စလုပ်သည်ထား၊ တကယ် မှန်မှန် ကန်ကန်၊ အားကြိုးမာန်တက်၊ တက်ညီ လက်ညီ ကြိုးစားလိုက်ကြပါက - - -
ခင်ဗျားတို့ ကျွန်တော်တို့သည် ကိုယ်ချစ်သော ဇနီးမယား၊ သမီးသားများနှင့် ခွဲခွါနေရတော့မည် မဟုတ်သလို၊ မြန်မာ ဟု ဆိုလိုက်သည်နှင့် ဝိုင်းဝန်း နှာခေါင်းရှုံ့ကြသော ဘဝဆိုးကြီးမှ ခုလောက်ဆို လွတ်ကင်း နေလောက်ပြီ ဖြစ်ပါ ကြောင်း မချိတင်ကဲ နှင့် ရေးလိုက်ရပါ၏။
(အဆိုးထဲက အကောင်းပြောရလျင်တော့ ကျုပ်တို့သာ ကိုယ့်တိုင်းပြည်မှာ အဆင်ပြေနေရင် ဘယ် စင်ကာပူတို့၊ အမေရိကန် တို့၊ ကနေဒါတို့၊ ဩစတေးလျ တို့ ဘာတို့ ညာတို့ ဆိုတဲ့ တိုင်းပြည်တွေကို ရောက်ဖူးပါမတုံး။ ဟော၊ ခုကြည့်၊ မောင်မင်းကြီးသားတို့ ကောင်းမှုကြောင့် ဟို့ - - - - - - ကျုပ်တို့တောရွာတွေက ဘာတစ်လုံးမှ မတတ်တဲ့ ကောင်လေး၊ ကောင်မလေးတွေတောင်မှ အောင်မယ် နိုင်ဂံဂျားကို ရောက်လို့ပါကလား။ ကိုင်းဗျာ၊ သည် ကမ္ဘာ့မြေပုံပေါ်က ဘယ်နှ နိုင်ငံ ကိုများ ကျွန်တော်တို့ ဗမာတွေ မရောက်တာ ရှိသလဲ။ အာဖရိက တောနက်ထဲက နိုင်ငံ တချို့၊ တောင်အမေရိက က နိုင်ငံတချို့က လွဲရင် နိုင်ငံတော်တော်များများမှာ ဗမာတွေ ရှိလိမ့်မယ်။ စစ်တမ်းကောက် ကြည့်ကြဖို့ ကောင်းလှပါဘိ တောင်း။ သို့ကလို ကမ္ဘာ့နိုင်ငံအများအပြားသို့ ကိုယ့်စရိတ်နှင့် ကိုယ် သွားနိုင်အောင် ဖန်တီးပေးလိုက်သော အကြင် မောင်မင်းကြီးသားများ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ၊ အနာမျိုး ၉၆ ပါး ကင်းပါစေ။ ကပ်ကြီး လေးပါး (၃ ပါး+ ဒို့အရေးကပ်) ကျော်နိုင်နင်းနိုင်ရှိကြပါစေ ဗျား။