Thursday, September 27, 2012

မြန်မာပြက္ခဒိန်တွက်နည်း (၂၉)

  ၄၊ ၄၊ ၇။ ဖုဋဂြိုဟ်စင်တွက်ယူနည်း


သံဒိဋ္ဌပြက္ခဒိန်ကို မြန်မာစံတော်ချိန် ညသန်းခေါင်အချိန်အတွက် တွက်ချက်စီစဉ်ထားသည်ဖြစ်ရာ ထိုဂြိုဟ်တည်နေရာ များမှာ သန်းခေါင်အချိန်အတွက် ဖြစ်ပါသည်။ သင်္ကြန်ကျချိန်၊ တက်ချိန်ရှိ ဂြိုဟ်များ၏ တည်နေရာကိုသိလိုလျှင် သီးသန့် တွက်ယူရပါမည်။ ဤကဲ့သို့ မိမိလိုသောအချိန်ရှိ ဂြိုဟ်များအား တွက်ယူခြင်းကို ဗေဒင်လောကတွင် ဘုတ္တိဖြတ်သည် ဟု ခေါ်ပါ သည်။ ဤဂြိုဟ်များကိုလည်း ဘုတ္တိဂြိုဟ်ဟု ခေါ်၏။ သို့သော် အချိန်အတိအကျတွက်ယူထားသော ဂြိုဟ်များဖြစ်သဖြင့် ဖုဋ ဂြိုဟ်စင်ဟုခေါ်ပါက ပိုမိုသင့်တော်ပါလိမ့်မည်။ ဘုတ္တိဆိုသည်မှာ အခြားမဟုတ်။ ခေတ်သင်္ချာအခေါ်အားဖြင့်  အချိုးချခြင်း (proportion) ပင် ဖြစ်ပါသည်။

သုံးချက်တွက်တတ်သူများအဖို့ ဘာမှမခဲယဉ်းပါ။ နမူနာအဖြစ် တနင်္လာဂြိုဟ်ကို တွက်ပြပါမည်။ သံဒိဌပြက္ခဒိန်တွင် ဂြိုဟ်များကို ရာသီ၊ အံသာ၊ လိတ္တာမျှသာ ဖော်ပြထားရာ အတိအကျမရနိုင်ပါ။ ထို့ကြောင့် ၀ိလိတ္တာ၊ အနုလိတ္တာထိပါသော ဂြိုဟ်သွားဖြင့် တွက်ပြပါမည်။ ဤဂြိုဟ်သွားများကို ကိုရဲလင်းကျော်၏ http://myancalendar.appspot.com/ website မှ
ယူထားခြင်းဖြစ်ပါသည်။

တွက်နည်းမှာ တွက်လိုသောဂြိုဟ်၏ တစ်ရက် (၂၄ နာရီ)တွင်တက်သော အံသာ၊ လိတ္တာ၊ ၀ိလိတ္တာ စသည်တို့ကို ရှာ။ ထို့နောက် မိမိအလိုရှိသော နာရီ၊ မိနစ်တို့တွင် တက်သော အံသာ၊ လိတ္တာ၊ ၀ိလိတ္တာ စသည်တို့ကိုတွက်ယူပြီး ယမန်နေ့ ဂြိုဟ်တွင် ထည့်ပေါင်းပေးလျှင် အလိုရှိသောအချိန်ရှိ ဂြိုဟ်၏ တည်နေရာအစစ်အမှန်ကို ရပါသည်။

နမူနာ

၂၀၁၂ ဧပြီလ ၁၃ ရက်နေ့၊ ည ၉ နာရီ၊ ၅၃ မိနစ်၊ ၂၆ စက္ကန့်တွင်ရှိသော တနင်္လာဂြိုဟ်၏ တည်နေရာအမှန်ကို ရှာပေးပါ။

၂၀၁၂ ဧပြီလ ၁၂ ရက်နေ့အောက် ကော်လံရှိ တနင်္လာဂြိုဟ် (Moon) ၏ အတန်းကိုကြည့်လျှင် ၈၊ ၁၇၊ ၁၀၊ ၂၁.၉ ဟု တွေ့ရ ပါမည်။ ၈ ရာသီ၊ ၁၇ အံသာ၊ ၁၀ လိတ္တာ၊ ၂၁.၉ ၀ိလိတ္တာ ဖြစ်၏။ ၀.၉ ကို ၆၀ ဖြင့်မြှောက်လျှင် ၅၄ ရပါမည်။ ဤသည်ကို အနုလိတ္တာ ဟု ခေါ်၏။ ဤသည်မှာ ဧပြီလ ၁၂ ရက်နေ့ည သန်းခေါင်အချိန်တွင်ရှိသော တနင်္လာဂြိုဟ်၏ တည်နေရာ ဖြစ်ပါသည်။
ရာသီ
အံသာ
လိတ္တာ
ဝိလိတ္တာ
၁၃၊ ၄၊ ၁၂ နေ့ ညသန်းခေါင်ဂြိုဟ် =
၅၅
၅၃.၈
၁၂၊ ၄၊ ၁၂ နေ့ ညသန်းခေါင်ဂြိုဟ် =
၁၇
၁၀
၂၁.၉
၂၄နာရီတွင်တက်သော အံ၊ လိတ်၊ ၀ိလိတ် =
၁၃
၄၅
၃၂
=
၄၉၅၃၂
ဝိလိတ္တာ
 
၂၄ နာရီ
=
၈၆၄၀၀
စက္ကန့်
ည ၉ နာရီ၊ ၅၃ မိနစ်၊ ၂၆ စက္ကန့် = ၇၈၈၀၆ စက္ကန့်
ထို့ကြောင့် ၈၆၄၀၀ စက္ကန့်တွင် ၄၉၅၃၂ ၀ိလိတ္တာ တက်သည်။ ၇၈၈၀၆ စက္ကန့်တွင် မည်မျှတက်မည်နည်း။
၇၈၈၀၆
x
၄၉၅၃၂
=
၄၅၁၇၈
ဝိလိတ္တာ
၈၆၄၀၀
 
၆၀
၄၅၁၇၈
၇၅၂ လိတ္တာ
၆၀
၇၅၂
၁၂ အံသာ
၄၅၁၂၀
၇၂၀
၅၈
ဝိလိတ္တာ
၃၂
လိတ္တာ
 
            ၎င်းကို ယမန်နေ့ (၁၂၊ ၄၊ ၂၀၁၂) နေ့ည သန်းခေါင်ဂြိုဟ်တွင် ပေါင်းပေးပါ။
ရာသီ
အံသာ
လိတ္တာ
ဝိလိတ္တာ
၁၂၊ ၄၊ ၁၂ နေ့ ညသန်းခေါင်ဂြိုဟ် =
၁၇
၁၀
၂၁.၉
တက်သော အံသာ၊ လိတ္တာ၊ ၀ိလိတ္တာ =
 
၁၂
၃၂
၅၈
၁၃၊ ၄၊ ၁၂ နေ့ ည ၉ နာရီ၊ ၅၃ မိနစ်၊ ၂၆ စက္ကန့်တွင်ရှိသောဂြိုဟ်စင် =
၂၉
၄၃
၂၀
 
ထို့ကြောင့် သင်္ကြန်ကျချိန်တွင်ရှိသော တနင်္လာဂြိုဟ်၏ တည်နေရာအမှန်မှာ ၈ ရာသီ၊ ၂၉ အံသာ၊ ၄၃ လိတ္တာ၊ ၂၀ ၀ိလိတ္တာ ဖြစ်ပါသည်။
            ကျန်ဂြိုဟ်များကိုလည်း ဤနည်းအတိုင်းပင် တွက်ယူနိုင်ပါသည်။ သို့သော် ဤသို့တွက်ရသည်မှာ လက်ဝင်လှ၏။ လောဂရစ်သမ်ဇယားသုံးတတ်သူတို့အဖို့ လော့ဂရစ်သမ်နှင့်တွက်ယူခြင်းက ပိုမိုလွယ်ကူမြန်ဆန်ပါသည်။
 
၎၊ ၄၊ ၈။ ဖုဋဂြိုဟ်စင်ကို လော့ဂရစ်သမ်သုံး၍ တွက်ယူနည်း
 
            လော့ဂရစ်သမ်ဇယား၏ အထက်ဘက်အတန်းမှာ နာရီ သို့မဟုတ် အံသာ ဖြစ်သည်။ လက်ဝဲဘက်ထောင်လိုက် ကော်လံမှာ မိနစ် သို့မဟုတ် လိတ္တာ ဖြစ်သည်။ ၅ နာရီ ၁၀ မိနစ် အတွက် အပေါ်ဘက်အတန်းမှ ၅ ဂဏန်း နှင့် ဘယ်ဘက် ကော်လံမှ ၁၀ ဂဏန်းဆုံရာအကွက်မှ တန်ဘိုးကိုယူပါ။ ၀.၆၆၇၀ ဟု ရပါမည်။ ထို့အတူ ၁၀ အံသာ ၂၂ လိတ္တာ အတွက် အပေါ်တန်းမှ ၁၀ နှင့် ဘယ်ဘက်ကော်လံမှ ၂၂ တို့ဆုံရာ တန်ဘိုးကိုယူပါ။ ၀.၃၆၄၆ ဟု ရပါမည်။ အချိန်အတွက် နာရီ၊ မိနစ်။ ဂြိုဟ်တည်နေရာအတွက် အံသာ၊ လိတ္တာ ဖြစ်သည်။
 
 
နမူနာတွက်ပုံစံ
၂၀၁၂ ဧပြီလ ၁၃ ရက်နေ့၊ ည ၉ နာရီ၊ ၅၃ မိနစ်၊ ၂၆ စက္ကန့်တွင်ရှိသော တနင်္လာဂြိုဟ်၏ တည်နေရာအမှန်ကို ရှာပေးပါ။
            ယခု မြန်မာ သံဒိဋ္ဌပြက္ခဒိန်မှ ဂြိုဟ်သွားကို ယူတွက်ပါမည်။
အထက်ပါသံဒိဋ္ဌပြက္ခဒိန်ကို ကြည့်လျှင် ဧပြီ၊ ၁၂ ရက်၊ တနင်္လာဂြိုဟ်၏ တည်နေရာမှာ ၈၊ ၁၇၊ ၅ ဖြစ်ပြီး ဧပြီ၊ ၁၃ ရက်၊ တနင်္လာဂြိုဟ်၏ တည်နေရာမှာ ၉၊ ၀၊ ၅၁ ဖြစ်၏။ ထိုနှစ်ခု အနက် များရာမှနည်းရာကို နှုတ်လျှင် တစ်ရက်တက်ဂြိုဟ်ပြေး ၀၊ ၁၃၊ ၄၆ ကို ရမည်။ ၎င်းကို log ကြည့်လျှင် ၀.၂၄၁၄ ရမည်။ သင်္ကြန်ကျချိန်မှာ ည ၉ နာရီ၊ ၅၃ မိနစ်၊ ၂၆ စက္ကန့်ဖြစ်၏။ မွန်းတည့် ၁၂ နာရီကျော်လျှင် နာရီကို ၁၂ ပေါင်းပေးပါ။ ထိုအခါ ည ၉ နာရီ = ၉ + ၁၂ = ၂၁ နာရီ ဟုရမည်။ ၂၁ နာရီ ၅၃ မိနစ်ကို log ကြည့်လျှင် ၀.၀၄၀၁ ဟုရမည်။
ထို log တန်ဖိုးနှစ်ခုကို ပေါင်းပါ။ ၀.၂၈၁၅ ဟု ရမည်။ ၎င်းကို Antilog ပြန်ဖတ်လျှင် ၁၂ အံသာ၊ ၃၃ လိတ္တာ ရပါမည်။ ထိုတန်ဖိုးကို ဧပြီ ၁၂ ရက်၊ ရာသီ၊ အံသာ၊ လိတ္တာတန်ဖိုးများနှင့်ပေါင်းလိုက်ပါက ဧပြီ ၁၃ ရက်နေ့ ည ၉ နာရီ၊ ၅၃ မိနစ်၊ ၂၆ စက္ကန့်ရှိ တနင်္လာဂြိုဟ်တည်နေရာ အစစ်အမှန်တန်ဖိုးဖြစ်သည့် ၈ ရာသီ၊ ၂၉ အံသာ၊ ၃၈ လိတ္တာကို ရပါသည်။
ရာသီ
အံသာ
လိတ္တာ
Log
ရာသီ
အံသာ
လိတ္တာ
၁၃၊ ၄၊ ၁၂ နေ့ ညသန်းခေါင်ဂြိုဟ် =
၅၁
ဝ.၀၄၀၁
၁၇
= ၁၂၊ ၄၊ ၁၂ နေ့ ညသန်းခေါင်ဂြိုဟ်
၁၂၊ ၄၊ ၁၂ နေ့ ညသန်းခေါင်ဂြိုဟ် =
၁၇
ဝ.၂၄၁၄
 
၁၂
၃၃
= Antilog
တစ်ရက်တက် ရာ၊ အံ၊ လိတ် =
၁၃
၄၆
ဝ.၂၈၁၅
၂၉
၃၈
= ၁၃၊ ၄၊ ၁၂ နေ့ ည ၉ နာရီ၊ ၅၃ မိနစ်၊
၂၆ စက္ကန့်တွင်ရှိသောဂြိုဟ်စင်
နာရီ
မိနစ်
စက္ကန့်
လိုသောအချိန် (သင်္ကြန်ကျချိန်)
၂၁
၅၃
၂၆
 
ဆက်ပါဦးမည်။
 
အေးငြိမ်း
၂၇ စက်တင်ဘာ၊ ၂၀၁၂ ည ၈း၁၀ နာရီ