Wednesday, November 28, 2012

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲများ

 
ခွင့် ၁၀ ရက်ရသဖြင့် ကျွန်တော်ရန်ကုန်ကို ဒီဇင်ဘာ ၂၀ ပြန်ပါမည်။

ထိုအတောအတွင်း လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲများကို အောက်ပါအတိုင်း ကျင်းပပြုလုပ်ပါမည်။

စိတ်ဝင်စားသူများအား တက်ရောက်ပါရန် လက်တို့လိုက်ကြစေလိုပါသည်။ ၀င်ကြေးမရှိပါ။ မှတ်ပုံတင်စရာမလိုပါ။

လယ်ယာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးလက်စွဲစာအုပ်များ အခမဲ့ဝေငှပါမည်။

စဉ်
နေ့ရက်
အချိန်
နေရာ
အကြောင်းအရာ
၂၃- ၁၂- ၁၂
နံနက် ၉း၃၀ နာရီ
ပဲခူးမြို့တော်ခန်းမ
က
၂၄- ၁၂- ၁၂
နံနက် ၁၀ နာရီ
မြေပဒေသာကျွန်း၊ ရန်ကုန်
က
၂၄- ၁၂- ၁၂
နေ့လည် ၂ နာရီ
မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း
၂၆- ၁၂- ၁၂
နံနက် ၁၀ နာရီ
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းရုံးချုပ်၊ နေပြည်တော်
က
၂၆- ၁၂- ၁၂
နေ့လည် ၃ နာရီ
ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်*
က

 
က = လယ်ယာလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး(ဦးအေးငြိမ်း)

ခ =  မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်းတွင် သုံးဦးပြောပါမည်။

၁) ဦးသန့်ဇော်အောင် - How to apply the International Safety Standards to Myanmar

                        ၂) ဦးဝင်းမောင် - What Training Need to Develop Safety in All Industries

၃) ဦးအေးငြိမ်း - Introduction of Myanmar Safety Development Association

 
*  -  စိုက်/တက္ကသိုလ်မှ အကြောင်းမပြန်သေးပါ။ ထပ်မံအတည်ပြုပါမည်။

 
လယ်ယာလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲ

 
ဟောပြောမည့်အကြောင်းအရာအကျဉ်းချုပ်

 
၁။ အဘယ်ကြောင့် လယ်ယာလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အရေးကြီးသနည်း

၂။ ပညာပေးအစီအစဉ်

၃။ စိုက်ပျိုးရေးလုပ်ငန်းအန္တရာယ်ကင်းရေးတွင် အစိုးရ၏ အခန်းကဏ္ဍ

၎။ အန္တရာယ်နှင့် ကာကွယ်ရမည့်နည်းလမ်းများ

၅။ အန္တရာယ်ဖြစ်စေနိုင်သည့် အရာများ

၆။ ယေဘူယျ အန္တရာယ်ကင်းရေးစည်းမျဉ်းများ

၇။ လက်သုံးကိရိယာများ၏ အန္တရာယ်

၈။ ဓါတုဗေဒပစ္စည်းများ အန္တရာယ်

၉။ ရှေးဦးသူနာပြုစုနည်း

၁၀။ ပိုးသတ်ဆေးအကြောင်း သိကောင်းစရာ

၁၁။ လယ်ယာသုံးစက်ကိရိယာများ နှင့် စက်မှုအန္တရာယ်

၁၂။ တိရစ္ဆာန်များ၏ အန္တရာယ်

၁၃။ ပစ္စည်းများ သယ်ခြင်း။ မ,ခြင်း

၁၄။ မိုးကြိုးအန္တရာယ်

၁၅။ အရေးပေါ်အသက်ကယ်နည်း (CPR)

၁၆။ သဘာဝ ပိုးမွှားတိရစ္ဆာန်များ

၁၇။ နေပူထဲတွင် အလုပ်လုပ်ခြင်း

၁၈။ ချော်ကျခြင်း၊ လိမ့်ကျခြင်း အန္တရာယ်

၁၉။ မီးအန္တရာယ်

၂၀။ အမေး၊ အဖြေကဏ္ဍ

 
သရုပ်ပြခြင်း

 
၁။ အန္တရာယ်ကင်းအ၀တ်အစားများအကြောင်း ၀တ်ဆင်သရုပ်ပြပါမည်။

၂။ အသက်ကယ်နည်းကို သရုပ်ပြပါမည်။

၃။ အန္တရာယ်ကင်းစွာ ချီမနည်းကို သရုပ်ပြပါမည်။

 
++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဟောပြောပွဲ (At Myanmar Engineering Society)

 
1. How to Apply International Safety Standards to Myanmar

 
Speaker                        U Thant Zaw Aung


1.      Introduction

2.      What is Occupational Safety and Health?

3.      General Approach to OSH

4.      OSH Framework and Standards in the World

5.      OSH Framework and Standards in the Region

6.      Current OSH Framework in Myanmar

7.      Preparation of OSH Framework in Myanmar

8.      Roles of Stakeholders in Myanmar OSH Framework

9.      Short Term and Long Term Plan for Effective Implementation

10.    Q & A Session

============================================================

 
2. Which types of Training need to be developed for Safety in All Industries

 
Speaker                        U Win Maung


1.      Introduction

2.      Major Industry in Singapore

3.      Ministry, Statutory Boards and Organizations involved in development of workplace safety and health in Singapore

4.      MOM Accredited Training Providers and The Curriculum Development Advisory (CDA)

5.      Types of Workplace Safety and Health Training available in Singapore

6.      Workplace safety and health training courses for safety personnel

7.      Workplace safety and health training courses for managers level

8.      Workplace safety and health training Courses for Supervisors

9.      Workplace safety and health training Courses for Workers

10.    Conclusion

 
+++++++++++++++++++++++++++++++++++++++++++++++++++++++++++

 
၃။ ဟောပြောမည့်သူ။         ဦးအေးငြိမ်း

 
ဟောပြောမည့်အကြောင်းအရာအကျဉ်းချုပ်


၁။ MSDA အဖွဲ့ ဖြစ်ပေါ်လာပုံ

၂။ MSDA အဖွဲ့ ဖွဲ့စည်းပုံ

၃။ MSDA အဖွဲ့၏ ရည်ရွယ်ချက်

၎။ MSDA အဖွဲ့၏ လုပ်ငန်းစဉ်များ

၅။ MSDA အဖွဲ့၏ မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ

၆။ MSDA အဖွဲ့အားဆက်သွယ်ရန် လိပ်စာ

၇။ အမေး၊ အဖြေကဏ္ဍ

 
+++++++++++++++++++++++++++++++++++++++++++++++++++++++++++

Saturday, November 24, 2012

မြန်မာ့အပြောင်းအလဲနှင့် စင်ကာပူရောက်မြန်မာတတ်သိပညာရှင်၊ ကျွမ်းကျင်သူများ၏ အခန်းကဏ္ဍ

 

ဘလော့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။

မိတ်ဆွေများခင်ဗျာ -

မြန်မာနိုင်ငံတာဝန်ရှိသူများနဲ့ စင်ကာပူရောက် မြန်မာပရော်ဖက်ရှင်နယ်များရဲ့ စကားဝိုင်း အကြောင်း အသိပေးတဲ့

“မြန်မာ့အပြောင်းအလဲနှင့် စင်ကာပူရောက်မြန်မာတတ်သိပညာရှင်၊ ကျွမ်းကျင်သူများ၏ အခန်းကဏ္ဍ” ပို့စ်ကို ခဏ ပြန်ဖြုတ်ထားပါတယ်။ တချို့အချက်တွေ အတည်ပြုချက်မရသေးလို့ပါ။

အားလုံး confirm ဖြစ်ပြီဆိုရင် ပြန်တင်ပေးပါမယ်။


ကျေးဇူးတင်ပါတယ်။


အေးငြိမ်း
24- 12- 2012; 10:51 am

Wednesday, November 14, 2012

ပိုးသတ်ဆေးအကြောင်း သိကောင်းစရာ




















(ကော်တက်စီ ဘိုင် ဦးကိုကိုမောင်)




 ပိုးသတ်ဆေးအမျိုးအစား ခွဲခြားပုံ
မည်သည့်ကုမ္ပဏီ မည်သည့်နိုင်ငံမှထုတ်သည်ဖြစ်စေ ပိုးသတ်ဆေးအတွက် ဖော်ပြထားသော တံဆိပ်မှာ အားလုံး တညီတညွတ်တည်း ဖြစ်ရမည်။

ပိုးသတ်ဆေးအမျိုးအစားခွဲခြားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ ဓာတုပစ္စည်းအမျိုးအစား

၂။ ပိုးသတ်ဆေးကို အဓိကအသုံးချမည့်နေရာ

၃။ အန္တရာယ်အဆင့်အတန်း

၁။ ဓာတုပစ္စည်းအမျိုးအစား


AS - အာဆင်းနစ်ဒြပ်ပေါင်း

CU - ကြေးနီဒြပ်ပေါင်း

HG - ပြဒါးဒြပ်ပေါင်း - - စသည်

၂။ ပိုးသတ်ဆေးကို အဓိကအသုံးချမည့်နေရာ


            အသုံးချသည့်နေရာကို သင်္ကေတဖြင့် ဖော်ပြထားရာ အချို့ကို နမူနာအဖြစ် ဖော်ပြလိုက်ပါသည်။


F          – Fungicide - မှိုသတ်ဆေး (မျိုးစေ့များမှလွဲ၍)

PGR      – Plant Growth Regular (အပင်ကြီးဆေး)

R          - Rodenticide (ကြွက်သတ်ဆေး)

L          - Lavicide (ပိုးလောက်လန်းသတ်ဆေး)

M          - Miticide (ကမျဉ်းနီပိုးသတ်ဆေး)

FST       - Fungicide, for seed treatment (မျိုးစေ့အတွက် မှိုသတ်ဆေး)

H          - Herbicide (ပေါင်းသတ်ဆေး)

I           - Insecticide (အင်းဆက်ပိုးသတ်ဆေး)

၃။ အန္တရာယ်အဆင့်အတန်း

            WHO အဖွဲ့ကြီးက ထောက်ခံထားသော ပိုးသတ်ဆေးအဆင့်အတန်းသတ်မှတ်ချက် ကို ၁၉၇၅ ခုနှစ်တွင် ကျင်းပခဲ့သော၂၈ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံကြီးက အတည်ပြုပေးခဲ့ပြီး တစ်ကမ္ဘာလုံး တွင်တွင် ကျယ်ကျယ် သုံးစွဲလာခဲ့ကြသည်။

            WHO က သတ်မှတ်ထားသည့် ရေတိုအန္တရာယ်ဖြစ်နိုင်ချေသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်၏။



WHO Class for Pesticide



WHO Class


LD50 for the rat


(mg/kg body weight)



Oral

Dermal

Ia

Extremely hazardous

< 5

< 50

Ib

Highly hazardous

5 - 50

50 - 200

II

Moderately hazardous

50 - 2000

200 - 2000

III

Slightly hazardous

Over 2000

Over 2000

U

Unlikely to present acute hazard

5000 or higher


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး မှ


LD50 (ကြွက်)

သတ်မှတ်ထားသော

အန္တရာယ်ရှိနိုင်ချေ

မီလီဂရမ်/ခန္ဓာကိုယ်အလေးချိန် ကီလိုဂရမ်

အဆင့်အတန်း


ပါးစပ်မှဝင်လျှင်

အရေပြားမှတစ်ဆင့်ဝင်လျှင်

၁က

အလွန်အန္တရာယ်များ

၅ ထက်နည်း

၅၀ ထက်နည်း

၁ခ

အန္တရာယ်များ

၅ မှ ၅၀

၅၀ မှ ၂၀၀


အသင့်အတင့်အန္တရာယ်များ

၅၀ မှ ၂၀၀၀

၂၀၀ မှ ၂၀၀၀


အနည်းငယ်အန္တရာယ်များ

၂၀၀၀ အထက်

၂၀၀၀ အထက်


လတ်တလောအန္တရာယ်ဖြစ်နိုင်ချေမရှိ

၅၀၀၀ နှင့် အထက်




ဤတွင် ဖော်ပြထားသော LD50 တန်ဘိုးကို ရှင်းပြပါမည်။ ဥပမာအားဖြင့် LD50 5 mg/Kg ဆိုသည်မှာ ၁ ကီလိုဂရမ်အလေးချိန်ရှိသည့် ကြွက် အကောင် ၁၀၀ ကို ပိုးသတ်ဆေးချည်း (သို့မဟုတ်) ဓါတုဗေဒပစ္စည်းစစ်စစ် တစ်ခုကို ၅ မီလီဂရမ် ကျွေး လိုက်ခြင်းဖြင့် ကြွက် အကောင် ၅၀ သေလျှင် 5mg/kg နှုန်းထားရှိသော ထိုဆေးကို LD50 (Lethal Dose 50) ဟု ခေါ်ပါသည်။ ဥပမာ - ပါရာစီတမော့၏ LD50 တန်ဘိုးမှာ 1250/kg ရှိ၏။ ၈၀ ကီလိုဂရမ်အလေးချိန်ရှိသူတစ်ဦးအတွက် ၁၂၅၀ x ၈၀ = ၁၀၀၀၀၀ မီလီဂရမ်ဖြစ်ပါသည်။ ဆေးတစ်လုံးလျှင် ၅၀၀ မီလီဂရမ်ရှိသဖြင့် ဆေးအလုံး ၂၀၀ တစ်ပြိုင်နက်သောက်ပါက သေရန်ရာခိုင်နှုံး ၅၀ ဖြစ်သည်ဟု ဆိုလိုပါသည်။

ထို့ကြောင့် ခန္ဓာကိုယ်အလေးချိန် ၈၀ ကီလိုဂရမ်ရှိသူတစ်ဦးအနေနှင့် LD50 - 5mg/kg ရှိသောဆေးကို ၄၀၀ မီလီဂရမ်လောက် သောက်မိပါက သေဘို့တစ်ဝက် သေချာနေပြီဟု ဆိုလိုပါသည်။ (၅ x ၈၀ = ၄၀၀)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၁ - ၁၁ - ၂၀၁၂ နေ့လည် ၄း၂၁ နာရီ (Revised)