Monday, January 12, 2009

Working in Singapore Part XXII (Hunting A New Job4)

၅၊ ၂။ အလုပ်သစ်ရှာရန် လမ်းစများ

မြန်မာပြည်မှနေပြီး စင်ကာပူအလုပ်ရှာရန်အတွက် များသောအားဖြင့် Agent များကို အားကိုးရသော်လည်း အချို့မှာ စင်ကာပူသို့ visit visa နှင့်လာပြီး အလုပ်ရှာသူများလည်း ရှိပါသည်။ စင်ကာပူရောက်နေသူများ အတွက် အလုပ်ရှာရန် လမ်းစများကို လေ့လာကြည့်လျှင် -
Ø စင်ကာပူ Agent, မြန်မာ Agent များဖြင့် ရှာခြင်း
Ø သတင်းစာမှ ရှာခြင်း
Ø အင်တာနက်မှ ရှာခြင်း
Ø သူငယ်ချင်းအပေါင်းအသင်းများထံ မေးမြန်းစုံစမ်း၍ ရှာခြင်း - ဟု ခွဲခြား ကြည့်နိုင်ပါသည်။

အားလုံး အလုပ်ကိုယ်စီကိုယ်ငှနှင့် ဖြစ်၍ ကံအားလျော်စွာ ရနိုင်သော်လည်း သူငယ်ချင်းများထံမှ တဆင့်
အလုပ်ရှာခြင်းမှာ မသေချာလှပါ။ သို့အတွက် Agent များကို အားကိုး၍သော်လည်းကောင်း၊ သတင်းစာ၊ အင်တာနက် များမှ သော်လည်းကောင်း ရှာကြရတာ များပါသည်။ သို့သော် Agent များမှတဆင့် ရှာခြင်းကို မတတ်သာသည့် အဆုံးကျမှ ရွေးသင့်ပြီး သတင်းစာ နှင့် အင်တာနက်ကို အားကိုးကာ မိမိဘာသာရှာခြင်းက ပိုမိုကောင်းမွန်ပါသည်။ သို့အတွက် ဤနေရာတွင် သတင်းစာ နှင့် အင်တာနက် များမှတဆင့် အလုပ်ရှာခြင်းကို ဖော်ပြပါမည်။
သတင်းစာထက် အင်တာနက်က ပိုကျယ်ပြန့်ပါသည်။ အင်တာနက်မှ အလုပ်ရှာခြင်းတွင် သူတို့က ကြော်ငြာမှ ခေါ်ခြင်း နှင့် မကြော်ငြာသော်လည်း မိမိက စတင်လျှောက်ခြင်း နှစ်မျိုး သုံးနိုင်ပါသည်။

ကြော်ငြာများမှ ရှာလိုလျှင် အောက်ပါ web site များတွင် ၀င်ရောက် ရှာဖွေနိုင်ပါသည်။

http://www.jobs.com.sg/careersites.php
www.recruit.net
www.monster.com.sg
http://www.jobhub.com.sg/?gclid=CJG_js28-5cCFQoUbwodnGu6Cw
http://www.jobsupermart.com/
http://www.singaporejobsonline.com/index.php
www.sgadsonline.com
www.singaporejobsmarket.com
www.singaporejobster.com
http://www.singaporejobsly.com
http://www.jobcyclone.com/links.php
http://sg.jobstreet.com/
http://www.jobsdb.com.sg/
http://www.careerjet.sg/
http://singapore.job-q.com/
http://www.jobstreet.com.sghttp://www.jobscentral.com.sghttp://www.st701.com
ကြော်ငြာများကို အားမကိုးပဲ မိမိလုပ်တတ်သောပညာကို အားကိုးပြီးလည်း ရှာနိုင်ပါသည်။ မိမိတတ်ကျွမ်း သော သို့မဟုတ် မိမိလုပ်လိုသော အလုပ်ကို Google Search တွင် ရိုက်ထည့်လိုက်ပါ။ ဥပမာ -
Job seeking Lifting Supervisor Singapore ဟု ရိုက်ထည့်လိုက်လျှင် စင်ကာပူတလွှားမှ Lifting Supervisor အလုပ်များကို တွေ့ရပါလိမ့်မည်။ ထိုအခါ ထို ကုမ္ပဏီများသို့ အဆင်သင့် ပြင်ဆင်ထားသော၊ Resume များ၊ ပညာအရည်အချင်း ထောက်ခံစာများ၊ လုပ်သက်ထောက်ခံစာများ စသည်တို့နှင့်တကွ အလုပ်လျှောက်နိုင်ပါသည်။
သို့မဟုတ်ပါကလည်း မိမိသည် Electrical Technician တစ်ဦးဖြစ်သည်ဆိုပါစို့။ Google Search မှနေပြီး Electrical နှင့် ပတ်သက်သည့် ကုမ္ပဏီများကို ရှာပါ။ ထို့နောက် သူတို့ အလုပ်ခေါ်သည်ဖြစ်စေ မခေါ်သည် ဖြစ်စေ၊ Human Resources Department သို့မဟုတ် HR Manager ဟု လိပ်မူပြီး လျှောက်လိုက်ပါ။ သူတို့လိုအပ်ချက်နှင့် မိမိအရည်အချင်း ကိုက်ညီသွားပါက အင်တာဗျူးခေါ်ပါလိမ့်မည်။ သို့သော် အလုပ်လျှောက်လွှာ တစ်ခုနှစ်ခုလောက် ပစ်ပြီး ထိုင်စောင့်နေလို့မရပါ။ တခါတလေ email ပေါင်း ရာနှင့် ချီပို့ရတတ်ပါသည်။
နောက်တစ်ခုက သတင်းစာမှ ရှာခြင်း ဖြစ်ပါသည်။ စင်ကာပူတွင် My Paper, The Business Times, The New Paper, The Straits Times, Today စသော နေ့စဉ်ထုတ်သတင်းစာများ ရှိသော်လည်း များသောအားဖြင့် အလုပ်ကြော်ငြာ အများစုကို The Straits Times သတင်းစာထဲတွင် တွေ့နိုင်ပါသည်။ ဗုဒ္ဓဟူးနေ့ နှင့် စနေနေ့ထုတ် The Straits Times သတင်းစာကို ၀ယ်ပြီး Recruit နှင့် Classified ကို ထုတ်လိုက်ပါ။ များပြားလှစွာသော အလုပ် ခေါ်စာများကို တွေ့ရပါလိမ့်မည်။ ထိုအထဲကမှ မိမိနှင့် သင့်တော်မည့် အလုပ်ကို လျှောက်ရန် ဖြစ်ပါသည်။ ထိုအထဲ ကမှ ရာထူးကြီးများ (Executive Appointments) ကို Recruit ထဲတွင် ရှာနိုင်ပြီး နှင့် Classified ထဲတွင်မူ ရာထူး ကြီးငယ်မရွေး ရှာနိုင်ပါသည်။
The Straits Times မှ Classified ထဲတွင် အလုပ်များကို ကဏ္ဍအလိုက် ခွဲထားပါသည်။ နံပတ်စဉ်အလိုက် ဖော်ပြရလျှင် (မသက်ဆိုင်သည့် ကဏ္ဍများကို ချန်ခဲ့ပါမည်) -
အလုပ်လျှောက်လွှာ တင်ပြီးပြီ ဆိုသည်နှင့် မိမိတင်ထားသည့် လျှောက်လွှာ အခြေအနေကို ဖုံးဆက်ကာ မေးပါ။ သို့မဟုတ် email ပို့ပြီး စုံစမ်းပါ။ သူတို့က လက်ခံလျှင် အင်တာဗျူး ခေါ်ပါလိမ့်မည်။
အောက်တွင် အင်တာဗျူး တွင် မေးလေ့မေးထ ရှိသော မေးခွန်းများနှင့် ဖြေပုံဖြေနည်းများကို စုဆောင်းရ သလောက် ဖော်ပြပေးထားပါသည်။

၅၊ ၃။ အင်တာဗျူး ဖြေခြင်း

မိမိလျှောက်လွှာကို ရွေးလိုက်ပြီဆိုကတဲက မိမိကို ကြိုက်လို့ ရွေးပြီး အင်တာဗျူးခေါ်ခြင်း ဖြစ်ကြောင်း သတိ ထားရပါမည်။ သို့အတွက် အင်တာဗျူးရာတွင် မရှုံးနိမ့်ရလေအောင် ကျကျနန ပြင်ဆင်သွားဘို့ လိုပါမည်။ အင်တာဗျူး ကျမှ အရွေးမခံရခြင်းသည် အလွန်နစ်နာပါ၏။ သို့အတွက် အင်တာဗျူးဖြေရန် သွားရာတွင် လိုအပ်မည့် ပြင်ဆင်မှုများ ကို ဖော်ပြလိုက်ပါသည်။

အင်တာဗျူးခေါ်ခြင်းသည် မိမိ၏ လုပ်ငန်းအတွေ့အကြုံများကို စစ်မေးဘို့မဟုတ်ပါ။ လုပ်ငန်းအတွေ့အကြုံများ မှာ လျှောက်လွှာထဲတွင် ဖော်ပြပြီးဖြစ်၍ အသေးစိတ် ထပ်မံ ရွတ်ပြနေစရာမလိုတော့ပါ။ အင်တာဗျူးခေါ်ခြင်းမှာ မိမိ၏ ရုပ်ရည် သွင်ပြင်လက္ခဏာ၊ အပြောအဆို၊ ဆက်ဆံပုံ စသည့် (Personality) ကိုယ်ရည်ကိုယ်သွေးကို အကဲဖြတ်လို၍ ခေါ်ခြင်း ဖြစ်ပါ သည်။
First impression count ဟူသည့် ပထမဆုံး မြင်မြင်ချင်း မိမိကို အလုပ်ရှင် စတွေ့ပြီး စိတ်ကျေနပ်မှု ရစေခြင်း သည် အလွန် အရေးကြီးပါသည်။ အလုပ်ရှင် သို့မဟုတ် Human Resource Manager များမှာ ရုပ်ရည် အသွင်အပြင် ကို ကြည့်ပြီး ဤသူသည် မည်မျှယုံကြည်စိတ်ချရလောက်သည်ကို အကဲခတ်တတ်ပါသည်။ မိမိ ဤ အလုပ်ကို ရမရ ဟူသည် ထို ပထမ စတွေ့တွေ့ချင်း စက္ကန့်ပိုင်းအတွင်းမှာ ရလိုက်သည့် အမှတ်များ ဖြစ်တတ်ပါသည်။
အင်တာဗျူးဖြေမည့် မိမိ၏ ပြိုင်ဘက်များကို ကျော်လွှားနိုင်ရေးအတွက် အ၀တ်အစား၊ အပြောအဆို၊ မျက်နှာနေ မျက်နှာထား မှအစ မိမိ၏ လှုပ်ရှားမှု မှန်သမျှ တိတိကျကျ သေသေသပ်သပ် ဖြစ်ရန် သေသေချာချာ ပြင်ဆင် ထားဘို့ အရေးကြီး ပါသည်။

အောက်ပါတို့သည် အင်တာဗျူးအတွက် ဂရုတစိုက် ပြုရမည့် အရာများဖြစ်၏။

အင်တာဗျူးမသွားမီ

v အင်တာဗျူးမည့်နေ့ မတိုင်မီညတွင် အိပ်ရေး၀၀ အိပ်ပါ။ စောစောထပါ။ ရေမိုးချိုး ကိုယ်လက်သန့်စင်ပါ။
v ၀တ်ပြီးသားအ၀တ်များကို ပြန်မ၀တ်ပါနှင့်။ မီးပူတိုက်ထားသော စတိုင်ကျမည့် အ၀တ်များကို ရွေးဝတ်ပါ။
v ခေါင်းကို ကျကျနနဖြီးသင်ပါ။ အင်္ကျီပေါ်တွင် ဆံပင်မျှင်များ ကပ်မနေပါစေနှင့်။
v မိတ်ကပ်များ၊ အနံ့ပြင်းသော ရေမွှေးများ မသုံးပါနှင့်။
v မည်သည့်အခါမှ ညှပ်ဖိနပ်၊ ကွင်းထိုးဖိနပ်များနှင့် မသွားပါနှင့်။
v အင်တာဗျူးမည့်နေရာသို့ အနည်းဆုံး နာရီဝက်စောပြီး ရောက်အောင် သွားပါ။
v အင်တာဗျူးမည့်နေရာမသွားခင် အနီးဆုံး အိမ်သာဝင်ပြီး ဆံပင် နှင့် အ၀တ်အစားများကို ပြန်ပြင်ပါ။
v မျက်နှာတွင် အဆီပြန်နေခြင်း၊ အ၀တ်များတွင် ချွေးများနှင့် ရွှဲနစ်နေခြင်း၊ မောဟိုက် ပင်ပန်းသည့်ပုံပေါက်နေခြင်း၊ ပျာယာခတ် နေခြင်းများ မဖြစ်ပါစေနှင့်။
v စိုးရိမ်ပူပန်နေသော၊ လှုပ်ရှားနေသောစိတ်နှင့် အင်တာဗျူးခန်းထဲ မ၀င်ပါနှင့်။ သိပ်စိတ်လှုပ်ရှားနေလျှင် အပြင်တွင် ခေတ္တစောင့် ဆိုင်းပြီး စိတ်ကို ငြိမ်အောင် အရင်လုပ်ပါ။
v မိမိကိုယ် မိမိယုံကြည်မှု အပြည့်ထားပါ။ ငါ လုပ်နိုင်တယ် ဟု အမြဲ တွေးထားပါ။ မည်သည့်အခါမှ ဖြစ်မှ ဖြစ်ပါ့မလား ဟု စိတ်တထင့်ထင့် ဖြစ်မနေပါစေနှင့်။

အင်တာဗျူးစဉ်

v အခန်းတွင်းသို့ အလောသုံးဆယ် မ၀င်ပါနှင့်။ ဟိုဟာနှင့် ၀င်တိုက်။ သည်ဟာနှင့် ၀င်တိုက် လုံးဝ မဖြစ်ပါစေနှင့်။
v အခန်းတွင်းသို့ ရဲရဲတင်းတင်းဝင်ပါ။ ကြောက်ဆုတ် ကြောက်ဆုတ် မလုပ်ပါနှင့်။ သို့သော် over action လည်း မဖြစ်ပါစေနှင့်။
v ရင်းနှီးဖော်ရွေသော မျက်နှာပေး ထားပါ။
v မိမိကို အင်တာဗျူးမိသည်နှင့် စတွေ့တွေ့ချင်း Hello, Good Morning စသဖြင့် ပဋိသန္တာရ စကားဖြင့် မိမိ မည်သူ မည်ဝါ ဖြစ်ကြောင်း ကိုယ်ကို ရှေ့သို့ကိုင်းညွတ်ကာ စတင် မိတ်ဆက်ပါ။
v စကားပြောရာတွင် အလောသုံးဆယ် မပြောပါနှင့်။ မတိုးလွန်း မကျယ်လွန်း၊ ပြတ်ပြတ်သားသား ဆိုလိုရင်း ကို တိတိ ကျကျ ဖြစ်အောင် ပြောပါ။
v သူ့မေးခွန်း သို့မဟုတ် စကားမဆုံးခင် ဖြတ်မပြောပါနှင့်။ စကားဆုံးအောင် စောင့်ပြီးမှ ပြောပါ။ နားထပ်မလည်လျှင် ပြန်မေးပါ။
v အတတ်နိုင်ဆုံး Negative (အပျက်) စကားလုံးများ ( မလုပ်တတ်ဘူး၊ မလုပ်နိုင်ဘူး၊ မသိဘူး၊ မပြောတတ်ဘူး၊ မကြိုက်ဘူး၊ မကျေနပ်ဘူး စသည်) မသုံးပါနှင့်။
v သူတပါးမကောင်းကြောင်း အထူးသဖြင့် ယခင်အလုပ်ရှင် မကောင်းကြောင်း လုံးဝ မပြောပါနှင့်။
v ရိုးသားပါ။ လိမ်ညာမပြောပါနှင့်။
v မိမိ မသိပါက၊ မလုပ်တတ်သော အလုပ်ဖြစ်ပါက မသိဘူး၊ မလုပ်တတ်ဘူး ဟု မပြောပါနှင့်။ ဒါတော့ မလုပ်တတ် သေးဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ပေးပါ။ တတ်အောင်လုပ်ပါ့မယ်၊ လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် စသဖြင့် ပြောပါ။

အင်တာဗျူးပြီးလျှင်

v ယခုလို အင်တာဗျူးခေါ်သည့် အတွက် ကျေးဇူးတင်ကြောင်း ပြောပါ။
v အင်တာဗျူးပြီး၍ ပြန်ထွက်လာလျှင်လည်း သပ်သပ်ယပ်ယပ် ပြန်ထွက်လာပါ။
v အားလုံးကို ဖော်ဖော်ရွေရွေ နှုတ်ဆက်ပါ။

အင်တာဗျူးတွင် မေးတတ်သော မေးခွန်းများ

How long did you work at the company?
What skills did you bring into the company when you were hired?
What new skills did you learn during your years of employment?
What was your responsibility?
What special contributions or problems did you solve and how did that benefit the company.
What did you like about your job?
What did you dislike about your job?
What do you think about the company?
Would you recommend the company to your friend?
How were you treated by your manager?
Did you get any promotions?
Were you treated fairly?
Why are you interested in the job we have to offer?
What do you know about our company?
What is your long term goal working at our company?
What special skills do you have that makes you the best candidate for this job?
How much were you earning at your last job?
What was your starting salary when you joined them?
What are your salary expectations for this job?
Have you interviewed with other companies?
Have you had any offers?
What do you see yourself doing in 10 years?
Are you involved in any regular social activities or clubs?
What are your hobbies?
What was the most recent book you read?
What magazines or newspapers do you subscribe to?
What would you be doing in life if you have the wealth to do anything?
နောက်ဆုံး အနေနှင့် “Do you have any questions for us? မေးလာပါက မည်သို့ ပြန်ဖြေမည်ကို စဉ်းစားထားပါ။ အကောင်းဆုံး ဖြစ်မည့် အဖြေများကို ရွေးချယ်ဖြေဆိုခြင်းဖြင့် အလုပ်အကိုင်ကောင်းများ ရနိုင်ကြပါစေကုန် သတည်း။

No comments: